အောက်တိုဘာ ၁၅, ၂၀၂၂

ဥရောပမှာ ဆောင်းဦးကာလရောက်နေပြီး မကြာခင် ဆောင်းဝင်တော့မှာဖြစ်တဲ့အတွက် စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းကလူတွေအတွက် နိုင်ငံတကာအစိုးရတွေက အကူအညီတွေ ပို့ကြဦးမှာ ဖြစ်ပါတယ်။ယူကရိန်းကို ထောက်ခံစာနာကြတဲ့သူတွေ အမေရိကန်မှာရော ကမ္ဘာမှာပါ အများကြီးမှ အများကြီးပါ။ တကယ်တမ်း ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီး ကူညီတာမျိုးကတော့ တော်တော်လေး နည်းပါတယ်။

စစ်ဖြစ်တာကြိုက်သူတွေက နှစ်ပါတီစလုံးမှာ ရှိနေတာဖြစ်ပြီး တကယ်ငြိမ်းချမ်းရေးရဖို့ ဖိဖိစီးစီး ဝင်ဆွေးနွေးပေး၊ စစ်ကို တားမြစ်နိုင်ဖို့ နည်းလမ်းသစ်ရှာတာမျိုး၊ ထိရောက်တဲ့ အကူအညီပေးသူကတော့ နှစ်ပါတီလုံးမှာ နည်းပါတယ်။ စစ်ပွဲသက်ဆိုးရှည်အောင်နဲ့ စားကောင်းဝါးကောင်းအောင်လောက်သာ လုပ်နေကြသလိုပါပဲ။ အဲဒီထဲမှာ အီလွန်က စတားလင့်ခ်ဂြိုလ်တုတွေ ထောက်ပံ့ပေးထားတာဖြစ်ပြီး အဲဒီစားရိတ်က ဒီနှစ်ကုန်ဆို သန်း၁၀၀ကျော်သွားတော့မယ်လို့ ဆိုပါတယ်။

အဲဒီလောက် အကုန်ခံ အပင်ပန်းခံပြီး ကူညီထားတဲ့အီလွန်ကိုတောင် ယူကရိန်းကို ဝေဖန်တာနဲ့ပဲ ပူတင့်လူလို့ သမုတ်နေကြသေးတာပါ။ ဖိုင်နန်ရှယ်တိုင်းမ်စ်ကလည်း စတားလင့်က ပန်တဂွန်က ပေးတာပါလို့ ရေးပါတယ်။ အီလွန်က နဲနဲလေးပဲ ပေးတာပါလို့ ဆိုပါတယ်။ ဝိနည်းလွတ် စတိလောက် ပေးတယ်ထင်ပါရဲ့။ အီလွန်ရဲ့ စပေ့စ်အိတ်စ်က ပန်တဂွန်ကို ငါတို့ ယူကရိန်းကို ပို့ထားတဲ့ စတားလင့်ခ်တွေအတွက် ဆက်ထောက်ပံ့ဖို့ မတတ်နိုင်တော့ဘူး၊ အဲဒီတော့ ပန်တဂွန်က စတားလင့်ခ်ရဲ့ စားရိတ်တွေကို ဆက်လက် တာဝန်ယူပေးဖို့ တောင်းဆိုစာပို့ထားတယ်လို့ စီအန်အန်က ဆိုပါတယ်။ အဲဒီစာကြောင့် ယူကရိန်း သံအမတ်တဦးကတောင် အီလွန်ကို ဆဲထားပါသေးတယ်။

အီလွန်က လောလောဆယ်ထိ စတားလင့်ခ်တာမီနယ်ပေါင်း ၂သောင်း တပ်ဆင်ပေးထားပြီး ယူကရိန်းဗိုလ်ချုပ်ကြီးက နောက်ထပ် ၈ထောင် ထပ်တောင်းထားပါတယ်။ တကယ်တမ်းပြောရရင် အဂတိလိုက်စားမှုတွေ ဒင်းကြမ်းပြည့်နေခဲ့တဲ့ ယူကရိန်းမှာလည်း ဝေဖန်စရာတွေ ရှိနေမှာပါ။ ခက်တာက တဖက်ကို ဝေဖန်လိုက်တာနဲ့ အော်တိုမက်တစ် တခြားတဖက်ထောက်ခံသူ ဖြစ်သွားအောင် ဝိုင်းနွှာနေကြတော့ ချောက်ထဲခုန်ဆင်းရင်တောင် လက်ပိုက်ကြည့်နေရမယ့်ပုံ ဖြစ်နေတာပါ။

နယူးယောက်ဂါဗနာ ကေသီဟိုကူလ်ဟာ ရီပါဘလစ်ကန်ဖက်က လူကြိုက်များလာနေတဲ့ လီဇယ်လ်ဒင်နဲ့ ယှဥ်ပြိုင်ရမယ့် ရကပွဲနီးလာချိန်မှာ ပြည်နယ်ဘတ်ဂျက်ထဲက ၁ဘီလီယံလောက်ကို သူမပြန်လည်အရွေးခံရဖို့အတွက် အလွဲသုံးနေတယ်လို့ နယူးယောက်ပို့စ်က တင်ပြထားပါတယ်။

သူမနဲ့ ပြည်နယ်လွှတ်တော်က ဒီမိုခွက်မဟာမိတ်တွေဟာ လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက် ၂၂၀.၅ဘီလီယံအနက်မှ သန်း ၉၂၀ကို ဧပြီလတုန်းက ၁၁နာရီကြာ လွှတ်တော်မှာ အငြင်းအခုံတွေကြားက အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲက ရီပါဘလစ်ကန်တွေက ဒီ သန်း၉၂၀ဟာ ဘာမှတိတိကျကျ ခေါင်းစဥ် သတ်မှတ်ထားတာမျိုးမရှိတဲ့အပြင် ဘယ်မှာသုံးမယ်ဆိုတာကို တံခါးပိတ်အစည်းအဝေးတွေကနေ ဆုံးဖြတ်ကြမှာဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် လုံးဝ ဇီးသီးဗန်းဖြစ်သွားနိုင်တာကြောင့် ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဘက်မလိုက်၊ ပါတီစွဲမရှိတဲ့ စီတီဇင်ဘတ်ဂျက်ကော်မရှင်က အဲဒီ သန်း၉၂၀ထဲက ၅၃၅သန်းဟာ တချီတည်း အပြီးငွေချေရမယ့် ပရိုဂရမ် ၃ခုအနက်က ၂ခုဖြစ်တဲ့ လောင်းအိုင်းလန်းအင်ဗက်စ်မန့်ဖန်းဒ်နဲ့ လောင်းအိုင်းလန်းကွန်မြူနီတီအဆစ်စတန့်စ်ပရိုဂရမ်တွေမှာ သုံးဖို့ ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဘာတွေ သုံးမယ်(ဘာခေါင်းစဥ်တပ်မယ်) ဆိုတာကတော့ လွှတ်တော်က ကန့်သတ်ချက်မရှိတဲ့အတွက် သူမသဘောပဲ ဖြစ်ပါတယ်။ လောင်းအိုင်းလန်းက သူမပြိုင်ဖက် ဇယ်လ်ဒင်ကို အဓိက ထောက်ခံတဲ့ နယ်မြေဖြစ်နေတာကြောင့်လည်း မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။

အရင်ကလည်း သူမကမ်ပိန်းကို လှူထားတဲ့သူတွေကို ကန်ထရိုက်တွေ ရက်ရက်ရောရော ချပေးထားတာတွေ ရှိနေတဲ့အတွက် အဲဒီလို ကိုယ်ကျိုးရှာသူတွေကိုပဲ ဆက်မဲပေးနေရင် လုပ်ငန်းရှင်တွေ ပြောင်းပြေးပြီး အချောင်သမားတွေ၊ ဒုစရိုက်သမား၊ ဘိန်းစားတွေ၊ အခြေအနေမဲ့တွေပဲ လှိမ့်ဝင်လာကြမှာ အသေအချာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: