အောက်တိုဘာ ၁၁, ၂၀၂၂

မစ်တမ်းရကပွဲနဲ့ ပတ်သက်ပြီး ဆက်ရမယ်ဆိုရင် သယ်ဗျူးတီဗီအစီအစဥ်က တင်ဆက်သူတဦးဖြစ်တဲ့ ဆန်နီဟို့စ်တင်က မဲပေးသူတွေက ငွေဖောင်းပွမှုထက် ကဝဖျက်ချပိုင်ခွင့်ကို ပိုအလေးထားကြတယ်လို့ ဆိုပါတယ်။ နေ့စေ့လစေ့ (သို့) အရှင်မွေးလာပြီးတောင်မှ မိခင်က မလိုချင်ဘူးဆိုရင် အစတုံးပေးဖို့ အကြီးအကျယ် တွန်းနေတဲ့ ကယ်လီဖိုးနီးယားလို အပြာရင့်ပြည်နယ်တွေမှာ မျိုးပွားမှုလွတ်လပ်ခွင့်အဖြစ်နဲ့ မဲပေါ်ရောက်နေကြပါပြီ။ အဲဒါက လှည့်ဖျားထားတဲ့ ခေါင်းစဥ်သာ ဖြစ်ပါတယ်။

အမှန်တကယ် ဒီတိုင်းပြည်မှာ လွတ်လွတ်လပ်လပ်ကြီးကို မျိုးပွားလို့ ရပါတယ်။ ဘယ်သူမှ မချုပ်ချယ်ထားပါဘူး။ ပိုသင့်တော်တဲ့ ခေါင်းစဥ်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းမရှိ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းလည်း မရှိသေးတဲ့ အသက်လေးတွေကို လွတ်လွတ်လပ်လပ် အစတုံးနိုင်ခွင့်လို့ ပြောရင် ပိုမှန်မှာပါ။ ဟို့စ်တင်က အခုလို ပြောရတာဟာ အမျိုးသမီးမဲပေးမယ့်သူ အရည်အတွက် အများကြီး တိုးလာတာကြောင့်လို့ ဆိုပါတယ်။​

စီအန်အန်က စစ်တမ်းဂုရု ဟယ်ရီအန်တန်သက်သေပြခဲ့တာက ကဝဖျက်ချပိုင်ခွင့်ဟာ ရိုးဗီဝိဒ်ကို ဆူပရင်းမ်ကုတ်က ပြန်လှန်ခဲ့တဲ့မေ၊ ဂျွန်လတွေကပဲ အဓိက အရေးကြီးကိစ္စဖြစ်ခဲ့ပေမယ့် ခုတော့ နိစ္စဓူဝ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဖြစ်တဲ့ ရာဇဝတ်မှုထူပြောလာမှုနဲ့ ငွေဖောင်းပွမှုတို့က ထိပ်တန်းစိုးရိမ်စရာတွေအဖြစ်ကို ပြန်ရောက်သွားပါပြီလို့ ဆိုပါတယ်။ ဟို့စ်တင်လို ကိုယ်ပိုင်လုံခြုံရေးငှားထားနိုင်လောက်အောင် သန်းနဲ့ချီရနေသူတွေအတွက်ကတော့ ရာဇဝတ်မှုတို့ ငွေဖောင်းပွမှုတို့ဆိုတာ ဘယ်အရေးကြီးပါလိမ့်မလဲ။

——–

ဒီမိုခွက်တွေကလည်း မစ်တမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ အကြိတ်အနယ် ယှဥ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ လိုကယ်သတင်းဌာနအတုတွေကို ဘက်မလိုက်သယောင်နာမည်များပေး ပုံမှားရိုက်ပြီး တဖက်သတ်အာဘော်တွေ ဖြန့်ချီနေတယ်လို့ သိရပါတယ်။ အက်စီရော့စ်ရဲ့ အဆိုအရ ဆွင်းစတိတ်၁၀ခုမှာ သတင်းဌာနအတုပေါင်း ၅၁ခုထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီကွန်ယက်တွေရဲ့ အချုပ်အဖြစ် အမည်ခံထားတာက ဖလော်ရီဒါအခြေစိုက် တနှစ်သားကုမ္ပဏီဖြစ်တဲ့ လိုကယ်ရီပို့ ဖြစ်ပါတယ်။

သူတို့ဟာ အားကစားသတင်းတွေ၊ လူစိတ်ဝင်စားမယ့်သတင်းမျိုးတွေနဲ့ ညှပ်ပြီး သူတို့အာဘော်တွေ၊ ပြိုင်ဖက် ရီပါဘလစ်ကန်တွေကို တိုက်ခိုက်တာတွေကို ဖောဖောသီသီ ပြုလုပ်နေကြတာပါ။​ အဆိုပါကွန်ယက်တွေကို ကြိုးကိုင်နေသူတွေထဲမှာ ဟေလာရီလက်အောက်ခံ ထရူးဘလူးမီဒီယာ ကပိုင်တဲ့ လက်ဝဲစွန်း အမေရိကန်အင်ဒီပန်းဒန့်ကလည်း ပါဝင်နေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဌာနလေးတွေအတွက် အဓိက ရေးပေးနေသူတွေက အမေရိကန်အင်ဒီပန်းဒန့်က ၆ဦး ဖြစ်လို့ပါပဲ။

ပုံမှန်ဆိုရင် ဒါမျိုးက ကြော်ငြာအနေနဲ့ပဲ ဘယ်သူက အကုန်အကျခံထည့်တာပါဆိုတာ အတိအလင်း ကြေငြာရတာမျိုးပါ။ သတင်းဌာနအစစ်လို့ မှန်တဝက်မှားတဝက်နဲ့ ရောထည့်လို့ မရပါဘူး။ ဒါပေမယ့်လည်း သတင်းမှန်တွေကိုတောင် သူတို့မကြိုက်ရင် ဖိတ်ခ်နယူးစ်လို့ စွပ်စွဲပိတ်ပင်နေကြတဲ့ ဒီမိုခွက်တွေက ပိုအန္တရာယ်များတဲ့ မှန်တဝက်မှားတဝက်သတင်းတုတွေကိုတော့ သိက္ခာမဲ့စွာ ပြုလုပ်နေကြတာပါ။

—–

ဖဇကုမ္ပဏီရဲ့ နိုင်ငံတကာဖွံ့ဖြိုးပြီးဈေးကွက်များရဲ့ ဥက္ကဋ္ဌဂျနင်းစမောလ်ကို နယ်သာလန်က အီးယူလွှတ်တော်အမတ် ရော့ဘ်ရူးစ်က လွှတ်တော်မှာ ကဗကကဆကို ဈေးကွက်ထဲ မသွင်းခင် ကူးစက်တာရပ်တံ့နိုင်မှု စစ်ဆေးခဲ့သေးသလား၊ မရပ်တံ့နိုင်ဘူးဆိုရင်ရော ဈေးကွက်ထဲ သွင်းမလာဖို့ စီစဥ်ခဲ့သေးသလားလို့ မနေ့ကကျင်းပတဲ့ ဥရောပလွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။ ဂျနင်းက မလုပ်ခဲ့ပါဘူး၊ ဈေးကွက်က အရမ်းကို လိုအပ်နေချိန်ဖြစ်လို့ တက်သုတ်ရိုက် ထုတ်ခဲ့ရတာပါလို့ ဖြေပါတယ်။ ရူးစ်ကတော့ အေး၊ ကိုယ်တိုင်အတွက် မစိုးရိမ်ရင်တောင် သူများကို မကူးဖို့ ဆေးထိုးထားသင့်တယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆတွေနဲ့ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့သူတွေဟာ ဖိအားပေးခံခဲ့ရတယ်၊ ခုတော့ အဲဒီအဆိုဟာ အပေါစားမုသားတခု ဖြစ်နေတာကို သိရှိပြီးနောက် တကမ္ဘာလုံးက သူတွေသိအောင် ဖော်ထုတ်သင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းအကြောင်း ဘယ်မှာမှ တင်တာ မတွေ့ခဲ့ပါဘူး။

——–

ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်မှာ နျူလက်နက် သုံးလာနိုင်တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘိုင်ကြီးကကမ္ဘာဖျက်နျူစစ်ဖြစ်လာနိုင်မယ့်အကြောင်း သတိပေးလိုက်ပါတယ်။ အဲဒီသတိပေးချက်အပေါ် ပြင်သစ်သမ္မတမက္ခရွန်းက ကမ္ဘာဖျက်စစ်က ကနေဒီနဲ့ ကျူးဘန်းဒုံးကျည်အကျပ်အတည်းနောက်ပိုင်းမှာ ဖြစ်နိုင်ခြေ မတွေ့ရသေးပါဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး မက္ခရွန်က နျူစစ်ပွဲတွေအကြောင်းက သိပ်သိမ်မွေ့တဲ့ကိစ္စဖြစ်လို့ လက်လွတ်စပယ် မပြောသင့်ဘူးလို့ ဆိုပါတယ်။ ဖင်လန်ဝန်ကြီးချုပ်ကလည်း ယူကရိန်းစစ်ကို အဆုံးသတ်ဖို့ဆိုရင် ရုရှားထွက်သွားတဲ့ တနည်းပဲရှိတယ်လို့ တုန့်ပြန်ပါတယ်။

ဘိုင်ကြီးက စစ်ပွဲကို အဆုံးသတ်ချင်ဇောနဲ့ ပူတင်က သမားရိုးကျမဟုတ်တဲ့ နည်းတွေ သုံးလာနိုင်ကြောင်းနဲ့ ပတ်သက်ပြီး ရန်ပုံငွေပွဲတခုမှာ ပြောသွားတာပါ။ ထရမ့်လက်ထက်က အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က နျူစစ်က ရှောင်လွှဲလို့ မရတာ မဟုတ်ကြောင်း၊ ဒါပေမယ့် ပူတင်ကတော့ ငါတို့ကို မရှောင်နိုင်တော့ဘူးလို့ ထင်စေချင်နေတာဖြစ်ကြောင်း၊ ပြောရရင် ယူကရိန်းကို စဝင်ကတဲက ခြိမ်းခြောက်နေခဲ့တာဖြစ်ကြောင်း၊ ခုအခြေအနေက နျူစစ်ဖြစ်လောက်တဲ့ အခြေအနေမဟုတ်ဘူးလို့ ထင်ကြောင်း၊ အဲဒါကြောင့် အနောက်ကမ္ဘာက ခေါင်းဆောင်တွေ ကြောက်မပြကြဖို့လိုကြောင်း စီဘီအက်စ်ကို ပြောသွားပါတယ်။

———-

ဟန်းတားလက်ပ်တော့ပ်ထဲက အသံဖိုင်တခု ထပ်ထွက်လာပါတယ်။ ဟန်းတားက သူနဲ့ ငြိနေတဲ့ မုဆိုးမမရီးကို ဖုံးခေါ်ပြီး ၃သောင်းခွဲလောက်ကုန်မယ့် ရီဟက်ဘ်သွားဖို့ ခရက်ဒစ်ကဒ်တောင်းတာပါ။ သူ့မရီးက မင်းဘယ်မှာလဲ၊ လင့်ခ်ပို့လိုက်(သို့) နေရာပြော ငါသွားရှင်းပေးမယ်၊ မင်းကိုတော့ ကဒ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဆေးသမား/အရက်သမားတွေ ထုံးစံအတိုင်း အတင်းကြီး မရမက တောင်းနေတာပါ။ ဟိုအမျိုးသမီးကလည်း ဒါမျိုးတွေ ရိုးနေပုံရပါတယ်။

ဟန်းတားအမှုတွေက အထောက်အထားတွေ စုံနေလို့ ဒီတခါတော့ ထောင်ထဲဝင်ရတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။ ခက်တာက ရန်သူအစိုးရတွေရဲ့ လက်ဝေခံအဖြစ် နိုင်ငံတော် သစ္စာဖောက်မှုလို ဟာမျိုးနဲ့မစွဲပဲ အခွန်ကြွေးကျန်တာ၊ လက်နက်ဝယ်တာမှာ ဖောင်လိမ်ဖြည့်တဲ့အမှုမျိုး တွေလောက်နဲ့စွဲတော့ ရီစရာတော့ ကောင်းနေတာပေါ့။ ဘိုင်ကြီးကတော့ ထုံးစံအတိုင်း သူ့သား အပေါ် စွဲထားတဲ့အမှုတွေကို ငြင်းဆန်နေတုန်းပါပဲ။

ဒီကြားထဲ အက်ဖ်ဘီအိုင်ကလည်း ကွက်ကျားမိုးဆိုတော့ ကပ်မှ ရွှေပျောက်သလို လုပ်ရင်လဲ လုပ်ဦးမှာလေ၊ တကယ်လို့ ထောင်ကျခဲ့ရင်တောင် ဂျိုးက လွတ်ငြိမ်းခွင့်ပေးလို့ ရနေသေးတာပါပဲ။​ စစ်ပြီးသားအမှုကို တရားသေပိတ်ပြီးရင် နောက်ဘယ်သူတက်တက် ထပ်စွဲလို့မရအောင် လုပ်တာမျိုးလည်း ဖြစ်နိုင်တာပါပဲ။

——-

ဒီမိုကရက်တွေထဲက ၂၀၂၀ဒီမိုကရက် ပဏာမရကပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ဟာဝိုင်အီကအမတ်ဟောင်း တပ်ထွက် တူလ်စီဂက်ဘတ်ဟာ ဒီကနေ့မှာ ပါတီက တရားဝင်ထွက်ခွာခဲ့ပြီး တိုင်းပြည်ရဲ့ လက်ရှိတရားရေး၊ လူဝင်မှု၊ လုံခြုံရေး စတာတွေအပေါ် စိတ်ပျက်နေကြတဲ့ ဒီမိုကရက်တွေကိုလည်း သူမလိုပဲ ပါတီကို စွန့်ခွာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သူမက ပါတီက အလယ်အလတ်လမ်းစဥ်ရှိပြီး တိုင်းပြည်လားရာကို စိတ်မအေးကြသူတွေကို ပါတီကိုထိန်းကျောင်းဖို့ အစဥ်တစိုက် တိုက်တွန်းနေခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: