ဖရီးစပိချ်ကို ကာကွယ်ဖို့ ကြွေးကြော်ထားတဲ့ တွဒ်ချုပ်ကြီးလက်ထက်မှာ တွဒ်တာကို အဓိက ပြုပြင်ပြောင်းလဲမှုတွေလုပ်ရင်း တွေ့ရှိလာရတာက ကလေးတွေကို လိင်အမြတ်ထုတ်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အရင်တွဒ်တာအုပ်ချုပ်သူတွေက သူတို့ မ နေတဲ့ဒီမိုကရက်အစိုးရတွေလိုပဲ သူတို့/ သူတို့လူတွေထိုင်ခုံလှုပ်မယ့်ကိစ္စလောက်ကိုပဲ အရေးတယူ ကန့်သတ်ပိတ်ပင်ကြပြီး လူ့ကျင့်ဝတ်အရ အမှန်တကယ်လုပ်ဆောင်သင့်တာတွေကိုတော့ လစ်လျူရှုထားခဲ့ကြတာပါ။
လူကုန်ကူးခံခဲ့ရဖူးပြီး ပြန်လွတ်လာသူတွေက တွဒ်တာကို လူ/လိင်ကုန်ကူးတဲ့ကိစ္စ အရေးယူဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြပေမယ့် ထိထိရောက်ရောက် ဘာတခုမှ လုပ်ပေးတာ မတွေ့ခဲ့ရဘူးလို့ ပြောကြပါတယ်။ မေလတုန်းက လူကုန်ကူးခံရပြီး ပြန်လွတ်လာတဲ့ အလိုင်ဇာဘလူးဆိုတဲ့အမျိုးသမီးရဲ့ ဆောင်းပါးတခုမှာ အီလက်ထရောနစ်ဆားဗစ်ပရိုဗိုက်ဒါတွေဆီက ပျောက်ဆုံးနဲ့ အမြတ်ထုတ်ခံရတဲ့ ကလေးတွေအတွက် ဖွင့်ပေးထားတဲ့ ဆိုင်ဘာတစ်ပ်လိုင်းကနေ ၂၀၂၁အတွင်း ရီပို့ပေါင်း ၂၉သန်းကျော် ရခဲ့တာမှာ တွဒ်တာက ရီပို့လုပ်တာက ၉သောင်းတောင် မပြည့်ဘူးလို့ ဆိုပါတယ်။ တကယ်ဆို အဲဒီထက် အများကြီး ပိုသင့်တာပါ။
စက်တင်ဘာတုန်းက လိင်အမြတ်ထုတ်ခံရသူတွေရဲ့ ရှေ့နေအီဗာဖောက်စ်က တွဒ်တာမှာ (အဖော်အချွတ်)ပွန်းတွေ အထူးသဖြင့် ကလေးပွန်းတွေ ရှိနေဆဲဖြစ်ပြိး တင်တဲ့သူတွေက ကလေးလိင်အမြတ်ထုတ်ခံရတဲ့ သတင်းမျိုးတင်သလိုလို ဗန်းပြပြီး ပွန်းတွေ တင်နေခဲ့တာလို့ သိရပါတယ်။ အခုတော့ တွဒ်ချုပ်ကြီးက ကလေးတွေအပေါ် လိင်အမြတ်ထုတ်နေတဲ့ ပို့စ်တွေကို အဓိက ဦးစားပေး အရေးယူသွားမယ်လို့ ဆိုပါတယ်။
တွဒ်တာက အပြာရောင်ချက်မာ့ခ်လေးတွေအတွက် subscription ကိစ္စကို ဆိုင်းငံ့ထားလိုက်ပြီး အဖွဲ့အစည်းတွေအတွက်ကို တရောင်၊ လူတွေအတွက် တရောင် စသဖြင့် ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ တွဒ်တာအသုံးပြုသူတချို့ကလည်း အစိုးရအဖွဲ့တွေက တရောင်၊ ဆယ်လီတွေက တရောင်၊ မီဒီယာတွေက တရောင်၊ စသဖြင့် အကြံပြုနေကြပါတယ်။
တွဒ်တာက ထရမ့်အပြင် ဒေါက်တာဂျော်ဒန်ပီတာဆန်၊ ပရောဂျက်ဗာရိတာ့စ်၊ စတာတွေအပါအဝင် ကွန်ဆာဗေးတစ်အကောင့်တွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ ပြန်ဖွင့်ပေးတဲ့ထဲမှာ လစ်ဗြဲတွေဘက်က အီလွန်အယောင်ဆောင်ပြီး ဒီမိုကရက်ကို မဲပေးဖို့ လှည့်ဖြားခဲ့တဲ့ ကေသီဂရစ်ဖင်လောက်ပဲ ပါခဲ့တာပါ။ ဘာလို့လဲဆိုတော့ တွဒ်တာအဟောင်းက လစ်ဗြဲတွေရော၊ အာဏာရှင်တွေရော၊ အကြမ်းဖက်တွေရော၊ လူ/လိင်မုဆိုးတွေကိုရောကို ဘေးမဲ့ပေးထားလို့ ဖြစ်ပါတယ်။
တွဒ်တာမှာ မနေ့က ပြန်ဖွင့်ပေးလိုက်တဲ့ တဦးက ဝှာနိတာ ဘရော့ဒရစ်ခ်ဆိုသူဖြစ်ပြီး ကလင်တန်အာကန်ဆောပြည်နယ် ရှေ့နေချုပ်ဖြစ်တုန်းက လူအိုရုံအုပ်ချုပ်ရေးမှုးလုပ်ခဲ့တဲ့ သူမကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဖြစ်ခဲ့တာက ၁၉၇၈က ဖြစ်ပြီး ၁၉၉၉မှာ ကလင်တန် အိမ်ဖြူမှာ ကောလိပ်ကျောင်းသူလေးကို ခြေတော်တင်ခဲ့တာကို အကြောင်းထားတဲ့ အင်မ်ပိချ်မန့်မှာ လာရောက်အစစ်ခံတာကနေ လူသိများလာတာဖြစ်ပြီး ခုနောက်ပိုင်းမှာလည်း ဝေဖန်စရာရှိတိုင်း ရဲရဲဝံ့ဝံ့ ဝေဖန်နေသူဖြစ်ပါတယ်။ သူမကို တွဒ်တာကနေ ဘန်းလိုက်တဲ့အကြောင်းရင်းကတော့ ကဗကကဆဟာ လူတယောက်ရဲ့ဒီအန်အေကို ပြောင်းလဲပစ်နိုင်တယ်ဆိုပြီး တွိလိုက်တာကြောင့်လို့ ဆိုပါတယ်။
တွဒ်တာက အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေ စတင်နေစဥ်မှာ ဖွဘုတ်က ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ပရိုဖိုင်းမှာ (ကျား/မ)စိတ်ဝင်စားမှု၊ ဘာသာရေးအမြင်၊ နိုင်ငံရေးအမြင်နဲ့ လိပ်စာ စတဲ့ field တွေကို ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ သူတို့အကြောင်းပြချက်က ပိုမိုလွယ်ကူစွာ navigate လုပ်နိုင်၊ အသုံးပြုနိုင်ဖို့လို့ ဆိုပေမယ့် တကယ်တမ်း လုံလောက်တဲ့ အကြောင်းပြချက် ဟုတ်ပုံမရပါဘူး။ ဖြည့်ချင်တဲ့သူက ဖြည့်နိုင်ခွင့်ရော မဖြည့်ပဲ နေနိုင်ခွင့်ပါရှိတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဖွဘုတ်က ဝန်ထမ်းပေါင်း တသောင်းတထောင်လောက် လတ်တလော ဖြုတ်လိုက်ရပြီဖြစ်ပြီး ရှေ့လျောက်လည်း ထပ်ဖြုတ်ရဦးမယ်လို့ စောင့်ကြည့်သူတွေက ထင်ကြေးပေးနေကြပါတယ်။
ဘိုင်ဒန်အစိုးရနဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီတွေပေါင်းပြီး ပြည်သူ့အသံကို ဆင်ဆာလုပ်နေသလား၊ ဖရီးစပိချ်ကို နှိပ်ကွပ်နေသလားဆိုတာကို စစ်မေးဖို့ ဗာဂျီးနီယားက ဖက်ဒရယ်တရားသူကြီးက အရင်ဘိုင်ဒန့်ပြန်ဝန် ဂျန်ဆာကီ၊ ဖောက်ချီ၊ အိမ်ဖြူဒစ်ဂျစ်တယ်ဗျူဟာမှုးရော့ဘ်ဖလာဟာတီ၊ ပြည်သူ့ကျန်းမာရေးအကြီးအကဲ ဗီဗက်ခ်မာသီ အပါအဝင် အရာရှိကြီးတွေကို ဆင့်ခေါ်ထားပြီး ဂျန်ဆာကီက ဆင့်ခေါ်တာကို မလာချင်လို့ ငြင်းချက်ထုတ်တာကို ထရမ့်ခန့်ခဲ့တဲ့ တရားသူကြီးက ပယ်ချခဲ့ပါတယ်။ သူမမလာချင်တာကိုလည်း ဘိုင်ဒန့်တရားရေးဌာနက ထောက်ခံခဲ့ပါတယ်။
ဟန်းတားလက်ပ်တော့ပ်အကြောင်းကို အက်ဖ်ဘီအိုင်က ၂၀၁၉ ဒီဇင်ဘာထဲက သိခဲ့တာဖြစ်ပေမယ့် ခြစားခေါင်းဆောင်တွေက ဖုံးဖိထားခဲ့တဲ့အပြင် မီဒီယာတွေ ဘစ်ဂ်တက်ခ်တွေကပါ ဖုံးဖိထားခဲ့တာ ဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ်နဲ့ နယူယောက်တိုင်းမ်းတို့က ဟန်းတားလက်ပ်တော့က တကယ်ပါလို့ ဒီနှစ် ဧပြီတုန်းက ဝန်ခံအပြီး ဒီရက်ပိုင်းမှ စီဘီအက်စ်က ဝန်ခံပါတယ်။ သတင်းဌာနတွေ မရိုးသားတာကို ထင်ရှားစေချင်တာပါ။
အဲဒီလက်ပ်တော့ပ်ကို အက်ဖ်ဘီအိုင်က ပစ္စည်းသိမ်းဆပ်ပီးနားနဲ့ လာသိမ်းတဲ့အချိန်မှာ ဟန်းတားသွားအပ်ခဲ့တဲ့ ဆိုင်ရှင်က “မပူပါနဲ့၊ ငါစာအုပ်ရေးရင် မင်းတို့နာမည်တွေ လွှဲရေးမှာပါ” လို့ နောက်လိုက်ပါတယ်။ လာသိမ်းတဲ့ အက်ဖ်ဘီအိုင်တဦးက “အဲဒီလို မပြောခဲ့တဲ့သူတွေဆို ဘာမှ မဖြစ်ကြဘူး”လို့ ပြန်ပြောတဲ့အတွက် စနောက်လိုက်မိတဲ့ ဆိုင်ရှင် ကျောချမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်က အောက်လွှတ်တော်ကို ဟန်းတားဟာ့ဒ်ဒရိုက်ဖ်ကော်ပီတခု ပေးထားသလို အက်ဖ်ဘီအိုင်နဲ့ သူနဲ့ကြား ထိတွေ့မှုမှန်သမျှကိုလည်း တင်ပြထားလိုက်ပါတယ်။
၂၀၂၃မှာစမယ့် အောက်လွှတ်တော်မှာ ရီပါဘလစ်ကန် အများစုဖြစ်လာတာကြောင့် ဟန်းတားတို့ ဘိုင်ဒန်တို့ရဲ့ အရှုပ်ထုတ်တွေကို စစ်ဆေးကြမယ်လို့ မောင်းတင်ထားကြပါတယ်။ တကယ်ပဲ ပေါ်အောင် စစ်ဆေးမှာလား၊ အက်စ်တာဘလစ်ရှ်မန့်နွံအိုင်ကြီးက အသံကောင်းဟစ်ပြီး မဟုတ်တဟုတ်နဲ့ ပြီးသွားစေမှာလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။
ဟောက်စ် အိုဗာဆိုက်ကော်မီတီဝင် ရီပါဘလစ်ကန်အမတ် ဂျိမ်းစ်ကိုမာကတော့ ဂျန်နဝါရီမှာ သူကော်မီတီခေါင်းဆောင်ဖြစ်လာရင် လက်တော့ပ်ကိစ္စကို ထိပ်ဆုံးဦးစားပေးပြီး စီစစ်မှာဖြစ်ကြောင်း၊ သမ္မတဂျိုးဘိုင်ဒန်က ဟန်းတားရသမျှရဲ့ ၁၀ရာနှုန်း ရနေပါလျက်နဲ့ အမေရိကန်ပြည်သူတွေကို ဟန်းတားလုပ်နေတာတွေ သူမသိပါဘူးလို့ ဘာကြောင့် လိမ်ခဲ့တာလဲ၊ နိုင်ငံတော်လုံခြုံရေးကို ဘယ်လို သက်ရောက်မှုရှိမလဲ၊ စတာတွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ဘိုင်ဒန်မိသားစုခရိုင်းမ်းတွေထဲမှာ နိုင်ငံတော်လိမ်လည်မှု၊ လိမ်လည်ငွေလွှဲမှု၊ နိုင်ငံခြားအေးဂျင့်တွေကို ကန့်သတ်တဲ့ ဥပဒေကို ချိုးဖောက်မှုများ၊ နိုင်ငံရပ်ခြား မသမာမှုများဥပဒေကို ချိုးဖောက်မှုများ၊ လူကုန်ကူးမှု၊ အခွန်ရှောင်မှုနဲ့ ငွေဖြူလျှော်ဖွတ်မှု စတဲ့ ခေါင်းစဥ်တွေ ပါဝင်နေပါတယ်။
အရီဇိုးနားကဂါဗာနာ ရကပွဲက ပြီးသေးပုံမရပါဘူး၊ မဲစာရင်းတွေ မဲကိစ္စတွေကိုင်ရတဲ့ လက်ရှိပြည်နယ်ဝန်ကြီးဖြစ်တဲ့ ဒီမိုကရက်ပြိုင်ဖက်က နိုင်တယ်လို့ ကြေငြာပေမယ့် မဲရေစက်တွေ မဲပေးစက်တွေဟာ စစ်ဆေးပြီး ဆာတီဖိုင်းလုပ်ထားတာမဟုတ်ကြောင်း တွေ့လာရတဲ့အတွက် ကောင်တီ၂ခုက မဲရလာဒ်တွေကို အတည်မပြုပဲဆိုင်းငံ့ထားလိုက်ပါတယ်။ ရကပွဲနေ့က ပျက်နေတယ်ဆိုတဲ့ စက်အရေအတွက်ကလည်း ၂၀ရာနှုန်းလောက်ကနေ ၄၈ရာနှုန်းလောက် ဖြစ်တယ်လို့ တွေ့ရှိထားပါပြီ။ အဲဒီစက်တွေပဲ သုံးထားပေမယ့် ရကပွဲနေ့ မတိုင်ခင်က အားလီးဗုတ်တင်းဆိုက်တွေမှာ ဘာပြဿနာမှ မတက်ခဲ့ဘူးလို့လဲ ရာ့စ်မြူဆန်ရီပို့က ဆိုပါတယ်။ ပြည်နယ်ရှေ့နေချုပ်ပါ ဝင်စစ်ဆေးနေပြီဖြစ်ပြီး အကြီးဆုံး ပြဿနာအများဆုံး မာရီကိုပါကောင်တီရဲ့ ရကပွဲဥက္ကဋ္ဌဟာ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရကပွဲနေ့ထဲက တိမ်းရှောင်နေခဲ့တာပါ။