ဒီဇင်ဘာ ၃၀ ရက် ၂၀၂၂

တွဒ်တာဖိုင်တွေကနေ ဆက်လက်ဖော်ထုတ်ခဲ့တဲ့ထဲမှာ ပလန်ဒဲမစ်အကြောင်းလဲ ပါခဲ့ပါတယ်။ အဲဒါတွေ ထွက်လာပြီးနောက် အရင်က ကဗကကဆကို ယုံကြည်သူ ဘန်ရှာပီရိုက သူ့အနေနဲ့ ဘိုင်ကြီးတို့ တွန်းနေတဲ့ ကဗကကဆကို ယုံကြည်ဖို့ ခဲယဥ်းသွားပါပြီလို့ ပြောသွားပါတယ်။​ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တွဒ်ချုပ်ကြီးက ၂၀၁၂တုန်းက ဖောက်ချီက ဂိန်းအော့ဖ်ဖန်ရှင် သုတေသနရဲ့ ကောင်းကျိုးဟာ ပန်ဒဲမစ်ဖြစ်လာနိုင်မယ့် အန္တရာယ်ထက် ပိုပါတယ်လို့ ငြင်းထားခဲ့တဲ့ ​ယာဟူးသတင်းကို တင်ထားခဲ့ပါတယ်။ တွဒ်ချုပ်ကြီးက အဲဒီဂိန်းအော့ဖ်ဖန်ရှင်ကို ဓါတုလက်နက်သုတေသနလို့ ခေါ်သင့်ပြီး ဖန်ရှင်ဆိုတာ အသက်ထွက်တာကို ပြောတာပါတဲ့။ အဲဒီနှစ်ပိုင်းလောက်ကပဲ ဟူစိန်အိုနဲ့ ဘေလ်ဂိတ်စ်တို့က ပန်ဒဲမစ်အကြောင်း ဟ သွားကြပါသေးတယ်။ ၂၀၂၀မှာ ဖြစ်လာတာနဲ့ဆိုရင် ဖောက်ချီတို့လိမ်တဲ့ အမှု ထပ်တိုးပြန်တာပါပဲ။ နောက်ထပ်လိမ်တာတွေ အများကြီးထဲက တခုက အန်အိုင်အိတ်ချ်က ပြည်သူ့အခွန်တွေနဲ့ ဂိန်းအော့ဖ်ဖန်ရှင်တွေ ထောက်ပံ့ထားတာမှာ ဝူဟံပိုးကျောင်း မပါဘူးလို့ ပြောထားတာပါ။

ဒီမိုကရက်တွေကြီးစိုးတဲ့ လွှတ်တော်ရဲ့ သားပိုက်ကောင်ကော်မီတီက လွှတ်တော်သက်တမ်း မကုန်ခင်လေးမှာ ထရမ့်ကို ဆင့်ခေါ်ထားတဲ့ကိစ္စ (ဆင့်ခေါ်တာမလာရင် အဖမ်းခံရတော့မလိုလို ပြောနေတာ) ကို ပယ်ဖျက်လိုက်ပါတယ်တဲ့။ သူတို့က ထရမ့်ကို နည်းမျိုးစုံနဲ့ အပြစ်ရှာကြပေမယ့် ခုထိ ဘာမှ ဟုတ်ဟုတ်ဟတ်ဟတ် မပြနိုင်သေးတာတောင် အနည်းဆုံး စိတ်ညစ် နိုင်ငံရေးကို စိတ်ကုန်လာအောင် နည်းမျိုးစုံနဲ့ အောက်လုံးထိုးဖို့ ကြိုးစားနေကြပေမယ့် ခုထိ ၂၀၁၅-၂၀၂၀အထိ ထရမ့်အခွန်ဆောင်ထားတဲ့ မှတ်တမ်းကိုပဲ ချပြနိုင်ပါသေးတယ်။ အဲဒီထဲမှာ မသင်္ကာစရာရှိရင် မိုးမီးလောင်အောင် လုပ်ကြဦးမှာဖြစ်ပေမယ့် ခုထိတော့ ထရမ့်ဘက်က ဝက်ပွတ်တဲ့ ပတ္တမြားလို ပိုပြောင်လာတာပဲ ရှိတာပါ။ တခုရှိတာက နောက် ၃ပတ်ဆိုရင် အောက်လွှတ်တော်ကို ရီပါဘလစ်ကန်တွေ ထိန်းချုပ်တော့မှာဖြစ်လို့ ဘိုင်ဒန်မိသားစုနဲ့ ခြစားတွေအားလုံးကို အဲဒီလို ပြန်လုပ်ချင် လုပ်နိုင်မယ့် အစ ရှိသွားပြီ ဖြစ်ပါတယ်။

ဘဟားမားစ်ကနေ ပြန်ခေါ်လာတဲ့ FTX က SBF ဟာ နယူးယောက်တောင်ပိုင်းတရားရုံးကနေ အာမခံပေးလိုက်တဲ့အတွက် သူ့မိသားစုရှိတဲ့ ဆန်ဖရန်ကို ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။ ထူးခြားတာက SBF ဟာ FTX မပြိုကွဲခင် လပိုင်းအလိုဖြစ်တဲ့ စက်တင်ဘာတုန်းက အိမ်ဖြူက စတိဗ်ရစ်ချက်တီ၊ ဘရုစ်ရိဒ်တို့ အပါအဝင် ထိပ်တန်းအရာရှိတွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်း ထွက်လာပါတယ်။ အဲဒီမတိုင်ခင်ကလည်း အိမ်ဖြူကို ဝင်ထွက်သွားလာဖူးတဲ့မှတ်တမ်း အနည်းဆုံး ၃ကြိမ်ရှိတယ်လို့ ဘလူးမ်ဘတ်ဂ်က တင်ပြထားပါတယ်။

SBF ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်အပ်နှံငွေတွေကို ဘီလီယံနဲ့ချီပြီး အလွဲသုံးစား လုပ်ခဲ့တဲ့အပြင် ဒီမိုကရက်တွေရဲ့ အမွှေစိန်ပြီးရင် ဒုတိယအကြီးဆုံး အလှူရှင်လည်းဖြစ်၊ ပုဂ္ဂိုလ်ရေးလည်း ပလူးပလဲ နေနေကြတာကြောင့် ဒီမိုကရက်တွေက အဖော်ခံရမှာ ကြောက်ရွံ့နေပုံ ရပါတယ်။ ဒီမိုကရက်တွေက FTX ကို ခေါ်စစ်ရမယ့် အဖြစ် ကြုံလာတိုင်း ကာကွယ်ပေးခဲ့ပါတယ်။ မီဒီယာတွေ ဝိုင်းပြီး တွန်းတင်ထားတဲ့ ဒီမန်းရှာကြီး အိမ်ဖြူမှာ အမည်ခံ သမ္မတတက်လုပ်နေသလိုပဲ မီဒီယာတွေ ဝိုင်းတွန်းထားတဲ့ FTX မှာ ခေါင်းဆောင်ဆိုတဲ့ SBF ဟာ အဆက်အသွယ်ကြောင့် ခေါင်းပေါင်းဖြူနေပေမယ့် အခြေအနေနဲ့ အချိန်အခါ နားမလည်ပဲ ပြောချင်သလို ပြောတတ်တာကြောင့် ဒီမိုကရက်တွေက လူအများနဲ့ မထိတွေ့ပဲ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် ပြီးသွားအောင် လုပ်နေပုံရပါတယ်။ အမေရိကန်ကို ပြန်ရွှေ့လာဖို့ကို သူ့ရှေ့နေက သဘောမတူပေမယ့် SBF က ဟိုမှာ ပိုးဟပ်တွေ ကြွက်တွေကြား မနေနိုင်သလို ဗီဂန်လဲ မစားရတဲ့အတွက် အတင်း ပြန်ချင်လို့ ပြန်ခေါ်လာရတာလို့ ဆိုပါတယ်။ အမှန်တရားဟာ ဒီမိုကရက်တွေနဲ့ တဖက်တည်း နေလေ့မရှိပေမယ့် ပြည်သူဖက်မှာတော့ ရှိစေချင်မိပါတယ်။

တကယ်တမ်း ယူကရိန်းကို စစ်ကူတယ်တို့ ကမ္ဘာမှာ ကလင်တန်ဖောင်ဒေးရှင်းတို့ ဂိတ်စ်ဖောင်ဒေးရှင်းတို့ ကူညီနေတယ်ဆိုတာ အများစုဟာ စားဖားကြီးများ ငွေဖြူလျှော်ဖွတ်ကြတဲ့ လုပ်ငန်းစဥ်ဖြစ်လို့ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးဖြစ်တာက ရာနှုန်းအားဖြင့် နည်းပါတယ်။ FTX လည်း ခြစားတွေအတွက်က ရွှေဥဥပေးတဲ့ ငန်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးရသူက ပြည်သူပဲ ဆိုပေမယ့် FTX ကတော့ တိုက်ရိုက်ထိကြသူတွေ ပါတာပေါ့လေ။ ​အဲဒါကြောင့် ကွန်ဆာဗေးတစ်တွေက အစိုးရကို မရှိမဖြစ်လောက်ပဲ သေးသေးလေး ထားချင်တာပါ။​ အစိုးရကြီးလေ ခြစားလေ၊ ဘဏ္ဍာဖြုန်းလေ၊ ဒါမျိုး ငွေဖြူဖွတ်တာတွေ ပေါလေ၊ အလေအလွင့်အားကြီးလေပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: