ကယ်လီဖိုးနီးယားကတော့ ညစ်နည်းအသစ်တွေ စနေပါပြီ။ အရင်က စက်တွေနဲ့မဲပေးခဲ့ရပေမယ့် ခုတခါမှာတော့ ဘာစက်မှမထားတော့ပဲ မဲစာရွက်တွေနဲ့ ဘောပင်တချောင်းပေးလို့ ဖြည့်ပြီးရင် ပီဇာလာပို့တဲ့ ပုံးမျိုးလိုဟာထဲ ထည့်ရပါတယ်။ မဲကို စကန်လုပ်တဲ့စက်လဲ မထားပေးပါဘူး။ အိုင်ဒီကတော့ အရင်ထဲက မလိုတာပါ။ မဲရုံသွားမဲပေးတာ ရီပါဘလစ်ကန်တွေများတာကြောင့် ပုံးလိုက်ပဲဖျောက်ဖျောက် ရွေးပြီးပဲဖျောက်ဖျောက် လုပ်လိုက်ရင် ကြိုတင်မဲတွေ ဖျောက်ဖျက်သလောက်ကို လွယ်သွားတော့မှာပါ။ လူဦးရေ ၈သောင်းခွဲလောက်ရှိတဲ့မြို့ရဲ့တခုတည်းသော မဲရုံမှာ မဲရုံစောင့် ၅ယောက်လောက်နဲ့ မဲလာပေးသူက မရှိသလောက်ပါပဲ။ နေ့ခင်း နေ့လည်စာစားချိန်မှာတောင် မဲပုံးက တော်တော်ပေါ့နေတာပါ
စာရွက်မဲက ပိုခိုင်လုံတယ်ဆိုတာ မြန်မာပြည်မှာလို မဲရုံပိတ်ပြီးနောက် အားလုံးရှေ့မှာ မြင်မြင်သာသာရေမှ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် မဲပဲတဲ့နေမှာ မဲပေးစက် (သို့) စကန်ဖတ်တဲ့စက်နဲ့ ရေရင်လည်း စကန်စက်က ကောင်းနေသ၍ သိပ်မဆိုးသေးဘူးလို့ ဆိုရမှာပါ။ မနိုင်မချင်းမဲတွေကို ပွားပြီးရေတာတွေ၊ လူအိုရုံတွေ စိတ်ရောဂါသည်ဂေဟာတွေကနေ ကောက်သင်းကောက်သလို တရားမဝင်လိုက်ကောက်လာတဲ့ မဲတွေ၊ ပိုက်ဆံပေးပြီးမဲလိုက်ဝယ်တာတွေကတော့ ဒီမိုကရေစီရဲ့ ရန်သူတွေဖြစ်ပါတယ်။
အလားတူ တခြားနေရာတွေမှာလည်း မဲပေးစက်တွေ ပြဿနာတက်နေတယ်လို့ အကြောင်းပြနေကြပါတယ်။ နယူးဂျာစီက မာစားကောင်တီမှာရော၊ ပြီးခဲ့တဲ့ ၂နှစ်က ပြဿနာအရှုပ်အရှင်းတွေ ရှိခဲ့တဲ့ အရီဇိုးနားက မာရီကိုပါကောင်တီမှာပါ မဲရေစက်တွေရဲ့ အနည်းဆုံး ၂၅ရာနှုန်းက မှန်မှန်ကန်ကန် မဖတ်နိုင်ပါဘူးတဲ့။ ရီပါဘလစ်ကန်ဂါဗာနာလောင်း ကာရီလိတ်ခ်က ချက်ခ်အင်လုပ်ပြီးသားသူတွေအနေနဲ့ တခြားနေရာကို ရွှေ့ပြီး မဲမပေးပဲ စက်တွေကောင်းတဲ့အချိန်ထိစောင့်ပြီး မဲပေးရင်ပေး၊ မဟုတ်ရင် ဟန်ဒီကက်ပ်တွေအတွက်ထားတဲ့ မဲစက်မှာ သွားပေးရင်ပေး၊ မဟုတ်ရင် နောက်မှ ရေတွက်ဖို့ မဲစာရွက်ချထားတဲ့ပုံးမှာ ချထားပါလို့ အကြံပြုထားပါတယ်။