ဒီဇင်ဘာ, ၁၀ ရက် ၂၀၂၂

တွဒ်တာဖိုင်တွေကနေ ကနေ့ထွက်ပေါ်လာတာကတော့ အရင်တွဒ်တာရဲ့ Trust & Safety ဒါရိုက်တာ Yoel Roth က အထက်တန်းကျောင်းသူ/သားတွေက သူတို့ဆရာ/မတွေနဲ့ နှစ်ဦးသဘောတူ လိင်ဆက်ဆံလို့မရနိုင်ဘူးလားလို့ တွိထားတဲ့မှတ်တမ်း ထွက်လာပါတယ်။ အဲဒါနဲ့အတူပဲ တွဒ်တာရဲ့ အရင်စီမံခန့်ခွဲသူတွေက ကလေးပွန်းပို့စ်တွေကို သူတို့ရဲ့ ဘယ်စည်းမျဥ်းကိုမှ ချိုးဖောက်နေတာမဟုတ် လို့ အကြောင်းပြပြီး ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကလေးပွန်းတွေဆိုတာက ကလေးတွေကို ကလေးယောင်ဆောင်ထားတဲ့ လိင်မုဆိုးတွေက ကလေးချင်းလို မြှူဆွယ်ဖျားယောင်းပြီး ချက်တင်ကင်မရာရှေ့မှာ ချွတ်ခိုင်း ဟိုဟာလုပ်ပြခိုင်း ဒီဟာလုပ်ပြခိုင်းလုပ်တာပါ။ တခါလုပ်ပြလိုက်ပြီးရင် အဲဒါနဲ့ မင်းမိဘတွေ သူငယ်ချင်းတွေဆီဖြန့်မယ်၊ မဖြန့်စေချင် ဘာလုပ် ညာလုပ်ဆိုပြီး အတင်းအကျပ်ခိုင်းစေတာပါ။ ခံရတဲ့ကလေးငယ်တချို့က တွဒ်တာကို ဆက်သွယ်ပြီး သူတို့ပုံတွေ ဖျက်ပေးဖို့ တောင်းဆိုတာကို တွဒ်တာက မဖျက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလိုတွေဖြစ်နေခဲ့တဲ့ တွဒ်တာရဲ့ မှတ်တမ်းတွေကို ပြန်တူးဆွနေရတဲ့ အီလွန်က တွဒ်တာဟာ crime scene ဖြစ်နေပြီလို့ တွိထားပါတယ်။ အဲဒီအပေါ် တွဒ်တာတည်ထောင်သူ ဂျက်ဒေါ်စေက မဟုတ်ပါဘူးလို့ ငြင်းပါတယ်။ အီလွန်က အခုလက်ရှိ Trust & Safety ကို ဦးဆောင်နေတဲ့ အယ်လာအာဝင်က သူတွဒ်တာမှာ စဝင်ခဲ့တဲ့ ဒီနှစ်ဆန်းတုန်းက ကလေးသူငယ်လုံခြုံမှုအတွက် ဘယ်သူမှ လုပ်နေကြတာ မတွေ့ခဲ့ဘူး၊ သူမက နက်ဒ်နဲ့ ပရပ်ဂ်တို့ဆီ ကလေးသူငယ်လုံခြုံရေးအတွက် လူခန့်ထားဖို့ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်၊ သူဝယ်ပြီးမှ ထိပ်တန်းဦးစားပေးပြန်လုပ်ခဲ့တာပါလို့ ဂျက်ဒေါ်စေကို ပြန်ချေလိုက်ပါတယ်။

ဂျက်ဒေါ်စေက အီလွန်ဖရီးစပိချ်ကို ကာကွယ်ဖို့ဆိုပြီး တွဒ်တာကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တုန်းက ဖရီးစပိချ်ဟာ လိုအပ်တယ်လို့ ပြောခဲ့ပြီး အီလွန်ဝယ်ခဲ့တဲ့တလျောက်လုံး မင်းသားခေါင်း ဆောင်းထားခဲ့ပါတယ်။ အခုမှ လွှတ်တော်မှာ ဒေါ်စေကို တွဒ်တာက ကွန်ဆာဗေးတစ်တွေကို ဆင်ဆာလုပ်တာတွေရှိသလား၊ ရှဲဒိုးဘန်းတွေ လုပ်သလား မေးတာတွေအကုန်လုံးကို “ဘူး”ခံခဲ့တာ ပေါ်သွားပါတယ်။ သမ္မတထရမ့်ကို ဆပ်ပန်းလုပ်တုန်းက ဒေါ်စေက ခရီးသွားနေတာဆိုပေမယ့် ဖုံးနဲ့တော့ အစည်းအဝေးတွေ တက်နေဆဲဖြစ်တော့ သူမသိလိုက်တာလည်း မဖြစ်နိုင်ပါဘူး။

တွဒ်တာဖိုင်တွေ ဆက်လက်ထုတ်ပြန်ပေးနေတဲ့ Matt Taibbi က Yoel Roth ဟာ ဂျန်၆နောက်ပိုင်း ဖက်ဒရယ်အေဂျင်စီတွေနဲ့ ဆက်ဆံမှု တအားများလာခဲ့တာ ပြက္ခဒိန်မှာတောင် ဘာလို့အကြောင်းပြစရာ ခေါင်းစဥ် ရှာမတွေ့နိုင်လောက်အောင်ပါပဲလို့ ဝန်ထမ်းချင်း ဆွေးနွေးထားတာကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ချင်း ဟာသလုပ်နေတဲ့ထဲမှာ “သိပ်ပျင်းစရာကောင်းတဲ့ အစည်းအဝေးပါ၊ ထရမ့်အကြောင်းတော့ လုံးဝမဟုတ်ဘူး”လို့ ဟာသရေးထားသလို “အက်ဖ်ဘီအိုင်နဲ့ ဆွေးနွေးနေတာလည်း မဟုတ်ဘူး၊ ဘုရားစူးရစေရဲ့”လို့ ပြောင်ထားကြတာတွေ တွေ့ရပါတယ်။

တွဒ်တာရဲ့ ဂလိုဘယ်လ်ပါ့ဘလစ်ပေါ်လစီဆိုင်ရာ အကြီးတန်းဗျူဟာမှုးဖြစ်တဲ့ နစ်ခ်ပစ်ကယ်လ်စ်က အက်ဖ်ဘီအိုင်တို့ ဒီအိတ်ချ်အက်စ်တို့ကို တွဒ်တာရဲ့ ပါတနာတွေလို့ ညွှန်းလို့ရမလားလို့ မေးထားတဲ့ မှတ်တမ်းလည်း တွေ့ရပါတယ်။ ပတ်သက်မှုက အဲဒီလောက်ထိကို နက်ရှိုင်းခဲ့တာပါ။

အီးယူပါလီမန်မှာ ဒု-သဘာပတိအဖြစ် ၂၀၁၄ထဲက ထမ်းဆောင်နေတဲ့ ဂရိက ဆိုရှယ်လစ်တဦးဖြစ်တဲ့ အီဗာကိုင်လီဟာ အီးယူနဲ့ ဆုံးဖြတ်ချက်တွေမှာ ကာတာနိုင်ငံအကျိုးစီးပွားကို ဦးစားပေးစေဖို့ ကာတာက ပေးတဲ့ လာဘ်လာဘတွေကို လက်ခံခဲ့မှုနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။

အဲဒီဖမ်းဆီးမှုဟာ ဘရပ်ဆဲလ်စ်မှာပြုလုပ်တဲ့ ကာတာ၊ မော်ရိုကိုနဲ့ အီးယူရဲ့ ဆိုရှယ်လစ်အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ခြစားမှုတွေအပေါ် စုံစမ်းစစ်ဆေးတာတွေက ဖြစ်ပေါ်လာတဲ့ ဝင်စီးမှု ၁၆ခုအနက် တခုဖြစ်ပါတယ်။ တခြားအဖမ်းခံရတဲ့သူတွေက International Trade Union Confederation ရဲ့ General Secretary ဖြစ်တဲ့ Luca Visentini, အီးယူပါလီမန်ရဲ့ ဆိုရှယ်လစ်အဖွဲ့ဝင်ဟောင်း Antonio Panzeri နဲ့ ကိုင်လီရဲ့ ကြင်ဖက်တို့လည်း ပါဝင်နေပါတယ်။ အဆိုပါဖမ်းဆီးမှုတွေကနေ ငွေသား ယူရို ၆သိန်း၊ ကွန်ပြူတာတွေနဲ့ ဖုံးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကာတာနိုင်ငံဟာ လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ ရာဇဝင်ရှိနေတာဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲ စတေဒီယံတွေ တည်ဆောက်ရာမှာ အလုပ်သမား ထောင်နဲ့ချီ သေဆုံးခဲ့တာဖြစ်ပါတယ်။ ကာတာအစိုးရက အနည်းဆုံး ၄၀၀ သေတာပါလို့တော့ ဝန်ခံထားပါတယ်။ နယူးစ်ဝိခ်ကတော့ လွန်ခဲ့တဲ့ ၁၀နှစ် ဖီဖာက ကာတာကို အိမ်ရှင်အဖြစ် ရွေးချယ်လိုက်ကတဲကဆိုရင် ၆၅၀၀ လောက်အထိတောင် ဆောက်လုပ်ရေးခွင်တွေထဲ သေဆုံးခဲ့နိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဆိုရှယ်လစ်တွေ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေက ခွဲလို့မရတဲ့အရာတွေဖြစ်ကြောင်း သက်သေပါပဲ။

အမေရိကန်အခွန်ထမ်းတွေရဲ့ ချွေးနည်းစာထဲက ဒေါ်လာ ၁၂သန်းဟာ လက်တင်အမေရိကက အလုပ်သမားတွေကို empower လုပ်ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့  ဆိုရော့စ်ထိန်းချုပ်ထားတဲ့ non-profit အုပ်စုတခုဆီကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒါတွေက ဘိုင်ကြီးတို့ရဲ့ နာမည်လှလှပေးထားတဲ့ ဘတ်ဂျက်အကြီးကြီးတွေထဲက ခေါင်းမြှီးခြုံထွက်နေတဲ့ အကြီးစားယိုစီးမှုတွေဖြစ်ပါတယ်။ ဒီမိုကရက်တွေကို ငွေတွေလှူရင် ဒီမိုကရက်တွေက ခေါင်းစဥ်မျိုးစုံနဲ့ စားပေါက်တွေ ခွင်တွေ ပြန်ဖန်တီးပေးတဲ့အတွက် နောက်ဆုံး ဆုံးရှုံးရတာတော့ ပြည်သူပဲ ဖြစ်နေပါတယ်။ အဲဒါကို မမြင်သ၍တော့ ခေါင်းစဥ်ကြီးတွေကြည့်ပြီး ရနိုးနိုးမျှော်နေလျက်ကနေ မွဲလိုက်လာတာပဲ အဖတ်တင်ပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: