မီးခိုးမထွက်တဲ့ စစ် (သို့) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း

“အယူဝါဒဖျက်ဆီးခြင်းဆိုတာဟာ စိတ်ဓါတ်ရေးရာစစ်ပွဲတခုပါပဲ၊ အဲဒါကတော့ ဘယ်လောက်ကြီးပဲ သတင်းအချက်အလက်တွေ တောင်လိုပုံနေပါစေ အမှန်တရားအပေါ် ရှုမြင်တဲ့ အမေရိကန်တွေရဲ့ အမြင်တွေကို ဂျွမ်းထိုးမှောက်ခုံ လုပ်ပစ်လိုက်ခြင်းဖြင့် သူတို့ရဲ့ ဆင်ခြင် စဥ်းစား ဆုံးဖြတ်နိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်တာပါ။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကင်းသွားတဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အမေရိကန်တွေ သူတို့ကိုယ် သူတို့ရော သူတို့ရဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေတင်မက နိုင်ငံကိုပါ ကာကွယ်နိုင်စွမ်း ကင်းမဲ့သွားတော့တာပဲ ဖြစ်ပါတယ်။”

အထက်ပါအတိုင်း ပြောကြားခဲ့သူကတော့ ကေဂျီဘီကနေ အနောက်ကမ္ဘာမှာ ခိုလှုံလာတဲ့ ယူရီဘက်ဇ်မီနော့ဗ်က ၁၉၈၀ အစောပိုင်း ဆိုဗီယက်ခေတ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ယူရီဟာ ဆိုဗီယက်ပြည်ထောင်စုက အဆင့်မြင့်စစ်ဖက်အရာရှိကြီးရဲ့ သားဖြစ်တဲ့အတွက် ကွန်မြူနစ်စနစ်အောက်မှာ သူ့ငယ်ဘဝကို သာသာယာယာပဲ ဖြတ်သန်းခဲ့တာပါ။​ ကေဂျီဘီထဲ ရောက်ပြီး ပထမဆုံး ခရီးစဥ်အနေနဲ့ အိန္ဒိယကို စေလွှတ်ခြင်း ခံခဲ့ရချိန်မှာလည်း အစိုးရစားရိတ်နဲ့ အထက်တန်းလွှာတဦးလို နေထိုင်ခဲ့ရပါတယ်။

အိန္ဒိယရဲ့ ကြွယ်ဝတဲ့ ယဥ်ကျေးမှုသမိုင်းကြောင်းတွေ အတွေးအခေါ်တွေအပေါ် ချစ်ခင်မြတ်နိုးသွားတဲ့ ယူရီဟာ လူတွေရဲ့ သာယာအေးချမ်းနေတဲ့ ဘဝတွေကို ဖျက်လိုဖျက်ဆီးလုပ်၊ သူတို့အမိန့် မလိုက်နာသူတွေကို ထင်သလို သတ်ဖြတ်နေတဲ့ သူ့မိခင်နိုင်ငံကို တစတစ စိတ်ကုန်လာခဲ့တာကြောင့် စီအိုင်အေကို ၁၉၇၀မှာ ဆက်သွယ်ပြီး အနောက်ကမ္ဘာမှာ ခိုလှုံခဲ့ပါတယ်။ စီအိုင်အေရဲ့ အစီအစဥ်နဲ့ ဂျာမဏီကနေတဆင့် ကနေဒါကို သွားရောက်ပြီး စီအိုင်အေက စီစဥ်ပေးတဲ့ identity အသစ်နဲ့  ဘဝမျိုးစုံမှာ ဇတ်မြှုတ်ကျင်လည်ခဲ့ပါတယ်။ အမေရိကန်မှာ အခြေမချတာကတော့ အမေရိကန်မှာ နှစ်ဖက်ချွန်တွေ ရှိနေနိုင်တာကြောင့် သူ့နဲ့ သူ့မိသားစုလုံခြုံရေးအတွက် စိတ်မချလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အယူဝါဒနဲ့ အစဥ်အလာတွေကို ဖျက်ဆီးဖို့ဆိုတာဟာ တဖြည်းဖြည်းချင်း ဦးနှောက်ဆေးယူရတာဖြစ်လို့ နှစ်ပေါင်းများစွာ အချိန်ယူကြရတာပါ။ အဲဒီလုပ်ငန်းစဥ်ကို အဆင့် ၄ဆင့် ခွဲထားပါတယ်။

1. Demoralization စိတ်ဓါတ်ပျက်ပြားအောင် ပြုလုပ်ခြင်း

2. Destabilization တည်ငြိမ်မှုပျက်ပြားအောင် ပြုလုပ်ခြင်း

3. Crisis အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရအောင် ပြုလုပ်ခြင်း

4. Normalization (of the abnormal or the new norm) စံအသစ်များ ချမှတ်ခြင်း တို့ ဖြစ်ပါတယ်။

ပထမဆင့်အနေနဲ့ ရန်သူနိုင်ငံကလူတွေ စိတ်ဓါတ်ပျက်ပြားအောင်လုပ်ဖို့ ၁၅နှစ်ကနေ အနှစ် ၂၀လောက်အထိ လိုပါတယ်။ ဘာလို့ နှစ်တွေ ဒီလောက်လိုတာလဲဆိုတော့ မျိုးဆက်တခုကို ပုံစံသွင်းဖို့ အနည်းဆုံး အဲဒီလောက်ကာလ လိုအပ်လို့ပါ။ Ideological subversion အကြောင်းကို ယူရီဘက်ဇ်မီနော့ဗ် 

ပြောတဲ့ လွန်ခဲ့တဲ့ အနှစ်၄၀ကတည်းက အမေရိကန်တွေရဲ့ စိတ်ဓါတ်တွေ ပျက်ပြားနေပြီဖြစ်လို့ အဲဒီအဆင့်က တော်တော် ခရီးရောက်နေပြီလို့ ဆိုပါတယ်။

Demoralized စိတ်ဓါတ်ပျက်ပြားတယ်ဆိုတာကတော့ အမှန်ကို အမှား၊ အမှားကို အမှန်ဖြစ်အောင် အင်တိုက်အားတိုက် လုပ်လာကြတော့ အမှန်တရားဟာ လယ်ပြင်ဆင်သွားသလို ထင်ရှားလာရင်တောင် ဂရုမစိုက် ကြတော့တာပါပဲ။ အထင်ရှားဆုံးဥပမာကတော့ ဂျိုးတို့အုပ်စုတွေ ခြစားတဲ့ သတင်းထွက်လာတုန်းက ဖုံးဟယ် ဖိဟယ် ဘန်းဟယ် ဆဲဟယ်နဲ့ ဝိုင်းနှက်ခဲ့ကြပေမယ့် တကယ့်သတင်းပါလို့လည်း ထွက်လာရော ဒီမိုခွက်အများစုက အတိတ်မေ့သလိုလိုနဲ့ ဇွတ်တိုးပြီး တွင်းတူးမိုက်နေကြတော့တာပါ။

ဟိုပိုးနဲ့ ပတ်သက်ရင်လည်း အလားတူပါပဲ။ ခုထိ အမှားက အမှန်တွေလုပ်၊ တဖက်သတင်းတွေကို ခုထိ လိုက်ပိတ်နေဆဲပါ။ မေးရင် ရူးချင်ယောင်ဆောင်ကြပေမယ့် ကာယကံရှင်ပြည်သူတွေကိုယ်၌က ပျော်ပျော်ကြီး အလိမ်ခံချင်နေကြတော့ ပြည်သူ့အကျိုး တကယ်ကြည့်မယ့် အစိုးရတက်လာဖို့ဆိုတာကို မလွယ်ဘူး ဖြစ်နေတာပါ။ အမှန်တရားက ခါးသက်တယ်၊ မုသားက ချိုတယ်ဆိုတော့ အဆိပ်ကို သကာအုပ်ကျွေးလည်း စားကြတာပါပဲ။

နောက်တချက်ကတော့ unknown ပေါ့၊ သတင်းအမှားတွေနဲ့ ထုံနေအောင် ခြောက်ထား၊ သိသင့်တာတွေကို unknown ဖြစ်အောင် လုပ်ထားရင် တော်ရုံလူက ကြောက်ကြတာပါပဲ။ အမှောင်ကို ကြောက်တာမျိုး၊ မမြင်ရတာကို ကြောက်တာမျိုးပေါ့၊ ဒါမျိုးနဲ့ ထုံသွား (ကန်းသွား)တဲ့အခါကျတော့လည်း မကြောက်တော့ပြန်ဘူးလေ။

အမေရိကန်မှာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဖို့အတွက် မီဒီယာတွေကိုပဲ အသုံးချခဲ့တာပါ။ မီဒီယာကို အသုံးချဖို့ ကောပိုရိတ်အီလိတွေနဲ့ ရာထူး/အဆက်အသွယ်နဲ့ပဲ လုပ်စားတတ်တဲ့ နိုင်ငံရေးစားဖားကြီးများကို အရင်ကျုံးသွင်းကြရပါတယ်။ နောက်တော့ ပညာရေးလောက ပညာရှင်ဆိုတာတွေပါ ပါလာပါတော့တယ်။ တကယ်အရည်အချင်းမရှိတဲ့သူတွေက မြှောက်ပေးရင် အဟုတ်ထင်ပြီး အဝှာတက်အောင် ကကြတာပါပဲ။ တချို့ကလည်း ဆိုဗီယက်တို့ တြုပ်ပြည်တို့ကို ဖိတ်ပြီး ဧည့်ခံစဥ်မှာ မစားကောင်းတဲ့အသီးနုနုတွေ စားခဲ့ပြီး အဖော်ခံရမှာစိုးတော့ ရန်သူကြိုးဆွဲသမျှ မထူးဇတ်ခင်းကြတော့တာပါ။

လွန်ခဲ့တဲ့ အနှစ်၅၀ကျော်က အမေရိကန်တွေ မီဒီယာတွေကနေ သတင်းတွေ သိခဲ့ကြရပေမယ့် အဲဒီနောက်မှာတော့ local channel လေးတွေကနေ ဖတ်သူတွေ ဗဟုသုတရဖို့ မျက်စေ့ဖွင့် နားဖွင့်ပေးတာမျိုးတွေ လျော့ချလာကြပြီး မိုးလေဝသ၊ အညှီအဟောက်၊ မှုခင်း၊ အတင်းအဖျင်း စတာတွေလောက်ပဲ ပြသတော့တာဖြစ်လို့ အမေရိကန်တွေ အထွေထွေဗဟုသုတမှာ အားနည်းလာပြီး ဆယ်လီတွေရဲ့ အတွင်းရေးတွေ ရုပ်ရှင် တီဗီ​ ဖက်ရှင် စတာတွေကိုပဲ အားသန်လာကြပါတယ်။ အမျှော်အမြင်ရှိတဲ့ မိဘ၊ တိုးတက်ချင်တဲ့ ကလေးတွေကတော့ အမှိုက်/အဆိပ်တီဗီတွေ သိပ်မကြည့်ကြပဲ စာဖတ်ကြတဲ့အတွက် အဲဒီလူတွေကို ဦးနှောက်ဆေးဖို့ အဆင်မြင့်ပညာ/ ပညာရှင်တွေ နယ်ပယ်ကိုပါ အဆိပ်ခတ်လာကြပါတယ်။

အမှန်တရား ထင်ရှားနေတာတောင် အမှားအတင်းလုပ်နေကြတာတွေကတော့ အများကြီးပါပဲ။ နေ့စေ့လစေ့ကိုယ်ဝန်ဖျက်ချတာကို ထောက်ခံတာမျိုး၊ ကျား/မ ဆိုတာကို ကိုယ်ဘယ်လိုခံယူသလဲနဲ့ပဲ တိုင်းတာမျိုး၊ ကျောင်းဝင်ခွင့်/ ရာထူးတိုးကို အသားရောင်ကို ကြည့်ရွေးတာမျိုး၊ စတာတွေကို အမှန်လို့ ထင်လာတာမျိုးတွေဟာ Demoralization အဆင့်ကို ဂုဏ်ထူးတွေနဲ့ အောင်မြင်သွားတဲ့ သာဓကပဲပေါ့။ အဲဒီဘူတာဆိုက်အောင် မောင်းကြသူတွေက သူတို့ရည်ရွယ်ချက်နဲ့ ကိုယ်ရေးအကျိုးအမြတ်နဲ့ ဆိုပေမယ့် အောက်ခြေမှာ အကောင်အထည်ဖော်သူ ဘေးတီးသူလူမိုက်များကိုတော့ useful idiot လို့ ခေါ်ပါတယ်။ အာဏာရှင်(လောင်း)တွေဖက်က ပင်းပေမယ့် ညစ်လုံးတွေသိနေတဲ့အတွက် အရင်ဆုံး နှုတ်ပိတ် အစဖျောက် ခံရမယ့် အုပ်စုပါ။

ဒုတိယအဆင့်ကတော့ Destabilization တည်ငြိမ်မှုပျက်ပြားအောင် လုပ်ခြင်းပါ။ ၂ – ၅နှစ်အထိ ကြာတတ်တဲ့ ဒုတိယအဆင့်မှာ သင့်ရဲ့ အယူဝါဒတွေ၊ သင့်ကျန်းမာရေး၊ လုံခြုံရေး စတာတွေ ဘာမှ အရေးမကြီးတော့ပါဘူး။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ အဆင့် ဖြစ်သွားပါပြီ။ ဦးတည်ချက်က အထွေထွေ အကြပ်အတည်းအဆင့်ဆိုတော့ ရာဇဝတ်မှုတိုးလေ၊ လူတွေ ဆင်းရဲကြပ်တည်းလေ၊ ဆေးစွဲလေ၊ မကျန်းမာလေ၊ ပညာ/စဥ်းစားဉာဏ်မဲ့လေ၊ ဒုက္ခပင်လယ်ဝေလေ တတိယဆင့်ရောက်ဖို့ နီးလေလေပါပဲ။ အကြီးဆုံးဂျင်းကတော့ အက်ဖ်ဒီအေတို့ စီဒီစီတို့ ကဗကကဆတို့က သင့်ကျန်းမာရေးအတွက် သိပ်အလေးထားတာပါပဲဆိုတာပါ။

ဒုတိယဆင့်မှာ အဓိက ၃နေရာကို ဦးတည်တိုက်ခိုက်ပါတယ်၊ အီကော်နော်မီ၊ နိုင်ငံခြားဆက်ဆံရေးနဲ့ ကာကွယ်ရေးစနစ် တို့ဖြစ်ပါတယ်။ ကဗအပြီး အီကော်နော်မီ ဆောင့်တက်ရမယ့်အချိန်မှာ နိုင်ငံရေးလုပ်စားတာ အံတိုနေတဲ့ ဒီမိုကရက်ဘိုးအေ ဘွားအေကြီးများ လက်ချက်နဲ့ ခြေသုတ်ပုဆိုး ဖြစ်နေတာပါ။ စီးပွားရေးမကောင်းတော့ ဒီ ၁-၂နှစ်ထဲ အလုပ်ဖြုတ်၊ ဆိုင်ပိတ်တာတွေ အများကြီး လာဦးမှာပါ။ နိုင်ငံခြားဆက်ဆံရေး မှာလည်း အမေရိကန်က သေဆိုသေ ရှင်ဆိုရှင်မယ့် အမာခံမိတ်ဆွေတွေ မရှိတော့သလို ရုရှား စစ်တိုက်ဖို့ ပိုက်ဆံမရှိမှာစိုးလို့ ပြည်တွင်းရေနံထုတ်လုပ်မှုတွေကို ပိတ်ပစ်ခဲ့တဲ့အတွက် ကမ္ဘာတလွှား လောင်စာရှားသွားတာက မဟာမိတ်တွေနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်ခဲ့ပါတယ်။ ကာကွယ်ရေးကတော့ ထိပ်ပိုင်းရာထူးအတွက် အရောင်နဲ့ ရွေးပြီး ဝက်စ်ပွိုင့်တို့ စစ်သင်တန်းတို့မှာ လိုအပ်တဲ့ကြံ့ခိုင်မှုထက် အများကြီးလျော့ခေါ်သလို ကာကွယ်ရေး/တိုက်ခိုက်ရေးနဲ့ ဆိုင်တဲ့ ပညာထက် အရောင်တွေ လိင်ပြောင်းတွေကို ဦးစားပေးဖို့ နာမ်စားမှန်အောင်ခေါ်ဖို့တွေပဲ မှိုင်းတိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိ အမေရိကန်မှာ ဒုတိယအဆင့်ကို အသေအချာရောက်ရှိနေပါပြီ။ သာမာန်တိုင်းပြည်တခုဆိုရင် ယူရီပြောခဲ့သလို ၂-၅ နှစ်အထိပဲ ကြာနိုင်ပေမယ့် အမေရိကန်လိုတိုင်းပြည်မှာ ပြည်သူတွေ လက်နက်ကိုင်ခွင့် အပြီးမဖျက်သိမ်းရသေးတဲ့အတွက် အဲဒီထက် ပိုကြာနိုင်ပါတယ်။ အဲဒါကြောင့်လည်း ဒီမိုခွက်တွေက ဂန်းကွန်ထရိုးလ်ကို ကလေးသေးသေးတွေကိုပါ ချကျွေးပြီး အတင်းတွန်းနေတာ ဖြစ်ပါတယ်။ တတိယဆင့်ကို မကူးဖို့နဲ့ နိုင်ငံကို ပြန်အဖတ်ဆယ်နိုင်ဖို့ ဘောင်အပြင်က အဖျက်သမားတွေကို ဘောင်ထဲကနေ တစိုက်မတ်မတ် ဖိုက်ပေးနေသူတွေ၊ ကိုယ့်ထမင်းကိုယ်စားပြီး သိသင့်သိထိုက်တာတွေကို ဖြန့်ဝေပေးနေသူတွေကြောင့် ခုထိ တတိယဆင့်ကို မကူးသေးတာပါ။ တတိယဆင့်ကို မရောက်အောင် အသိစိတ်ဓါတ်ရှိတဲ့ စဥ်းစားတတ်တဲ့ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ယူရီ့အဆိုအရ တတိယအဆင့်ဖြစ်တဲ့ Crisis အထွေထွေအကြပ်အတည်းက ၆လလောက် ကြာမှာဖြစ်ပြီး အဆုံးမှာ အင်အားသုံးပြီး လက်နက်နဲ့ ရဗော်လူးရှင်းဖြစ်အောင် လုပ်ကြမှာ ဖြစ်ပါတယ်။ ဂန်းကွန်ထရိုး ဆိုတာကို အပြည့်အဝ အကောင်အထည် ဖော်ပြီးသွားလို့ လူတွေလက်ထဲ လက်နက် မရှိတော့ရင် ဒီအဆင့်က အရမ်းကို လွယ်သွားပါပြီ။ လက်ဝဲစနစ်ကို ပြောင်းတဲ့နိုင်ငံတိုင်းဟာ အေးအေးချမ်းချမ်း ပြောင်းတာ လုံးဝ လုံးဝ မရှိပါဘူး။ ကမ္ဘာပေါ်မှာ ၂၀ရာစုအတွင်း ကွန်မြူနစ်ဝါဒနဲ့ ပတ်သက်လို့ လူပေါင်း သန်း၁၀၀လောက် အသက်ဆုံးရှုံးထားပါတယ်။

စတုတ္ထအဆင့်ကတော့ နယူးနော်မယ်ပါ။ စံနစ်အသစ်တခုကို ကူးပြောင်းပြီးတဲ့အချိန်မှာ စံနစ်အသစ်နဲ့ ကိုက်အောင် အတင်းအဓမ္မ ပြောင်းလဲပြစ်ကြမယ့်အဆင့်ပါ။ ဥပမာပြောရရင် လက်ဝဲစနစ်ကူးပြောင်းပြီးစ နိုင်ငံတိုင်းမှာ တော်လှန်ရေးပြီးရင် ပုဂ္ဂလိကပိုင်တွေကို ပြည်သူပိုင်သိမ်းမယ်၊ တခုခုဆိုရင် အစိုးရ/ ဗျူရိုကရက် လက်ကိုင်ဒုတ်တွေက ခွင့်ပြုမှ လုပ်ခွင့်ရှိတော့မှာပါ။ လူတွေကို ထိန်းချုပ်ဖို့နဲ့ သူတို့အာဏာ တည်မြဲဖို့ ကိုယ်ထဲမှာ ချစ်ပ်စ်တွေထည့်ထားနိုင်သလို ဧည့်စာရင်းတိုင်တာတွေ၊ အစိုးရသတင်းပေးတွေ နေရာတိုင်းမှာ ရှိလာပါတော့မယ်။ ကိုယ်ထဲမှာ ချစ်ပ်စ်တွေထည့်ထားဖို့ ဒဗလျူအီးအက်ဖ်က စတွန်းနေပါပြီ။

ကြောက်တတ်ရင် ဝန်ကင်းတယ်ဆိုတဲ့စကားက ဒီနေရာမှာ မမှန်ပါဘူး။ ကြောက်တတ်ရင် ကိုယ်တင်မက ကိုယ့်မျိုးဆက်တွေပါ ကျွန်ဖြစ်ပါလိမ့်မယ်။ ပြည့်မိခင် ပြောထားတဲ့အတိုင်း ကြောက်နေသည့်တိုင် ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပါ။ ယူရီပြောသွားသလိုပဲ အမေရိကန်ဟာ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ နောက်ဆုံးခံတပ်ပါ။ အမေရိကန်ကျသွားရင် တကမ္ဘာလုံးက လွတ်လပ်မှု မြတ်နိုးသူ တွေအတွက် ခိုလှုံစရာ အားကိုးစရာ မရှိတော့ပဲ ဖြစ်သွားတော့မှာပါ။ ခုရေးခဲ့တာတွေကို အပေါ်ယံ ဖတ်ရုံဖတ်တာထက် လက်ရှိဖြစ်နေတာတွေနဲ့ ယှဥ်ပြီး စဥ်းစားစေချင်ပါတယ်။ ကိုယ့်မျိုးဆက်တွေကို ပိုကောင်းတဲ့ အနေအထားတခု ပေးထားခဲ့ဖို့က တာဝန်သိသူတိုင်းရဲ့ အလုပ်ပဲ မဟုတ်ပါလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: