ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ခေါင်းဆောင် ကလော့စ်ရွှက်ဘ်က ကနေ့ပြုလုပ်တဲ့ ဖောက်စ်နယူးစ်နဲ့ အင်တာဗျူးမှာ တရုပ်စနစ်ဟာ ကျန်ကမ္ဘာ့နိုင်ငံတွေတော်တော်များများရဲ့ စံပြ ဖြစ်ပါတယ်၊ သိပ်လည်း ဆွဲဆောင်မှုရှိတဲ့ ပုံစံပါပဲလို့ ပြောသွားပါတယ်။ ဘယ်စနစ်ကို ပြောတယ်ဆိုတာကို ရှင်းပြမထားပေမယ့် နိုင်ငံတွေက ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ရမှာပါလို့တော့ ပြန်ဖာသွားပါတယ်။
လက်ရှိတရုပ်ပြည်ရဲ့ ဘယ်စနစ်ကိုပဲကြည့်ကြည့် စံပြ ဖြစ်လောက်တာ တခုမှ မတွေ့မိပါဘူး။ နိုင်ငံရေးအရလဲ တပါတီစနစ်၊ ရကပွဲဆိုတာက အဖြစ်၊ အရည်အချင်းရှိ၊ ပြောရဲ ဆိုရဲရင် နားကားမယ်၊ လက်ညှိုးထောင်ခေါင်းညှိမ့်မယ့် ခပ်ချာချာတွေပဲ နေရာရမယ့် စနစ်မျိုး။ စီးပွားရေးအရ ခုလောက်ထိဖြစ်လာတာက သူတို့တော်လွန်းလို့ထက် ငတ်နေတဲ့ပြည်သူတွေက အခနဲနဲနဲ့ ကြိုးစားလုပ်ကြတာရယ် အနောက်အုပ်စုက သာသာထိုးထိုး အခွင့်အရေးတွေ ပေးတာရယ်ကြောင့်ပါ။
ခုချိန်မှာတော့ ရာသက်ပန်အုပ်စိုးချင်လို့ ကိုယ့်ဖာသာကိုယ် အရှက်မရှိ အတင်းကြီး ဥပဒေပြင် သက်တမ်းတိုးထားတဲ့ ပရက်ဆီဒေတာမင်းကြီးလက်ထက်မှာ တိုက်သမျှ လေနုအေးတွေကအစ ရှီ့အနာမှာ စပ်နေတော့ ဝေဖန်သူမှန်သမျှ ပျောက်ပျောက်ကုန်ကြတာပါပဲ။ တရုပ်ပြည်စီးပွားရေးလည်း ပက်ပက်စက်စက် ကျတာပေါ့လေ။ ဟိုပိုးကျပြန်တော့လည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဇီးရိုးကဗကို ရွှေဉာဏ်တော်စူးရောက်ပြီး လုပ်ထားမိတော့ အဲဒီပိုးနဲ့မသေပဲ တခြားရောဂါ/တခြားပြဿနာနဲ့ သေတဲ့သူပဲ တိုးလာတော့တာပေါ့။
ကလော့စ်ရွှက်ဘ်ပြောတဲ့ စံနမူနာဆိုတာ အဲဒီသုညကဗကို ပြောတာ ဖြစ်ဖို့များပါတယ်။ ၂၀၂၀တုန်းကလည်း တရုပ်က ကိုယ့်လူတွေကိုယ်အရင်ချကျွေး၊ ကမ္ဘာမှာ တခါမှ မလုပ်ဖူးတဲ့ လော့ဒေါင်းတွေ လုပ်ပြပြီး သူတို့မကောင်းတာ ဘယ်တုန်းကမှ မပြဘူးတဲ့ ကမ္ဘာကို ချပြ၊ ဟူးတို့ ယူနိုက်တက်နတ်သင်းတို့ ဖောက်ချီတို့က ဝိုင်းညာသံပေးပြီး ဂွင် မဝင်ဝင်အောင် လုပ်ခဲ့ကြလို့ လူတွေ သောက်သောက်လဲ သေ၊ ဘဝတွေပျက်၊ စာတိုက်မဲတွေနဲ့ ဦးနှောက်မကောင်းတော့တဲ့ တရုပ်ရုပ်သေးက သမ္မတတက်ဖြစ်၊ မဟုတ်ဘူးလား။ ရောဂါဖြစ်လို့ စွတ်ကြောက်နေရင် သေဖို့က တဝက်သေချာနေပြီလေ။ အခုလဲ လုပ်ပြနေပြန်ပြီ။ ဘယ်လိုလဲ၊ အဆင်သင့်ပဲလား။
တလောက ဘာလီမှာ G-20 ခေါင်းဆောင်တွေ တွေ့တုန်းကလည်း နိုင်ငံတကာခရီးသွားဖို့အတွက် ကကဆထိုးထားကြောင်း သက်သေခံအထောက်အထားတခုကို ကမ္ဘာ့စံအဖြစ် သတ်မှတ်ဖို့နဲ့ ဂလိုဘယ် ဒစ်ဂျစ်တယ်ကျန်းမာရေးကွန်ယက်ထူထောင်ဖို့ အဆိုပြုခဲ့ကြပြီး အဲဒါတွေကို ဟူးက ရေးဆွဲထားတဲ့ ဒစ်ဂျစ်တယ် ကဗနိုင်တင်းကကဆပတ်စ်ပို့အပေါ်မှာ အခြေပြုသွားမှာတဲ့။ ပေါ့ပေါ့တွေးရင်တော့ ကိစ္စမရှိဘူးပေါ့၊ ကမ်းကုန်အောင် ယုတ်မာတတ်တဲ့ လူ့စိတ်ကို ထည့်တွက်ဖို့တော့ လိုမယ်။ အခုတောင် တရားဥပဒေကို မျက်ကွယ်ပြုပြီး သူတို့ကို ဝေဖန်/စိန်ခေါ်သူတွေကို တဖက်စောင်းနင်း နှိပ်ကွပ်နေတာလေ။
ကကဆအကြောင်းပြပြီး ဂလိုဘယ်နက်ဝေါ့ဖွဲ့လိုက်ရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ဘယ်နားသွားမျဥ်းသားကြမှာလဲ။ အားလုံးက သူတို့လက်ခုတ်ထဲက ပွန်းလေးတွေ ဖြစ်မကုန်ဘူးလား။ တရုပ်ပြည်မှာတော့ ဆိုရှယ်ခရက်ဒစ်အမှတ်ပေးစနစ်ဆိုတဲ့ နာမည်လှလှလေးနဲ့ သူတို့စိတ်တိုင်းကျမနေရင် ဘတ်စ်တောင် စီးမရ စားစရာတောင် ဝယ်မရအောင် လုပ်ထားတာ။ ဂလိုဘယ်နက်ဝေါ့ခ်ကနေဆို အဲဒီလိုဂျောက်ကိုကျဖို့ လက်၂လုံးတောင် မလိုတော့ဘူးဖြစ်မှာ။ အထူးသဖြင့် တကိုယ်ရည်လွတ်လပ်မှုကို လုံးဝတန်ဖိုးမထားတဲ့ ဒီမိုကရက်တွေက မကျကျအောင် တွန်းပါလိမ့်မယ်။
သူတို့တွန်းနေတဲ့ ကကဆဆိုတာကလည်း ဒီပိုးကြောင့် လျှောတဲ့သူတွေထဲမှာ ဆေးထိုးထား ဘုစ်ထားတဲ့သူတွေ လျှောတာက ၅၈ ရာနှုန်းဆိုတော့ အများစုလို့ ပြောရမှာပဲ။ အဲဒီလိုထိုးထားတဲ့ အုပ်စုမှာ မွေးကင်းစသေတာရော၊ တခြားရောဂါတွေနဲ့ သေနှုန်းရော အများကြီး တက်လာတာရော၊ လူငယ်တွေကြား ရုတ်တရက်သေတာတွေ အများကြီးတိုးလာတာရော မစဥ်းစားသင့်ဘူးလား။
ကဗကကဆတွေကရာ ဈေးတွေ ၂၀ရာနှုန်း တက်ပစ်လိုက်ပြန်ပြီ။ လူတွေအိတ်ထဲက တိုက်ရိုက်ပေးရတာမဟုတ်ပေမယ့် အစိုးရစရိတ်ဟာ ပြည်သူ့အိတ်က လာတာပဲလေ။ ဒီမှာသာ ၆လအထက်ကလေးကအစ ထိုးခိုင်းပေမယ့် ယူကေမှာ ၄၀အောက်တွေ မလိုရင် မထိုးဖို့ ပြောနေပြီ။ အီးယူကလည်း ကဗကကဆကို သူ့လူဦးရေရဲ့ ၁၀ဆစာ ဝယ်ဖို့ စာချုပ်ထားတယ်။ အားလုံးက သွေးရိုးသားရိုးလို့ ထင်နေရင်လည်း အေးတာပေါ့လေ။ မထင်ရင်တော့ မျက်စေ့တွေ နားတွေ ဖွင့်ထားဖို့လိုမယ်။