ဆူပရင်းမ်ကုတ်က ကွန်ဆာဗေးတစ်တရားသူကြီးတွေက ဟားဗတ်နဲ့ မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွေကို အာရှနွယ်ဖွား ကျောင်းသူ/သားတွေအပေါ် ဝင်ခွင့်ပေးရာမှာ ခွဲခြားဆက်ဆံတဲ့ အမှုကို ကိုင်တွယ်နေရင်း အဲဒီလို ခွဲခြားဆက်ဆံခွင့် ပြုထားတဲ့ အဖမ်းမတစ်အက်ရှင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုပါ ရုတ်သိမ်း/ပြင်ဆင်ဖို့ စဥ်းစားနေကြပါတယ်။ အဖမ်းမတစ်အက်ရှင်ဆိုတာ ကောလိပ်/ တက္ကသိုလ်လျောက်ကြတဲ့နေရာမှာဖြစ်ဖြစ် လုပ်ငန်းခွင်မှာဖြစ်ဖြစ် ဝင်ခွင့်ကို စာတော်တာ/ လုပ်ငန်းကျွမ်းကျင်တာ/ ဘက်စုံထူးချွန်တာတင်မကပဲ အသားအရောင်အပေါ်မှာပါ မူတည်ပြီး ရွေးကြတာကို ခေါ်တာပါ။ အဲဒါကိုမှ တန်းတူညီမျှမှုရှိတယ်လို့ ဒီမိုခွက်တွေက ယူဆကြပါတယ်။
နာမည်ကြီး ကောလိပ်ကျောင်းတွေက ဝင်ခွင့်ကို ကျောင်းစာတော်။ အမှတ်မြင့်တာတင်မကပဲALDC (Athletes, legacies, development cases, & children of faculty/staff ဆိုတဲ့ အားကစား၊ မိဘက အဲဒီကျောင်းထွက်ဟုတ်/မဟုတ်၊ ကျောင်းအုပ်ကြီးရဲ့ စိတ်ဝင်စားမှု ရ/မရ၊ ဆရာ/ဝန်ထမ်းသားသမီး ဟုတ်/မဟုတ် စတဲ့ ပေတံ ၄မျိုးနဲ့ပါ တိုင်းတာကြတယ်လို့ သိရပါတယ်။ ဟားဗတ်က လူဖြူကျောင်းသား အများစုက အဲဒီဇကာတွေမှာ ပါလာကြတာ ဖြစ်ပါတယ်။ တကိုယ်ရည်အမှတ်ပေးမှုမှာ integrity, courage, kindness & empathy ဆိုတာတွေ ပါဝင်တယ်လို့ဆိုပေမယ့် အဲဒါတွေနဲ့ ပြည့်စုံတာများတဲ့ အာရှသွေးကလေးတွေမှာ တကိုယ်ရည်အမှတ်က အနည်းဆုံးဖြစ်နေတာကို တရားသူကြီး အလိတိုက မေးခွန်းထုတ်သွားပါတယ်။
အာရှသွေးကလေးတွေတိုင်း စာတော်ကြတာမဟုတ်ပေမယ့် သူတို့အမြင်မှာ အာရှသားတွေက ကျန်အရောင်တွေနဲ့ယှဥ်ရင် ယေဘုယျအားဖြင့် အမှတ်ကောင်း၊ စာတော်ကြတာဖြစ်လို့ နာမည်ကြီးတက္ကသိုလ်တွေမှာ အာရှသွေးတွေ လွှမ်းမသွားအောင် လုပ်ချင်ပုံ ရပါတယ်။
ကျောင်းလျောက်ရင် လျောက်လွှာမှာ လူဖြူလား၊ လူမည်းလား၊ တောင်အမေရိကသားလား၊ ဌာနေလူနီလား၊ အာရှ/ပစိဖိတ်သားလားဆိုတာကို ရွေးရပါတယ်။ အဲဒီအပေါ်မှာ ကွန်ဆာဗေးတစ်တရားသူကြီး ဆမ်မြူရယ်အလိတိုက အာရှဆိုပေမယ့် အာဖဂန်ကလာတဲ့လူနဲ့ ဂျပန်ကလာတဲ့သူတွေကြား ဘယ်လို ခွဲမလဲလို့ မေးတာကိုတော့ ဟားဗတ်က ရှေ့နေက အနှစ်မပါတဲ့ ဗလာ filler တွေနဲ့ ဖြေသယောင် ပြုသွားပါတယ်။
လူမည်းတွေ လက်တီနိုတွေကတော့ ပလပ်စ်ဖက်တာဆိုတဲ့ ပစားပေးတာခံရပြီး တကိုယ်ရည်အမှတ်တွေမှာ များများအပေးခံရတဲ့အတွက် စာတော်သူ ကြိုးစားသူ နည်းပါးသော်လည်း ကျောင်းဝင်ခွင့်ရတဲ့နှုန်းက အာရှသားတွေထက် အများကြီး များနေတာ ဖြစ်ပါတယ်။
ဒိုင်ဗာစတီတကယ်ဖြစ်ချင်ရင် မတူကွဲပြားတဲ့ အတွေ့အကြုံတွေ၊ တွေးခေါ်ပုံတွေ၊ မတူညီတဲ့ အရည်အချင်းတွေပေါ် ရွေးရမှာဖြစ်ပေမယ့် အဲဒီ merit တွေပေါ်မှာ မရွေးပဲ အသားအရောင်နဲ့ ခွဲချပစ်လိုက်တာက လူမျိုးရေးခွဲခြားမှုတခုလို့ ကွန်ဆာဗေးတစ်တွေက မြင်ကြတာပါ။ အာရှသားဆိုတာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ၂နိုင်ငံ ပါဝင်နေပြီး ကမ္ဘာ့လူဦးရေရဲ့ ၅၈ရာနှုန်း ရှိပါတယ်။ အဲဒီထဲကမှ တက္ကသိုလ်တွေက ၁၀ရာနှုန်းပဲ လက်ခံရမယ်လို့ ကန့်သတ်ထားတာပါ။
အဖမ်းမတစ်အက်ရှင်က အလုပ်ခွင်တွေမှာလည်း ရှိပြီး အဲဒါကို လိုက်နာမှ လက်ဝဲသမားတွေ တွန်းနေတဲ့ အီးအက်စ်ဂျီအမှတ်ပေးစနစ်မှာ ဆိုရှယ်အမှတ် ကောင်းမှာဖြစ်ပါတယ်။ အရည်အချင်းထက် အသားအရောင်ပေါ်မူတည်ပြီး အလုပ်ခန့်တဲ့စနစ်ဟာ ဈေးကွက်စီးပွားရေးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကြောင့် အဲဒီစနစ် ကျင့်သုံးတဲ့နိုင်ငံတိုင်းရဲ့ စီးပွားရေးဟာ အိမ်တွင်းသူခိုးရှိနေသလို ပြောင်ပြောင်ရောင်ရောင် ပေါက်ပေါက်မြောက်မြောက်ဖြစ်ဖို့ ခက်ခဲလာပါတယ်။ ယူကေလည်း အဖမ်းမတစ်အက်ရှင်ကြောင့် တိုးတက်သင့်သလောက် မတိုးတက်နေတာ ဖြစ်ပါတယ်။
ပင်ဆယ်လ်ဗေးနီးယားကိုယ်စားပြု ဆီးနိတ်နေရာအတွက် ဦးနှောက်လေဖြတ်ထားတဲ့ ဂျွန်ဖက်တာမန်းက ဒေါက်တာအော့ဇ်နဲ့ ဒီဘိတ်မှာ စခရင်ကို ကြည့်ဖတ်တာတောင် အပေါက်အလမ်းမတည့်နေပဲ ဉာဏ်ရည်မမှီတဲ့သူလိုမျိုး မေးတာနဲ့ ဖြေတာမကိုက်၊ အဆက်အစပ်မရှိ၊ ဝါကျမဟုတ်တာတွေပြော၊ ထစ်ထစ်အအနဲ့ ဖြစ်နေခဲ့တဲ့အတွက် ဒီဘိတ်နောက်ပိုင်းမှာ ဒေါက်တာအော့ဇ်ဘက်က ထောက်ခံသူ များသထက် များလာပါတယ်။ အဲဒါကြောင့် အိုဘားမားက အဘောရှင်းတို့ ကလိုင်းမိတ်အတွက် ဖက်တာမင်းက တကယ်ဖိုက်ပေးမှာဆိုပြီး သူ့ကိုမဲပေးဖို့ ကြော်ငြာအားကောင်းကောင်းနဲ့ မဲဆွယ်နေရပါတယ်။ လက်တွေ့မှာ ဖက်တာမင်းက သူ့ကိုယ်သူအတွက်တောင် မဖိုက်နိုင်ရှာပါဘူး။ ဒီအခြေအနေမှာ အနားယူပြီး သရပီတို့ ရီဟက်ဘ်တို့ ပြန်လုပ်မှ သူ့ကျန်းမာရေးအတွက် အကျိုးရှိမှာပါ။ ဆီးနိတ်ထဲသွားရင် သူ့အတွက်လည်း အကျိုးယုတ်၊ ပြည်သူအတွက်လည်း အကျိုးယုတ်မှာ အသေအချာပါ။
တွဒ်ချုပ်ကြီးခန့်မှန်းခဲ့တဲ့အတိုင်းပဲ တွဒ်တာက ရှေ့နေမ ဝိဂျယဂက်ဒီဟာ ဘိုင်ဒင်အစိုးရနဲ့ လတိုင်း တွေ့ဆုံခဲ့ပြီး ဆင်ဆာလုပ်ဖို့အစီအစဥ်တွေကို ဆွေးနွေးခဲ့တယ်လို့ ပေါက်ကြားလာတဲ့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။ အဲဒီလို ဆင်ဆာလုပ်ဖို့အတွက် ဖဘတို့ တွဒ်တာတို့ဟာ ဘိုင်ဒင်အစိုးရ ညွှန်ကြားချက်အတိုင်း ချက်ချင်း ဆင်ဆာလုပ်နိုင်ဖို့ စပယ်ရှယ်ပေါ်တယ်လ်ဖွင့်ထားပေးရပါတယ်။ ။ အဆိုပါဝိဂျယဆိုတဲ့မိန်းမက ထရမ့်ကို တွဒ်တာကနေ ကန်ထုတ်လိုက်ပြီး ဟန်းတားလက်ပ်တော့ပ်သတင်းတွေကို လိုက်ဆင်ဆာလုပ်ခဲ့တဲ့ အဓိက ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။ ခုတော့ တွဒ်ချုပ်ကြီးက သူ့ကို ကန်ထုတ်လိုက်ပါပြီ။ နစ်နာကြေး သန်းပေါင်းများစွာလည်း မပေးနိုင်ဘူးလို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ ဘိုင်ဒင်ရဲ့ ပြည်တွင်းလုံခြုံရေးဌာန ဒီအိတ်ချ်အက်စ်တို့ဟာ ဘိုင်ဒင်တို့ ဒီမိုခွက်တွေရဲ့ လုပ်ရပ်တွေကို ဝေဖန်လာတဲ့ အသံတွေကို မစ်အင်ဖော်မေးရှင်း၊ ဒစ်စ်အင်ဖော်မေးရှင်း၊ မယ်လ်အင်ဖော်မေးရှင်းလို့ ခေါင်းစဥ်မျိုးစုံတပ်ပြီး နှိပ်ကွပ်နေတာ ကြာပါပြီ။ မြန်မာတွေထဲက ဒီမိုခွက်တွေကို မ နေတဲ့သူတွေထဲမှာတောင် ဒီမိုခွက်တွေရဲ့ ခေါင်းကိုင်ဆရာကြီး ရှီနဲ့ သူ့လူတွေကို ဝေဖန်ရင် အပိတ်အပြုခံရတာ ရှိနေတာ သက်သေပါပဲ။
ပြီးခဲ့တဲ့ လအနည်းငယ်က မစ်အင်ဖော်မေးရှင်းဂါးဗန်းနင်းဘုတ်ဆိုပြီး ဖွဲ့လိုက်တဲ့ ဘိုင်ဒင့် ဆင်ဆာဘုတ်ကို အများပြည်သူဝိုင်းဝေဖန်လို့ ဖျက်သိမ်း/ဆိုင်းငံ့ခဲ့ပေမယ့် ဆင်ဆာလုပ်ငန်းတွေကတော့ တိုးတိုးတိတ်တိတ် ဆက်သွားနေတာ ထင်ရှားနေတပါတယ်။
ပလုံစီယောက်ျား ပေါလ်အိမ်မှာ ဖမ်းမိတဲ့သူနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက အဲဒီအိမ်မှာ အလာမ်းမရှိဘူးလားလို့ မေးကြပါတယ်။ အိမ်နီးချင်းကို မေးတာမှာတော့ အိမ်နီးချင်းက ဒီနားက အိမ်တွေ အကုန်လုံးမှာ အလာမ်းရှိတယ်လို့ ဆိုပါတယ်။ အလာမ်းစနစ်ရှိတယ်ဆိုရင် မှန်ခွဲခံရရင် အလာမ်းမြည်မယ်၊ ရဲကို ချက်ချင်း alert လုပ်မယ်၊ ဒါက ပုံမှန်ပါ။ အလာမ်းစနစ်ရှိ/မရှိ သိရဖို့က အိမ်ရှင်ကို မေးကြည့်လို့ မရရင်တောင် အိမ်ထဲ ဝင်ကြည့်လိုက်တာနဲ့ သိနိုင်တာပါ။ ဆန်ဖရန်က ဒီအေက ပလုံစီအိမ်မှာ အလာမ်းရှိ/မရှိက မဖော်ထုတ်ရသေးဘူးလို့ ဆိုပါတယ်။
ဒီကရဲတွေမှာ ဘော်ဒီကင်မရာ တပ်ထားရတာကြောင့် တခုခု ရှင်းစရာရှိရင် အဲဒီကင်မရာက ဗီဒီယိုကို ရည်ညွှန်းကြပါတယ်။ ဒီအေက အရေးပေါ်နံပါတ် ၉၁၁ ကိုလည်း ဘယ်သူကခေါ်တာပါလို့ ပြောဖို့ ငြင်းဆန်သလို ပလုံစီအိမ်ကို ဝင်ရောက်ခဲ့တဲ့ ရဲတွေရဲ့ ဘော်ဒီကင်မရာမှတ်တမ်းတွေကိုလည်း ထုတ်ပြဖို့ ရူးချင်ယောင် ဆောင်နေခဲ့ပါတယ်။ သူတို့ဖမ်းသွားတဲ့ ဒေးဗစ်ဒီပေ့ကိုတော့ လူသတ်ဖို့ကြိုးစားမှုအပြင် အမှုတွေတသီကြီးနဲ့ စွဲထားပြီး အဲဒီလူရဲ့ လက်ဝဲစွန်းပတ်သက်မှုတွေအကြောင်းကိုတော့ လစ်ဗြဲမီဒီယာတွေ နှာစေးနေကြပါတယ်။ ခိုးချင်လိုက်တာလည်း ပြာလို့၊ လွဲလိုက်တာလည်း ချာလို့ ဆိုတာမျိုး ဖြစ်နေပြီ။ ဒီပုံစံနဲ့ ပြည်သူတွေ လုံခြုံဦးတော့မှာပေါ့။