နိုဝင်ဘာ ၂၀ ရက် ၂၀၂၂

မနေ့ကတွဒ်တာမှာလုပ်တဲ့ ထရမ့်အကောင့် ပြန်ဖွင့်ပေးဖို့ ထောက်ခံ/မထောက်ခံဆိုတဲ့ poll မှာ ၁၅သန်းမဲပေးခဲ့ကြပြီး ပြန်လာဖို့ ထောက်ခံတဲ့ဖက်က အစပိုင်းမှာ ၈၀ရာနှုန်းလောက် ရှိခဲ့တာကနေ  နောက်ဆုံးမှာ ၅၂ရာနှုန်းပျော့ပျော့ပဲ ကျန်တော့တာပါ။ အဲဒါကို ထောက်ပြကြတော့ အီလွန်က ဘော့နဲ့ ထရိုးလ်အာမီတွေ ပါနေတာ မနည်းဘူးပဲလို့ တခါ၊ သူတို့တွေ လက်ပန်းကျသွားသလောက်ပြီလို့ တခါ ပြန်ပြောပြီး နောက်တခါ poll လုပ်ရင် ဘာတွေသတိထားရမယ်၊ ကြိုရှင်းထားရမယ်ဆိုတာ သိသွားပြီလို့ အီလွန်က ဆိုပါတယ်။

ထရမ့်အကောင့်က အပိတ်မခံရခင်က ဖော်လိုဝါ ၈၈သန်းကျော် ရှိနေခဲ့တာကနေ ပြန်ဖွင့်တဲ့အချိန်မှာ ၁သန်းပဲရှိပါတော့တယ်။ ဘယ်သူမှလည်း မရှိတော့တဲ့အကောင့်ကို unfollow လုပ်ကြမယ် မထင်ပါဘူး။ ပြန်ဖွင့်ပေးပြီး နာရီပိုင်းအတွင်း ဖော်လိုဝါတွေ ပြန်တက်လာတာ တသန်းတသန်း ခဏလေးပါပဲ၊ အခုစာရေးချိန်အထိဆို ၈၇.၃သန်းထိ ရောက်လာပြီဖြစ်လို့ ဘိုင်ဒင်ရဲ့ ဖော်လိုဝါ ၃၆.၅သန်းထက် ၂ဆခွဲ ကျော်သွားပြီ ဖြစ်ပါတယ်။ တွဒ်တာက အရင်ဖော်လိုဝါတွေ ပြန်restore လုပ်ပေးတာလည်း ပါပါလိမ့်မယ်။ ထရမ့်ကတော့ တွဒ်တာကို ပြန်လာဖို့ အစီအစဥ်မရှိသေးဘူးလို့ ဆိုပါတယ်။ လောလောဆယ်တော့ တွဒ်တာက အရင်လုပ်ခဲ့တာတွေ ပြန်ဖော်ထုတ်နေတုန်းမှာ စောင့်ကြည့်နေတာ မမှားဘူးဆိုပေမယ့် အားလုံးအနည်ထိုင်သွားတဲ့တချိန်မှာ ပြည်သူက ပြန်လာစေချင်ရင် ပြည်သူအသံ နားထောင်ဖို့တော့ လိုပါမယ်။

လစ်ဗြဲတွေကတော့ ထရမ့်ပြန်လာမှာ အကြီးအကျယ်ကြောက်ကြပုံရပါတယ်။ ပြန်လာဖို့ ခွင့်မပြုသင့်ကြောင်းတွေ ဖွဲ့နွဲ့ပြီး ရေးကြပေမယ့် သူတို့ပြောတဲ့ အကြောင်းပြချက်က ဂျန်၆ကိစ္စပဲဖြစ်ပြီး အဲဒီမှာ လူသေခဲ့တာကို ထရမ့်ကြောင့်လို့ ခုထိ လှိမ့်နေတုန်းပါ။​ သေခဲ့သူတွေက ထရမ့်ထောက်ခံသူတွေဖြစ်နေပြီး တမင်အသတ်ခံခဲ့ရတာပါ။ ရဲထဲကသေတာက နှလုံးရောဂါနဲ့ပါ၊ ဘယ်သူ့ပယောဂမှမပါတာ ရှင်းနေပြီးသားပါ။ ဖြစ်စဥ်တွေအားလုံးရဲ့ တရားခံက ပလိုးစီဖြစ်နေပေမယ့် မီဒီယာအား ဘစ်ဂ်တက်ခ်တွေအားနဲ့ ငပြူးက ပြဲပြနေကြတာပဲ ဖြစ်ပါတယ်။

လိမ်မှ အကျိုးရှိမယ့်သူတွေက လိမ်မှာပါပဲ။ စဥ်းစားသင့်တာက အဲဒီလိုလိမ်တာတွေကြောင့် ပြည်သူအကျိုးရှိမလား ဆိုတာပါ။ ဘယ်သူ ဘယ်ဝါကို ထောက်ခံသင့်တယ် ပြောနေတာ မဟုတ်ပါဘူး။ ဘယ်ဘက်ကပဲဖြစ်ဖြစ် လူ/ပါတီကို ကျော်ပြီး မကြည့်နိုင်တဲ့ လူတိုင်းက လူညံ့တွေချည့်ပါပဲ။ အမှားကို လွယ်လွယ်ယုံတဲ့သူတိုင်းဟာ အမှန်တရားကို အလေးမထားကြတာ ဖြစ်လို့ တရားမျှတမှုတဲ့ လူ့ဘောင်နဲ့ မထိုက်တန်သူတွေပဲလို့ ယူရမှာပါ။

တွဒ်တာက poll တွေမှာ ဘော့တွေသုံးနေတာကို ဖော်ထုတ်နေတဲ့အပြင် နိုင်ငံရေးသမားတွေရဲ့ အလိမ်တွေကိုပါ အမှန်တကယ်ဖက်ခ်ချက်ပြီး ဖော်ထုတ်နေတာဖြစ်ပါတယ်။ ဒီမိုကရက်ဆီနိတ်တာ အဲလစ်ဇဘက်ဝါရင်ရဲ့ “သမ္မတဟာ student loan တွေကို သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာသုံးပြီး ကန်ဆယ်လ်လုပ်ခွင့်ရှိတယ်၊ အဲဒါကို ရီပါဘလစ်ကန်တွေက ပြည်သူတွေ သက်သာခွင့် ရမှာစိုးလို့ ကဖျက် ယဖျက်လုပ်နေတာ”လို့ လီဆည်တွိခဲ့ပါတယ်။ အဲဒါကို တွဒ်တာက ၂၀၂၁ ဇွန်၁၄တုန်းက ပညာရှင်တွေရဲ့ သမ္မတအာဏာနဲ့ စတူးဒန့်လုံးတွေ ဖျက်ပိုင်ခွင့်ရှိတယ်ဆိုတာကို သဘောမတူကြောင်း ရှင်းပြထားတဲ့ ဆောင်းပါးရယ်၊ သမ္မတက အာဏာသုံးပြီးလုပ်ခဲ့ရင်လည်း (ငွေချေးသူ/နစ်နာသူတွေက) တရားစွဲတာ ခံရနိုင်တယ်လို့ ပညာရှင်တွေ ပြောကြားချက်ရယ်၊ အယူခံတရားရုံးတခုက ဘိုင်ဒင်အစိုးရရဲ့ စတူးဒန့်လုံးပယ်ဖျက်ဖို့ ကြိုးစားမှုကို တားမြစ်လိုက်တာရယ်တွေကို ကိုးကားပြီး ဖက်ခ်ချက်လုပ်သွားပါတယ်။

အရင်ဘစ်ဂ်တက်ခ်က ဖက်ခ်ချက်တယ်ဆိုတာ ဘာကိုမှ တိတိပပ မပြောတာဖြစ်ရင်ဖြစ် မဟုတ်ရင် စမကပုဒ်မနဲ့ သက်သက် ညစ်ပိတ်ပိတ်တာပါပဲ။ တွဒ်တာက ဘိုင်ကြီးရဲ့ ကော်ပိုရေးရှင်းကြီးတွေ အခွန်မဆောင်ဘူး၊ အဲဒါကြောင့် အင်ဖလေးရှင်းရီဒတ်ရှင်အက်ခ်ကို ပြဌာန်းဖို့ လိုတာလို့ လိမ်တာကိုလည်း ဖက်ချက်ဖော်ထုတ်လိုက်သလို မစ်တမ်းမတိုင်ခင် ၂ရက်ကလည်း ဓါတ်ဆီဈေးတွေ ကျနေပြီလို့ ပြောခဲ့တာ မဟုတ်ကြောင်း ဖက်ချက်ခဲ့ပါတယ်။ အင်ဖလေးရှင်းရီဒတ်ရှင်အက်ခ်က ဗျူရိုကရက်တွေရဲ့ စားပေါက်၊ နိုင်ငံရေးသမားတွေရဲ့ ဇီးသီးဗန်းထက် ဘာမှ​မပိုပါဘူး။ ဖက်ချက်ဖို့လိုတာက နိုင်ငံရေးသမားတွေ အာဏာယူထားသူတွေ လုပ်ပိုင်ခွင့်ရှိသူတွေက ပြည်သူကိုလိမ်လည်နေတာကို ဖက်ချက်ရမှာပါ။ ဘာလုပ်ပိုင်ခွင့်မှမရှိတဲ့ ပြည်သူတွေရဲ့ အသံကို သူတို့မကြိုက်တိုင်း လိုက်ပိတ်ပင်ရမှာ မဟုတ်ပါဘူး။

ဒီကနေ့ ကိုလိုရာဒိုစပရင်းမှာ ဖြစ်သွားတဲ့ ဂေးနိုက်ကလပ်ပစ်ခတ်မှုမှာ ၅ဦးသေ ၁၈ဦးဒဏ်ရာ ရသွားတဲ့ပေါ် ပြည်သူအကျပ်တွေ့တိုင်း အမြတ်ထုတ်ဖို့ အရင်ဆုံးကြိုးစားတဲ့ ဒီမိုကရက်ထုံးစံအတိုင်း ဘိုင်ကြီးက လက်နက်တွေကိုပဲ အပစ်ဖို့ပြီး ပြည်သူတွေ လက်နက်မကိုင်သင့်ကြောင်း ပွားပါတယ်။ ပြည်သူလက်ထဲမှာ လက်နက်မရှိတော့တာနဲ့ တင်းပြည့်ကျပ်ပြည့် ဘီလူးကကတော့မယ်ဆိုတာ မြန်မာပြည်ဖွားတွေ အသိသင့်ဆုံးဖြစ်ပါတယ်။ အမေရိကန်လို တိုင်းပြည်မှာ ပြည်သူကို လက်နက်မကိုင်စေချင်တဲ့ အစိုးရတိုင်းဟာ အာဏာရှင်လမ်းစဥ်သွားနေသူတွေဖြစ်ပြီး အဲဒါကို ထောက်ခံတဲ့သူတိုင်းကလည်း ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာ ခံချင်နေသူများပဲ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: