တွဒ်တာဖိုင်တွေ ထွက်လာပြီး ဒီမိုကရက်တွေ မဟုတ်တာလုပ်ထားတာတွေ ဗူးပေါ်သလို ပေါ်တော့မှာဖြစ်တဲ့အတွက် အီလွန်ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောင်း ဝိုင်းပြောနေခဲ့ကြတာ တွဒ်တာဖိုင်တွေ ထွက်လာတော့မယ်ဆိုကတဲက ဖြစ်ပါတယ်။ ကနေ့မှာတော့ အီလွန်က မကောင်းတာတခုခု ဖြစ်လာနိုင်ခြေ (သို့) လုပ်ကြံ/ချောင်းပစ်ခံရနိုင်ခြေက မြင့်လွန်းနေတဲ့အတွက် အပြင်မှာ လုံခြုံရေးမပါပဲ ပွဲလုပ်တာမျိုး၊ အော်တိုရေးပေးတာမျိုးတွေကို ရှောင်ရှားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူက အလုပ်ကိုပဲ အာရုံအပြည့်ထားတတ်သူဖြစ်လို့ သူ့ကို တကယ် လုပ်ကြံချင်တယ်ဆိုရင် မခဲယဥ်းဘူး၊ ဒါပေမယ့် အဲဒီလို မလုပ်ဖူးလို့တော့ မျှော်လင့်ပါတယ်လို့ ပြောသွားပါတယ်။
အဖ်ဘီအိုင်ရော တရားရေးဌာနရောက ဒီမိုကရက်လက်ကိုင်ဒုတ်တွေ ဖြစ်နေလေတော့ လုပ်ပြီး လက်စဖျောက်ဖို့ဆိုတာလည်း ခဲယဥ်းမှာ မဟုတ်ဘူးလေ။ ဟေလာရီအကြောင်း သိသွားတဲ့သူတွေ မကြည်တော့တဲ့သူတွေလည်း မပြန်လမ်းကို ကြွသွားခဲ့ကြလို့ ကေလာရီလို့တောင် ခေါ်ခဲ့ကြတာပဲလေ။ အဖ်ဘီအိုင်အပိုင်ကိုင်ထားတော့ အမှုတွေလည်း ဘယ်တုန်းကမှ မပေါ်ခဲ့ပါဘူး။ ရီပါဘလစ်ကန်တွေလက်ချက်နဲ့ လူဘယ်နှစ်ယောက်များ အသက်ဆုံးရှုံးဖူးလို့လဲ ဆိုတာနဲ့ ယှဥ်ကြည့်ကြဖို့ လိုပါတယ်။
အီလွန်က အရင်တွဒ်တာအနေနဲ့ ဖရီးစပိချ်ကို ဖိနှိပ်တာတွေဟာ ခြေဥပြင်ဆင်ချက် ၁ ဖြစ်တဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ဖောက်ဖျက်တယ်လို့ မဆိုနိုင်ပေမယ့် တရား/မတရား စီစစ်တာအလျဥ်းမရှိပဲ အစိုးရရဲ့ လက်ကိုင်ဒုတ်အဖြစ် အစိုးရဖြစ်စေချင်တဲ့အတိုင်း လိုက်နှိပ်ကွပ်နေတာကတော့ ခြေဥပြင်ဆင်ချက် ၁ကို ချိုးဖောက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်အစိုးရက အာဏာအလွဲသုံးတာ မဆန်းတော့ပေမယ့် တရားရုံးရောက်ရင်သာ တရားသူကြီးတွေ အဂတိမလိုက်စားဖို့ မျှော်လင့်ပါတယ်။
ဟေလာရီက အာကန်ဆောက Clinton Presidential Center မှာ အီရန်တို့ အာဖဂန်တို့က မိန်းမတွေရဲ့ အမျိုးသမီးအခွင့်အရေးအကြောင်း ပြောကြားရာမှာ အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချခွင့် မပေးတာဟာ စစ်အတွင်းမှာ တဖက်က သုံ့ပန်းမိန်းမတွေအပေါ် စော်ကားတာကို စစ်လက်နက်တခုအနေနဲ့ သုံးတာမျိုးပဲလို့ နှိုင်းယှဥ်သွားပါတယ်။ အဲဒီနိုင်ငံတွေမှာ အဓိက အမျိုးသမီးအခွင့်အရေး ပြဿနာက ကိုယ်ဝန်ဖျက်ချခွင့်မှ မဟုတ်တာလေ။ တန်းတူ ပညာသင်ခွင့်၊ တန်းတူအလုပ်လုပ်ခွင့်၊ အိမ်ထောင်ရေးမှာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်၊ ကိုယ့်ဘဝ ကိုယ်ဖန်တီးနိုင်ခွင့်၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို အတင်းအကျပ်အိမ်ထောင်ချပေးတာမျိုး တားဆီးဖို့ စတာတွေ လုပ်စရာ အများကြီးကို ကျော်ပြီး ကိုယ်ဝန်ဖျက်တာကိုပဲ မီးမောင်းထိုးနေတဲ့သူကို လူကောင်းလို့ ခေါ်နိုင်ပါ့မလား။
သူမက ကိုယ်ဝန်ပျက်တာမျိုး၊ ကိုယ်ဝန်ဆောင်စဥ် ကျန်းမာရေးပြဿနာ ရှိလာတာမျိုး ဖြစ်လာရင်တောင် ကိုယ်ဝန်ဖျက်ချတာ ဆန့်ကျင်သူတွေကြောင့် မိန်းမတွေ ကျန်းမာရေးဝန်ဆောင်မှု မရလို့ အသက်ဆုံးရှုံးကြတယ်လို့ လိမ်ပါတယ်။ သူတို့တွန်းနေတဲ့ အဓိကကိုယ်ဝန်ဖျက်ချတဲ့ ပလန်းပဲရင့်ဟွတ်ရုံးခွဲတွေမှာ ဘာကုသမှု၊ ဘာဆွေးနွေးမှုမှမပေးပဲ လာသမျှလူ ဖျက်ချဖို့ သက်သက်ပဲ လုပ်တာပါ၊ ဖျက်ချရင်း အသက်ဆုံးရှုံးခဲ့တာတွေ တသက်ကလေးမရနိုင်တော့တာတွေလည်း မနည်းပါဘူး။
အရီဇိုးနားက ရကပွဲတွေမှာ ပြဿနာတွေတော်တော်တက်ခဲ့ပေမယ့် ပြည်နယ်ဥပဒေအရ မဲရလာဒ်တွေ အတည်ပြုပြီးမှ အငြင်းပွားခွင့်ရှိကြောင်း တရားသူကြီးက ဆုံးဖြတ်ပေးလိုက်တဲ့အတွက် မဲရလာဒ်တွေ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ရီပါဘလစ်ကန်ဂါဗာနာလောင်း ကယ်ရီလိတ်ခ်က လက်ရှိမဲရလာဒ်ကို စောဒကတက်ဖို့ ၅ရက်အချိန်ရမှာ ဖြစ်ပါတယ်။ ပြဿနာအမြဲဖြစ်တဲ့ အကြီးဆုံးမာရီကိုပါကောင်တီမှာ တချို့ရကပွဲဘုတ်အဖွဲ့ဝင်တွေကို အတင်းအကျပ်ဖိအားပေးပြီး အတည်ပြုခိုင်းတယ်လို့လည်း သတင်းတွေ တက်လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒအမှန်အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ တရားသဖြင့်နိုင်တယ်ဆိုရင် ဘယ်ပါတီကဖြစ်ဖြစ် လက်ခံရမှာပါ။ မတရားသဖြင့် နိုင်လို့ရတယ်ဆိုရင်တော့ ပြည်သူဖက်မှာ ဒီထက်ကြီးတဲ့ အရှုံး မရှိတော့ပါဘူး။
ယူကေနိုင်ငံ အောက်စ်ဖို့ကောင်တီကောင်စီက သူတို့မြို့ကို ဇုံ၆ခုခွဲထားပြီး ဇုံတခုနဲ့တခုကြား ကားနဲ့ ကူးသန်းသွားလာမှုပေါင်း အိမ်ထောင်စုတခုကို တနှစ် အကြိမ် ၁၀၀ထက် မပိုရဆိုတဲ့ ကလိုင်းမိတ်လော့ဒေါင်းကို ၂၀၂၄ကစတင်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ တအိမ်မှာ ကားဘယ်နှစ်စီးရှိရှိ အားလုံးပေါင်းမှ အကြိမ် ၁၀၀ ပဲရမှာပါ။ ကလိုင်းမိတ်အကြောင်းပြပြီး တကယ့်ကွန်မြူနစ်တွေလို ကြိုးတင်းတင်းနဲ့ ကိုင်တော့မယ့် ခြေလှမ်းပါပဲ။ ဇုံကူးဖို့ အကြောင်းမရှိတဲ့သူတွေအတွက် ပြဿနာမရှိပေမယ့် ကူးဖို့လိုကိုလိုနေသူတွေအတွက်က အတော်အဆင်မပြေမယ့်ကိစ္စပါ။
အပေါ်ယံတွေးပြီး ကောင်းတာပေါ့လို့ သံယောင်မလိုက်ခင် အဲဒီလို ထောင်အကြီးစားချဖို့ လိုအပ်တဲ့ infrastructure တွေ ဆောက်ဖို့နဲ့ အကောင်အထည်ဖော်မယ့် ဗျူရိုကရက် ယန္တယားအတွက် ဇီးသီးဗန်းတွေမှောက်ကြဦးမှာ ဖြစ်ပါတယ်။ အဲဒီလို တမြို့လုံး ထောင်အကျယ်ချုပ်ချဖို့ တရုပ်တွေကိုပဲ ဆရာတင်ကြရဦးမှာပါ။ ကားတွေသွားတာ ထိန်းချုပ်ပြီး နောက်တဆင့်ကျရင် လူတွေကိုပါ ထိန်းချုပ်တဲ့အဆင့် ရောက်လာဖို့ မဝေးတော့ပါဘူး။ ပြည်သူ့ပိုက်ဆံနဲ့ အုပ်ချုပ်သူတွေ သူဌေးဖြစ်ကုန်ကြမှာကတော့ အပိုဆုလေးပေါ့လေ။