အောက်တိုဘာ ၁၈ ရက် ၂၀၂၂

မစ်တမ်းရကပွဲတွေ နီးကပ်လာတဲ့အချိန်မှာ တဖက်နဲ့တဖက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေပါတယ်။ ဟိုးနှစ်ပေါင်းများစွာတုန်းကတော့ ပြည်သူအများရှေ့မှာ တဖက်နဲ့တဖက် မူတွေချပြပြီး ကိုယ့်မူက သာလွန်ကြောင်း အကျိုးများကြောင်း ဒီဘိတ်လုပ်ကြတာပါ။ တဖက်နဲ့ တဖက် အပြန်အလှန် မေးခွန်းထုတ်တာ ထောက်တာ ငြင်းတာတွေ လုပ်ခဲ့ကြသလို ပြည်သူကပါ ဝင်ပြီး မေးခွန်းထုတ်နိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် ကနေ့ခေတ်ဒီမိုကရက်တွေကတော့ အလွန်ကောင်းမွန်သင့်မြတ်တဲ့ အစဥ်အလာကို စွန့်ပယ်ပြီး မျက်နှာချင်းဆိုင် ဒီဘိတ်လုပ်ကြဖို့ကို တီဆားပက်သလောက် ကြောက်နေကြတာဟာ အဆင့်ဆင့်သော ရွေးကောက်ပွဲတိုင်းလိုလိုမှာ ဖြစ်ပါတယ်။ မလွှဲမရှောင်နိုင်တဲ့ အဆုံးမှာမှ တချို့က တကြိမ်လောက်သာ လုပ်ဖို့သဘောတူကြပြီး အဲဒါကလည်း သူတို့စည်းကမ်းတွေကို လိုက်လျောမှ သဘောတူကြတာဖြစ်ပါတယ်။

အရီဇိုးနားဂါဗာနာပြိုင်ပွဲမှာ ရီပါဘလစ်ကန်ဘက်ကပြိုင်မယ့် ထရမ့်ထောက်ခံပေးထားတဲ့ သတင်းသမား ကယ်ရီလိတ်ခ်က ဒီမိုကရက်ပြိုင်ဖက် ကေတီဟော့ဘ်စ်ကို ဒီဘိတ်လုပ်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တာမှာ ကေတီကလည်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံးတော့ အရီဇိုးနားစတိတ် ယူနီဗာစတီ (ASU)ရဲ့ PBS က ဒီဘိတ်အစား တဦးကို မိနစ် ၃၀စီ သီးသန့် အင်တာဗျူးစီစဥ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟော့ဘ်စ်က အင်တာဗျူးခံဖို့ စင်ပေါ်တက်အလာမှာ ပရိတ်သတ်ထဲ ရှေ့ဆုံးမှာထိုင်နေတဲ့ လိတ်ခ်ကို တွေ့လိုက်တော့ အကြီးအကျယ်မျက်နှာပျက်ပြီး အတင်း ဖယ်ရှားခိုင်းတဲ့အတွက် နောက်ဆုံးမှာ လိတ်ခ်က ထွက်သွားပေးလိုက်ရပါတယ်။ တီဗီရိုက်နေတဲ့ရှေ့မှာ အင်တာဗျူးပေးနေပြီပဲလေ၊ သာမန်ပြည်သူလိုပဲ သဘောထားလိုက်လို့ ရရဲ့သားနဲ့ နေရောင်မကြည့်နိုင်တဲ့သူတွေလို တုန့်ပြန်တာက ရင့်ကျက်မှုအားနည်းတာလား၊ စိတ်ဓါတ်လုံခြုံမှု မရှိတာလား၊ တခုခုကို ဖုံးဖိချင်နေတောလား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိနေတာလား တခုခုပါပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ လက္ခဏာတော့ မဖြစ်နိုင်တာ အမှန်ပါ။

နောက်စိတ်ဝင်စားစရာတခုက ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု ဆီးနိတ်နေရာအတွက် ယှဥ်ပြိုင်ကြမယ့် ရီပါဘလစ်ကန်ဖက်က ဟာရှဲလ်ဝေါ်လ်ကာနဲ့ ဒီမိုကရက်ရာဖဲလ်ဝါးနော့ခ်တို့ရဲ့ တခုတည်းသော ဒီဘိတ်ဖြစ်ပါတယ်။ ဝေါ်လ်ကာက NFL မှာ ၁၂နှစ်ကစားခဲ့သူဖြစ်ပြီး တိုင်းပြည်ကို ချစ်တဲ့၊ အသက်တိုင်းကို တန်ဖိုးထားတဲ့၊ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့မူတွေ စွဲကိုင်ထားတာပါ။ ဝါးနော့ခ်က ခရစ်ယာန်စာဟောဆရာဖြစ်တော့ အပြောကတော့ရွှေမန်းလို့ ပြောရမလိုပါပဲ။ တွေးစရာဖြစ်နေတာက ဘာသာရေးခေါင်းဆောင်ဆိုတဲ့ ခရစ်ယာန်စာဟောဆရာက အကန့်အသတ်မရှိ ကိုယ်ဝန်ဖျက်ချခွင့်ကို အားပေးတာဖြစ်ပြီး အမေရိကန်ဖွတ်ဘောသမားက ပရိုလိုက်ဖ်ဖြစ်နေတာပါ။ ဝါးနော့ခ်ပြောသွားတာတခုက မွေးခန်း/လူနာခန်းဟာ ကျဥ်းလွန်းတဲ့အတွက် အမျိုးသမီးရော၊ ဆရာဝန်ရောအပြင် အစိုးရပါ ဝင်နေလို့ မသင့်ကြောင်း၊ အဲဒါကြောင့် အမျိုးသမီးကသာ ဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။

တကယ်တမ်းမှာ အသက်တချောင်းကို မွေးခန်း/လူနာခန်းထဲရောက်မှ ထား/မထား စဥ်းစားကြတာ စဥ်းစားတတ်တဲ့ လူတွေအလုပ်မဟုတ်ပါဘူး။ ဝေါ်လ်ကာကတော့ အဲဒီအခန်းထဲမှာ ကလေးလေးပါ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့လို့ ဆိုပါတယ်။ ဒီလိုသာ လူနာ့သဘော၊ ဆရာဝန်သဘောဆိုရင် တခြားစည်းမျဥ်းဥပဒေတွေရော ဘာလို့ ထားနေတော့မလဲ၊ လူနာက မူးယစ်ဆေးတောင်းလဲ ပေးလိုက်ပေါ့၊ အဆိပ်တောင်းလဲ ပေးလိုက်ပေါ့၊ ဟိုဆေးမထိုး၊ ဒီဆေးမသောက်ဆိုလဲ ဘာဖြစ်သေးလဲ၊ ဆင်းချင်ရင်လဲ ဘာဖြစ်ဖြစ် ပေးဆင်းလိုက်ပေါ့၊ သူဆန္ဒပဲလေ။ ကကဆကျတော့ အတင်းကြီး လိုက်ထိုးချင်နေပြီး ကဝဖျက်တာကျမှ သူ့သဘောဆိုတော့ လိုတမျိုး မလိုတမျိုး ဖြစ်မနေဘူးလား။

နောက်တခု လုပ်တတ်ကြတာက သဘာဝဘေးအန္တရာယ်ကြုံတာမျိုးဖြစ်ဖြစ် အစိုးရအထောက်အပံ့ ပေးတာမျိုးဖြစ်ဖြစ်မှာ အရောင်ရှိသူတွေ အရောင်ရှိသူတွေနဲ့ မြှောက်ပေးသလိုလို သနားသလိုလိုနဲ့ ရိုက်ချ ချိုးနှိမ်နေတာ တွေ့ရမှာပါ။ လောလောလတ်လတ် ကမလာပြောသွားပါတယ်။ လေသံက အရောင်ရှိသူတွေက ပညာမတတ် စာမတတ် ရွှေမရှိ ငွေမရှိ အခြေအနေမရှိ သူတို့ပေးမှ ကြွေးမှ စားရသောက်ရမယ့် သူတွေ ဖြစ်နေသလိုပါပဲ။ ခပ်တိမ်တိမ်သမားတွေ ကြိုက်ကြမှာဖြစ်ပေမယ့် အရောင်ခွဲခြားတာနဲ့ သွေးခွဲနေတာကို မြင်သူတွေတွေကတော့ လုံးဝ နှစ်သက်မှာ မဟုတ်ပါဘူး။

ဒီမိုခွက်တွေ ကြီးစိုးထားတဲ့ လွှတ်တော်ကလည်း စတန့်တွေ ထွင်ပြီးရင်းထွင်ရင်းပါပဲ။ ဒီမိုခွက်နဲ့ ထရမ့်ကိုမုန်းတဲ့ အမည်ခံရီပါဘလစ်ကန်လဇ်ချေနီသာပါတဲ့ ဂျန်၆ကော်မီတီက တချိန်လုံးစတန့်ထွင်နေခဲ့ပြီး မိန်းစထရင်မ်မီဒီယာအားလုံးက ရှိသမျှရှိုးတွေကို ဝင်ငွေတွေအနာခံနားပြီး အဲဒီသားပိုက်ကောင်ကော်မီတီကိုပဲ တချိန်လုံး ပြထားခဲ့တာတောင် ပြည်သူစိတ်ဝင်စားမှုက တက်မလာတော့ ရကပွဲနီးမှ ကပ်ပြီး ထရမ့်ကို အစစ်ခံဖို့ ခေါ်မယ်လို့ လုပ်ကြပါတယ်။

တီဒီအက်စ်သမားတွေကတော့ ပျော်ကြတာပေါ့လေ။ လက်တွေ့ကျဖို့ထက် အမုန်းစိတ်လေးကို အစာကျွေးလိုက်ရမှ ရေချိန်ကိုက်ကြတာကိုး။ ထရမ့်ကတော့ သူ့မှာ ဘာမှ ဖုံးကွယ်စရာမရှိတဲ့အတွက် တက်ဆိုလည်း တက်၊ မေးရင်လည်း ဖြေလိုက်ရုံပဲလို့ ဆိုပါတယ်။ ခက်တာက စိတ်ယုတ်တွေနဲ့ ပြည်သူအထင်အမြင်လွဲအောင် ထောင်ချောက်ဆင်မေးပြီး ပြည့်ပြည့်စုံစုံ ပြောခွင့်မပေးမှာ ဖြတ်ချမှာက ကျိန်းသေနေတော့ သူ့အကြံပေးတွေ ရှေ့နေတွေက မသွားစေချင်ကြတာပါ။ နှစ်ပါတီက မျှမျှတတ စစ်မေးပြီး ညစ်/ယုတ်တာတွေ မလုပ်ရင် မဟုတ်တာမလုပ်ထားတဲ့ မည်သူမဆို ရဲရဲ သွားကြမှာပါ။

နောက်ထပ် ရကပွဲနဲ့ အချိန်ကိုက်ပြီး ထွက်လာတာကတော့ ကလင်တန်ကမ်ပိန်းက လုပ်ကြံထားတဲ့ ထရမ့်-ရုရှားပတ်သက်မှုလုပ်ဇတ်ထဲက စတီးလ်ဒေါ်စီယေရဲ့ မူလဖန်တီးရှင်ဖြစ်တဲ့ အီဂေါ်ဒန်ချန်ကိုကို အဖ်ဘီအိုင်ကို လိမ်လည်ခဲ့တဲ့ အမှု ၄ခုကနေ လွှတ်ပေးလိုက်ပါတယ်။ အဲဒါဟာ အဲဒီအမှုကို စစ်ဆေးနေတဲ့ ဂျွန်ဒါဟမ်က တင်လာတဲ့အမှုတွေထဲက လွှတ်ပေးလိုက်ရတဲ့ ဒုတိယအမှုဖြစ်ပါတယ်။ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က အဲဒီလိုအဖျားရှုးလာလိမ့်မယ်လို့ ပြီးခဲ့တဲ့တပတ်ထဲက ခန့်မှန်းထားတာပါ။ ဘာကြောင့်လဲဆိုတော့ ဂျွန်ဒါဟမ်ကို ထရမ့်နောက်ကျော ဓါးထိုးခဲ့တဲ့ ရှေ့နေချုပ် ဘေလ်ဘားက ခန့်ခဲ့တာဖြစ်ပြီး နှစ်နှစ်ကျော်ကြာလာသည့်တိုင် ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာတွေက တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က သူတို့ကိုယ်တိုင် ဗျူရိုကရက်တွေကြား အခက်အခဲအမျိုးမျိုးကိုဖြတ်၊ တရားတဘောင်တွေ လှိမ့်စွဲပြီးမှ ရရှိလာတာတဲ့ အထောက်အထားတွေ အစတွေအပေါ် အဖြစ်ထုတ်ပြန်ပေးသလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ နွံအိုင်ကြီးက နက်သလောက် ကျယ်လဲ ကျယ်ပါပေတယ်။ အဲဒါကြောင့်လည်း ဝီကီလိခ်က ဂျီးနီးယပ်စ်တွေဖြစ်တဲ့ အာဆန့်ချ်တို့ စနိုးဒန်တို့ မန်းနင်းတို့ကို အသေနှိပ်ကွပ်ထားတာဖြစ်ပါလိမ့်မယ်။

အိုဟိုင်းအိုးပြည်နယ် ဂါရက်မော်ဂန်အထက်တန်းကျောင်းမှ ဝုခ် ဒုကျောင်းအုပ်များဟာ စက်တင်ဘာ ၁၄ရက်နေ့က မျက်နှာဖုံးတပ်ထားတဲ့ သေနတ်ကိုင် ရာဇဝတ်ကောင် ၄ဦးကို ကျောင်းထဲကိုဝင်ဖို့ တံခါးဖွင့်ပေးလိုက်တဲ့အတွက် တိုင်းပြည်ရဲ့ အကြီးဆုံးရဲသမဂ္ဂက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင် လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျောင်းကို လော့ဒေါင်းလုပ်ထားတဲ့အတွက် ကျောင်းသားတွေက ကျောင်းထဲမှာ ရှိနေတာဖြစ်ပါတယ်။ ရဲတွေက ကျောင်းကလုံခြုံရေးကို လော့ဒေါင်းဆက်လုပ်ထား၊ ဘယ်သူ့မှ ပေးမဝင်နဲ့လို့ သေချာမှာထားတဲ့ကြားက ဒုကျောင်းအုပ်တွေက အပြင်မှာ ရဲတွေရှိနေတာက (ရာဇဝတ်ကောင်တွေအတွက်) မလုံခြုံလို့ အထဲပေးဝင်လိုက်တာလို့ ဆိုပါတယ်။

သေချာနောက်ကြောင်း စစ်ဆေး၊ လေ့ကျင့်ထားတဲ့ ရဲဆိုရင်တောင် ခိုင်လုံတဲ့ အကြောင်းကြီးငယ်မရှိရင် ဝင်ခွင့်မပေးသင့်တဲ့ နေရာမျိုးကို ရဲမုန်းတဲ့ ဝုခ်ကျောင်းအုပ်က ပေးဝင်တာဖြစ်ပြီး ကျောင်းသားတွေ တခုခုဖြစ်ခဲ့ရင် မီဒီယာတို့ ဒီအေတို့က သေနတ်တွေပေါ်နဲ့ ရဲတွေပေါ် ပုံချကြဦးမှာပါ။ မှိုင်းဝနေတဲ့ ခေါင်းတွေက အမှန်ကို ဆုံးဖြတ်နိုင်ဖို့ ခက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: