ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ

Person of the year 2022 အတွက် တိုင်းမ်စ်မဂ္ဂဇင်းက ယူကရိန်းသမ္မတဇယ်လန်းစကီးကို ရွေးချယ်လိုက်ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်ခဲ့တာက အီလွန်ဖြစ်လေတော့ ဇယ်လင်းစကီးကို ရွေးလိုက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာတခုမှ မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် အကြမ်းဖက်တွေကို အားဆေးတိုက်ခဲ့တဲ့ အိုဘားမားကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်သလိုပဲ ဂလိုဘယ်အာဏာရှင်အာဂျင်ဒါကို သွားနေတဲ့ မီဒီယာတွေရဲ့ သရုပ်ကို ထင်ရှားစေတာပါ။ 

ရုရှားကို ဒီမိုကရက်တွေနဲ့ မီဒီယာတွေက ရန်သူလို့ ပုံဖော်နေကြပါတယ်။ ဒီနေရာမှာ ရန်သူဆိုတာကို အဓိပ္ပါယ်ဖွင့်ရင် ကိုယ့်အကျိုးစီးပွားကို မလိုလားသူ ပျက်စီးအောင် အားထုတ်သူလို့ ပြောလို့ ရမှာပါ။ အဲဒါကို သဘောတူတယ်ဆိုရင် ရုရှားနဲ့ တရုပ် ဘယ်သူက ကိုယ့်အကျိုးစီးပွားပျက်စီးဖို့ တချိန်လုံး အားထုတ်နေသလဲဆိုတာ ကိုကြည့်လိုက်ရင် ဘယ်ဟာက တကယ့်ရန်သူဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာမှာပါ။ ဘိန်းစစ်ပွဲ၊ ခြမွေးပွဲ၊ ကပ်ပိုးစစ်ပွဲတွေကစလို့ တစ်တော့အဆုံး ကိုယ့်အကျိုးစီးပွားကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်နေတဲ့နိုင်ငံကို ရန်သူလို့ ရည်ညွှန်းဖို့ဝေးလို့ ဒီမိုကရက်အစိုးရတွေ အမတ်တွေကို ကြိုးကိုင်ထားတဲ့ အီလိတွေက အကုန်ဝိုင်းကာကွယ်ပေးနေကြတာ တွေ့ရမှာပါ။

မီဒီညာတွေက ရုရှားဟာ အမေရိကန်ရဲ့ ရန်သူလို့ ပုံဖော်တာနဲ့အတူ ရုရှားနဲ့ ပတ်သက်တဲ့ စစ်သတင်းတွေကိုလည်း သူတို့လိုချင်တဲ့ ပုံစံဖြစ်အောင် ထုတ်လွှင့်နေခဲ့တာပါ။ မြေပြင်အခြေအနေအမှန်ကို မဖော်ပြပဲ မမှန်တဲ့ မျှော်လင့်ချက်တွေပေးပြီး စစ်ကြာအောင် လုပ်နေတာက ခြစားတွေနဲ့ တကယ့်ရန်သူကိုပဲ​ အကျိုးရှိစေမှာပါ။ အမေရိကန်ပြည်သူ၊ ယူကရိန်းပြည်သူ၊ ရုရှားပြည်သူ ဘယ်သူမှ အကျိုးမရှိပါဘူး။

ဘိုင်ကြီးတို့လစ်ဗြဲတွေ ရုရှားကို မကြည်တဲ့ အဓိကအချက်က ကမ္ဘာ့ရွာသမားတွေတွန်းနေတဲ့ ပြည်ဖျက်အာဂျင်ဒါတွေကနေ လွတ်ထွက်နေတာလည်း ပါပါလိမ့်မယ်။ ရုရှားအများစုက ခရစ်ယာန်တွေ၊ မိသားစုနဲ့ ရိုးရာအစဥ်အလာတွေကို တန်ဖိုးထားဆဲ ဖြစ်နေသေးတာပါ။ ဒီနေရာမှာ ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စုမဟုတ်တော့သလို ကွန်မြူနစ်စနစ်ပြန့်ပွားအောင် လုပ်နေတာမဟုတ် ဘူးဆိုတာကိုလည်း မေ့မထားဖို့ လိုပါတယ်။

ထိပ်တန်း နိုင်ငံတကာ ထောက်လှမ်းရေးဟောင်းတွေ စစ်ဖက်အကြီးအကဲဟောင်းတွေက ရုရှားဟာ နယ်ချဲ့တာကလွဲလို့ အမေရိကန်အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီး လုပ်နေတာမျိုး မတွေ့ရကြောင်း ဆိုကြပါတယ်။ နယ်ချဲ့တာက မကောင်းဘူးဆိုပေမယ့် မကောင်းတာလုပ်တိုင်း ရန်သူလို့ မခေါ်နိုင်တာကို ခွဲသိရမှာ ဖြစ်ပါတယ်။ နယ်ချဲ့တယ်ဆိုတာကလည်း လွတ်လပ်မှုရဲ့ မီးရှုးတန်ဆောင်နိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ပျော့ညံ့တဲ့ ခြစားတွေ ခေါင်းဆောင်တက်လုပ်နေချိန်မှာပဲ​ ဖြစ်တယ်ဆိုတာ ထရမ့်လက်ထက်တုန်းက ပူတင် နားရွက်မခတ်ရဲတာကို ကြည့်ရင် သိနိုင်ပါတယ်။

ရုရှား-ယူကရိန်းစစ်နဲ့ ပတ်သက်ပြီး အမေရိကန်က အလုပ်သင့်ဆုံးက ရုရှားက စစ်ပြင်နေကတည်းက စစ်မဖြစ်အောင် တားခဲ့ရမှာပါ။ အမေရိကန်မှာ တားနိုင်တဲ့ အရည်အချင်းရှိကြောင်း ထရမ့်က ပြခဲ့ပြီးပြီပဲ။ တားရမယ့်အစား ငဂျိုးက ဘေးတောင်တီးပေးလိုက်သေးတာ။ စစ်ဖြစ်ပြန်တော့လည်း အမြန်ပြီးဖို့ကို မတွန်းပဲ ကြာသထက်ကြာအောင် ဆွဲထားတယ်။ ရုရှားကို ချိနဲ့အောင် လုပ်ချင်တာလိုလို ပူတင်ပြုတ်ကျစေချင်သလိုလိုတွေ ငှားထားတဲ့ ပါးစပ်တွေနဲ့ ပြောပါတယ်။

ပူတင်ပြုတ်စေချင်တယ်ပဲထား၊ ရုရှားကို ဖြိုချင်လို့ပဲထား၊ ယူကရိန်းပြည်သူတွေရဲ့ အသက်တွေ ဘဝတွေက စစ်တုရင်ခုံပေါ်က အရုပ်လေးတွေမဟုတ်သလို အမေရိကန်ကလည်း သုံးမကုန်တဲ့ ငွေတွင်းကြီး ဖင်ခုထိုင်နေတာမဟုတ်ဘူး။ ဆန်ရှင်တွေကလည်း ဂယ်ပေါက်တွေနဲ့ မနာမယ့်နေရာ ရွေးရိုက်တာဆိုတော့ ရုရှားက ဘာကြီးကြီးကျယ်ကျယ်ထိခိုက်မသွားဘူး။ ပန်းပန်လျက်ပါပဲ။​ အဲဒီလိုဖြစ်အောင်လည်း ဘိုင်ဒန်တို့ပဲ ပြည်တွင်းရေနံထုတ်တာတွေ ကန့်သတ်ခဲ့တာပါ။

နိုဝင်ဘာ ၁၅ရက်နေ့က နေတိုးအဖွဲ့ဝင် ပိုလန်နယ်ထဲကို ရုရှားလုပ် ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ပေါလစ်ရှ်လယ်သမား ၂ဦး သေဆုံးခဲ့ပါတယ်။ ယူကရိန်းကတော့ ရုရှားကပစ်တာလို့ပဲ​ အခိုင်အမာ ပြောနေတာပါ။​ ရုရှားလုပ်ဆိုတိုင်းလည်း ရုရှားက ပစ်တာလို့ ပြောမရနိုင်တာကတော့ ရှင်းပါတယ်။ ဘိုင်ဒန်တို့က ရုရှားကပစ်တာ ဖြစ်နိုင်ခြေ နည်းတယ်လို့​ ပြောပြီး ရုရှားကတော့ ဒုံးကျည်တွေက ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးက လာတာလို့ ဆိုပါတယ်။

ပြဿနာက ရုရှားက ပစ်တာဆိုရင် နေတိုးအဖွဲ့ဝင်ပိုင်နက်ဖြစ်တဲ့အတွက် နေတိုးကို စစ်ကြေငြာသလို ဖြစ်သွားရင် တတိယကမ္ဘာစစ်ထဲ ဆွဲသွင်းလိုက်သလို ဖြစ်သွားမှာပါ။ တကယ်ဆိုရင် အမေရိကန်က ဘယ်ဒုံးကျည် ဘယ်ကလာတယ် ဆိုတာကို သိနိုင်တဲ့ စနစ် ရှိပြီးဖြစ်လို့ ဘယ်ကပစ်တယ်ဆိုတာ သိကိုသိမှာဖြစ်ကြောင်း စစ်ဖက်က အငြိမ်းစားအရာရှိကြီးတွေက ပြောပြကြပါတယ်။

အဲဒီတော့ ဆက်စပ်စဥ်းစားသင့်တာက ရုရှားက နေတိုးစစ်ထဲပါလာဖို့ (သို့) တတိယကမ္ဘာစစ်ဖြစ်ဖို့ စစ်မြှူမယ့် အနေအထား ဖြစ်ချင်တာလား၊ ဒါမှမဟုတ် ယူကရိန်းက ယူကရိန်း-ရှရှားစစ်ကနေ ယူကရိန်းဖက် နေတိုးပါလာအောင် ဖန်နေတာလားဆိုတာဖြစ်ပါတယ်။ ရုရှားက နေတိုးစစ်ထဲပါလာအောင် လုပ်ဖို့ ဖြစ်နိုင်ခြေ နည်းတဲ့အပြင် ပိုလန်ဖက်ကို ဒုံးကျည်ကျဖို့ဆိုတာ သက်သက်လုပ်ယူမှပဲ ရမယ့်ပုံပါ။ ယူကရိန်းက သူ့ဖက် နေတိုးပါလာအောင် ဖန်တာက ပိုဖြစ်နိုင်ပါလိမ့်မယ်။​

ဒါဆိုရင် ယူကရိန်းက ဘာလို့ နေတိုးကို စစ်ထဲပါလာစေချင်တာလဲဆိုတာ ပြန်ကြည့်ဖို့ လိုပါမယ်။ ဩဂုတ်လက ဆောင်းပါးတခုမှာ အမေရိကန်ဟာ ယူကရိန်းကို ၅၄ဘီလီယံ အကူအညီပေးပြီး ဖြစ်ကြောင်း၊ အဲဒီထဲမှာ လက်နက်ပစ္စည်းက ၁၂.၅၊ စီးပွားရေးအရက ၉.၄၊ ကန်တပ်တွေချတာနဲ့ ထောက်လှမ်းရေးအရ ကူညီတာက ၉၊ အစားအသောက် ကျန်းမာရေးစတာက ၇၊ စစ်ရေး လုံခြုံရေးက ၆၊ စစ်ပစ္စည်းတွေ ဝယ်ဖို့ ချေးငွေနဲ့ ဂရန့်တို့က ၄.၇၊ ဒုက္ခသည်တွေ ပြောင်းရွှေ့ပေးဖို့မှာ ၁.၈၊ အခြားအထောက်အပံ့က ၁.၅၊ ဆန်ရှင်တွေအတွက်က ၀.၃ဘီလီယံ အသီးသီးသုံးထားတယ်လို့ နယူးယောက်တိုင်းမစ်က ပြောထားပါတယ်။ FTX ထဲ ယူကရိန်းကထည့်ထားတဲ့ ၁ဘီလီယံက ဘယ်ကလာတာလဲ၊ ဒီလောင်ငွေလိုနေတဲ့နိုင်ငံက ဘာဖြစ်လို့ FTXထဲ ထည့်ထားတာလဲဆိုတာကိုတော့ ဘယ်သတင်းထောက်မှ မမေးကြပါဘူး။

ဒီ ၅၄ဘီလီယံက အမေရိကန်တနိုင်ငံထဲက လာတာဖြစ်ပြီး ကျန်နိုင်ငံတွေကထောက်ပံ့တာတွေ၊ အရပ်ဖက်အချင်းချင်း ချိတ်ဆက်ထောက်ပံ့ကြတာတွေ မပါသေးပါဘူး။ ဒါပေမယ့် မြေပြင်အခြေအနေမှာ ယူကရိန်းပြည်သူတွေဟာ ရေ မီး လောင်စာ ဆေးဝါး စတဲ့ လိုအပ်ချက်တွေ ဘယ်နားမှ လျော့သွားတာ မတွေ့ရဘူးလို့ ထောက်လှမ်းရေးဟောင်းတွေက ဆိုပါတယ်။

ဇယ်လန်းစကီးကလည်း သူတို့မှာ စစ်ဖက်အကူအညီတင်မက ဆေးရုံ၊ ဆေးဝါး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေအတွက်ပါ အမေရိကန်ဟာ ခေါင်းဆောင်ပီပီသသ ဒီထက်အများကြီး ထပ်ကူသင့်တယ်လို့ တောင်းဆိုထားပါတယ်။ အဲဒါတွေက ရုရှားက စစ်လျော်ကြေးအနေနဲ့ ပြန်တောင်းရမှာလေ။ ဘာလို့ အမေရိကန်ဆီက လာတောင်းနေရတာလဲ။ လူသားချင်းစာနာလို့ ကူတာမျိုးကလွဲရင် အမေရိကန်မှာ ပေးဖို့ ဘာတာဝန်ရှိလို့လဲ။  ခေါင်းဆောင်ဆိုတာကရော ဘာကို ဆိုလိုတာလဲ။ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်ဆိုရင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံတိုင်းကို ကူရမှာမဟုတ်ဘူးလား။

ယူကရိန်းကို နေတိုးမှာ ပါဝင်ခွင့်မပေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်က အငြိမ်းစား စစ်ဖက်အရာရှိကြီးများရဲ့ သုံးသပ်ချက်နဲ့ မီဒီယာတွေမှာ ဘိုင်ဒန်တို့ အကြောင်းပြတာတွေက ကွဲလွဲနေပြန်ပါတယ်။ ထရမ့်လက်ထက်က ကာကွယ်ရေးဝန်ကြီးရဲ့ အကြီးတန်းအကြံပေးလုပ်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း ဒေါက်ဂလပ်စ်မက်ဂရီဂေါ်က ယူကရိန်းဟာနေတိုးကို ဝင်ဖို့ ကြိုးစားနေခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် လူ့အခွင့်အရေးပြဿနာတွေ၊ အတိုက်အခံတွေအပေါ် ဖိနှိပ်တာတွေ၊ ခြစားမှုတွေ အများကြီး ရှိနေတဲ့အတွက် ဝင်ခွင့်မပြုခဲ့တာလို့ ဆိုပါတယ်။ ဘိုင်ဒန်တို့ကတော့ ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ မလိုလားတာကို အကြောင်းပြပါတယ်။

ခရိုနီတွေလို အိုလီဂါ့ခ်တွေ ကြီးစိုးပြီး ခြစားတဲ့နိုင်ငံမှာ ဇယ်လန်းစကီးအာဏာရလာတာ မီဒီယာတွေက ပုံဖော်နေသလောက် မရိုးစင်းတာတော့ အမှန်ပါပဲ။ တပ်ကာက ဇယ်လန်းစကီးနောက်မှာ အော်လီဂါ့ခ်ကြီးတဦး နောက်ခံပေးထားပြီး သူအာဏာရလာကတဲက တခြားနိုင်ငံရေးပါတီတွေကို နာလံမထူနိုင်အောင် ဖိနှိပ်ထားတယ်လို့ ဆိုပါတယ်။ လူရွှင်တော်ကနေ သမ္မတတက်ဖြစ်လာတဲ့သူက ချက်ချင်းကြီး နိုင်ငံရေးဖြုတ်ထုတ်သတ်တွေကျွမ်းကျင်ပြီး စစ်ကိုတောင် ဦးဆောင်နိုင်တယ်ဆိုတာ ပြောရရင် အံ့ဘနန်းပါပဲ။

စစ်ကြာအောင် ကျယ်ပြန့်အောင် လုပ်နေတဲ့ထဲမှာ ဇယ်လန်းစကီးလက်ချက်တွေလည်း ပါပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်ပြည်သူတွေ အထိအနည်းဆုံးဖြစ်အောင် နည်းလမ်းရှာရမှာပါ။ အခုအချိန်မှာ စစ်ကို တိုစေချင်ရင် တွေ့ဆုံဆွေးနွေးဖို့ကလွဲလို့ တခြားနည်း မရှိပါဘူး။ ဒါပေမယ့် ဇယ်လန်းစကီးက ရုရှားသိမ်းထားတဲ့ ယူကရိန်း နယ်မြေတွေအကုန်လုံးကို ပြန်ရမှ စစ်ကို အဆုံးသတ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အကျည်းတန်အမှန်တရားတခုဆိုတာကိုတော့ လက်ခံရမှာပါ။ မီဒီယာက ဇယ်လန်းစကီးကို သနားစရာဖိုးသခွားလေးလို ပုံဖော်နေတော့ အကူအညီမပေးနဲ့လို့ ပြောတဲ့သူဟာ အလိုလို ချဥ်ဖတ်ဖြစ်သွားတော့တာပါပဲ။

မီဒီယာတွေ မပြောတာက ရုရှားမှာ ကမ္ဘာ့အဆင့်စစ်တပ်ကြီးရှိတယ်၊ ရေနံကရတဲ့ဝင်ငွေနဲ့ လက်နက်ရောင်းရငွေတွေနဲ့တင် စစ်ကို အေးအေးဆေးဆေး ဆက်တိုက်သွားလို့ရတယ်။ ယူကရိန်းက ဥရောပမှာ ခြအစားဆုံးနဲ့ အဆင်းရဲဆုံး။ အဲဒီနိုင်ငံလေးက ရုရှားစစ်သုံ့ပန်းတွေ ဖမ်းမိတိုင်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ရုရှားတွေ ဒေါသမထွက်ထွက်အောင် ကြိုးတုတ်သတ်ပြ၊ မလိုအပ်ပဲ​ ရက်စက်ပြနဲ့။ အဲဒါတွေ မီဒီယာက ပြသလား။ ယူကရိန်းတပ်က ခြောက်ပစ်ကင်းလို့ ပြောလို့မရသလို ရုရှားစစ်တပ်က စစ်သည်တွေကလည်း မအလတပ်ကကောင်တွေလို ဖြစ်လိမ့်မယ်လို့ တွေးလို့မရဘူး။ ဒီလိုပြောလို့ ရုရှားဖက်ကလိုက်ပြောနေတာမဟုတ်သလို ပူတင်ကလည်း သူတော်ကောင်းကြီးလို့ မွှန်းနေတာမဟုတ်ဘူးနော်။ ဖြစ်နိုင်ခြေတွေကို စဥ်းစားဖို့ ပြောနေတာ။

မီဒီယာနဲ့ တက်ခ်ကြီးတွေ အီလိတွေရဲ့ နှိပ်ကွပ်တာ အမြဲခံနေရတဲ့ ကွန်ဆာဗေးတစ်တွေအနေနဲ့ မီဒီယာတွေက ကြမ်းပိုးကိုလိပ် လိပ်ကိုကြမ်းပိုးလုပ်နေကြတာ သိနေကြပြီဖြစ်ပေမယ့် ကျန်တဲ့သူတွေကလည်း တွဒ်တာဖိုင်တွေထွက်လာအပြီးမှာတော့ မြင်တိုင်း ကြားတိုင်းယုံတာတွေ ပုဂ္ဂိုလ်စွဲ ပါတီစွဲနဲ့ ယုံတာတွေကို ပြန်ဆန်းစစ်ဖို့ သင့်နေပါပြီ။ မီဒီယာမျက်လှည့်ပြတာတွေက FTX ရော၊ ငဗစ်ရော၊​ ဟန်းတားရော၊ ရုရှား-ယူကရိန်းစစ်ရော၊ တော်တော်များပါတယ်။

လွယ်လွယ်ပြောရရင် အဲဒီစစ်ကြောင့် အကျိုးရှိနေသူတွေကပဲ စစ်ကို မကြာ့ကြာအောင် ဆွဲဆန့်ချင်ကြမှာပါ။ ရုရှားက သူလိုတာရပြီးရင် အမြန်ဆုံးဖြတ်ချင်မှာပါပဲ။ အီးယူနဲ့ နေတိုးကလည်း စစ်ပွဲမှာ ခပ်ရှောင်ရှောင် ဖြစ်လာတာကိုကြည့်ရင် သူတို့လည်း စစ်ပြီးစေချင်မယ်လို့ ယူဆနိုင်ပါတယ်။ ဘိုင်ဒန်တို့နဲ့ ဇယ်လန်းစကီးတို့ပဲ စစ်ကို ရှည်စေချင်နေကြတာပါ။ ဘိုင်ဒန်ရဲ့ ခြစားသမိုင်းမှာ ယူကရိန်းကလည်း ထိပ်တန်းက ပါနေတာ မမေ့သင့်ပါဘူး။

FTX ပြိုကွဲတဲ့ကိစ္စ ဖြစ်မလာခင်အချိန်အထိ SBF လိုလူလိမ်ကို မီဒီယာတွေ ဝိုင်းအမွှန်းတင်နေခဲ့ကြတာ ကလင်တန်ဖောင်ဒေးရှင်းတို့ ဟိုဆမ်းမစ် ဒီဆမ်းမစ်တို့မှာ သွားစကားပြောပေးရတာနဲ့၊ ကလင်တန်တို့နဲ့လည်း ခင်သလားမမေးနဲ့။ ခင်ဆို ဂျက်ဖရေအက်ပ်စတိန်းလို ပီဒိုခေါင်းနဲ့လည်း ကလင်တန်တို့ အရမ်းခင်ခဲ့ကြတာပဲလေ။ ဒါပေမယ့် ဖော်မှာစိုးတော့လည်း နှုတ်ပိတ်ခံလိုက်ရတာပါပဲ။ ခုလည်း SBF ကို ဘယ်လောက်ခင်ခင် ဘယ်လောက်လှူခဲ့လှူခဲ့ သူတို့ပတ်သက်မှုတွေပါ ပေါ်လာနိုင်ရင် နှုတ်ပိတ်ကြဦးမှာပါပဲ။​

တွဒ်တာကနေ သူတို့အကြောင်းတွေ ဖော်ထုတ်နေတဲ့ အီလွန်အသက်ကိုလည်း အဲဒါကြောင့် ရန်ရှာချင်နေကြတာပါ။​ အီလွန်ဘယ်မှာရှိတယ်ဆိုတာကို သူ့လေယာဥ်ဘယ်မှာရောက်နေလဲဆိုတာ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေတဲ့ စီအန်အန်၊ နယူးယောက်တိုင်းမ်စ်နဲ့ ဝါပိုတို့ကို တွဒ်တာကနေ ရပ်ဆိုင်းထားလိုက်ရပါပြီ။ မနေ့ညကလည်း သူ့သားသွားတဲ့ကားကို အီလွန်အမှတ်နဲ့ နောက်ကလိုက်၊ ကျော်၊ ကားရှေ့က ဖြတ်ပိတ်ပြီး ရှေ့ဖုံးပေါ်တက်လာခဲ့လို့ သူ့ဂျက်ကို ခြေရာခံနေတဲ့ Sweeney နဲ့ အဖွဲ့တွေကို တရားစွဲဖို့ လုပ်နေပါပြီ။ ကားနဲ့လိုက်တဲ့လူငယ်က အသစ်စက်စက်ကားနဲ့ အကြောက်အလန့်လုံးဝ မရှိတာကိုကြည့်ရင် သူ့နောက်မှာ သူ့ကို ကာဗာပေးမယ့်အကောင်/အဖွဲ့တွေ ရှိမှာ သေချာပါတယ်။ ဒါတွေထည့်ရတာ အာဏာငန်းဖမ်းတဲ့သူတွေ ခြစားတွေမှာ မိတ်ဆွေဆိုတာမရှိ၊ စည်းမရှိ၊ ကျင့်ဝတ်မရှိ၊ ရက်စက်ဖို့ ဝန်မလေးတာကို ထင်ရှားစေချင်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: