ဒီမိုကရေစီစစ်တမ်း

ဒီမိုကရက်တွေက ရီပါဘလစ်ကန်တွေဟာ အကြမ်းဖက်တွေ၊ နာဇီတွေ၊ ပိုးဟပ်တွေ၊ အမှိုက်တွေတဲ့။ ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီမိုကရက်ကို ဗုတ်လုပ်ပါတဲ့။ ဆဲတာကလွဲရင် ဘာမှ တတ်ကြပုံမရ။ သူတို့ကို မဲမထည့်တာနဲ့ပဲ ပိုးဟပ်တွေ အမှိုက်တွေ ဖြစ်ရောတဲ့လား။ အဲဒါကမှ ပြည်သူကို သွေးခွဲတာမဟုတ်ဘူးလား။

အရင်က ထရမ့်ကို သိပ်ခင်ခဲ့တဲ့ အုပ်ပရာမကြီးကလည်း ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့တဲ့ ဖက်တာမန်းကမှ သင်တို့အတွက် အလုပ်လုပ်ပေးမှာတဲ့။ ဒီမိုကရက်မှာ အဲဒီလောက် လူရှားလို့ ဦးနှောက်လေဖြတ်ထားတဲ့သူကို ပွဲထုတ်ရတာလားလို့တော့ မေးချင်ပါရဲ့။ တီဗီက ဆယ်လီတွေကလည်း အမျိုးသမီးအခွင့်အရေးအတွက် အပြာကို မဲပေးပါတဲ့။ နယူးယောက်မှာ ရာဇဝတ်သားတွေကို ပစားပေးထားလို့ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ အကြမ်းဖက်/သတ်ဖြတ်ခံရတာတွေ အများကြီးတိုးလာတာကျတော့ မမြင်ကြပြန်ဘူး။

လူရွှင်တော်မ ကေသီဂရစ်ဖင်ကလည်း အီလွန်အယောင်ဆောင်ပြီး အပြာကို မဲပေးဖို့ အီလွန်ကပဲ ပြောသလိုလိုနဲ့ အရှက်မရှိ စွတ်စက်တွိလို့ တွဒ်တာက သူ့အကောင့်ကို ရပ်နားပစ်ခဲ့ရပါတယ်။ (အဲဒီလိုရပ်နားရတာက အပြာဖက်ကမို့လို့ လုပ်တာမဟုတ်ဘဲ အယောင်ဆောင်အဖြစ်နဲ့ စာဖတ်သူတွေကို ထင်ယောင်ထင်မှား ဖြစ်စေတာကြောင့် ဘယ်သူကိုမဆို ပြင်းပြင်းထန်ထန်အရေးယူဖို့ တွဒ်ချုပ်ကြီးက မူချထားပါတယ်။)

ပြည်သူတွေ ဘာကိုလိုချင်တယ်၊ ပြည်သူတွေ ဘာလိုအပ်တယ်၊ ပြည်သူ့ဘဝတွေကို နေ့စဥ် ခြိမ်းခြောက်နေတာက ဘာဆိုတာ သိအောင် မကြိုးစားပဲ သူတို့ဖြစ်ချင်တာပဲ နင်းထည့်နေရအောင် ပြည်သူ့အတွက် အလုပ်လုပ်ချင်တာလား၊ ကိုယ့်အကျိုးစီးပွားအတွက် ဂွင်ဖန်ဖို့ အာဏာလိုချင်ကြတာလား မေးပါရစေ။ ဝါရင့်ဒီမိုကရက်ဗျူဟာမှူးလည်းဖြစ် အပြင်းစားပရိုဂရက်ဆစ်တဦးလည်းဖြစ်တဲ့ ဟေလာရီရိုစန်ကတောင် ဒီမိုကရက်ပါတီဟာ ပြည်သူ့အသံကို နားမထောင်ဘူးလို့ အပြစ်တင်သွားပါပြီ။

အပြာရပ်ဝန်းက မြန်မာတွေကလည်း ဒီမိုကရက်တွေကျေးဇူးကြောင့် မြန်မာဆယ်လီတွေ ဒီမှာ နေခွင့်ရသလိုပြောပြီး အပြာကိုမဲထည့်ဖို့ ဝါဒဖြန့်ကြပါတယ်။ သူတို့နားလည်မှု လွဲနေတာက ရီပါဘလစ်ကန်တွေဟာ အင်မီဂရေးရှင်းကို ဆန့်ကျင်တယ်လို့ပါ။ မဟုတ်ပါဘူး။ လုံးဝ မှားပါတယ်။ မြန်မာ့အရေးမှာ အစဥ်တက်ကြွခဲ့တဲ့ မက်ကောနယ်က ရီပါဘလစ်ကန်ဖြစ်သလို ရီပါဘလစ်ကန်တွေက တရားဝင်ဝင်ရောက်လာသူတွေကို လုံးဝ မကန့်ကွက်ပါဘူး၊ မြန်မာတင်မက ကမ္ဘာအရပ်ရပ်က လွတ်လပ်မှု မြတ်နိုးသူ အာဏာရှင်ဆန့်ကျင်သူတိုင်းကို အမေရိကန်မှာ ရီပါဘလစ်ကန်တွေ အပါအဝင် လူတိုင်းက ကြိုဆိုကြပါတယ်။ တရားမဝင်လာသူတွေကိုသာ အကြမ်းဖက်တွေ လူ/လိင်/မူးယစ် မှောင်ခိုတွေ ပါလာနိုင်တာကြောင့် စီစစ်စေချင်တာပါ။

စစ်တမ်းအကြောင်း ပြောရရင် ရီပါဘလစ်ကန်တွေက စစ်တမ်းတွေကို ဝင်ဖြေတာ သိပ်မရှိပါဘူး၊ ဖြစ်နိုင်တဲ့ အကြောင်းတခုကတော့ ကန်ဆယ်လ်ကားချားလ်ပါ၊ ရီပါဘလစ်ကန်၊ ထရမ့်ထောက်ခံသူ စတာတွေဆိုရင် ဘူလီအလုပ်ခံရရင်ရ၊ မဟုတ်ရင် အဆဲခံ အဟားခံ အပယ်ခံ နှပ်ပစ်ခံကြရတာဆိုတော့ တိတ်နေတဲ့အသံတွေ ဖြစ်ကုန်ကြတာ များပါတယ်။ စစ်တမ်းမှာ ဒီမိုကရက်သာနေရုံလောက်နဲ့ နိုင်မယ်လို့ ပြောလို့မရတာ ကြာခဲ့ပါပြီ။ အခုတော့ စစ်တမ်းတွေမှာပါ ဒီမိုကရက်တွေ အရေးနိမ့်နေတာကြောင့် ရှိသမျှ လက်နက်ကြီးတွေ အကုန်ထုတ်သုံးနေကြတာပါ။ ဒါပေမယ့် သူတို့လက်နက်ကြီးတွေထဲမှာ ပြည်သူ့အကျိုးအတွက်ဆိုတဲ့ ပြည်သူ့နှလုံး သိမ်းကြုံးနိုင်တာ မပါတာက ခက်နေတာ ဖြစ်ပါတယ်။

ပြည်သူလိုချင်တာက ကိုယ့်ရဲ့ ငွေလေးတွေ ကြုံ့မသွားဖို့၊ ပြည်သူ ကြောင့်ကြတာက အိမ်အပူပေးတဲ့၊ ကိုယ်အလုပ်သွား၊ ကိုယ့်ကလေးကျောင်းပို့တဲ့ လောင်စာဈေး သက်သာဖို့၊ ပြည်သူ စိုးရိမ်တာက အသက်နဲ့ခန္ဓာ အိုးစားမကွဲဖို့၊ ဓါးထိုး/ရိုက်လု/မုဒိမ်းကျင့် မခံရဖို့၊ ကလေးတွေ ဆေးမစွဲဖို့၊ ပညာကောင်းဖို့။ မသိရင်လဲ မှတ်ထားကြပေါ့။

ဒီမိုကရေစီဆိုတာလည်း လက်ဝဲလမ်းစဥ်လိုက်နေတဲ့ ဒီမိုကရက်နဲ့ စာလုံးချင်း ဆင်တာကလွဲရင် မူအားဖြင့်က ပြဒါးတလမ်း သံတလမ်းပါ။ မရှင်းသေးဘူးဆိုရင် ပလန်ဓဲမစ်တုန်းက မန်ဓိတ်တွေ လော့ဓေါင်းတွေနဲ့ အာဏာပြကြ၊ ကိုယ်ကျိုးရှာကြ့၊ ကလေးတွေ ပညာရေးတွေ စိတ်ဓါတ်တွေကို ခြွတ်ခြုံကျအောင် လုပ်ခဲ့ကြတာ ဒီမိုကရက် အာဏာရှင်လက်သစ်တွေပါ။ ဒီမိုကရေစီအရဆိုရင် ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ အာဏာရှင်စနစ်တိုင်းမှာ ပြည်သူက ဆုံးဖြတ်ရတဲ့နေရာမှာ ဘယ်တော့မှ မရှိပါဘူး။ အမြဲတမ်း အပြုခံနေရာမှာပဲ ရှိပါတယ်။ ဒီမိုကရေစီစစ်မှသာ ပြည်သူဆုံးဖြတ်ချက်ကို လေးစားကြတာပါ။

ဆင်ဆာလုပ်တာလည်း အဲဒီသဘောပါပဲ။ မင်းတို့မှာ အမှန်အမှား ချင့်ချိန်နိုင်တဲ့ ဦးနှောက်မရှိလို့ ငါတို့က အမှန်လို့ သတ်မှတ်ပြီး ခွင့်ပြုမှ မင်းတို့နားထောင်ခွင့်ရှိမယ်၊ ရေးခွင့်ရှိမယ်လို့ သဘောရပါတယ်။ ဒီမိုကရေစီမှာ ကိုယ့်ဦးနှောက်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ရေးတဲ့သူက ကိုယ်ရေးတာ ကိုယ်တာဝန်ယူရသလို ဖတ်သူ/နားထောင်သူတွေကလည်း ကိုယ့်ဉာဏ်နဲ့ကိုယ် ချင့်ချိန် ရပါတယ်။ လူတွေက ဒီမိုကရေစီနဲ့ မတန်လို့ အာဏာသုံးသင့် သုံးရတယ်ဆိုတာက ခင်ညံ့တို့ သွတ်သွင်းသွားတဲ့ ဂျန်လိအမြင်ပါ။ တနည်းပြောရရင် မအလလိုလားသူတွေ မြင်တဲ့အမြင်ပဲပေါ့။

ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာကို သိချင်ရင် ပလန်ဓဲမစ်ကာလအတွင်း ပြည်သူကို ပညာပေး၊ လိုအပ်တာ ပံ့ပိုးပေးပေမယ့် ပြည်သူ့ရွေးချယ်မှုကိုသာ အလေးထားတဲ့ အနီပြည်နယ်တွေနဲ့ အာဏာကိုသာအလေးထားပြီး ပြည်သူကို မလေးစားတဲ့ အပြာပြည်နယ်တွေကြား လွတ်လပ်မှု၊ ပညာရေး၊ စီးပွားရေး အကုန်လုံး ကွာဟကုန်တာတွေကို ကြည့်နိုင်ပါတယ်။ အဲဒီတော့ အမေရိကန်မှာ ဒီမိုကရေစီက ခြိမ်းခြောက်ခံနေရတယ်လို့ ဒီမိုကရက်တွေပြောတာ မှန်နေပါတယ်။ တခုပဲရှိတာက ခြိမ်းခြောက်နေတာက သူတို့ပါ။ ရီပါဘလစ်ကန်တွေ မဟုတ်ပါဘူး။ ရီပါဘလစ်ကန်တွေ ပိတ်ပင်လို့ သူတို့ အသံမထွက်ရဘူးဆိုတာ မရှိသလို ရီပါဘလစ်ကန်တွေ ဘူးလီလုပ်လို့ ဒီမိုကရက်တွေ ဘဝပျက်သွားတာလည်း မရှိတာ အမှန်ပါ။

Tin Omma Myo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: