အရင်အပတ်က ခရစ်ပ်တိုငွေကြေးအရောင်းအဝယ်လုပ်တဲ့ ၃၂ဘီလီယံတန်ဖိုးရှိခဲ့တဲ့ FTX ပြိုကွဲသွားပြီး ဒေဝါလီခံဖို့ လျောက်ထားလိုက်ရပါတယ်။ အဲဒီexchange ရဲ့ဖောင်ဒါဖြစ်တဲ့ ဆမ်ဘန့်ခ်မန်ဖရိဒ်ကလည်း အခွန်ရှောင်ဖို့ရော အမေရိကန်ဥပဒေတွေရဲ့ သက်ရောက်မှုကနေ ကင်းနိုင်ဖို့ရော FTX ကို ဘဟားမားစ်မှာ မှတ်ပုံတင်ပြီး အဲဒီမှာပဲ နေတာများပါတယ်။
ဆမ်ဘန့်ခ်မန်ဖရိဒ်က အမွှေစိန်ပြီးရင် ဒီမိုကရက်ပါတီရဲ့ အကြီးဆုံး ငွေအင်အားထောက်ပံ့ပေးသူဖြစ်ပြီး သူ့ရဲ့ ပြိုင်ဖက်ခရစ်ပိုငွေကြေးကုမ္ပဏီတွေနဲ့ယှဥ်ရင် သူအသာရဖို့အတွက် နိုင်ငံရေးသမားတွေကို ငွေနဲ့ဝယ်ထားတာ များပါတယ်။ မပြိုကွဲခင်နောက်ဆုံးဖြစ်ခဲ့တာက သူ့ပြိုင်ဖက် ဘိုင်နန့်စ်က စီအီးအို ချန်းပန်ဇောင်ကို ဝေဖန်ခဲ့လို့ ပြဿနာတက်ခဲ့ကြပါတယ်။ ဘိုင်နန့်စ်က အက်ဖ်တီအိတ်စ်မှာ ၂၀၁၉အထိ ရင်းနှီးမြှုပ်နှံနေသေးတာပါ။ နောက်တော့ ဆမ်က ခရစ်ပ်တိုငွေကြေးကဏ္ဍကြီးတခုလုံးကို ဥပဒေနဲ့ ချည်ဖို့ တွန်းလာချိန်မှာ ဘိုင်နန့်စ်က ဆန့်ကျင်ခဲ့တာပါ။ ဝါရှင်တန်က ကီးတွေကို အိတ်ထဲထည့်ထားတဲ့ ဆမ်က သီးသန့်အစည်းအဝေးတွေမှာ ဇောင်ကို တိုက်ခိုက်လာခဲ့တာကစပြီး ဇောင်က အက်ဖ်တီအိတ်စ်က ဖန်တီးထားတဲ့ FTTငွေကြေးတွေ အားလုံးကို ထုတ်ရောင်းလိုက်မယ်လို့ ကြေငြာပြီးနောက် FTX ပြိုကွဲဖို့ စဖြစ်လာတာပါ။ ဆမ်ကတော့ ဇောင်နဲ့ ပြဿနာတက်တဲ့အထိ ဖြစ်ခဲ့တာကို နောင်တရနေတယ်လို့ ဆိုပါတယ်။
FTX အောင်မြင်လာရတဲ့ အကြောင်းရင်းတခုက အာဏာရှိသူတွေနဲ့ ပေါင်းစားလို့ ဖြစ်ပါတယ်။ ဥပမာတခု ပြရမယ်ဆိုရင် FTX မှာ ရင်းနှီးမြှုပ်နှံကြတဲ့ထဲမှာ ယူကရိန်းနိုင်ငံ ပါနေတာပါ။ ပုံမှန်ဆိုရင် နိုင်ငံလိုက်ကြီး ရင်းနှီးမြှုပ်နှံလေ့ မရှိသလို ခရစ်ပ်တိုငွေကြေးလိုဟာမျိုးမှာ ရင်းနှီးမြှုပ်နှံကြတာလည်း ငွေပိုနေတဲ့ (သို့) ရေတိုမှာ ပိုက်ဆံမလိုတဲ့ လူ/အဖွဲ့တွေပဲ ဖြစ်ပါတယ်။ Risky ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုက အတက်ကြမ်းတတ်သလို အကျလည်း ကြမ်းတတ်တာကြောင့်ပါ။ ယူကရိန်းက FTX မှာ ၁ဘီလီယံ မြှုပ်နှံထားပြီး အဲဒီပိုက်ဆံတွေက ဘိုင်ဒင်အစိုးရကနေ စစ်ရေးအကူ/လူသားချင်းစာနာရေး အထောက်အပံ့အနေနဲ့ ပေးထားတာဖြစ်ပါတယ်။ ဘိုင်ဒန်အစိုးရက ပြည်သူ့အခွန်ငွေတွေသုံးပြီး ယူကရိန်းကနေ အဲဒီလိုတဖက်လှည့်နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်ပါတီတွေ ကမ်ိပန်းတွေကို ငွေသန်းပေါင်းများစွာ လှုထားလိုက်ပါတယ်။ အဲဒါကြောင့် အီလိတွေက နိုင်ငံရေးသမားတွေကို ၁ကျပ်လှူရင် သူတို့အတွက် ၁၀၀မျိုး ၁၀၀၀မျိုးလောက် အနည်းလေးကျန်အောင် ပြည်သူ့ဘဏ္ဍာ/ ပြည်သူပိုင်သံယံဇာတတွေကနေ ပြန်နှိုက်ကြတာဖြစ်ပါတယ်။
တကယ်တော့ ဆမ်ကိုင်ထားတာ နိုင်ငံရေးသမားတွေတင် မကပါဘူး။ အမ်အိုင်တီကျောင်းထွက် ဆမ်ရဲ့ ဆရာ အမ်အိုင်တီက ပါမောက္ခဟောင်း ဂယ်ရီဂျန်စလာဟာ SEC ရဲ့ ဥက္ကဋ္ဌဖြစ်သလို အဲဒီဂယ်ရီဂျန်စလာရဲ့ အကြီးအကဲလုပ်ဖူးတဲ့ အမ်အိုင်တီက စီးပွားရေးပါမောက္ခဟောင်း ဂလန်အယ်လီဆင်ရဲ့ သမီး ကာရိုလိုင်းအယ်လီဆင်က ပြိုကွဲသွားတဲ့ ခရစ်ပ်တိုငွေကြေးကုမ္ပဏီတခုဖြစ်တဲ့ အလာမီဒါရီဆာ့ချ်ကို တည်ထောင်သူဖြစ်ပြီး FTX ကိုပါ ပူးတွဲကြိုးကိုင်နေသူ ဖြစ်နေပါတယ်။
FTX ကိစ္စကို ဆီးနိတ်က Financial Oversight Committee မှာ စစ်မေးရမှာ ဆီနိတ်တာ ဂျွန်ကနေဒီက ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေပြုသူများကို မင်းတို့ထဲက တယောက်ယောက်များ ဆမ်တို့ ကာရိုလိုင်းတို့ကို ထမင်းရောင်းတဲ့ကားတစီးလောက် စီမံခန့်ခွဲဖို့ ငှားကြမလား၊ မငှားနိုင်ဘူးဆိုရင် ပြည်သူ့ပိုက်ဆံ ဒီလောက်အများကြီးကို စီမံနေတာကို လွယ်လွယ်ကူကူနဲ့ ပစ်ထားသင့်လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒါတွေ့တော့ မနေ့က ရေးလိုက်တဲ့ မေလ်တန်ဖရီးမန်းအဆိုလေးကို သွားသတိရမိပါတယ်။ ဗျူရိုကရက်တွေကြောင့် ပြဿနာတွေ ပိုရှုပ်လာဖို့ပဲရှိတယ်ဆိုတာပါ။
FTX က သူ့ဆီမှာ ရင်းနှီးမြှုပ်နှံထားသူတွေရဲ့ ငွေတွေကိုလည်း မလျော်မကန် အသုံးပြုနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီလိုလုပ်နေတာကိုလည်း သိနေကြပေမယ့် အာဏာရှိသူအားလုံးက သူနဲ့မကင်းကြတော့ ဝိုင်းပြီး ရေငုံနေကြတာဖြစ်ပါတယ်။
ဆက်စပ်ပြီး ပြောရမယ်ဆိုရင် ယူကရိန်းကိစ္စကလည်း သွေးရိုးသားရိုး မဖြစ်နိုင်ပါဘူး။ စစ်မဖြစ်ခင်ကထဲက ရုရှားက ကျူးတော့မယ်၊ စစ်ပြင်နေပြီဆိုပြီး ဘိုင်ဒန်တို့ ညာသံပေးနေခဲ့တာ အကြိမ်ကြိမ်ပါပဲ။ တကယ်ဟန့်တားချင်တယ်ဆိုရင် အမေရိကန်မှာ နည်းပညာရော လုပ်နိုင်စွမ်းပါ ရှိတယ်လေ။ ထရမ့်လက်ထက်က ဘာကျူးကျော်စစ် ဖြစ်ခဲ့လို့လဲ၊ အဲဒါ ဘယ်လောက်မှလဲ မကြာသေးဘူးလေ။ စစ်ကို ကြာစေချင်တာက စစ်ကိုအကြောင်းပြပြီး အကူအညီတွေ ပေးရင်း ကိုယ့်အိတ်ထဲ ပြန်ဖိတ်အောင် တဖက်လှည့်နဲ့ လုပ်ကြတာပါ။
စစ်ကို တားချင်ရင် တားလို့ရတဲ့နည်းတွေ အများကြီးရှိသလို ဖြစ်လာရင်လည်း အင်အားရှိတဲ့ ခေါင်းဆောင်ဆိုရင် နှစ်ခွန်းပြောစရာမလိုပဲ ဝင်ဖြန်ဖြေပေးလို့ ရပါတယ်။ အခုအနေအထားက စစ်နဲ့ လုပ်စားလို့ ရနေသေးသ၍ စစ်ပြီးမယ့်အရိပ်အရောင် မရှိသေးပါဘူး။ ယူကရိန်းကလည်း အစထဲက ခြစားမှုတွေ ဒင်းကြမ်းရှိခဲ့တဲ့ နိုင်ငံပါ။ ဇယ်လန်းစကီးကလည်း အကောင်ကြီးကြီးက ကြားဝင်စေ့စပ်ပေးတာမျိုးမရှိရင် ဘိုင်ဒန်တို့ဆီကရတဲ့ အရိုးအရင်းလောက်နဲ့ ကျေနပ်နေရမှာပါ။ ယူကရိန်းကို ကူနေတဲ့ပိုက်ဆံက ရုရှားတနှစ်စာစစ်ဘတ်ဂျက်ထက် များနေတယ်၊ ဒါတောင် မနိုင်ဘူးဆိုတော့ ဒီဇတ်လမ်းက ပြီးရော ပြီးပါဦးမလား၊ ဟိုမှာလည်း လူတွေသေလှ ဒုက္ခရောက်လှပြီ၊ ဒီမှာလည်း ပြည်သူ့ဘဏ္ဍာတွေ မစားရမသောက်ရနဲ့ ဇီးသီးဗန်းထဲ ရောက်ကုန်ပြီ။ ထရမ့်လိုလူမျိုး တက်လာမှပဲ ဒီလို လုပ်စားစစ်တွေ တခန်းရပ်ဖြစ်မှာပါ။


