ကနေဒါနိုင်ငံ တိုရွန်တိုမြို့နားက မိခင်တဦးက သူမရဲ့ ၂၃နှစ်အရွယ်သားဟာ စိတ်ကျရောဂါဖြစ်နေတာရော၊ ဆီးချိုပါ ရှိနေတဲ့အပြင် ရည်းစားသနာလည်း မရှိတာနဲ့ပဲ ဆရာဝန်တွေက ဆေးထိုးဆူဆိုက်ခွင့် ပေးလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီကနေ ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်ပဲပြောပြော လစ်အဗြဲလွန်နေတဲ့ ကနေဒါမှာ လာမယ့်မတ်လဆိုရင် ကလေးတွေကို မိဘသဘောတူညီချက်ရယူစရာမလိုပဲ အစိုးရဆရာဝန်က ဆေးထိုးအဆုံးစီရင်နိုင်မယ့် ဥပဒေတရပ် ပြဌာန်းဖို့ ကြိုးစားနေပါတယ်။
ဒါဟာလည်း လူတိုင်းအတွက် အခမဲ့ကျန်းမာရေးဆိုတဲ့ လက်ဝဲစနစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခုပါ။ ဆေးတွေ ဆရာဝန်တွေက ဈေးပိုပိုကြီးလာတဲ့အချိန်မှာ ပိုများများလာတဲ့ လူတွေကို အခမဲ့ကုသပေးနေရတော့ အဆံမရှိတဲ့ စနစ်ကြီးက တောင့်မခံနိုင်တော့တဲ့အခါ အကာအကွယ်အမဲ့ဆုံးသူတွေက အရင်ဆုံးထိုးကျွေးခံကြရတာ ထုံးစံပါပဲ။ အရင်ဆုံး အမိဝမ်းထဲက အသံမထွက်နိုင်သေး၊ မဲလေးမပေးနိုင်သေးတဲ့ ကလေးငယ်တွေကို ဖျက်ဆီးဖို့ ကြိုးစားကြပါတယ်။ နောက်တဆင့်က ဆရာဝန်တွေမှာ ဆေးထိုးသတ်နိုင်ခွင့် ရှိလာတာပါ။ လူနာက ကိုယ့်သားသမီးဖြစ်ခဲ့ပြီး ကိုယ့်ကို အသိမပေးပဲ လူနာသဘောတူတယ်ဆိုရုံနဲ့ အသက်တချောင်း နှုတ်ယူရအောင် လူနာသဘောတူ/မတူကို ဘာနဲ့ သက်သေပြကြမှာလဲဆိုတာလောက်တော့ စဥ်းစားမိသင့်ပါတယ်။
ဒီလိုသာဆို ကမ္ဘာမှာ လူဦးရေဝိတ်လျော့ဖို့ ပိုးတွေဖန်တီး၊ လော့ဒေါင်းတွေလုပ်၊ လူချင်းမတွေ့အောင် ရှောင်နေတာက ပုံမှန်ဆိုတဲ့ အခြေအနေတွေမှာ စိတ်ဓါတ်မကျတဲ့ကလေးဆိုတာ လူနည်းစုဖြစ်သွားမှာပါ။ ကလေးဆိုတာမှာ အသက်မပြည့်သေးတာတင်မက အသက်ပြည့်ပြီးသော်လည်း စိတ်မမှန်လို့ပဲဖြစ်ဖြစ်၊ ဆေးစွဲနေလို့ပဲဖြစ်ဖြစ်၊ လမ်းပေါ်ရောက်နေတဲ့ အခြေအနေမဲ့တွေလို ကိုယ့်ဘဝ ကိုယ်ဆုံးဖြတ်နိုင်ခြင်း မရှိသူတွေပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။ နဇီတွေတုန်းကလည်း ကလေးငယ်တွေ ခုလိုပဲ အစမ်းသပ်ခံဘဝ (သို့) မလိုလားခံရတဲ့ ဘဝတွေကို အဆုံးသတ်ခံခဲ့ကြရတာပါပဲ။
ကနေဒါနဲ့ ဥရောပက ပိုဗြဲကြတော့ ဂလိုဘယ်လစ်ကြီးများရဲ့ စမ်းသပ်ခံနယ်မြေ ဖြစ်နေပုံရပါတယ်။ အမေရိကန်မှာတော့ ကွန်ဆာဗေးတစ်အသံတွေ ရှိနေသေးတာအပြင် အမုန်းခံ အတိုက်ခိုက်ခံပြီး လူတွေကို မျက်စေ့ဖွင့်ပေးနေတဲ့သူတွေ နေရာအသီးသီးမှာ ရှိနေကြသေးတာကြောင့် နယူးယောက်လို ပြည်နယ်မှာတောင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခွင့် တရားဝင် မရသေးတာဖြစ်မယ်ထင်ပါတယ်။ ရှေ့လျောက်ပြီးလည်း အမေရိကန်မြေကို လူမဆန်တဲ့ ကိစ္စတွေ ရောက်မလာရအောင် အားလုံးဝိုင်း ကြိုးစားကြဖို့ လိုပါတယ်။
အီလွန်တွဒ်တာကို ဝယ်တဲ့ကိစ္စ အပြီးမသတ်ခင်လေးမှာပဲ တွဒ်တာကို ပူးတွဲတည်ထောင်ခဲ့သူ ဂျက်ဖ်ဒေါ်စေက ဘလူးစကိုင်းဆိုရှယ်ဆိုတဲ့ နောက်ထပ်ဆိုရှယ်မီဒီယာတခု ထပ်မံထွက်ပေါ်လာတော့မယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဘလူးစကိုင်းကို ၂၀၁၉ထဲက စလုပ်နေတာဖြစ်ပြီး ခရစ်ပ်တိုကာရန်စီတွေလိုမျိုး ဘလော့ချိန်းနည်းပညာကို အသုံးပြုထားတဲ့အတွက် ဗဟိုချုပ်ကိုင်မှု နည်းပါးပြီး ခွင့်ပြုချက်တစုံတရာ တောင်းနေစရာမလိုပဲ အသုံးပြုသူချင်း လွတ်လွတ်လပ်လပ် ဖလှယ်နိုင်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ဘလူးစကိုင်းဟာ စမ်းသပ်ဆဲ ဘေတာအဆင့်မှာ ရှိနေပြီး အများပြည်သူ သုံးနိုင်တဲ့အဆင့်အထိ ရောက်လာဖို့ နီးနေပြီလို့ ဆိုပါတယ်။
အီလွန်တွဒ်တာကို ဝယ်ပြီး လက်ဝဲနိုင်ငံရေးသမားတွေရဲ့ အလိမ်တွေ၊ လက်ဝဲနည်းပညာသမားတွေရဲ့့ ညစ်ကွက်တွေ မြှုပ်ကွက်တွေ၊ ထိန်ချန်ထားတာတွေကို ဖော်ထုတ်နေတာကြောင့် လက်ဝဲဆယ်လီတွေက တွဒ်တာကို စွန့်ခွာတော့မယ်လို့ ကြေငြာနေကြတာပါ။ ဒါပေမယ့် ဆိုရှယ်မီဒီယာတခု အောင်အောင်မြင်မြင် အခြေတကျ ဖြစ်လာဖို့အဆိုတာ အချိန်လုံလုံလောက်လောက် ပေးရတာကြောင့် ဘလူးစကိုင်းအနေနဲ့ တွဒ်တာနဲ့ ပြိုင်လောက်တဲ့အနေအထားမျိုးကို ရေတိုအတွင်းမှာ ရောက်လာနိုင်ဖို့ မလွယ်ပါဘူး။