နိုဝင်ဘာ ၂၉ ရက် ၂၀၂၂

ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲက ကာတာမှာဆိုပေမယ့် တရုပ်က စတေဒီယံဆောက်တာကအစ ကစားသမားတွေ အဝတ်အစား၊ ဆုတံဆိပ်၊ အခမ်းအနား စတာတွေ အားလုံးကို တရုပ်ကပဲ ကြီးမှူးလုပ်သွားတာပါ။ ကဏ္ဍမျိုးစုံမှာ တရုပ်ပြည်ကလူတွေကိုယ်တိုင် လာရောက်ကြီးကြပ်ခဲ့ကြပြီး တရုပ်ပြည်က ပန်ဒါ ၂ကောင်တောင် ဖွင့်ပွဲအတွက် ပို့လိုက်ပါသေးတယ်။ အဲဒီလို ကူညီခဲ့တာတွေအတွက်လည်း ဓါတ်ငွေ့ရေဝယ်ဖို့ ကန်ထရိုက်အကြီးကြီး ရလိုက်ပါတယ်။ ဘယ်လောက်ကြီးသလဲဆိုတော့ တန် ၄သန်းကို ၂၇နှစ်စာချုပ် ရလိုက်တာပါ။ ဘိုင်ကြီးကျေးဇူးနဲ့ ကမ္ဘာမှာ စွမ်းအင်အကြပ်အတည်း ဖြစ်နေချိန်ဆိုတော့ ဓါတ်ငွေ့ရည်စာချုပ်ကြီးကြီး ရလိုက်တာဟာ စီးပွားရေးအရရော နိုင်ငံရေးအရပါ အကျိုးအမြတ်ကြီးမှာ အသေအချာပါပဲ။

တရုပ်ကုမ္ပဏီတွေတော်တော်များများရော တရုပ်အစိုးရပါ ဒီနှစ်ကမ္ဘာ့ဖလားပွဲကနေ အကျိုးအမြတ်အများကြီး ရကြတာဖြစ်တော့ တရုပ်ရုပ်သံတွေက အားတက်သရော နှိုးဆော်ကြော်ငြာပေးနေကြတာပါ။ အဲဒီထဲမှာ မပျော်နိုင်ကြသူတွေကတော့ တရုပ်ဘောလုံးအသင်းပဲ ဖြစ်ပါတယ်။ တချိန်က ကမ္ဘာ့ဖလားဗိုလ်လုပွဲတောင် တက်လာခဲ့ဖူးတဲ့နိုင်ငံက ခုဆိုရင် ခြေစမ်းပွဲမှာ ဗီယက်နမ်ကိုတောင် ရှုံးတဲ့အဖြစ် ရောက်နေပါပြီ။ ဒီပုံအတိုင်းဆို နောက်ဆိုရင် မြန်မာအသင်းကိုပါ ရှုံးတော့မှာဖြစ်ပြီး ကြာရင် သူ့နောက်မှာ ဘယ်သူမှရှိတော့မှာမဟုတ်ဘူးလို့တောင် ပြောနေကြပါတယ်။

ပန်ဒါတွေတောင် သွားဆင်နွှဲခွင့်ရနေတဲ့ ကမ္ဘာ့ဖလားပွဲမှာ တရုပ်အသင်း တက်ရောက်မဆင်နွှဲလိုက်ရတဲ့ အဓိက အကြောင်းရင်းတခုကတော့ တရုပ်ဘောလုံးကလပ်တွေ တရုပ်ဘောလုံးအဖွဲ့ချုပ်စတာတွေမှာ ခြစားမှုတွေ ရှိနေလို့ပဲလို့ ချိုင်းနားအင်ဆိုက်က ဆိုပါတယ်။ တရုပ်ဘောလုံး ခေတ်ကောင်းခဲ့စဥ်က တရုပ်တံခါးဖွင့်စီးပွားရေးလည်း ကောင်းချိန်ဖြစ်လို့ အစိုးရက ဦးစီးတာကနေ ပုဂ္ဂလိက ကလပ်အသင်းလေးတွေပုံစံကို ပြောင်းလာပါတယ်။ ကလပ်အသင်းလေးတွေကလည်း ခိုနီခိုပြာတွေ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေက ပိုင်ကြတာပါ။ အဲဒီမှာ အာနာရှင်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ရာထူးကြီးတဲ့သူပြောရင် ပြန်မပြောရဲတာရော၊ သူ့လူကိုယ့်လူထည့်စေချင်တာရော၊ စီးပွားရေးအရ မကင်းရာမကင်းကြောင်း တွေရောနဲ့ တရုပ်အသင်းလည်း ဦးမော့တဲ့ဘဝတောင် ပြန်မရောက်တော့ဘူး ဖြစ်နေတာပါ။

ကမ္ဘာ့ဖလားဆိုလို့ အမေရိကန်အသင်းကပ္ပတိန် တိုင်လာအဒမ်စ်ကအီရန်သတင်းသမားရဲ့ ရန်တွေ့ ရန်လိုတဲ့ မေးခွန်းကို ပြန်ဖြေသွားတာလေး သဘောကျလို့ မသိလိုက်သေးသူတွေအတွက် ပြန်ပြောပြပါမယ်။ အီရန်သတင်းသမားက မင်းငါ့နိုင်ငံနာမည်ကို အသံထွက်တာ မှားနေတယ်လို့ အရင်ပြောပြီး အမေရိကန်လို လူမည်းတွေကို ခွဲခြားဆက်ဆံနေတဲ့နိုင်ငံကို ကိုယ်စားပြုရတာ မင်းမရှက်ဖူးလားလို့ မေးပါတယ်။ တိုင်လာက အသံထွက်မှားတဲ့အတွက် အရင်တောင်းပန်လိုက်ပြီး ငါကလူမည်းဆိုပေမယ့် လူဖြူတွေကြားထဲမှာ ကြီးလာတာ၊ နိုင်ငံတော်တော်များများမှာလည်း နေဖူးတယ်၊ ခွဲခြားဆက်ဆံတယ်ဆိုတာ နေရာတိုင်းမှာ ရှိနေတဲ့အရာ၊ ဒါပေမယ့် အမေရိကန်က ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်နေတဲ့နေရာမှာ အတိုးတက်ဆုံးပဲလို့ ပြန်ဖြေခဲ့ပါတယ်။

ဒါနဲ့ စကားမစပ် တရုပ်က ဓါတ်ငွေ့ရည် တန် ၄သန်းကို ၂၇တောင် ဝယ်မှာဆိုတော့ ဘိုင်ကြီးတို့ အနောက်ကမ္ဘာက တွန်းနေတဲ့ ဂရင်းအင်နာဂျီကို နှပ်ပစ်လိုက်တဲ့သဘော ဖြစ်နေပါတယ်။

အဲဒါနဲ့ ဆက်စပ်နေတဲ့သတင်းက ကမ္ဘာမှာ ဒုတိယအကြီးဆုံး အစားအစာတင်ပို့သူ နယ်သာလန်မှာ လယ်သမားတွေကို အီးယူစံနှုန်းတွေနဲ့ အညီ နိုက်ထရိုဂျင်ထုတ်လုပ်တာကို လျော့မချနိုင်ရင် သူတို့လယ်ယာမြေတွေကို အစိုးရကို ပြန်ရောင်းရမယ်လို့ လယ်သမားတွေကို ဖိအားပေးနေပါတယ်။ ပေါက်ဈေးထက် ပိုပေးမယ်လို့ ဆိုပေမယ့် သူတို့တွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ ပျက်စီးကုန်မှာပါ။

အဲဒီအတွက် အစိုးရမှာ ဘာအစီအစဥ်ရှိလဲဆိုတာတော့ ပြောထားတာ မတွေ့ပါဘူး။ လယ်သမားတွေလည်း ဆန္ဒပြ တောင့်ခံလာတာ လအတော်ကြာ ရှိလာပါပြီ။ အစိုးရက ပုဂ္ဂလိက လယ်ယာမြေတွေ ဝယ်ပြီးရင် နောက်တဆင့် ဘာတွေ ဖြစ်လာနိုင်မလဲ၊ အစိုးရက တရုပ်တို့ဘာတို့ကို ကန်ထရိုက်ပြန်ပေးမှာလား၊ ဆိုရှယ်လစ်တိုင်းပြည်တွေမှာလို နိုင်ငံပိုင်လုပ်၊ လယ်သမားယာသမား မွေးမြူရေးသမားတွေကို အငှားပြန်ချထားပြီး သူတို့ စိုက်/မွေးစေချင်တာ လုပ်ခိုင်းမှာလား​။ ဘာပဲရွေးရွေး ခုလို ဖရီးမားကက်နဲ့ လယ်/ယာ/မွေးသမားတွေ ဈေးကွက်လိုအပ်ချက်အတိုင်း လွတ်လွတ်လပ်လပ် သဘာဝကျကျ လုပ်ကိုင်နေတာထက် ကောင်းနိုင်ပါ့မလား။

နိုက်ထရိုဂျင်အီမစ်ရှင်က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုတဲ့ ဘူးရှစ်တွေ အကြောင်း ပြောမယ်ဆိုရင် ကမ္ဘာ့ပတ်ဝန်းကျင်ကို အညစ်ပတ်စေဆုံးက တရုပ်၊ အိန္ဒိယ၊ တောင်အာရှ၊ စတာတွေ မဟုတ်ဘူးလား၊ အမေရိကန်နဲ့ ဥရောပက သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးလေ။ အဲဒါကို ညစ်ပတ်နေတဲ့ကလေးကိုကျတော့ ဘူလီဖြစ်နေလို့ ဘာမှမပြောပဲ သန့်နေပြီးသားကလေးကို ဒုတ်ပြပြီး ထပ်ခါထပ်ခါ ဆပ်ပြာတိုက်ရေချိုးခိုင်းနေတာက ကျိုးကြောင်းဆီလျော်မှု ရှိလို့လား။

အဲဒါတွေနဲ့ ဆက်စပ်ပြီး ကြည့်သင့်တာက အမေရိကန်မှာ ဘေလ်ဂိတ်စ်လို တရုပ်ဖက်ပင်းတဲ့ ကမ္ဘာ့ရွာသမားတွေနဲ့ တရုပ်တွေက စိုက်မြေတွေ အကြီးအကျယ် ဝယ်နေသလို အစိုးရက အရာရာကို ဝင်စီမံစေချင်တဲ့ ဒီမိုကရက်ဘိုင်ကြီးအစိုးရကလည်း နိုင်ငံပိုင်မြေနေရာ ချဲ့ထွင်တာတွေ အကြီးအကျယ် လုပ်နေတာပါ။ လော်ဘီတွေ ခြစားတွေကျေးဇူးနဲ့ အမေရိကန်က ဥရောပနဲ့စာရင် ပြုပြင်ပြီးအစားအစာတွေမှာ တော်ရုံအန္တရာယ်ရှိတာကို ပိတ်ပင်မထားပါဘူး။

အဲဒါကြောင့်လည်း ဆယ်လီအတင်းအဖျင်းနဲ့ လိုကယ်သတင်းလောက်ပဲသိတဲ့ ဗဟုသုတနည်းတဲ့ အမေရိကန်တွေ မကျန်းမာကြတာ ဖြစ်ပါတယ်။ မကျန်းမာလို့ ဆေးတွေလှိမ့်သောက်နေရတော့ ဆေးကုမ္ပဏီကြီးတွေ ပျော်တာပေါ့လေ။ ကျန်းမာရေးဆိုတာကလည်း မကုန်မဖြစ်ဆိုတော့ အိုစာမရှိ နာစာရှိရတော့တာပေါ့။ တခုဖြစ်လို့ ဆေးသောက်၊ ဘေးထွက်ဆိုးကျိုးကြောင့်နောက်ထပ်ရောဂါတခုရ၊ ဆေးအမျိုး ပမာဏတိုးလာဆိုတော့လည်း ပျော်စရာကြီးပေါ့။ အက်ဖ်ဒီအေကလည်း စိတ်ချရတာကိုး။

တရုပ်ပြည်မှာ ဇရိုးကဗကို မကျေနပ်တာကစပြီး ရှီဆင်းပေးဖို့အထိပါ ဆန္ဒပြမှုတွေ နေရာတော်တော်များများမှာ ဖြစ်နေပါတယ်။ ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ တင့်ကားတွေ ပို့လိုက်တဲ့ သတင်းကိုတော့ ယူကေက ဒေးလီးမေးလ်နဲ့ ဩဇီတို့ အိန္ဒိယတို့က ပြကြပေမယ့် အမေရိကန်မီဒီယာကြီးတချို့က စတိလောက်ပဲ ပြကြတာဟာ တရုပ်အငြိုငြင် မခံဝံ့တဲ့ အမေရိကန်မီီဒယာတွေရဲ့ အနေအထားကို မီးမောင်းထိုးပြနေသလိုပါပဲ။

ဆန္ဒပြသူတွေ အချင်းချင်းရှယ်ကြတဲ့ အဲဒရော့ပ်ဖန်ရှင်ကို ပန်းသီးက တရုပ်ပြည်အတွက် ပိတ်ထားလိုက်ခြင်းဖြင့် အာဏာရှင်တွေကို သိသိိသာသာ ပင်းလိုက်ပါတယ်။ အဲဒါက အဆန်းတော့ မဟုတ်ပါဘူး။ တင်မ်ကွတ်ခ်က တရုပ်ပြည်ကို အမြဲကာကွယ်ပြောဆိုခဲ့သလို တရုပ်ပြည်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းလည်း တလုံးတပါဒမှ ဝေဖန်ဝံ့သူ မဟုတ်ပါဘူး။ တရုပ်ရဲ့ သဘာဝပတ်ဝန်းကျင်ပေါ်လစီတွေက စံပြပါပဲလို့တောင် ဗြောင်လိမ်သေးတာပါ။

တွဒ်တာက ထရမ့်ကို ဘန်းခဲ့တုန်းက ပါလာကို လူတွေပြောင်းသုံးကြတာမှာ ပါလာကို အက်ပ်စတိုးက ဖယ်ထုတ်ပစ်ခဲ့သလို အခု အီလွန့်လက်ထက်တွဒ်တာကိုပါ အက်ပ်စတိုးက ကန်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ အမေရိကန်လူငယ်တွေရဲ့ ဒေတာတွေကိုခိုးပြီး စိတ်ဓါတ်တွေ ပျက်ပြားအောင် လုပ်နေတဲ့ တစ်တော့ကိုကျတော့ နည်းမျိုးစုံနဲ့ အကာအကွယ်ပေးနေတဲ့ တစ်ပစ်ကယ်အီလိပါ။

အဲဒီကမ္ဘာ့ရွာအီလိကြီးတွေက တရုပ်စီစီပီကို အတင်းကြီး ကာကွယ်ပေးနေတဲ့ အကြောင်းပြချက်ကိုတော့ “World peace through world trade” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကာဗာယူထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်၊ ကမ္ဘာ့နိုင်ငံတွေကို ကြွေးနဲ့သိမ်း၊ နိုင်ငံရေးသမား/ခေါင်းဆောင်တော်တော်များများကို အကျင့်ပျက်ခြစားတွေ ဖြစ်အောင်လုပ်၊ ကမ္ဘာ့လွတ်လပ်မှုမြတ်နိုးသူများအားလုံးရဲ့ ရန်သူဖြစ်တဲ့ မကောင်းဆိုးဝါးကို ကြက်ဥတိုက်နေတာက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်တဲ့လား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: