တရုပ်ပြည်မှာ ပါတီရဲ့ အထွေထွေညီလာခံနောက်ဆုံးရက်မှာပဲ လက်ရှိသမ္မတ ရှီကျင့်ပင်မတိုင်ခင်ကသမ္မတလုပ်ခဲ့တဲ့ ဟူကျင်တောင်ကို အစည်းအဝေးခန်းမထဲကနေ ရှီရဲ့ အစောင့်တွေက ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီရက်မှာပဲ ဟူကျင်တောင်က မိန့်ခွန်းပြောဖို့ စီစဥ်ထားတာပါ။ ဆင်ဟွာက ကျန်းမာရေးကြောင့်လို့ သတင်းထုတ်ပေမယ့် အဲဒီလိုမဟုတ်တာ ကမ္ဘာက မြင်သွားပါပြီ။ ကမ္ဘာဆိုပေမယ့် အဲဒီဗီဒီယိုကိုတော့ တရုပ်ပြည်တွင်းမှာ လုံးဝ အစဖျောက်ထားတာပါ။ ပါတီအစည်းအဝေး ကျင်းပခဲ့တဲ့ရက်တွေမှာ ဘေကျင်းမှာ အလုပ်အသစ်တခု ဖန်တီးထားတာ တွေ့ရပါတယ်။ ကုန်းကျော်တံတား စောင့်ကြည့်သူတွေပါ။ အဲဒီလူတွေက ကုန်းကျော်တံတားတွေကနေ ရှီကို ဆန့်ကျင်တဲ့ ဘန်နာတွေ လာမချိတ်အောင် တားဆီးရပါတယ်။ ဒီကြားထဲ တချို့က ချိတ်ဖြစ်အောင် ချိတ်သွားပါသေးတယ်။
ဟူကျင်တောင်ဟာ သူ့မတိုင်ခင် သမ္မတဖြစ်ခဲ့တဲ့ ကျန်ဇီမင်ရဲ့ တပည့်တဦးဖြစ်ပြီး ရှီက ကျန်ကို သစ္စာခံသူတွေကို ခြစားမှုလို့ သမုတ်ပြီး ဖြုတ်ထုတ်သတ်လုပ်နေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ကျန်ဇီမင်းကို ခန့်ခဲ့တဲ့ တိန့်ရှောင်ဖိန်က သမ္မတသက်တမ်းကို ၂ကြိမ်သာ သတ်မှတ်ထားခဲ့ပါတယ်။ အဲဒါကြောင့် ကျန်ဇီမင်းရော ဟူကျင်တောင်ရော ၂ကြိမ်ပဲ ထမ်းဆောင်ခဲ့ပါတယ်။ ရှီကတော့ အာဏာအရသာတွေ့နေတော့ မသေမချင်းမဆင်းလို့ ဆုံးဖြတ်ထားပုံပါပဲ။ ရာသက်ပန်သမ္မတ လုပ်ချင်လို့ ဥပဒေကို ပြင်၊ လမ်းရှင်းတဲ့အနေနဲ့ ပြိုင်ဖက်ဖြစ်လာနိုင်သူတွေကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ “ပြစ်ချက်” တွေနဲ့ စွပ်စွဲပြီး သေဒဏ်တွေ၊ နှစ်ရှည်ထောင်ဒဏ်တွေ ဖောဖောသီသီ ပေးပစ်လိုက်တာပါ။ အသက်မသေချင်ရင်တော့ ဖော်ကောင်တို့ လောက်တို့ လုပ်ကြဖို့ လမ်းလေးတွေတော့ ဖွင့်ပေးထားပါတယ်။
တိန့်ရှောင်ဖိန်နောက်မှာ ဖြစ်ခဲ့တဲ့ ရှီမတိုင်ခင် သမ္မတ ၂ဦးလုံးက သမ္မတသက်တမ်း နှစ်ကြိမ်ပြည့်တဲ့အခါ ရာထူးက ဆင်းပေးလိုက်ပေမယ့် ဗဟိုကော်မီတီဝင်တွေအဖြစ်တော့ ဆက်လက် ရှိနေခဲ့တာ ရှီလက်ချက်နဲ့ နားသွားတဲ့အထိပါပဲ။ နားတယ်ဆိုတာလည်း ဗိုစောမောင်ကို လုပ်ခဲ့ကြသလိုပါပဲ၊ ကျန်းမာရေးအကြောင်းပြပေမယ့် တကယ်တမ်း အာဏာလမ်းရှင်းတာပဲ ဖြစ်ပြီး သူတို့ဘာဖြစ်နေမှန်း ဘယ်ရောက်နေမှန်း မသိကြရပါဘူး။ ဟူက ပါတီအစည်းအဝေးမှာ ရှီရဲ့ သမ္မတသက်တမ်း ရည်ရှည်ယူချင်တာရဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပြောလိမ့်မယ်လို့ ပြည်သူတွေက မှန်းဆနေခဲ့ကြပါတယ်။
ရှီက ရာထူးက မဆင်းပေးချင်ပေမယ့် သူ့ရဲ့ ဇီးရိုးကဗပေါ်လစီက အတော်လူကြိုက်နဲနေတာပါ။ ဝဟပိုးကလည်း သူ့လက်ချက်လိုဖြစ်နေတော့ အမေရိကန်ရဲ့ နောက်လရကပွဲမှာ တရုပ်ကြောက်တွေ ပြုတ်ပြီး ခြမစား၊ သတ္တိရှိပြီး ပြည်သူ့အကျိုး ဦးထိပ်ထားသူတွေ တက်လာရင် ဒီပိုးအတွက် တာဝန်ယူရတာတွေ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေးကလည်း ဘဒအစိုးရနဲ့ ခြစားဒီမိုခွက်တွေ ကပ်ပိုးအကြောင်းပြပြီး တရုပ်ကို လုပ်ကျွေးနေတာတောင် စီးပွားရေးက ထောင်မလာပဲ အခုဆို အရင် ၃လပတ်ကိန်းကဏန်းတွေတောင် မထုတ်ပြန်နိုင်သေးဘူးဖြစ်နေတာပါ။ ခါတိုင်းလည်း ကွန်ကွန်တွေ ဏာဏာရှင်တွေရဲ့ ကိန်းဂဏန်းတွေ ထုတ်ပြန်ချက်တွေဆိုတာ ဘာမှယုံကြည်ရတာမဟုတ်ပေမယ့် ထွက်တော့ ထွက်လာသေးတယ်လို့ ပြောလို့ရပါတယ်။
ပူတင်းကလည်း အသက်ရှိနေသ၍ သူ့အလိုအလျောက် ရာထူးကို စွန့်မယ့်ပုံ မပေါ်သလို ရှီကလည်း မဆင်းရေးချ မဆင်းပါ။ မြန်မာပြည်မှာလည်း ပင်စင်ယူရမယ့် ဝန်ထမ်းက ဗျောက်ရှိတာနဲ့ ဏာဏာကို ချုပ်ထားချင်တော့တာ။ အမေရိကန်မှာလည်း နယ်စပ်ကြီး ဖွင့်ထားတာတွေ၊ မဲပေးရင် ဘာအထောက်အထားမှ မလိုအောင် လုပ်နေတာတွေ၊ ခိုးဝင်တွေ တရားဝင် မဲပေးခွင့်ရအောင် တွန်းနေတာတွေ၊ တရားဝင်မဟုတ်တောင် ပြည်နယ်တွေက ရကပွဲအတွက် မဲစာရင်းပြုစုတဲ့ ဌာနနဲ့ ဒီအမ်ဗီလို အစိုးရဌာနတွေပေါင်းပြီး ရီပါဘလစ်ကန်တွေဆီပို့တဲ့ မဲတွေကိုမှားအောင်လုပ်၊ ဒီမိုခွက်ဆိုရင် ပြည်နယ်က ပြောင်းသွားပြီးတာတောင် အတင်းကြီး မဲတွေပို့၊ မဲဝယ်၊ မဲဆွယ်တာတွေကို သူတို့ကိုထောက်ခံတဲ့ ဆယ်လီတွေ၊ တက်ကီတွေ၊ အမွှေစိန်တို့ ဇကာပေါက်တို့လို ငွေပေါသူတွေက အကြီးအကျယ်ထောက်ပံ့ပေးထာ ခုထိပါပဲ။ အရွေးချယ်ခံဆိုတာ သန့်သန့်ရှင်းရှင်း တက်လာတာမျိုး မဟုတ်ရင် အနှစ်သာရအားလုံး ပလုံပါတယ်။ ပြည်သူကို မျက်စိထဲရော ခေါင်းထဲပါ ထည့်စရာ မလိုတော့တာကြောင့် ဏာဏာရှင်နဲ့ ဘာမှမခြားတော့ပါဘူး။
ရှီထိုင်ခုံက မဆင်းချင်တာနဲ့ ကမ္ဘာနဲ့ ဘယ်လိုပတ်သက်နေသလဲဆိုရင် ဝဟပိုးကိစ္စကို ကြည့်ရင်လည်း သိနိုင်သလို သူ့ထိုင်ခုံ နှဲ့လာနိုင်သူ၊ သူ့အကြောင်းတွေ ဖောက်သည်ချမယ့်သူတွေကို ပြည်တွင်းမှာတင် မကပဲ ပြည်ပမှာပါ နှိပ်ကွပ်ဖို့ တရုပ်ပြည်ပရဲဌာနလိုဟာမျိုးတွေ ဖွင့်လာနေပါပြီ။ သောက်ြာနေ့တုန်းက ယူကေက တရုပ်သံရုံးမှာ ဟောင်ကောင်ဖွား ဆန္ဒပြသူတဦးကို တရုပ်သံမှူးနဲ့ ဝန်ထမ်းတွေက သံရုံးဝန်းထဲကို အတင်းဆွဲသွင်းပြီး ထုထောင်းရိုက်နှက်နေတာကို မန်ချက်စတာကရဲတွေက ခြံစည်းရိုးအဝကနေ ပြန်ဆွဲထုတ်ခဲ့ရတာပါ။ သံမှူးကို သတင်းထောက်တွေကမေးတော့ ရိုင်းလို့ပါလို့ လိမ်ပါတယ်။ မြန်မာပြည်လိုနိုင်ငံငယ်လေးတွေမှာ ဒီထက်ဆိုးတာတွေတောင် ဖြစ်နိုင်ပေမယ့် ခုဟာက အနောက်ကမ္ဘာမှာပါ ယဥ်ကျေးမှုမရှိ ထင်တိုင်းကြဲတဲ့ပုံစံ ဖြစ်လာနေတာပါ။ ပျော့ညံ့တဲ့ခေါင်းဆောင်၊ ခြစားတဲ့ခေါင်းဆောင်တွေ ရှိနေသ၍ ရှေ့လျောက် ပိုဆိုးဖို့ပဲ ရှိပါတယ်။
ထိုင်ခုံက မဆင်းချင်တာတွေ၊ မရိုးသားတဲ့နည်းနဲ့ ဏာဏာရလာသူတွေဟာ သူတို့ကိုယ်သူတို့ သိပ်တန်ခိုးထွားတဲ့သူတွေလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ကြံ့ခိုင်ပြီး အမှန်တကယ် အားကြီးတဲ့ ခေါင်းဆောင်တွေဟာ အပ်တိုတချောင်း မကိုင်ထားရင်တောင် ပြည်သူကြား ရဲရဲဝံ့ဝံ့ ဝင်ထွက်သွားလာရဲသလို ထိုင်ခုံကိုလည်း အရှက်မရှိ တွယ်ဖက်ကြမယ့် စိတ်ဓါတ်၊ ကိုယ်ကျင့်တရား ပျော့ညံ့သူတွေ လုံးဝ မဟုတ်ကြတာ သမိုင်းကို ပြန်ကြည့်ရင် သိမှာပါ။ အာဏာကို သေတဲ့အထိ ချုပ်ကိုင်ထားဖို့ ကြိုးစားသူတွေဟာလည်း ဇတ်သိမ်းမလှကြသလို အကြောက်တရားနဲ့ နေ့ရှိသ၍ အဖော်လုပ်နေရတာပဲ ဖြစ်ပါတယ်။ အဲဒီလိုဟာတွေနောက်ပိုင်း တက်လာသူတွေကလည်း ရှေ့ကထက် ပိုဆိုးအောင် ခိုးဆိုးကြမ်းရမ်းနှိပ်ကွပ်တာတွေ လုပ်လာတော့မှာဖြစ်လို့ အဲဒီလို မဖြစ်ချင်ရင် မဖြစ်ရအောင် သင်ခန်းစာယူကြဖို့၊ တရားမျှတာတာ၊ တရားတဲ့ဥပဒေစိုးမိုးတာအားပေးတဲ့သူတွေကိုသာ ရွေးချယ်တင်မြှောက်ကြဖို့လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။