FTX က ဆမ်ဘန့်ခ်မန်ဖရိဒ် (SBF) ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးတွေနဲ့ အကောင်းစားဇိမ်ခံ အိမ်ကြီးတွေ ဝယ်တာရော တခြားကိုယ်ရေးသုံးတာတွေရော နိုင်ငံရေးသမားတွေကို လှူတာရော စသဖြင့် အလွဲသုံးထားခဲ့တယ်လို့ အစိုးရရဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။ FTX က ငွေကြေးတွေထဲက ၈ဘီလီယံက SBF တည်ထောင်ထားတဲ့ နောက် cryptocurrency exchange တခုဖြစ်တဲ့ Alameda Research ကို ရောက်သွားပြီး အဲဒီထဲက ၁ဘီလီယံနဲ့ ၂ဘီလီယံကြားလောက် ပမာဏရှိတဲ့ ငွေကြေးတွေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အလာမီဒါကိုသွားတဲ့ထဲက သန်း၃၀၀က ဘဟားမားမှာ အိမ်ဝယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကိုယ်သူလည်း ၁.၃၃၈ဘီလီယံ ငွေချေးထားခဲ့ပါသေးတယ်။ သူပဲမြီရှင် သူပဲ မြီစား ဆိုပါတော့။ ငွေချေးတဲ့ စာရွက်စာတမ်းတွေတော့ သေချာမှတ်တမ်းတင် ထိမ်းသိမ်းထားတာမျိုး မရှိဘူးလို့ SEC က ဆိုပါတယ်။
SBF က ဒီမိုကရက်တွေရဲ့ ဒုတိယအကြီးဆုံး donor ဖြစ်ပါတယ်။ သူ့မှာ ကြွေးရှင်ပေါင်း သန်းချီရှိပြီး စွဲထားသမျှ ပြစ်ဒဏ်ကျမယ်ဆိုရင် နှစ်ပေါင်း ၁၁၅နှစ်လောက် ထောင်ကျမှာ ဖြစ်ပါတယ်။ SBF ရှုပ်ခဲ့တာတွေကို ရှင်းဖို့အတွက် FTX ရဲ့ CEO အသစ်က တနာရီကို ၁,၃၀၀ နှုန်းအပြင် Chief Admin Officer, CFO, CIO တို့ကိုလည်း တနာရီ ၉၇၅ဒေါ်လာနှုန်းနဲ့ သုံးစွဲနေရတာဖြစ်ပါတယ်။ အဲဒီစားရိတ်တွေနှုတ်ပြီး ကျန်တာကိုမှ စာရွက်စာတမ်းခိုင်လုံတဲ့ မြီရှင်တွေ ဝေပုံကျ ရမှာပါ။
တွဒ်တာဖိုင်တွေထွက်လာတာရော တွဒ်ချုပ်ကြီးက ထရမ့်အကောင့် ပြန်ဖွင့်ပေးလိုက်တာရောကြောင့် အလိမ်ပေါ်မှာ စားခွက်ပျောက်မှာ ကြောက်ကြတဲ့ လွှတ်တော်ဒီမိုခွက်တွေက ထရမ့်ကို ဖွဘုတ်မှာ ဆက်ဘန်းထားပေးဖို့ ဇတ်ကာဘတ်ကို တိုက်တွန်းလိုက်ပါတယ်။ ဖွဘုတ်က ဘန်းတာ ၂နှစ်ဖြစ်တော့ ထပ်အကြောင်းရှာဖို့ ၁လတောင် မလိုတော့တာ ဖြစ်ပါတယ်။ ထရမ့်က ထရုသ်ဆိုရှယ်မှာ ရေးတာတွေကိုပါ ဒီမိုခွက်တွေက မကျေနပ်နေကြပေမယ့် ထရုသ်ဆိုရှယ်ကို မသွားကြပဲ တဆင့်ဖော်ပြသူကိုသာ ကိုးကားကြတာဖြစ်ပါတယ်။ ဖွဘုတ်ကလည်း ဒီလဆန်းပိုင်းက တွဒ်တာဖိုင်တွေထွက်လာစကသာ သဘောကောင်းပြခဲ့ပေမယ့် ခုတော့ အရင်လိုပဲ ပြန်ကြပ်နေပြန်ပါပြီ။
နယ်စပ်တွေဖွင့်ပြီး လက်နက်/မူးယစ်ဆေး/လိင်/လူမှောင်ခို/အကြမ်းဖက်တွေအပါအဝင် ခိုးဝင်တွေကို ဖောဖောသီသီဝင်ခွင့်ပေးနေတဲ့ ဒီမိုကရက်တွေဟာ တိုင်းပြည်မှာ အကြပ်အတည်းတွေ မဖြစ်ဖြစ်အောင် ဖန်တီးပြီး အကြပ်အတည်းတိုင်းပေါ်မှာ အမြတ်ထုတ်တတ်တာနဲ့အညီ အခုလည်း နယူးယောက်နဲ့ ကယ်လီဖိုးနီးယားမှာ ခိုးဝင်တွေများတာအကြောင်းပြပြီး ဘိုင်ကြီးဆီက ပိုက်ဆံတောင်းနေပါပြီ။ နယူးယောက်မြို့ဝန်အဲရစ်အဒမ်စ်က ၁ဘီလီယံတောင်းပါတယ်၊ အဲဒီပိုက်ဆံက အရင်ခိုးဝင်နံပါတ်တွေနဲ့ တွက်ထားတာလို့ စကားခံထားတဲ့အတွက် ၁ဘီလီယံထက် အများကြီးပိုဖို့ပဲ ရှိပါတယ်။
နယူးယောက်မြို့ကြီးတခုထဲမှာတင် စာရင်းအရ ခိုးဝင် ၃သောင်းကျော်ရှိပြီး ၂သောင်းကျော်က ပြည်သူ့အခွန်နဲ့ ဖွင့်ထားတဲ့ ခိုလှုံရာစခန်းတွေမှာ နေကြတာပါ။ နယ်စပ်တွေမှာ တနေ့ကို ပျှမ်းမျှ ၇၅၀၀လောက် ဝင်နေပြီး မကြာခင် ၁၄,၀၀၀ ပျှမ်းမျှဖြစ်တော့မယ်လို့ ဆိုပါတယ်။
နယူးယောက်ပို့စ်က စီးတီးကဒေတာတွေကို သုံးသပ်ထားတာမှာတော့ ခိုးဝင်တွေအတွက် သုံးထားတာ သန်း၁၀၀တောင် မပြည့်သေးပါဘူးလို့ တင်ပြထားပါတယ်။ အဲဒီသန်း၁၀၀ထဲက ၂၃သန်းက ခိုးဝင်တွေကို ဈေးချိုတဲ့အစွန်အဖျားကဟိုတယ်တွေမှာ မထားပဲ မန်ဟက်တန်ရဲ့ အထင်ကရ အမ်ပါယာစတိတ်အဆောက်အဦနားက ဟိုတယ်မှာ သွားထားတဲ့ စရိတ်တွေဖြစ်ပါတယ်။ ဟိုတယ်တွေကို အခန်း ၅၀၀၀လိုကြောင်း တောင်းခံခဲ့တာမှာ ဘယ်ဟိုတယ်တွေက အကြောင်းပြန်တယ်ဆိုတာကို မြို့အုပ်ချုပ်ရေးက ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုပါတယ်။
သန်း ၁၀၀အနက်က ၁၂သန်းက ကွင်းစ်အရပ်က တခြားခိုလှုံရာစခန်းမှာ သုံးတာဖြစ်ပြီး ၈.၂သန်းက ဘာသာပြန်/စကားပြန်ကိစ္စတွေ အတွက် သုံးတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သန်း၁၀၀တောင် မသုံးရသေးပဲ ၁ဘီလီယံတောင်းတာ တော်ရုံစကေးနဲ့တော့ မဟုတ်တာသေချာပါတယ်။ ဘနဖူးသိုက်တူးဖို့နဲ့ ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့အတတ်တွေမှာ ဆရာကျတဲ့နေရာမှာ ဒီမိုကရက်တွေကို မှီဖို့တော့ မလွယ်ပါဘူး။
ကယ်လီဖိုးနီးယားက နျူဆမ်ကလည်း ညဥ်းချင်းချပြနေပါပြီ။ ခိုးဝင်တွေက ရှိသမျှရှယ်လ်တာအကုန်ပြည့်တဲ့အပြင် သူ့အမိန့်နဲ့ အိုင်ဒီပေးဖို့၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုရဖို့ စသဖြင့်တွေအတွက် ဘတ်ဂျက်မနိုင်တော့ပါတဲ့။ ဒီမှာမွေး ဒီမှာကြီးတဲ့ လူမည်းတွေကျတော့ မဲပေးဖို့ အိုင်ဒီပြရမယ်ဆိုရင် ရေ့စစ်တဲ့၊ အင်္ဂလိပ်လို ပြောဖို့တောင်မတတ်ကြတာများတဲ့ ခိုးဝင်တွေကျတော့ အိုင်ဒီရရမယ်ဆိုတော့ ဥပဒေက ဖျာပါးစပ်ကထွက်တဲ့ လိုတမျိုးမလိုတမျိုးဥပဒေ ဖြစ်နေပါပေါ့လား။ အခုလို ညဥ်းပြနေတာကလည်း အဲရစ်အဒမ်စ်လိုပဲ ဘတ်ဂျက်အကြီးကြီးတောင်းဖို့ စကားဦးသန်းထားတာ ဖြစ်နိုင်တာပဲလေ။
ဝါရှင်တန်စတိတ်မှာတော့ ခိုးဝင်တွေကို အိုဘားမားရဲ့ ဘယ်လိုမှ အဖော့ဒေးဘဲလ်မဖြစ်တဲ့ အဖော့ဒေးဘဲလ်အက်ကို ထပ်ချဲ့ပြီး ခိုးဝင်တွေပါ ကျန်းမာရေး/သွားကျန်းမာရေးအာမခံရအောင် လုပ်ပေးမယ်လို့ ဆိုပါတယ်။ ပြည်နယ်မှာ တရားဝင်နေထိုင်သူတွေ ကျန်းမာရေးအတွက် ပြည်နယ်က သန်း၅၀ ထောက်ပံ့ပေးထားပြီး တရားမဝင်တွေကိုတော့ ၅သန်းကူမှာဖြစ်ပါတယ်။ အလုပ်လုပ်သူတိုင်း အလုပ်ကရတဲ့ ကျန်းမာရေးအာမခံရမှာဖြစ်တဲ့အတွက် အလုပ်မလုပ်လဲ ကျန်းမာရေးဝန်ဆောင်မှု ရနေတယ်၊ အခွန်လဲမထမ်းရပဲ အစိုးရဆီကတောင် ဝင်ငွေနည်းတွေအတွက် ထောက်ပံ့တာတွေ ရနေကြတော့ အလုပ်လုပ်ဖို့ စိတ်မဝင်စားကြတာ မဆန်းတော့ပါဘူး။ အားနေတော့ အရက်/မူးယစ်ဆေးဖက် လှည့်ကြတာနဲ့ ခိုးဖို့အားပေးတာတွေပါ ပေါင်းရင် သူခိုးလုပ်စားတာက ပိုကိုက်တယ်လို့ တွက်ကြမှာပါပဲ။ ဒါ့အပြင် အလုပ်လုပ်ရင် ပေးရတဲ့အခွန်တွေထဲက ခိုးဝင်တွေ အတွက်ပါ ထပ်ဆောင်းပေးနေရတဲ့အတွက် ပြည်နယ်တွေ အပြာရင့်လေ အခွန်ကြီးလေ ဖြစ်နေတာပါ။