နိုဝင်ဘာ ၃၀ ရက် ၂၀၂၂

တရုပ်ပြည်မှာ ၁၉၈၉ တီယန်နန်မန်ရင်ပြင်သတ်ဖြတ်မှုတွေနဲ့ ဖ’လုန်ကုန်းအဖွဲ့တွေကို ရက်ရက်စက်စက်နှိမ်နှင်းခဲ့ရာမှာ တာဝန်အရှိဆုံးဖြစ်ခဲ့တဲ့ အသက် ၉၆နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ကျန်ဇီမင်းဟာ ဒီကနေ့မှာ သူမြို့ဝန်လုပ်ခဲ့ဖူးတဲ့ ရှန်ဟဲမြို့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲက လူကီးမီးယားအပါအဝင် ရောဂါတချို့ ခံစားနေရတာဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်စခဲ့တဲ့ တံခါးဖွင့်စီးပွားရေးကို အရှိန်မြှင့်ခဲ့သူ၊ တရုပ်ပြည်ကို ချမ်းသာလာအောင် လုပ်ပေးခဲ့သူအဖြစ် ခေါင်းစည်းတပ်ကြပြီး တီယန်နန်မန်ရင်ပြန်နဲ့ အဖွဲ့ဝင်သန်းပေါင်းများစွာပါဝင်တဲ့ ဖ’လုံကုန်းအဖွဲ့ကို နှိမ်နှင်းခဲ့တာတွေကိုတော့ ခြစားမီဒီယာတွေက ဖော်ပြခဲ့ရင်တောင် မထင်မရှားလောက်သာ ဖြစ်နေတာ တွေ့ရပါတယ်။

တီယန်နန်မန်ရင်ပြင်မှာ ဆန္ဒပြသူပေါင်းမြောက်များစွာကို သတ်ခဲ့တာက တိန့်ရှောင်ဖိန်လက်ထက်မှာ ဖြစ်ပြီး အဲဒီအရေးအခင်းကြောင့် ပါတီတွင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ သူ့ထက် စီနီယာကျတဲ့ ကျောက်ကျိယန်က အဲဒီအချိန်မှာ ပါတီထွေ/တွင်းချုပ်ဖြစ်နေပြီး ဆန္ဒပြသူတွေအပေါ် သက်ညှာစွာ ကိုင်တွယ်လိုတဲ့အတွက် ဖယ်ရှားခံခဲ့ရပြီး သူ့နေရာကို ကျန်ဇီမင်းနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

ကျန်ဟာ တိန့်ရှောင်ဖိန်သတ်မှတ်ခဲ့တဲ့ သမ္မတသက်တမ်း ၂ခု ကန့်သတ်ချက် ပြည့်ပြီးတဲ့အခါမှာ သမ္မတရာထူးကို စွန့်ခဲ့ပေမယ့် တပ်ကိုတော့ နောက် ၂နှစ်ကြာ ဆက်ကိုင်ထားပြီး သူ့နောက်ကျော လုံစေဖို့အတွက် သူ့လူတွေ တက်လာနိုင်ဖို့ ဆက်ကြိုးစားခဲ့ပါတယ်။ ကျန်ဟာ မကြာသေးမီက လေဖြတ်သွားတဲ့ မြန်မာပြည်က တီဗီမင်းသားကြီးလို တီဗီမှာပါရတာ နှစ်သက်ပြီး ကျန်က အာဝဇ္ဇန်းရွှင်ကာ အမေရိကန်မီဒီယာတွေနဲ့ တွေ့ဖို့ အမြဲတက်ကြွနေလေ့ရှိသူဖြစ်ပါတယ်။

ရှန်ဟဲဂိုဏ်းကလာတဲ့ ကျန်ဟာ ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ကလာတဲ့ ဟူကျင်တောင်ကို အာဏာလွှဲပေးခဲ့ပေမယ့် ဟူရဲ့လူတွေကို အရေးပါတဲ့နေရာတွေမှာ ခန့်လို့မရအောင် ပေါ်လစ်ဗျူရိုမှာထိုင်ပြီး ဗီတိုလုပ်နေခဲ့ပါတယ်။ ရှီကတော့ ပါတီအပေါ်သစ္စာရှိတဲ့မိသားစုက လာတာဖြစ်ပေမယ့် ဘာမှနောက်ခံသိပ်မရှိ၊ ထင်ရှား/ထက်မြက်/အောင်မြင်နေတာမျိုးလည်း မရှိတဲ့အတွက် ကျန်တို့အဖွဲ့က သူတို့ လွယ်လွယ်ကူကူ ထိန်းချုပ်လို့ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တင်ထားခဲ့တာ ဖြစ်ပါတယ်။

ရှီက ဒုသမ္မတဖြစ်နေစဥ်မှာ ရိုရိုကျိုးကျိုးပဲ နေခဲ့ပြီး ၂၀၁၂ သမ္မတဖြစ်လာတော့မှ ကျန့်ဂိုဏ်းရော ဟူ့ဂိုဏ်းရောကိုပါ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးခေါင်းစဥ်နဲ့ ရက်ရက်စက်စက် နှိမ်နှင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သမ္မတသက်တမ်း ၂ဆက်ကုန်တဲ့အခါမှာ သူ့နောက်ကျောလုံစေဖို့ ဥပဒေကိုပြင်ပြီး ရာသက်ပန် ထိုင်ခုံမြဲဖို့ လုပ်ခဲ့တာ နေမှာပါ။ အိုချိန် နာချိန်ကျရင် ဘာတွေဖြစ်လာမလဲ၊ အဲဒီအချိန်အထိရော ခံပါ့မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။

ကျန့်အသက်အရွယ်နဲ့ ရောဂါအခြေအနေအရ သေဆုံးတာ ဘာမှမဆန်းပေမယ့် အခုလို ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲဖြစ်နေချိန်မှာ အထင်ကရခေါင်းဆောင်ဟောင်းတဦး သေဆုံးခဲ့တာဟာ ရှီအတွက် အကြပ်ရိုက်စရာဖြစ်နိုင်သလို ဆန္ဒပြသူတွေအတွက်လည်း အခွင့်ကောင်းတခု ဖြစ်နေနိုင်ပါတယ်။​ ပါတီက ခေါင်းဆောင်ဟောင်းရဲ့ အသုဘအခမ်းအနား ကျင်းပတာကို တားမြစ်ဖို့အထိတော့ မလုပ်လောက်ဖူးလို့ ယူဆနေကြတာပါ။

အာဏာရှင်စနစ်မှာ လက်နက်မဲ့ပြည်သူကို ညှာရိုးထုံးစံမရှိတော့ ရက်ရက်စက်စက် နှိမ်နှင်းတာမျိုးတွေ မလုပ်ဖို့ အနောက်ကမ္ဘာက လူ့အခွင့်အရေးသမားတွေ (ယူ)အန်အဖွဲ့ကြီးတို့က တရုပ်တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ အပေါ် သတိထားကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်းတို့ စိတ်ပူ ဝမ်းပူ ကိုယ်ပူမိပါကြောင်း စတာတွေ မပြောတော့ဘူးလား သိချင်လို့ စောင့်ကြည့်နေမိပါတယ်။

အီလွန်ကတော့ ပန်းသီးကတင်မ်ကွတ်ခ်နဲ့ ကနေ့သွားတွေ့ပြီး တင်မ်က ပန်းသီးအနေနဲ့ တွဒ်တာကို ဘန်းဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိပါဘူးလို့ ပြောလိုက်ပါတယ်။ ပန်းသီးက ထိပ်တန်းအရာရှိတွေထဲမှာတော့ အီလွန်လက်ထက်တွဒ်တာကို မသုံးတော့ဘူးဆိုပြီး ထွက်သွားသူတွေ ရှိနေပါတယ်။ အဲဒီထဲမှာ အက်ပ်စတိုးကိုကိုင်တဲ့ ဖေလ်ရှေလာလဲ ပါနေပါတယ်။ အဲဒါကြောင့် တင်မ်ရဲ့ ပြောကြားချက် ဘယ်လောက်ခံ/မခံဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။

အီလွန်က ပန်းသီးကို ဝေဖန်နေတာ အက်ပ်စတိုးကနေ ပယ်ရှားခံရမယ့်ကိစ္စအပြင် ကြော်ငြာလျော့တာရော၊ အက်ပ်ကနေ ဝင်တဲ့ ဝင်ငွေအပေါ်မှာ ၃၀ရာနှုန်းအထိ အမြတ်ယူတာရော ပါတယ်လို့ ဆိုကြပါတယ်။ တွဒ်ချုပ်ကြီးက ပန်းသီးရဲ့ ၃၀ရာနှုန်းအမြတ်ကို ၃၀ရာနှုန်းအခွန်လို့ ခေါ်လိုက်ပါတယ်။ ဘာမှ အထွေအထူးမလုပ်ရပဲ ၃၀ရာနှုန်းအမြတ်ယူတာကတော့ မိုနိုပိုလီ ကျလွန်းတ, အမှန်ပါ။

အီလွန်ရဲ့ တွဒ်တာမှာ အရင်ကြော်ငြာထည့်နေကျဖြစ်တဲ့ ထိပ်ဆုံး ၁၀၀ ထဲက ၅၀လောက်က အီလွန်လုပ်တာကိုင်တာကိုတောင် စောင့်မကြည့်ပဲ ကန်ဆယ်လ်လုပ်လိုက်ကြပါပြီ။ ပန်းသီးက တွဒ်တာမှာ ကြော်ငြာဖို့ တနှစ်ကို သန်း၁၀၀လောက် သုံးစွဲနေတာကနေ အများကြီး ဆိုင်းငံ့လိုက်တဲ့အတွက် တွဒ်တာရဲ့ ဝင်ငွေ အများကြီး လျော့သွားနိုင်နေတာပါ။​ ပန်းသီးရဲ့ တနှစ် သန်း၁၀၀ ပျှမ်းမျှသုံးတာမှာမှ ဒီနှစ် ပထမ ၃လပတ်မှာ ၄၈သန်းတောင် သုံးထားခဲ့ပြီး အဲဒါကို ခုမှ လျော့လိုက်တာပါ။ ကော်ပိုရိတ်ကြီးတွေရဲ့ညစ်လုံးဆိုပါတော့။ ခြစားဒီမိုကရက်တွေ လက်ထက်မှာ ကော်ပိုရိတ်ကြီးတွေနဲ့ အကျင့်ပျက်နိုင်ငံရေးသမားတွေ ပေါင်းပြီး ပြည်သူကို (သို့) ပြည်သူဖက်က ရပ်တဲ့သူကို ဝိုင်းပညာပြကြတဲ့ပွဲလို့ပဲ ပြောရမှာပါ။

အီလွန်တက်ပြီးနောက်ပိုင်း ပွင့်လင်းမြင်သာမှု တစတစ ပြန်ရလာတဲ့အတွက် သုံးစွဲသူအင်နဲ့အားနဲ့ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ တွဒ်တာကို စီးပွားရေးကြောင့်မဟုတ်ပဲ နိုင်ငံရေး/ ပုဂ္ဂိုလ်ရေး အမုန်းတရားတွေကြောင့် ကန်ဆယ်လ်လုပ်မယ်ဆိုရင် ဒါဟာ အာဏာရှင်နိုင်ငံတွေက အပြုအမူမျိုးပဲ ဖြစ်ပါလိမ့်မယ်။

အီလွန်မှာကတော့ ဖုံးထုတ်မယ်ဆိုလည်း ထုတ်နိုင်တဲ့ အနေအထား လုပ်နိုင်တာအပြင် ဂြိုလ်တုကနေ အင်တာနက်ကလည်း ရနိုင်တာကြောင့် တကယ်သာထုတ်ဖြစ်ခဲ့ရင် ဖုံးရော ဒေတာ/အင်တာနက်ရော ကားရောပါ ရနိုင်မယ့် one stop shop ဖြစ်လာမှာပါ။ အဲဒီလိုမျိုးကို ပန်းသီးတို့ လိုလားမယ်မထင်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: