မစ်တမ်းသုံးသပ်ချက် (အပိုင်း ၂)

မစ်တမ်းအတွက် ဂူဂယ်လ်ဘယ်လိုကစားသွားတယ်ဆိုတာကို ဟားဗတ်က ဒေါက်တာဘွဲ့ရထားပြီး စိတ်ပညာတူဒေးရဲ့ အယ်ဒီတာချုပ်လဲဖြစ် စာအုပ်ပေါင်း ၁၅အုပ်​ရေးသား ထုတ်ဝေခဲ့သူလည်းဖြစ် အမေရိကန်အင်စတီကျူအော့ဖ် ဘဟေးဗီးယားရယ်ရီဆာ့ချ်အန်တက်ခ်နော်လော်ဂျီက  ဝါရင့်စိတ်ပညာ သုတေသီ ရောဘတ်အပ်စတိန်းက အထောက်အထားရှိတယ်လို့ ဆိုပါတယ်။ ဒေါက်တာအက်ပ်စတိန်းနဲ့ မဲဆန္ဒရှင် ထောင်ချီပါဝင်တဲ့ သူ့အဖွဲ့ဟာ ကွန်ပြူတာ ၂၅၀၀ကျော်နဲ့ ဂူဂယ်လ်နဲ့ တွဒ်တာတို့ ရှေ့တန်းတင်တွန်းနေတဲ့ နိုင်ငံရေးအကြောင်းအရာတွေကို စောင့်ကြည့်လေ့လာနေခဲ့တာမှာ ပေါ်ပင်အတွေ့အကြုံများဆိုပြီး သုံးစွဲသူတွေရဲ့ feed မှာ မတောင်းပဲ တွန်းထည့်ပေးမှု ၁.၉သန်းတွေ့ရှိရတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့အထိဆိုရင် ၂.၅သန်းလောက် တွန်းထည့်ပေးသွားမယ်လို့ အက်ပ်စတိန်းက ခန့်မှန်းထားတာပါ။

သူတို့ဂျင်းထည့်နေတဲ့ ပေါ်ပင်အတွေ့အကြုံဆိုတာတွေက ပေါ်ပင်ဆိုတာနဲ့အညီ ခဏနေပျောက်သွားပြီး ပြန်ရှာတွေ့ဖို့မလွယ်ပေမယ့် အကြောင်းအရာတခုအပေါ် သူတို့မြင်စေချင်တဲ့ အမြင်တခုကိုတော့ ရိုက်သွင်းပေးလိုက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို တွန်းထည့်ပေးခြင်းဖြင့် ဘယ်ပါတီကို မဲပေးမယ်လို့ မသေချာသေးသူတွေဟာ သူတို့မှိုင်းတိုက်တဲ့အတိုင်း မဲပေးဖြစ်ကြဖို့ များပါတယ်။ အထူးသဖြင့် အင်တာနက်အသုံးများပြီး ဘဝအတွေ့အကြုံနုသေးတဲ့ လူငယ်လေးတွေ၊ မူခိုင်ခိုင် မရှိသူတွေ၊ မြင်သမျှကြားသမျှ ချင့်ချိန်လေ့ မရှိသူတွေ ပါကုန်ကြမှာ အသေအချာပါပဲ။  

အဲဒီလို ဂူဂယ်လ်ထည့်နေတဲ့ ဂျင်းတွေက အကြောင်းအရာ စုံသလို တခုခုရှာလိုက်တာနဲ့ တက်လာတဲ့ ဂျင်းတွေက ဘယ်ပါတီကို မဲပေးမယ် မဆုံးဖြတ်ရသေးသူတွေရဲ့ ဆုံးဖြတ်ချက်ကို ၈၀ရာနှုန်းအထိ ပြောင်းလဲစေတယ်လို့ ဒေါက်တာအက်ပ်စတိန်းက ဆိုပါတယ်။ ဥပမာပြောရရင် ရီပါဘလစ်ကန်တွေက အနှစ်၄၀စံချိန် ငွေဖောင်းပွမှုနဲ့ လောင်စာဈေးမြင့်မှု၊ ရာဇဝတ်မှု ထူပြောတာတို့အပေါ် တိုက်ဖျက်မယ့်အကြောင်း ရှေ့တန်းတင်မဲဆွယ်ကြပါတယ်။ ဒီမိုကရက်ဖက်မှာက အဲဒီကိစ္စတွေအပေါ် ကိုင်တွယ်ဖို့လည်း အစီအစဥ်မရှိ၊ ငြင်းလည်းမငြင်းနိုင်တဲ့အတွက် အဲဒီကိစ္စတွေကို ဘယ်ကန်ဒီဒိတ်ကမှ မထိပဲ မီဒီယာ အင်တာနက်ဖိဒ်တွေမှာ အသာမြှုပ်ထားတာ ပြီးခဲ့တဲ့ တလလုံးလိုလိုပါပဲ။

တဖက်မှာတော့ လူတွေရဲ့ အာရုံကို ကိုယ်ဝန်ဖျက်ချတာဟာ အမျိုးသမီးမျိုးပွားခွင့်ကို ရီပါဘလစ်ကန်တွေက လိုက်ကန့်သတ်နေတယ်ဆိုပြီး မှိုင်းအမှားတွေ တိုက်တာရယ်၊ ထရမ့်ထောက်ခံသူတွေက သေနတ်ကိုင်တာအားပေးတဲ့ လူရမ်းကားတွေ၊ အဲဒီလူတွေကို မဲပေးလိုက်ရင် ဒီမိုကရေစီဆိတ်သုဥ်းသွားပြီဆိုတဲ့မှိုင်းရယ်ကို သိသိသာသာ တိုက်လာကြပါတယ်။ အိုဘားမားတို့ ဘိုင်ဒင်တို့က စပြီးတော့ပါ။ အမှန်က ကိုယ်ဝန်ဖျက်ချ/မချဆိုတာ ဖက်ဒရယ်နဲ့မဆိုင်ပဲ ပြည်နယ်သူ/သားတွေ ဆုံးဖြတ်ရမယ့်ကိစ္စလို့ ဆူပရင်းမ်ကုတ်က ဆုံးဖြတ်ပေးလိုက်တာသာဖြစ်ပြီး အမျိုးသမီးတွေရဲ့ လွတ်လပ်စွာမျိုးပွားခွင့်ကို ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။ အလားတူပဲ သေနတ်ကိုင်တာက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးလို့ ယုံကြည်ကြတဲ့ ရီပါဘလစ်ကန်တွေကြောင့် ဘယ်လူကောင်းမှ အသက်ဆုံးရှုံးဖူးတာ မရှိဘူးဆိုတဲ့ အမှန်တရားကိုလည်း ကလိန်စေ့ငြမ်းဆင်ပြီး ကပြောင်းကပြန်တွေ ပုံဖော်နေကြတာပါ။  

ဒါ့အပြင် ဝက်ဘ်ပေ့ဂျ်တွေမှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်လိုမျိုးတွေ ထားပေးပြီး မဲပေးရမယ့်အကြောင်းအရာတွေကို မေးမြန်းလို့ ရအောင် လုပ်ထားတဲ့အတွက် လာမေးခဲ့ရင် သူတို့မဲပေးစေချင်တဲ့ အမြင်ပုံစံကို ဖြေပေးမှာဖြစ်လို့ အဲဒီမှာလည်း မသေချာသူတွေရဲ့ မဲ ၄၀ရာနှုန်းလောက် တိုးရနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ၂၀၂၀တုန်းကလည်း ပေါ်ပင်အတွေ့အကြုံ ၁.၅သန်း တွန်းထဲ့ခဲ့တာကနေ ဘိုင်ဒန်အတွက် မဲ ၆သန်းလောက်အထိ ပိုရသွားနိုင်တယ်လို့ တွက်ဆကြပါတယ်။

ဒီမစ်တမ်းမှာလည်း ဆွင်းစတိတ်တွေဖြစ်တဲ့ ဝစ်စ်ကွန်ဆင်၊ အရီဇိုးနားနဲ့ ဖလော်ရီဒါတွေမှာ ဂူဂယ်လ်ဆာ့ချ်လုပ်ရင် လစ်ဗြဲဘက်ကို အလေးသာတဲ့ ဘက်လိုက်မှုမျိုးတွေ တွေ့ရပေမယ့် ဘင်းမှာရှာရင်တော့ အဲဒီလိုမတွေ့ဘူးလို့ ဆိုပါတယ်။ (ကျမက duckduckgo သုံးတာဖြစ်လို့ ဂူဂယ်လ်ဘယ်လိုကစားတယ်ဆိုတာ သိပ်သတိမထားမိပေမယ့် ဂူဂယ်ဆာ့ချ်သုံးသူတွေနဲ့စာရင် ကိုယ့်စိတ်ကူးထဲကဟာတွေ ကြော်ငြာအဖြစ် ဝင်လာတာတော့ အများကြီး နဲသွားတာပါ။) ဂူဂယ်လ်ပိုင်တဲ့ ယူကျူမှာလည်း အော်တိုပလေးလုပ်ထားရင် ဝင်လာတာတွေရဲ့ ၉၂ရာနှုန်းက လစ်ဗြဲမီဒီယာရဲ့ အာဘော်တွေပဲ ဖြစ်ပါတယ်။

၂၀၁၈တုန်းက ဝေါစထရိဂျာနယ်က ရထားတဲ့ ဂူဂယ်လ်ကနေ လိခ်ဖြစ်လာတဲ့ အီးမေးလ်တွေမှာ ဂူဂယ်လ်ဝန်ထမ်းတွေက ထရမ့်ရဲ့ travel ban ကို ဆာ့ချ်အင်ဂျင်ကနေ ချောပစ်အမြတ်ထုတ်နိုင်မယ့် နည်းလမ်းအဖုံဖုံကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဖော်ပြထားပါတယ်။​ ဂူဂယ်လ်ကတော့ တကယ်မလုပ်ဖြစ်ခဲ့ပါဘူးလို့ ညာပါတယ်။

အဲဒီလိုဖြစ်နေလို့ စိတ်အားမလျော့ပါနဲ့၊ အနာသိ ဆေးရှိပါတယ်လို့ ဒေါက်တာအက်ပ်စတိန်းက ဆက်လက် တင်ပြထားပါတယ်။ အဲဒီလို အော်တိုမက်တစ်တွန်းထည့်တဲ့ အယ်လ်ဂိုရစ်သမ်ဂျင်းတွေက မီးခလုတ်လို on off လုပ်လို့ ရတယ်ဆိုတာ ဂူဂယ်လ်က ဝန်ထမ်းတဦးက လက်ထောက်ချထားပါတယ်။ အဲဒါကြောင့် သူတို့အဖွဲ့က ပြည်နယ် ၅၀လုံးမှာ လူအင်အား ၂သောင်းကျော်သုံးပြီး ဂူဂယ်လ်ကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်း၊ ၂၀၂၃နှောင်းပိုင်းမှာ အဲဒီဂျင်းတွေကို ကာကွယ်ဖို့ ဒစ်ဂျစ်တယ်ဒိုင်းနဲ့ ကာပြီးဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ပြောသွားပါတယ်။

ခက်တာက အမေရိကန်မှာ ကမ္ဘာ့အကြီးဆုံး တက်ခ်ကုမ္ပဏီကြီးတွေ ရှိနေပေမယ့် သူတို့က မှိုင်းတိုက်တာနဲ့ ဂျင်းထည့်တာကို တွန်းတွန်းထိုးထိုးလုပ်ကြသလို အာဏာရှင်တွေကို ထိပါးလာရင် အကောင့်ပိတ်၊ ကန့်သတ်၊ လူမမြင်အောင်၊ ရှာရခက်အောင်လုပ်တာတွေပဲ အာရုံထားကြပုံရပါတယ်။ ရွေးကောက်ပွဲကို လုံခြုံအောင် ဆိုင်ဘာတိုက်ခိုက်မှုတွေ မခံရအောင်တော့ ကူညီကြပုံ မရပါဘူး။ မစ္စစ္စပီက ရကပွဲတာဝန်ရှိသူတွေက ရကပွဲနေ့မှာ ပြည်နယ်ရဲ့ ရကပွဲဝက်ဘ်ဆိုက်တွေ တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ သိတာဦးတဲ့အတွက် ရလာဒ်ထိခိုက်လောက်အောင်တော့ မဖြစ်လိုက်ဘူးလို့ သိရပါတယ်။ များသောအားဖြင့် ဆိုင်ဘာတိုက်ခိုက်မှုတွေက ရုရှားက လာတာများပါတယ်။ ဇွန်လတုန်းက ယူအက်စ်ဆိုင်ဘာစီကျူရတီနဲ့ အင်ဖရာစထရပ်ချာ စီကျူရတီအေဂျင်စီက အကြံပေးတဦးက ဒိုမီနီယံမဲပေးစက်တွေဟာ ဆိုင်ဘာတိုက်ခိုက်မှုတွေကနေ ကင်းလွတ်နေတာမျိုးမဟုတ်ပဲ အားနည်းချက် ၉ခုအထိ ရှိတာ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ (အဲဒီအဖွဲ့ကပဲ ဒိုမီနီယံတွေ သုံးထားတဲ့ ၂၀၂၀ရကပွဲဟာ အသန့်ရှင်းဆုံးလို့ ပြောသွားသေးတာ အမှတ်ရမိပါတယ်။​)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: