ဒီဇင်ဘာ ၆ ရက် ၂၀၂၂

အီလွန်က လျှပ်စစ်ကား Tesla, တက်စ်လာဆိုလာ၊ တွဒ်တာ၊ ဂြိုလ်တုထုတ်တဲ့ SpaceX နဲ့ အဲဒီအောက်က ဂြိုလ်တုကနေ အင်တာနက်ပေးတဲ့ Starlink၊ အကူးလူးအဆက်ဆံများတဲ့ မြို့တမြို့နဲ့တမြို့ကြား သမားရိုးကျမြန်နှုန်းတွေထက် အများကြီးပိုမြန်မြန်ပို့ဆောင်ပေးနိုင်မယ့် လှိုဏ်ခေါင်းစနစ်တွေ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ Boring Co. တို့အပြင် လေဖြတ်ထားသူတွေလို လှုပ်ရှားနိုင်မှု ကန့်သတ်ချက်ရှိနေသူတွေအတွက် ဦးနှောက်/ကျောရိုးက အာရုံကြောလှုံ့ဆော်မှုတွေကို ကွန်ပြူတာနဲ့ဖတ်ရှုပြီး ဦးနှောက်က လှုပ်ရှားစေချင်သလို ကူညီပေးမယ့် Neuralink တို့ကို ပိုင်ဆိုင်ပါတယ်။  

Neuralink က အရင်တပတ်ကမှ စမ်းသပ်မှုတွေ တိုးတက်နေပြီဆိုတဲ့ သတင်း တက်လာခဲ့ပါတယ်။ စမ်းသပ်မှုတွေကို မျောက်တွေနဲ့ ဝက်တွေမှာ စမ်းသပ်တာဖြစ်ပြီး ၂၀၂၁ ဧပြီတုန်းက ပြသတဲ့ထဲမှာ မျောက်က ကွန်ပြူတာပေါ်မှာ “mind pong” ကစားတာကို ပြသွားပါတယ်။ Neuralink Show and Tell, Fall 2022 ပွဲမှာတော့ အီလွန်က မျောက်က အဲဒီလိုလုပ်နိုင်တာ မျောက်ခေါင်းမှာ ကွန်ပြူတာချစ်ပ်လေး ထည့်ထားလို့ပါ၊ ကျနော့်ဆီမှာထည့်ထားရင်လည်း ကျနော်သိတောင် သိမှာ/သတိပြုမိမှာ မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။ အခု prototype ပုံစံကို အက်ဖ်ဒီအေကို တင်ထားပြီး ၆လလောက်ကြာနိုင်ကြောင်း၊ အဲဒီကနေမှ production သွားမှာဖြစ်ကြောင်း၊ prototype ကနေ production သွားရတာက အဆ ၁၀၀- ၁၀၀၀လောက်အထိ ပိုခက်နိုင်တဲ့အတွက် အချိန်ပေးရမှာဖြစ်ကြောင်း၊ နောက်ကွယ်မှာ ဘာတွေလုပ်နေတယ်ဆိုတာလည်း တဖြည်းဖြည်း ပိုပြီး ဖွင့်ချသွားဖို့ ရှိကြောင်းများလည်း ရှင်းပြသွားပါတယ်။

ကနေ့မှာတော့ ဘိုင်ဒန်အစိုးရရဲ့ စိုက်ပျိုး/မွေးမြူရေးဝန်ကြီးဌာနက စစ်ဆေးရေးချုပ်က အန်းနီးမဲဝဲလ်ဖဲအက်ကို ချိုးဖောက်တယ်လို့ ဆိုပြီး စစ်ဆေးရေးဝင်ဖို့ လုပ်နေပါတယ်။ သူတို့အဆိုအရ အီလွန်က သုတေသနကို မြန်မြန်ဆန်ဆန် လုပ်စေချင်တဲ့အတွက် လွဲချော်သွားတာတွေ ရှိသလို တိရိစ္ဆာန်တွေ သေဆုံးမှုလည်း တိုးလာတယ်လို့ စွပ်စွဲထားပါတယ်။ စမ်းသပ်မှုတွေ ပြီးသွားရင် စမ်းသပ်ထားတဲ့ တိရိစ္ဆာန်တွေကို သတ်ပစ်လိုက်ပြီးမှ သိပ္ပံပညာရှင်တွေက အလောင်းတွေကို စမ်းသပ်စစ်ဆေးကြတယ်လို့ ဝန်ထမ်းဟောင်းတွေက ပြောကြောင်းလည်း သိရပါတယ်။

တိရိစ္ဆာန်တွေအပေါ် စမ်းသပ်တာက အငြင်းပွားစရာဖြစ်ပေမယ့် ချိန်ထိုးကြည့်သင့်တာက ဖောက်ချီတို့လုပ်နေတဲ့ အစိုးရက​ဦးစီးတဲ့ သုတေသနတွေထဲမှာ ဘီဂယ်ခွေးငယ်လေးတွေ ခေါင်းကို အိတ်နဲ့စွပ်ပြီး ကူးစက်ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေအများကြီးထည့် ခြင်ကိုက်ခံခိုင်းတာ၊ အော်မှာစိုးလို့ အသံအိုးတွေ ဖယ်ပစ်ထားတာတွေ ပါဝင်ပါတယ်။​ သတင်းအပြင်ထွက်မလာတဲ့ထဲ ဘယ်လောက်တောင် ရှိနေမယ် မသိနိုင်ပါဘူး။ အဲဒီကိစ္စလွှတ်တော်မှာ ရီပါဘလစ်ကန်အမတ်တွေက ဖောက်ချီထံ စာပို့ခဲ့ပေမယ့် ဖြေလည်းမဖြေရှင်းသလို ဘာအရေးယူတာမှလည်း မရှိခဲ့ပါဘူး။ အန်အိုင်အေအိုင်ဒီက အဲဒီလို ရက်စက်တဲ့ သုတေသနတွေအတွက် ပြည်သူ့အခွန်ထဲက ၁.၆၈သန်း ပေးထားတာပါ။ ပြောရရင် ကဗကိုလည်း တိရိစ္ဆာန်တွေအပေါ် စမ်းခဲ့တာပဲလေ။

သုတေသနဆိုတာမှာလည်း လူသားအကျိုးပြုသုတေသနတွေကလည်း နာဆာလိုပဲ အခွံဖြစ်နေတာကြာပါပြီ။ အစိုးရဆီက ခေါင်းစဥ်ပေါင်းစုံနဲ့ ခြူနေကြတဲ့ သုတေသနေတွေကို ပြည်သူ့ငွေအများကြီးနဲ့ ဖို့ရပေမယ့် လုပ်နေတာတွေက ပေါပေါနှမ်းနှမ်း ပေါက်တတ်ကရတွေလို့တောင် ပြောလို့ရပါတယ်။ အီလွန်ပေါ်လာမှပဲ ဒုံးပျံ၊ ဂြိုလ်တုတွေကအစ သူပိုင်ငွေနဲ့ စမ်းသပ်လုပ်ကိုင်ခဲ့တာပါ။

ပြိးခဲ့တဲ့လက ဘော်စတွန်တက္ကသိုလ်မှာ ကဗနဲ့ အလားတူပေမယ့် ၈၀ရာနှုန်းအထိ သေနှုန်းမြင့်တဲ့ ပိုးမျိုးစမ်းသပ်တာ အောင်မြင်သွားတယ်လို့ တွေ့လိုက်ပါတယ်။ အဲဒါကိုတော့ ကြွက်တွေပေါ်မှာ စမ်းသပ်တာပါ။ ချစ်ပ်ထည့်တာက လောလောဆယ်မှာလည်း shelter ရောက်လာတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ အကုန်လုံး ချစ်ပ်ထည့်ခံကြရတာပဲလေ။ shelter မှာ သတ်မှတ်ရက်ကျော်ပြီး မွေးမည့်သူမပေါ်ရင်လည်း သတ်ကြတာပဲ။ နေ့တိုင်းလည်း အကောင်ပေါင်း သန်းချီအသတ်ခံ အစားခံနေရပါ။ အဲဒါတွေအားလုံးထက် ရက်စက်ကြမ်းကြုတ်တာက ကိုယ်ဝန်ဖျက်ချတာ။

သုတေသနတွေမှာ

၁။ စမ်းသပ်ခံတိရိစ္ဆာန်တွေထဲ အဖိတ်အစဥ် ရှိနိုင်ပေမယ့် လူတွေအတွက် အများကြီး အကျိုးရှိနိုင်တာ

၂။ စမ်းသပ်ခံတိရိစ္ဆာန်တွေ သေတာချင်းတူတူ လူတွေကို ထိန်းချုပ်ဖို့ ယုတ်မာတဲ့ရည်ရွယ်ချက်နဲ့ စမ်းသပ်တာ၊ အဲဒီရဲ့အကျိုးဆက်အနေနဲ့ လူတွေ အများကြီးသေတာ။

အဲဒီနှစ်ခုမှာ နံပါတ်၁ကို ချက်ချင်းအရေးယူပြီး နံပါတ်၂ကို ပိုက်ဆံတွေပါ ပုံအော ပေးထားတာကို ကြည့်ရင် တရားမျှတမှုက ဘယ်မှာလည်းလို့ မေးရမှာပါပဲ။

သုတေသနဆိုတာမှာလည်း လူသားအကျိုးပြုသုတေသနတွေကလည်း နာဆာလိုပဲ အခွံဖြစ်နေတာကြာပါပြီ။ အစိုးရဆီက ခေါင်းစဥ်ပေါင်းစုံနဲ့ ခြူနေကြတဲ့ သုတေသနေတွေကို ပြည်သူ့ငွေအများကြီးနဲ့ ဖို့ရပေမယ့် လုပ်နေတာတွေက ပေါပေါနှမ်းနှမ်း ပေါက်တတ်ကရတွေလို့တောင် ပြောလို့ရပါတယ်။ အီလွန်ပေါ်လာမှပဲ ဒုံးပျံ၊ ဂြိုလ်တုတွေကအစ သူပိုင်ငွေနဲ့ စမ်းသပ်လုပ်ကိုင်ခဲ့တာပါ။

အရင်တွဒ်တာတုန်းက ဝန်ထမ်းတွေကြား ဆင်ဆာလုပ်တာနဲ့ ပတ်သက်တဲ့ email အသွားအပြန်တွေကို ဖွင့်ချလိုက်တဲ့ တွဒ်တာဖိုင်တွေအဖြစ် သောကြာနေ့က စထွက်ခဲ့ပြီး စနေတနင်္ဂနွေမှာ ဆက်တိုက်ဆက်ထွက်ဖို့ ရှိပေမယ့် နှောင့်နှေးနေခဲ့ပါတယ်။ အဲဒီလို နှောင့်နှေးရတဲ့ အကြောင်းရင်းကတော့ အက်ဖ်ဘီအိုင်ကနေ ထရမ့်ဖြုတ်လိုက်ပြီးနောက် တွဒ်တာက ခေါ်ခန့်ထားတဲ့ ဂျိမ်းစ်ဘေကာက ထုတ်ပေးမယ့် ဖိုင်တွေကို အီလွန်တို့အဖွဲ့မသိစေပဲ သူနဲ့ ဂျာနယ်လစ်တဦးဖြစ်တဲ့ ဘယ်ရီဝိုက်စ်တို့ထံ ပေးပို့စေပြီး သူတို့က စီစစ်ပြီးမှ ထုတ်ပေးနေခဲ့လို့ဖြစ်ပါတယ်။ အီလွန်ကတော့ သူလည်း အဲဒါကို တနင်္ဂနွေနေ့ကမှသိလို့ သိသိချင်း ဘေကာကို ဖြုတ်လိုက်တယ်လို့ ဆိုပါတယ်။

အသက် ၉၂ ရှိပြီဖြစ်တဲ့ အမွှေစိန်ဆိုရော့စ်ဟာ တကမ္ဘာလုံးက မီဒီယာတွေကို ထိန်းချုပ်ထားနိုင်ဖို့အတွက် သူ့ရဲ့ အိုးပင်းဆိုဆိုင်ရ်တီဖောင်ဒေးရှင်းနေ အဖွဲ့ပေါင်း ၂၅၃ခုကနေတဆင့် ငွေပေးချုပ်ကိုင်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအာဂျင်ဒါထဲမှာ ကိုယ်ဝန်ဖျက်ချတာ၊ မာ့စ်ဝါဒ၊ အမေရိကန်ဆန့်ကျင်ရေး၊ ရဲဘတ်ဂျက်ဖြတ်တောက်ရေး၊ ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အစွန်းရောက် အစီအမံများ၊ လိင်တူ/လိင်ပြောင်း+++ တွေ ပါဝင်ပါတယ်။

အဲဒီအဖွဲ့တွေနဲ့ အမေရိကန်အစိုးရတို့ ပေါင်းပြီး ကမ္ဘာ့နိုင်ငံတွေမှာပါ ကိုယ်ဝန်ဖျက်တာတို့၊ လိင်တူ/ပြောင်း+++ အားပေးတာတို့၊ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အစွန်းရောက်နိုင်သလောက်ရောက်ဖို့တွေကို တွန်းကြပါတယ်။ သူတို့အာဂျင်ဒါတွေကို ဦးစားပေးမလုပ်ရင် အထောက်အပံ့တွေ မပေးဘူးလို့ အကြပ်ကိုင်ကြတာပါ။

မကြာသေးမီက ကွယ်လွန်သွားတဲ့ ကျန်ဇီမင်းကို မီဒီယာတော်တော်များများက တရုပ်ပြည်ကို ချမ်းသာအောင် လုပ်ပေးခဲ့သူကြီးအဖြစ် တခမ်းတနား ပုံဖော်ခဲ့ကြပေမယ့် ကျန်ဇီမင်းလက်အောက် တရုပ်ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာတွေကို ပြည်သူသိအောင် တင်ပြပေးတာကတော့ တော်တော့ကို နည်းနေပါသေးတယ်။

ကျန်လုပ်ခဲ့တာတွေထဲမှာ တရုပ်စီစီပီရဲ့ ဝင်ငွေ ၃ပုံ ၁ပုံလောက်က မြေငှားခတွေက လာတာဖြစ်တော့ အိမ်မြေဈေးတွေကို အမြင့်ကြီးရောက်အောင် ဆွဲတင်တာ၊​ ပြည်သူအများရဲ့ဝင်ငွေက လိုက်တက်လာတာမဟုတ်သလို မြေ/အိမ်ဈေးနဲ့စာရင် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတဲ့နှုန်းက အများကြီးနည်းနေတော့ အိမ်ခြံမြေဈေးဘူပေါင်းပေါက်ပြီး လူတွေအများကြီး ဒုက္ခရောက်ခဲ့ကြပါတယ်။ တီယန်မင်အရေးအခင်းက အဲဒီကနေ ပေါက်ဖွားလာတာဖြစ်သလို အခုအချိန်မှာလည်း ဘူပေါင်းပေါက်နေပြန်တာကြောင့် တရုပ်ဆန္ဒပြပွဲတွေ ဒီထက်ကြီးလာနိုင်ကြောင်း ခန့်မှန်းနေကြတာပါ။

ကျန်လုပ်ခဲ့တဲ့နောက်တခုကတော့ လူ့အခွင့်အရေး လေးစားပါမယ်၊ တရုပ်ပြည်ကို ပိုလွတ်လပ်ခွင့်ပေးပါမယ်ဆိုတဲ့ ကတိနဲ့ အမေရိကန်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကဲ့ယူခဲ့ပေမယ့် တရုပ်ပြည်သမိုင်းမှာ အရက်စက်ဆုံး နှိမ်နှင်းမှုတခုဖြစ်တဲ့ သန်း၁၀၀လောက်ရှိတဲ့ ဖာလုံဂုံးအဖွဲ့ဝင်တွေကို ကလေးငယ်လေးတွေကအစ နှိပ်ကွပ်၊ နှိပ်စက် သတ်ဖြတ်၊ အရှင်လတ်လတ် ကလီစာထုတ်ရောင်းခဲ့တာပါ။ ကျန်က ကတိမတည်ခဲ့တဲ့အပြင် ပိုကြမ်းပြခဲ့ပေမယ့် အမေရိကန်နဲ့ အနောက်ကမ္ဘာကတော့ မေတ္တာမပျက်ပဲ တရုပ်ပြည်ကို စေတနာ ရေစီးကမ်းပြိုဖြစ်ခဲ့ကြရုံမက ဝေဖန်ပြစ်တင်တာမျိုးတောင် မလုပ်ခဲ့ကြတာ ဘာကြောင့်များပါလိမ့်လို့ စဥ်းစားကြဖို့ လိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: