ဒီဇင်ဘာ ၁၂ ရက် ၂၀၂၂

တွဒ်တာဖိုင် တတိယတွဲမှာ ထရမ့်အကောင့်ကို ဘန်းတာနဲ့ပတ်သက်တဲ့ ဖိုင်တွေပါဝင်ပြီး မနေ့ကတော့ တချို့က မီရှဲလ်အိုဘမနဲ့ အပေါင်းပါများက ထရမ့်ကို ဘန်းဖို့ ဖိအားပေးလိုက်တာလို့ သတင်းတွေ တက်လာပါတယ်။ မီရှဲလ်ဟာ “မင်းတို့အောက်တန်းကျရင် ငါတို့က အထက်တန်းကျကျပြမယ်”ဆိုတဲ့ စကားနဲ့ အကြောင်းမသိသူတွေဆီက လက်ခုပ်သံခြူထားသူပါ။ ခုတော့ သူမလုပ်ရပ်က သူမစကားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာ သက်သေခံနေသလိုပါပဲ။ မီရှဲမ တင်မကပါဘူး၊​ ဟေလာရီရော လွှတ်တော်ဒီမိုကရက်တွေကပါ ရီပါဘလစ်ကန်တွေရဲ့ အသံတွေ ဘာလို့ထွက်ခွင့်ရနေသေးတာလဲလို့ ပြောခဲ့ကြတာပါ။ ကိုယ်မဟုတ်တာလုပ်မထားရင် သူများပြောမှာ ကြောက်နေစရာ လိုပါ့မလား။

တွဒ်တာဖိုင်က ထွက်လာတဲ့ မှတ်တမ်းတွေထဲမှာ ၂၀၂၀ရကပွဲနဲ့ ပတ်သက်ပြီး တဖက်ဖိ တဖက်ဖော့ပေးခြင်းဖြင့် ဝင်ရှုတ်ခဲ့တာတွေ တွေ့ရပါတယ်။ ထရမ့်ပြောသမျှ အပြစ်လိုက်ရှာပြီး ဆင်ဆာ/ပိတ်တဲ့ထဲမှာ စာတိုက်မဲတွေနဲ့စာရင် လူကိုယ်တိုင်ပေးတာက မှားဖို့အခွင့်ပိုနည်းတယ်၊ ဒါကြောင့် တတ်နိုင်သ၍ ကိုယ်တိုင်ပေး၊ စောစောဖွင့်နေရာမှာ စောစောပေး၊ မဲပုံးထဲထည့်တာမျိုးကို ပိုလုပ်သင့်တယ်လို့ တွိခဲ့တာကို စာတိုက်မဲတွေအပေါ် အယုံအကြည်ပျက်ယွင်းစေမှုနဲ့ ပိတ်ပြန်ပါတယ်။ အဲဒီလောက်က စပြီး ပိတ်နေတာဆိုတော့ ဘာလာလာ အကြောင်းတခုမဟုတ်တခုပြပြီး ပိတ်တော့တာပါပဲ။ ငွေနဲ့ အာဏာပေါင်းမိသွားရင် အဆုံးစွန်အထိ ပျက်စီးတတ်တယ်ဆိုတာကို သိပ်နှောင်းမှ သိရရင် ရန်သူ့အတွက်ကလွဲလို့ ဘယ်သူ့အတွက်မှ မကောင်းနိုင်ပါဘူး။

တွဒ်တာဖိုင်တွေထဲမှာ နောက်ထပ်ထွက်ပေါ်လာမှာကတော့ ကဗနဲ့ပတ်သက်ပြီး ဆင်ဆာလုပ်တဲ့ မှတ်တမ်းတွေ ထွက်လာမှာဖြစ်ပါတယ်။ ကနေ့မနက်အစောပိုင်းမှာတော့ အီလွန်က တရားစွဲ/ဖောက်ချီ လို့ တင်ထားခဲ့တဲ့အတွက် ငဗစ်နဲ့ ပတ်သက်ပြီး ဖောက်ချီနဲ့​ ဒီမိုကရက်တွေ မီဒီယာတွေ ဆိုရှယ်မီဒီယာတွေ ပါဝင်တဲ့ အဖျက်အုပ်စုတို့ ဘယ်လိုမွှေခဲ့ကြတယ်ဆိုတာ မြင်ရတော့မှာဖြစ်ပါတယ်။ ဖောက်ချိဟာ သိပ္ပံပညာဆိုတဲ့စကားလုံး တွင်တွင်သုံးပြီး သိပ္ပံနည်းကျ ဒေတာကောက်တာ၊ သရုပ်ခွဲတာ၊ လက်တွေ့အကျိုးရှိ ဈေးချို လွယ်ကူတဲ့ ကုထုံးတွေကို အစိုးရအမိန့်နဲ့ လိုက်ပိတ်တာတွေ လုပ်ခဲ့တဲ့ အကြီးစား ဖိုးတွမ်တိပဲ ဖြစ်ပါတယ်။

အီလွန်ရဲ့ တရားစွဲ/ဖောက်ချီဆိုတဲ့ တွိအပေါ်မှာ ရှူးရှူးရှားရှားဖြစ်သွားတာကတော့ အိမ်ဖြူက အဖာဝန်မလေးပဲ ဖြစ်ပါတယ်။ ဖောက်ချိကို တရားစွဲမယ်ဆိုတာ သိပ်မုန်းစရာကောင်းတာပါပဲတဲ့။ သူက ဖောက်ချိစက်ကထွီလား ဂျိုးစက်ကထွီလားတောင် မကွဲတော့ပါဘူး။ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်လာမှာစိုးလို့ထင်ပါရဲ့။

တွဒ်တာက ကဗနဲ့ပတ်သက်ပြီး ဆင်ဆာလုပ်၊ အမည်မည်းစာရင်းထဲ့ခဲ့တဲ့ထဲမှာ ကဗကကဆ မန်ဒိတ်၊ နှာခေါင်းစည်းမန်ဒိတ်တွေလုပ်တယ်ဆိုတာ အက်သစ်ကယ်မဖြစ်ဘူးလို့ ပြောခဲ့တဲ့ စတန်းဖို့ဒ်တက္ကသိုလ်က ဆေးပညာပါမောက္ခ ဒေါက်တာဆန်ဂျိဘ်ဘတ္တချာရ လည်း ပါဝင်နေပါတယ်။ ဒေါက်တာဘတ္တချာရဟာ သူနဲ့အတူ လုပ်အားပေးတွေပါခေါ်ဆောင်ပြီး လူတွေအရမ်းကြောက်နေတဲ့ ပထမဆုံး အယ်လ်ဖာခေတ်ကတဲက လိုအပ်တဲ့ ဒေတာတွေကို ဆေးရုံတကာ ဝင်ထွက်ကောက်ယူခဲ့ပြီး သုံးသပ်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကမ္ဘာအရပ်ရပ်က သီးခြားလွတ်လပ်တဲ့ ဆြာဝန်တွေ စုဆောင်းထားတဲ့ ဒေတာတွေက ဖောက်ချီတို့ တွန်းနေတာတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်ဆိုတာ နှလုံး/ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ သက်သေ သာဓကတွေ ရှိနေပေမယ့် တက်ခ်ကုမ္ပဏီကြီးတွေက တညီတညွတ်တည်း ဖိနှိပ်ထားကြတာကြောင့် သတင်းတွေဟာ ရောက်သင့်သလောက် မရောက် မပေါက်နေတာ ဖြစ်ပါတယ်။ သိသူအနည်းအကျဥ်းရှိပေမယ့်လည်း ရေများရေနိုင် မီးများမီးနိုင် အခြေအနေမှာ သူတို့စကားတွေကလည်း တဖက်က နှစ်နဲ့ချီ​မောင်းတင်လာခဲ့တဲ့ လူတွေရဲ့ ကြောက်စိတ်ကို ထိုးဖောက်နိုင်တဲ့အနေအထား ရှိမနေပြန်ပါဘူး။  

FTX က ဆမ်ဘန့်ခ်မန်ဖရိဒ်ကို အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုနဲ့ ဒီကနေ့ ဖမ်းဆီးလိုက်ကြောင်း ဘဟားမားရှေ့နေချုပ်က ကြေငြာပါတယ်။ နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးက စွဲချက်မှာ ဘာတွေပါလဲဆိုတာကိုတော့ မနက်ဖြန်မှ သိရမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးကလူတွေက FTX မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလီယံနဲ့ချီတဲ့ငွေတွေဟာ FTX ပြိုကွဲသွားပြီးနောက် ပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်သွားပါတော့တယ်။

ဆမ်က ဒီမိုကရက်ထိပ်သီးတွေနဲ့ မိသားစုလိုက် ရင်းနှီးသူဖြစ်တော့ အခုလို ဖမ်းတဲ့သတင်းထွက်လာတာဟာ တွဒ်တာဖိုင်တွေက သတင်းတွေကို အာရုံလွှဲဖို့များလားလို့ ထင်မိပါတယ်။ နိုဝင်ဘာ ၃၀ကမှ နယူးယောက်မှာ ဆမ်က ဇယ်လန်းစကီး၊ ဇတ်ကဘတ်၊ နယူးယောက်မြို့ဝန်အဲရစ်အဒမ်၊ မိုက်ပန့်စ်၊ နေတန်ယာဟုတို့နဲ့အတူ မန်ဟက်တန်မှာ နယူးယောက်တိုင်းမ်စ်ကလုပ်တဲ့ The DealBook Summit မှာ စကားပြောခဲ့သေးတာပါ။ အဲဒီတုန်းကတဲက ဒီလောက်ဘီလီယံနဲ့ချီတဲ့ပိုက်ဆံတွေကို အလွဲသုံးစားလုပ်ထားတဲ့သူကို မဖမ်းပဲ လွှတ်ထားလို့ ဝိုင်းဝေဖန်နေခဲ့ကြတာပါ။

အဲဒီတော့ ဆမ်ကို ဖမ်းလိုက်တဲ့ ဖြစ်နိုင်ခြေဟာ မနက်ဖြန် လွှတ်တော်မှာ ခေါ်မေးဖို့ရှိတာကို ရှောင်ရှားဖို့ ဖြစ်နိုင်သွားပါတယ်။ တကယ်တမ်း ဆမ်လာဖြေစေချင်ရင် အစိုးရချင်းညှိနှိုင်းပြီး စီစဥ်လို့ ရပါလျက်နဲ့ the House Financial Services Committee ဥက္ကဋ္ဌမက်ဆင်းဝေါတားစ်က “ဆမ်ကိုဖမ်းလိုက်တာတော့ အံ့ဩပါတယ်၊ ဖမ်းလိုက်တော့လည်း ဆမ်ကို ခေါ်မေးလို့ မရတော့ဘူးပေါ့၊ ကိစ္စမရှိပါဘူး၊ သူမရှိလည်းလက်ရှိ FTX CEO John Ray III ကိုပဲ မေးလိုက်တာပေါ့”လို့ပဲ ပေါ့ပေါ့ပါးပါး ပြောသွားပါတယ်။ သူတို့ပိုက်ဆံဆုံးရင် ဒီလိုပေါ့ပါးနိုင်ပါ့မလား သိချင်ပါတယ်။ ဆမ်ကလဲ ဟန်းတားလိုပဲ အမည်ခံ ဘုံမြှောက်ပြီး လုပ်စားနေကြတာဆိုတော့ လွှတ်တော်ထဲက ရီပါဘလစ်ကန်အမတ်တွေက တကယ်မေးလာရင် အကုန်ပေါ်ကုန်မှာစိုးလို့ ဖြစ်နိုင်ပါတယ်။

ဘိုင်ဒန့်အစိုးရအဖွဲ့က စွမ်းအင်ဝန်ကြီးဌာနက နျူအမှိုက်အရာရှိ ကျားမဟုတ် မ-မဟုတ်လို့ ခံယူထားတဲ့ ဆမ်ဘရင်တန်ဆိုသူဟာ ခရီးဆောင်အိတ်ခိုးမှု (ခုထိ) ၂မှုတွေ့ထားတာကြောင့် ဌာနက ထုတ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။ အမ်အိုင်တီဆင်းဖြစ်တဲ့ ၎င်းဟာ ဝတ်ပြီးသားအမျိုးသမီးအဝတ်အစားတွေ ခိုးရတာ ဝါသနာပါပုံရပြီး အဲဒီအကျင့်ကို မဖျောက်နိုင်နေတာက အလုပ်ပြုတ်တဲ့အထိ ဖြစ်သွားခဲ့တာပါ။

ဘိုင်ဒန်အစိုးရရဲ့ ပို့ဆောင်ရေးဝန်ကြီး ပိဘူတဂျပ်ဟာလည်း ကာဗွန်အီမစ်ရှင်ကို လျော့ချဖို့ အစိုးရက အများကြီးပိုလုပ်ရမယ်လို့ ကြွေးကြော်နေပေမယ့် သူကိုယ်တိုင်ကတော့ ရာထူးစယူကတဲက စီးလုံးငှားလေယာဥ်နဲ့ချည့် ခရီးသွားနေတာ အနည်းဆုံး ၁၈ကြိမ်ရှိပြီလို့ ဆိုပါတယ်။ စီးလုံးငှားလေယာဥ်က တနာရီကို ဒေါ်လာ ၅၀၀၀ နှုန်းနဲ့ ပြည်သူက ကျခံရတာဖြစ်ပါတယ်။ ကာဗွန်ထုတ်လွှင့်မှုကလည်း လေယာဥ်အသေးတစီးဆိုရင်တောင် ကားအစီးပေါင်း မြောက်များစွာက ထုတ်သလောက် ဖြစ်နေမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: