ဒီဇင်ဘာ ၂၉ ရက် ၂၀၂၂

တရုပ်ပြည်မှာ ကဗတွေ မတရားပြန့်နေတယ်ဆိုတဲ့ သတင်းတွေ ဗီဒီယိုတွေနဲ့တကွ ထွက်လာပြန်ပါပြီ။ ထွက်လာပြန်ပြီလို့ ပြောရတာက ၂၀၂၀တုန်းကလည်း အဲဒီလိုပဲ ထွက်ခဲ့လို့ပါ။ စီစီပီခေါင်းဆောင် တွေဟာ သူတို့မထွက်စေချင်တဲ့သတင်းဆို ဒေသခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ တရုပ်ဘာသာ နားလည်သူတွေက ခိုးထုတ်လာပြီးတင်မှပဲ သိရတာပါ။ ဆေးရုံအရေးပေါ်ဌာနတွေမှာ အခုသတင်းတွေက တကမ္ဘာလုံးက တင်နေတာဆိုတော့ တခုခုတော့ တခုခုပါပဲ။

တရုပ်အာဏာရှင်တွေဟာ ပိုးပြန့်နေတဲ့တိုင်းပြည်တွေကိုတော့ လက်ဦးမှု ရယူကာ အားမနာတမ်း ပြည်ဝင်ခွင့်မပေးပေမယ့် ဘယ်နိုင်ငံ့ခေါင်းဆောင် ဘယ်ဟူး ဘယ်အန်မှ အပြစ်မပြောကြပေမယ့် သူတို့တိုင်းပြည်မှာ မပြန့်ခင်က သူ့ပြည်သားတွေကို ပြည်ပထွက်ဖို့ နည်းမျိုးစုံနဲ့ ခက်ခဲအောင် လုပ်နေခဲ့ပေမယ့် အခုလို မချိမဆန့် ပြန့်လာပြီဆိုတိုင်း ရှိသမျှတံခါး နယ်ခြား အကုန်ဖွင့်ပြီး ဖောဖောသီသီ ပေးထွက်တော့တာပါပဲ။ ပြီးခဲ့တဲ့ရက်က အီတလီကိုသွားတဲ့ လေယာဥ်ခရီးစဥ် ၂ခုမှာ ပါသွားတဲ့ တရုပ်ခရီးသွားတဝက်လောက်(ရာကျော်)က ပိုးသ​ယ်ဆောင်သူတွေ ဖြစ်နေတာပါ။

သူတို့တိုင်းပြည်ကို ဝင်လာတဲ့သူတွေကို အခုလောက်မဆိုးခင်က အစိုးရခွင့်ပြုတဲ့ဖက်စလတီမှာ ၅ရက်နဲ့ အဲဒါပြီးရင် အိမ်မှာ ၃ရက် ပေါင်း ၈ရက်ကွာရင်တိုင်းလုပ်ရမယ်လို့ သတ်မှတ်ထားတာကို ဇန္နဝါရီ ၈ရက်နေ့ကစပြီး ပယ်ဖျက်တော့မှာ ဖြစ်ပါတယ်။ အဲဒါက ကမ္ဘာတလွှားက တရုပ်ကြောက်ခေါင်းဆောင်များကို ကွာရင်တိုင်းမလုပ်ကြဖို့ တဖက်လှည့်နဲ့ ဖိအားပေးလိုက်တာပါပဲ။ သူတို့အတွက်က ကိစ္စမရှိဘူးလေ၊ သူတို့အခြေအနေနဲ့ မသွားမဖြစ်ကိစ္စကလွဲလို့ ဘယ်သူမှ သွားကြမှာမှ မဟုတ်တာ။ ခုတော့ သူတို့ဆီ လာမယ်ဆိုရင် နီဂေးတစ် ပီစီအာပဲ ၄၈နာရီကြိုပြပါတဲ့။

ဒီဇင်ဘာ ပထမ ရက်၂၀အတွင်း တရုပ်ပြည်မှာ လူပေါင်း ၂၄၈သန်း ကူးစက်ထားတယ်လို့ တရုပ်အစိုးရက ခန့်မှန်းပြီး ယူကေက သုတေသီတွေကတော့ တရုပ်တပြည်လုံးဆိုရင် ၁၆၇-၂၇၉သန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အသက်ဆုံးရှုံးမှုကိုတော့ ၁.၃ – ၂.၁သန်းလို့ မှန်းကြပါတယ်။ အဲဒီလောက် ပြန့်ပြီး အလောင်းတွေ တောင်လိုပုံပြီးတော့မှ ခရီးသွားလာခွင့်တွေကို ဖြေလျော့ပေးလိုက်တာဟာ အလွန်အမင်း တာဝန်မဲ့တဲ့လုပ်ရပ်လို့ အမေရိကန် ကျန်းမာရေး ပညာရှင်တဦးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ပိုးမပြန့်အောင် ထိန်းချုပ်ရာမှာ တင်းလွန်းကြပ်လွန်းလို့ နိုင်ငံပြင်ပ မပြောနဲ့ တိုက်ပြင်၊ လမ်းပြင်၊ မြို့ကျော်တောင် သွားဖို့ ခက်ခဲလှတဲ့အတွက် ပြည်သူတွေ မခံနိုင်တော့ပဲ​ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲ ဖြစ်ခဲ့ရတဲ့ အခြေအနေကနေ ရက်ပိုင်းအတွင်း မျက်လှည့်ပြလိုက်သလို တင်းကြပ်မှုတွေ အကုန်လုံး ဖြေလျော့ပေးလိုက်တာက မသင်္ကာစရာကောင်းနေသလို ၂၀၂၀ကိုလည်း ပြန်ပြောင်း သတိရစေပါတယ်။

ဆန္ဒပြတယ်ဆိုတာလည်း တကယ်တော့ တဖက်လှည့်နဲ့ လန်ကြုတ်လုပ်တာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ အဲဒီ ဆန္ဒပြဗီဒီယိုတွေများ တွေ့မိကြလား၊ ဘာတွေဖြစ်သွားလဲ ကမ္ဘာက တင်ပြကြတာများ တွေ့မိသေးလား။ ဆိုလိုချင်တာက သူတို့ထွက်စေချင်တဲ့သတင်းပဲ ထွက်တာ ထင်ရှားစေချင်တာပါ။ သုံးသပ်သူတချို့က စီစီပီအစိုးရဟာ ရှိသမျှအကုန် လျောက်စစ်၊ တင်းကြပ်လုပ်ထားတာတွေက စီးပွားရေးမကောင်းနေတဲ့ အနေအထားမှာ ဘတ်ဂျက်ကို တော်တော်ကြီး ထိခိုက်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ဆက်လုပ်ဖို့ မတတ်နိုင်တော့တာကြောင့် ဆန္ဒပြပွဲတွေ ဖန်တီးပြီး လိုက်လျောပေးလိုက်သလိုဖြစ်အောင် အကြပ်အတည်းကနေ ထွက်ပေါက်ရှာတာလည်း ဖြစ်နိုင်ပါတယ်။

နောက်အရေးကြီးတဲ့တချက်က ပုံမှန် အမခမျိုးကွဲမှာ သေနှုန်းက တုပ်ကွေးနဲ့ ဘာမှသိပ်မကွာပေမယ့် အခုဖြစ်နေတာမှာ အရမ်းသေကြတာဆိုတော့ အောက်တိုဘာတုန်းက ဘော်စတွန်တက္ကသိုလ်က သတင်းနဲ့များ ဆက်စပ်နေမလားလို့ တွေးမိပါတယ်။ မမှတ်မိကြတဲ့သူတွေအတွက် ပြန်ပြောရရင် ကြွက်တွေမှာ အမခ မျိုးကွဲကို စမ်းတာ မသေကြပဲ ဆားစ်ကိုဗီတူး ပင်မပိုးနဲ့စမ်းတာ ရာနှုန်းပြည့်သေပြီး အမခနဲ့ မူလဘူတ နှစ်မျိုးပေါင်းထားတာက ၈၀ရာနှုန်းသေတာ ဖြစ်ပါတယ်။ ဘော်စတွန်ယူနီကလည်း ဝဟလက်ဘ်လိုပဲ ဒီမိုကရက်ကြီးစိုးတဲ့ ဗျူရိုကရက်တွေက ပြည်သူ့အခွန်နဲ့ ထောက်ပံ့ထားတာပါ။ အရင်ကလည်း ဒီမှာစမ်း၊ တြုပ်ပြည်ပို့ တြုပ်ပြည်ကနေ ဖြန့်ခဲ့တာလို့ ဖိနှိပ်ခံထားရတဲ့ သတင်းတွေ ရှိနေပါတယ်။

အမေရိကန်မှာတော့ ၁.၇ ထရီလီယံ အသုံးစားရိတ်ကို ခွင့်ပြုထားတဲ့ စာမျက်နှာပေါင်း ၄၀၀၀ကျော်ရှိတဲ့ အိုမနီဘတ်စ် စပန်းဒင်းဘေလ်ကို မက်ကောနယ်အပါအဝင် ရိုင်နို ၁၈ကောင်က ထောက်ခံခဲ့တဲ့အတွက် လွယ်လွယ်ကူကူပဲ အဆင့်တက်သွားပါပြီ။၊ အဲဒီဘေလ်ကို လေယာဥ်နဲ့ ဘိုင်ကြီးဗကေးရှင်း ထွက်တဲ့ဆီကို ပို့ပြီး လက်မှတ်ထိုးပြီးပြီဖြစ်တဲ့ အတည်ဖြစ်သွားပါပြီ။ ငွေဖောင်းပွမှု ဘာကြောင့်ဖြစ်သလဲဆိုရင် တာဝန်မဲ့တဲ့အစိုးရတွေရဲ့ အဲဒီလို မဆင်မခြင် ဖြုန်းတီးမှုတွေကြောင့် ဖြစ်ရတာပါ။

ငွေဖောင်းပွမှုက ပြည်သူကို ဘယ်လိုထိခိုက်သလဲဆိုရင် အစစအရာရာ ဈေးကြီးကုန်တာတင် မကပါဘူး၊ ဈေးတွေကြီးတဲ့အကျိုးဆက်အဖြစ် လုပ်အားခတွေလည်း လိုက်တက်ရပါတယ်။ လုပ်အားခတွေ တက်ကုန်တော့ ဈေးတွေတခါထပ်ကြီးတဲ့ သံသရာ၊ ငွေတန်ဖိုး ကျုံ့သွားတာတွေအပြင် income bracket ကလည်း မြင့်သွားမှာဖြစ်တဲ့အတွက် အခွန်တွေလည်း အများကြီး တိုးလာတော့မှာပါ။ အဲဒါသည်လည်း တဖက်လှည့်နဲ့ အခွန်ကောက်တာပါပဲ။ ဒီမိုကရက်တွေ သိပ်ကြိုက်တဲ့နည်းပါ။ ရာစုနဲ့ ချီနေလည်း ပိုဆိုးလာတာပဲ ရှိပါတယ်။ အဲဒါကို နိုဘယ်ဆုရ စီးပွားရေးပညာရှင်ကြီး မာတင်ဖရီဒ်မန်းက taxation without representation လို့ ညွှန်းပါတယ်။ ခေါင်းစဥ်မရှိပဲ ခိုးကြောင်ခိုးဝှက်ကောက်တဲ့ အခွန်လို့ ပြောလို့ရမယ်ထင်ပါတယ်။ အခုလို အစိုးရရဲ့ အသုံးစာရိတ်ကြီးက အမဲရိုးအနံ့လေးပေးပြီး နှုတ်သီးကို နာနာရိုက်ချတာမျိုးပဲလို့ပဲ နှိုင်းချင်ပါတယ်။​

ဒီလောက် အဖြုန်းစားရိတ်အကြီးကြီး ချပေးထားတာတောင် ဘိုင်ဒန်က လက်ဝဲသိပ်မရောက်သေးလို့ ဆိုပြီး ဆိုရှယ်လစ်အပွင့် ဘာနီဆန်းဒါးစ်ကို ထောက်ခံမှုပေးထားတဲ့ လက်ဝဲစွန်း RootsAction အုပ်စုက ၂၀၂၄မှာ ဘိုင်ဒန် ရကပွဲပြန်မဝင်ဖို့ ဆော်ဩနေကြပါပြီ။ ဟိုဟာအလကား ဒီဟာအခမဲ့လိုချင်တဲ့ စိတ်ကူးယဥ်အုပ်စုတွေကလည်း အမေရိကန်မှာ တော်တော်အားကောင်းပါတယ်။ များသောအားဖြင့်က ဘဝအကြောင်း လူအကြောင်း မသိကြသေးတဲ့ လူငယ်တွေရယ် သူတို့ကို အသုံးချနေတဲ့ စားဖားတွေရယ်ပါပဲ။ အခမဲ့ အကုန်လုံးလိုချင်ရင် အလုပ်လုပ်ရင်လည်း ပိုက်ဆံမယူကြနဲ့ပေါ့။ လွယ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: