အောက်တိုဘာ ၂၈ ရက် ၂၀၂၂

တွဒ်ချုပ်ကြီးအီလွန်က အရောင်းအဝယ် အပြီးသတ်နေဆဲမှာပဲ တက်စ်လာကအင်ဂျင်နီယာတွေ မ သွားပြီး တွဒ်တာက အယ်လ်ဂိုရစ်သမ်ကုဒ်တွေကို ပြောင်းပြစ်ခဲ့တဲ့အတွက် တွဒ်တာအင်ဂျင်နီယာတွေဟာ ကုဒ်တွေကို ပြောင်းချင်တိုင်း ပြောင်း၊ ဆင်ဆာလုပ်ချင်တိုင်းလုပ်၊ ပိတ်ချင်တိုင်းပိတ်ဖို့ မလွယ်တော့ဘူးဖြစ်ပါတယ်။ တွဒ်ချုပ်ကြီးဖြုတ်ပစ်လိုက်တဲ့ စီအီးအို၊ စီအက်ဖ်အိုနဲ့ ပေါ်လစီပိုင်းကိုင်တဲ့ ရှေ့နေမနဲ့ အထွေထွေဥပဒေအကြံပေးတို့ကိုပါ ဖြုတ်ပစ်ခဲ့ပြီး သူတို့နေရာမှာ ဘယ်သူတွေခန့်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ တွဒ်တာရုံးချုပ်ကို လွတ်လပ်ပြီး လုပ်ငန်းရှင်တွေအလုပ်လုပ်ရလွယ်ကူတဲ့ အနီပြည်နယ်တွေက ရွှေ့ခဲ့ဖို့ ဖိတ်ခေါ်နေကြပါတယ်။

အီလွန်က တွဒ်တာကို ပြုပြင်ပြောင်းလဲဖို့ စဉ်းစားနေတယ်ဆိုတဲ့ အစီအစဥ်တွေထဲမှာ ပထမတခုက တွဒ်တာကို ဆိုရှယ်မီဒီယာတင်မကပဲ တရုပ်ပြည်က ဝီချက်လိုမျိုး အသံရော ရုပ်+သံနဲ့ရော စာတိုနဲ့ရောချက်နိုင်ပြီး ဘာသာပြန်တွေ ငွေပေးစနစ်ပါ အသုံးပြုနိုင်တဲ့ ဘက်စုံသုံးအက်ပ်တခု ဖြစ်လာအောင် လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါက တွဒ်တာစဝယ်ဖို့ ကြိုးစားနေစဥ်မှာ ဆူပါအက်ပ်တခုတည်ထောင်ချင်ကြောင်း ပြောခဲ့တာအပေါ် ခန့်မှန်းနေကြတာဖြစ်ပါတယ်။

နောက်တခုက ဒစ်ဂျစ်တယ်တောင်းစကွဲလုပ်ဖို့ပါ။ တတိယတခုကတော့ မလျော်မကန်သုံးသူတွေအတွက် သက်ရောက်မှုတွေ ရှိလာဖို့ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကွန်တန့်မော်ဒရေးရှင်းကောင်စီကို ဖွဲ့စည်းမှာဖြစ်ပြီး အသေးအဖွဲအကြောင်းအရာတွေနဲ့ အကောင့်ပိတ်/ဆိုင်းခံထားရသူတွေကို ပြန်ဖွင့်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို အမြင်မျိုးစုံရှိတဲ့သူတွေနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ဖွဲ့လို့မပြီးသေးခင်မှာတော့ အကောင့်ပြန်ဖွင့်ပေးတာတွေအပါအဝင် ကြီးကြီးမားမား ဘာမှ ထူးခြားမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ တွဒ်ချုပ်ကြီးက ဟာသ/ကော်မဒီဟာ တွဒ်တာမှာ အခုအချိန်ကစပြီး တရားဝင်ဖြစ်သွားပါပြီလို့ ကြေငြာပါတယ်။ မကြာသေးမီက ပိတ်ထားခံရတဲ့ အီလွန်နဲ့ခင်တဲ့ ခညေးဝက်စ်အကောင့်ကတော့ ပြန်ပွင့်သွားပြီလို့ သိရပါတယ်။

အီလွန်တွဒ်တာကို ဝယ်တဲ့ကိစ္စအပေါ် ဟိုဖက်ရပ်ကွက်က ကမ္ဘာပျက်တော့မတတ် ဇတ်နာပြနေကြတာ တွေ့ရပါတယ်။ အရင်းရှင်စနစ်ကို ပုံချအပြစ်ဆိုသူတွေလည်း ပါပါရဲ့။ အီလွန့်ကြေငြာချက်လည်း ဖတ်ရသေးပုံ မရပါဘူး။ လေဖမ်း ဒန်းစီးနေကြသလိုပါပဲ။ အမေဇုံကဂျက်ဖ်ဘေဇို ဝါရှင်တန်ပို့စ်ဝယ်တာ၊ စီအန်အန်တို့လို မိန်းစထရင်မီဒီယာက အမုန်းစကားတွေပဲ လွှင့်နေတာ၊ ယူကျူက သူတို့လက်ဝဲအာဘော်နဲ့ ဆန့်ကျင်ရင် လူမမြင်အောင် ပိုက်ဆံမရအောင်လုပ်တာ၊ ဖွဘုတ်က ပညာပြတာတွေက အထင်အရှား ခံနေရတာပဲလေ။ အဲဒါတွေကိုတော့ ဝေဖန်သံ မကြားပါလား။

ကမ္ဘာပေါ်မှာ နိုင်ငံရေးလောကမှာရော စီးပွားရေးလောကမှာပါ သူတော်စင်မရှိပါဘူး။ မှားတတ်တဲ့ သူတွေ၊ လောဘဇောတိုက်နေသူတွေ အာဃာတ အားကြီးသူတွေပါသလို တိုင်းပြည်အကျိုး လူသားအကျိုးအတွက် အတ္တ ပရ မျှမျှနဲ့ ကြိုးပမ်းနေသူတွေလည်း ရှိတာပါပဲ။ ကိုယ့်လုပ်ရပ်ကပဲ ကိုယ့်သမိုင်းဖြစ်လာမှာဖြစ်တဲ့အတွက် လုပ်ရပ်ကို စောင့်ကြည့်ဖို့ အချိန်တခုတော့ ပေးရမှာပါ။ ဘာမှတောင် မစရသေးဘူး၊ အရင်အမုန်းဇတ်ခင်းနေပြီဆိုရင်တော့ ကိုယ်ပိုင်ဉာဏ်မသုံးပဲ မိုင်ဖားသားစ်နိမ်းအစ်စ်ဦးဘဆိုတာကို တရားသေဆုတ်ကိုင်ထားတဲ့ ဦးဘသားသမီးတွေပဲ ဖြစ်နေကြဦးမှာပါ။

ဟောက်စ်စပီကာ နန်စီပလိုးစီရဲ့ ခင်ပွန်းကို သူတို့ရဲ့ ဆန်ဖရန်စစ္စကို လူကုံထံရပ်ကွက်ကအိမ်မှာ လူတဦးက ညလယ်ခေါင်ကြီး မှန်ခွဲဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ရဲတွေရောက်သွားတဲ့ ည ၂နာရီခွဲခန့်မှာ တူတချောင်းကို အသက် ၈၂ရှိပြီဖြစ်တဲ့ ပေါလ်ပလိုးစီနဲ့ တိုက်ခိုက်သူ ၄၂နှစ်ရှိ ဒေးဗစ်ဒီပေတို့ ကိုင်ထားကြတာတွေ့ခဲ့ပြီး ကျူးကျော်တိုက်ခိုက်သူကို ဖမ်းဆီးလိုက်ပါတယ်။ ပေါလ်က နဖူးမှာ ဒဏ်ရာရသွားတဲ့အတွက် ခွဲစိတ်ကုသမှု ခံယူနေရပြီး ပုံမှန်ပြန်ကောင်းလာလိမ့်မယ်လို့ သိရပါတယ်။ အဲဒီကျူးကျော်သူဟာ နန်စီရောလို့လဲ မေးသေးတယ်လို့ ဆိုကြပါတယ်။ နန်စီကတော့ ဆန်ဖရန်မှာ ရှိမနေပါဘူး။

ဒေးဗစ်က ကနေဒါနိုင်ငံကလာပြီး အမေရိကန်မှာ တရားမဝင် နေနေတာဖြစ်ပြီး ဆန်ဖရန်က ဘယ်လိုခိုးဝင်/ရာဇဝတ်သားကိုမှ မနှင်ပစ်မယ့် စန်ကြူဝါရီစီးတီး ကင်းလွတ်မြို့ဖြစ်တော့ အဲဒီမှာ လာခိုနေတာ ဖြစ်ပုံရပါတယ်။ သူက စိတ်လည်း သိပ်မှန်ပုံမရဘူးလို့ တွေ့ရသလို နိုင်ငံရေးအရ တိုက်ခိုက်တာများ ဖြစ်မလားလို့ တွေးသူများလည်း ရှိပါတယ်။ ပလိုးစီကို ရန်ရှာခံရတာ ဒီတကြိမ်ပထမဆုံးမဟုတ်သလို သူ့ကို ရန်ရှာကြတာကလည်း ကွန်ဆာဗေးတစ်တွေ မဟုတ်ကြပါဘူး။ လက်ဝဲမူနဲ့ လူပျင်း၊ လူဖျင်း၊ လူဆိုး လူတေတွေကို ဖင်မထားတဲ့ ပါတီဖြစ်တဲ့အလျောက် ဆေးသမား/အရက်သမားရှိတဲ့အိမ်တွေလို ရလေလိုလေဖြစ်နေတဲ့သူတွေကပဲ ပြဿနာရှာကြတာပါ။

အမေရိကန်မှာ ကြီးထွားလာနေတဲ့ ရာဇဝတ်မှုတွေက နိုင်ငံရေးနယ်ထဲက ပလိုးစီတဦးတည်းကို သက်ရောက်လာတာမဟုတ်ပါဘူး။ ရီပါဘလစ်ကန် နယူးယောက်ဂါဗာနာလောင်း လီဇယ်လ်ဒင်ရော၊ အယ်လ်အေက မြို့ဝန်ဝင်ပြိုင်တဲ့ အမျိုးသမီးရော အများကြီးပါပဲ။ ပုံမှန်ဆိုရင် တူနဲ့ထုတာလောက်တော့ အာမခံတောင်မလိုပဲ နောက်ရက်ဆို လမ်းပေါ် ပြန်ရောက်နေမှာပါ။ ဒီအမှုမှာတော့ ပလိုးစီနဲ့ ပတ်သက်လာတာဖြစ်လို့ လူသတ်ရန်ကြိုးစားမှုနဲ့ အချုပ်ထဲ ရောက်နေပါပြီ၊ အမှုကြီးမယ့်သဘောရှိပြီး ပြန်လွှတ်မယ်မထင်ပါဘူး။ ပြည်သူ့အသက်ထက် သူတို့အသက်က ပိုတန်ဖိုးရှိနေတာမျိုးတော့ မဖြစ်သင့်တာ အမှန်ပါ။

ရဲကလည်း ပလိုးစီအိမ်ဖြစ်လို့ အမြန်ဆုံးရောက်ချသွားကြတာဖြစ်နိုင်ပါတယ်။ ရဲမုန်းကြတဲ့ အပြာပြည်နယ်တွေမှာ များသောအားဖြင့် ရဲခေါ်ရင် နာရီနဲ့ချီစောင့်ကြရတာပါ။ နန်စီရှိတဲ့အချိန်ပဲ လုံခြုံရေးရတဲ့အတွက် ပေါလ်တဦးတည်းရှိချိန်မှာ အစောင့်မရှိတာဖြစ်ပါတယ်။ အခုလိုတွေဖြစ်တော့ မိသားစုဝင်တွေကိုပါ လုံခြုံရေးပေးရရင် ပြည်သူ့ဘဏ္ဍာတွေလည်းပြုန်း၊ ပြည်သူအတွက်ရမယ့် စောင့်ရှောက်မှုကလည်း လျော့ကျသွားနိုင်ပါတယ်။ ခံရသူလည်းမကောင်း၊ ပြည်သူလည်းမစားသာ၊ လုပ်သူလည်း ပြစ်ဒဏ်ကျဆိုတော့ အဖက်ဖက်က ရှုံးပါတယ်။ ပြည်ဝင်ခွင့်ကို စီစစ်၊ စိတ်ကျန်းမာရေးကို အလေးထားပြီး ရဲတွေ လုံလုံလောက်လောက်ထားသင့်တဲ့ သာဓကပါပဲ။

တရုပ်ပြည်မှာ ပါတီတွင်း အာဏာသိမ်းသလို ဖြစ်သွားပြီးနောက် စီးပွားရေးအနာဂတ်အပေါ် ယုံကြည်မှု ကျဆင်းလာတဲ့အတွက် တရုပ်စတော့တွေ ပက်ပက်စက်စက် ပြုတ်ကျခဲ့ပါတယ်။ ပြည်နယ် ၂၇ခုမှာလည်း ဟိုပိုးတွေ ပြန်ထနေပြန်ပြီဆိုတော့ အာဏာမစွန့်ချင်တဲ့ ရှီအတွက် လမ်းကတော့ ကြမ်းဦးမှာပါ။ စတော့တွေ ကျရတာက ဝန်ကြီးချုပ်နေရာကို နောက်တက်မယ်လို့ ခန့်မှန်းနေကြတဲ့  သူက ဒီလောက်ရာထူးကြီးကြီးမှာ မလုပ်ဖူးတဲ့အပြင် စီးပွားရေးအတွေ့အကြုံကလည်း မရှိသလောက်ဆိုတာလည်း ပါမယ်ထင်ပါတယ်။ ရှီရဲ့ ဇီးရိုးကဗပေါ်လစီကလည်း အရာရာကို ပိုဆိုးစေတာပါ။ ပါတီညီလာခံကို အကြောင်းပြုပြီး အာဏာဆက်ယူမှာဆိုတော့ ဒီလဆန်းထဲက လေဆိပ်တွေပိတ်၊ လူစုလေ့ရှိတဲ့ တီယန်မင်ရင်ပြင်ကို ပိတ်၊ ဇီးရိုးကဗနဲ့ လူတွေကို တင်းကြပ်ထားတာတွေ လုပ်နေတာပါ။ ဇရကဗက လက်တွေ့မကျတာ ကလေးတောင် သိနိုင်နေပါလျက်နဲ့ ခေါင်းမာမာနဲ့ ဆက်တွန်းနေတာ ရှီအာဏာဆက်ထိန်းချင်တာလည်း ပါပါလိမ့်မယ်။ အာဏာအတွက်ဆို မလုပ်ရဲတာ မရှိကြဘူးမဟုတ်လား၊ သတ္တိကြောင့် ရဲတာတော့ မဟုတ်ဘူးပေါ့လေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: