ပလုံစီယောက်ျားအိမ်မှာ တူနဲ့ချကြတဲ့တယောက်ကို ဘိုင်ဒင်တို့ ဟေလာယီတို့အပါအဝင် ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ လက်ဝဲမီဒီယာက ထုံးစံအတိုင်း လက်ယာစွန်းလို့ သမုတ်ပြီး ရီပါဘလစ်ကန်တွေကို တိုက်ခိုက်ပါတယ်။ ရကပွဲမှာ သူတို့အခြေမလှနိုင်တာကြောင့် မျက်ရည်ချူစတန့်ထွင်တဲ့ သဘောပါ။ ဟေလာရီရဲ့ တွိနဲ့ ပတ်သက်ပြီး တွဒ်ချုပ်ကြီးက ဒီကိစ္စမှာ တိမ်မြုပ်နေတဲ့ မရှင်းလင်းတဲ့အကြောင်းအရာတွေကို ဆက်လက်ဖော်ထုတ်မယ်လို့ ပြောသွားပါတယ်။
ဖြစ်စဥ်က သိပ်အရိုးရှင်းကြီးမဟုတ်ပါဘူး။ တူကို ၂ယောက်လုံးလက်မှာတွေ့တယ်လို့ ရဲက ပြောသွားတာပါ။ ဆက်လက်ဖော်ထုတ်ချက်တွေအရ အဲဒီလူက ကိုယ်လုံးတီးနေတာကြိုက်တဲ့ ကက်စထရိုနျုဒစ်တယောက်ဖြစ်ပြီး ဆေးစွဲနေသူ အိမ်ယာမဲ့လည်းဖြစ်၊ ဘီအယ်လ်အမ် ထောက်ခံသူလည်း ဖြစ်တာကြောင့် လူမျိုးရေးသပ်လျှိုတာကို မကြိုက်ပဲ ကိုယ့်လုပ်အားကိုယ်ကို ယုံကြည်ကြတဲ့ မာဂါရီပါဘလစ်ကန်ပုံစံနဲ့ ကွဲပြားနေတာပါ။
ပေါလ်နဲ့ အဲဒီလူဒေးဗစ်က သိနေကြတဲ့သူတွေဖြစ်ပုံရပြီး တကယ်ချမယ်ဆိုရင် အသက် ၄၂နှစ်အရွယ် ကြံ့ခိုင်အင်အားကောင်းတဲ့သူက အသက် ၈၂နှစ်အရွယ် ပိန်ပိန်ပါးပါးအဖိုးအိုကို ဒဏ်ရာနဲနဲရရုံလောက်ပဲ လုပ်နိုင်တယ်ဆိုတာ ယုံရခက်ကြီးပါ။ ပေါလ်က တရားဝင်စတိတ်မန့်မှာ ကျူးကျော်တယ်ဆိုတဲ့သူကို မသိဘူးပြောပေမယ့် ဒေးဗစ်၊ ငါ့မိတ်ဆွေပါလို့လည်း ညွှန်းထားပြန်ပါတယ်လို့ ဆိုပါတယ်။
တွဒ်ချုပ်ကြီးတွိထားတဲ့လင့်ခ်က စန်တာမိုနီကာအော်ဆာဗာမှာတော့ အကျည်းတန်တဲ့အမှန်တရားဆိုပြီး အဲဒီညက ပေါလ်က မူးနေခဲ့ပြန်ပြီး ယောက်ျရွှင်တဦးနဲ့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ဆန်ဖရန်မှာ ဂေးဘားတွေက လင်းအားကြီး ၂နာရီမှာ ပိတ်ကြကြောင်း၊ အတွဲတွေ အဲဒီမှာ ဆုံကြပြီး အိမ်တူတူပြန်ကြလေ့ရှိကြောင်း၊ ပေါလ်က ဂေးဆိုတာ ကောလဟလဖြစ်နေတာ နှစ်အတော်ကြာပြီဖြစ်ကြောင်း၊ ကက်စထရိုနျုဒစ်တွေက ဂေးပြည့်တန်ဆာတွေဖြစ်ကြကြောင်း၊ အဲဒီညက ရဲလာတာလည်း ပေါလ်က ဖုံးခေါ်တာမဟုတ်ပဲ ပေါလ်ဆီဖုံးခေါ်လို့မရတဲ့အတွက် သွားကြည့်ပေးဖို့ ညွှန်ကြားချက်ရလို့ လာတာဖြစ်ကြောင်း၊ အိမ်မှာလည်း ဖုံးမကိုင်တဲ့အတွက် ရဲက နောက်ဖေးတံခါးကို မှန်ခွဲပြီး ဝင်လာတာဖြစ်ကြောင်း၊ ရဲဝင်လာချိန်မှာ ဒေးဗစ်က အတွင်းခံဘောင်းဘီနဲ့ဖြစ်ကြောင်း၊ (ဒီရာသီဆန်ဖရန်မှာ ညမပြောနဲ့ နေ့တောင် အနွေးထည်လိုတာပါ။) (အခင်းဖြစ်တဲ့လက်နက်) တူကလည်း ပေါလ်ရဲ့ တူဖြစ်ကြောင်း၊ ရဲကလည်း ပြောသွားတာတွေက မရှင်းမလင်းတွေ ဖြစ်နေကြောင်းများ ဖော်ပြထားပါတယ်။ သီအိုရီတခုပဲပြောပြော စဥ်းစားစရာပေါ့လေ။
ဒီသတင်းကို စိတ်ဝင်စားလွန်းလို့တင်တာထက် အဖက်ဖက်က စဥ်းစားနိုင်အောင်လို့ပါ။ ဆန်ဖရန်ရဲက မှန်တဲ့အတိုင်း မပြောပဲဖုံးကွယ်တာတွေရှိတယ်ဆိုရင် ပြည်သူအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ တရားတဲ့နည်းနဲ့မပြိုင်ပဲ ညစ်ကြတာတွေကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ လိမ်တယ်ဆိုတာ လိမ်လို့ရလို့ လိမ်တာပါ။ လွယ်လွယ်လေး အလိမ်မခံကြပါနဲ့လို့ ပြောချင်ပါတယ်။