ဖေဖေါ်ဝါရီ ၁၅ ရက် ၂၀၂၂

နိုင်ငံရေးလုပ်စားတဲ့လူတွေမှာ တွေ့ရတတ်တဲ့ အကျင့်တခုက အကျပ်အတည်းတစုံတရာရှိလာရင် အားလုံး အထိအခိုက်အနည်းဆုံးနည်းနဲ့ ပြေလည်အောင် ဖြေရှင်းဖို့ထက် ပြဿနာကို ပိုကြီးအောင် လုပ်ပြီး ကြီးလာတဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာပိုယူတတ်ကြတာပါ။ ကနေဒါက ထရူဒိုလုပ်နေတာလည်း အဲဒီအတိုင်းပါပဲ။ ပြဿနာမကြီးခင် ညှိနှိုင်းလျော့ပေးတာမျိုးမရှိပဲ ပိုကြီးလာတော့မှ အရေးပေါ်အခြေအနေကြေငြာလိုက်တော့ သူ့မှာ အာဏာရှင်တယောက်လို အကန့်အသတ်မရှိသလောက်အာဏာ ရသွားတော့တာပေါ့။ ပြောရရင် လက်ရှိနဲ့ နောက်ဖြစ်လာမယ့်ပိုးမျိုးစိတ်တွေက ၂၀၂၀တုန်းက ဖော်ခဲ့တဲ့ဆေးကနေ ဗီဇတော်တော်ကြီး ဝေးသွားပါပြီ။ အဲဒါကြောင်းထိုးလဲကူး မထိုးလဲကူးဖြစ်နေတာပါ၊ အဲဒါကို မန်ဒိတ်ထားနေတာက ဆေးထုတ်သူအကျိုးနဲ့ ကော်မရှင်စားတွေကလွဲလို့ ဘယ်သူမှ အကျိုးမရှိတော့ပါဘူး။

သူတို့ဆီမှာလည်း ၂၀၂၀နွေတုန်းက ဟိုပိုးဖြစ်လို့ ကောင်းနေတုန်းမှာ အမေရိကန်က ဂျော့ဖလွိုက်အကြောင်းပြုပြီး ဘီအယ်လ်အမ်ဆန္ဒပြတာတွေ ကနေဒါအနှံ့မှာ ခြိမ့်ခြိမ့်သဲဖြစ်တော့ ဘယ်သူမှ အရေးပေါ်အခြေအနေ မကြေငြာခဲ့ဘူး။ အဲဒီတုန်းက ဗက်ဆင်းလဲမရှိ၊ ဆန္ဒပြသူတွေကလည်း နှာခေါင်းစည်းမပါ၊ စပေ့မခြား။ အခုထရပ်ကာတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတော့မှ အရေးပေါ်အခြေအနေတဲ့။

အရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့အတွက် ထရူဒိုက ရဲအင်အားသုံးပြီး နှိမ်နှင်းလို့ရသလို ဆန္ဒပြသူတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရန်ရှာလို့ ရသွားတော့မှာပါ။ ထရူဒိုက သင်က သင့်ထရပ်ကို လမ်းတွေပိတ်ဖို့ သုံးမယ်ဆိုရင် သင့်ဘဏ်အကောင့်ကို ဖရိဇ်လုပ်မယ့်အပြင် သင့်ကားအာမခံကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဆန္ဒပြသူတဦးက ကနေဒါအစိုးရက အရေးပေါ်မကြေငြာလည်း ငါတို့အခွင့်အရေးတွေကို ဖောက်ဖျက်နေခဲ့တာပဲ၊ ငါတို့ဆီထည့်လို့မရအောင် ဆီပုံးအလွတ်တွေတွေ့ရင်တောင် ဖမ်းနေတာ၊ အဲဒီလိုကြပ်လေ ငါတို့မှာ ဆန္ဒဆက်ပြဖို့ အကြောင်း ပိုရှိလေပဲ၊ ငါတို့ အောင်မြင်တဲ့အထိ သွားမယ်၊ လူတွေက ငါတို့ကို ထောက်ခံတယ်၊ ၅၀ မျိုး ၁၀၀မျိုး တခါတလေ ၅၀၀ တောင် လက်ဆောင်တွေထဲ ညှပ်ပေးကြတယ်လို့ ဆိုပါတယ်။  

မနှစ်က အိန္ဒိယမှာ လယ်သမားတွေက ဒေလီကိုသွားတဲ့ အဝေးပြေးလမ်းတွေကို ပိတ်ဆို့ဆန္ဒပြတုန်းက ထရူဒိုက ကနေဒါနိုင်ငံဟာ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ အမြဲ အဆင်သင့်ရှိကြောင်း မီးထိုးပေးခဲ့ပါတယ်လို့ ဘီဘီစီက ဆိုပါတယ်။ ကိုယ့်ခြံထဲဖြစ်တော့မှ လေသံက ပြောင်းသွားတာပါ။

အော့တဝါက ရဲချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ငါတို့ ဒီကိစ္စကို ပြီးအောင် ရှင်းရမယ်၊ ငါ့မှာ ရီဆို့စ်တွေရှိတယ်၊ ငါက အနားယူဖို့ အစီအစဥ်မရှိဘူးလို့ ပြောခဲ့ရာက အခုတော့ နှုတ်ထွက်မယ်လို့ ကြေငြာလိုက်ပါပြီ။ သူ့ကို နှစ်ဖက်လုံးက ဝေဖန်ကြတာပါ၊ ဆန္ဒပြသူတွေက ကြမ်းလို့၊ အစိုးရက နိုင်အောင်မကိုင်လို့ စသဖြင့်ပေါ့။ အဲဒီရဲက ဂိုးဖမ်းမီက ထရပ်ကာတွေအတွက် အလှူကို ဘတ်ချင်တာကို ချီးကျူးနေခဲ့သူပါ။

အက်ဖ်ဒီအေနဲ့ ဖိုင်စာက ၅နှစ်အောက် ကလေးတွေအတွက် ကာ/ဆေးကို စမ်းသပ်စဥ်မှာ ရှိတဲ့ကေ့စ်က နည်းပါးလွန်းတဲ့အတွက် ခွင့်ပြုချက် ချပေးဖို့ ဆိုင်းငံ့ထားလိုက်ပါတယ်။ ဖောက်စိကတော့ အဲဒီလိုဆိုင်းငံ့တာက ဆေဖ်တီအတွက်မဟုတ်ပါဘူး၊ ၃ကြိမ်ထိုးရမှာမို့လို့ အချိန်ယူနေတာပါလို့ ဆိုပါတယ်။ ကလေးတွေအပေါ် ၃ကြိမ်ထိုးထားတဲ့ဒေတာတွေက ဧပြီလဆန်းလောက်မှာ ရမယ်၊ အဲဒါတွေအပေါ် ဆန်းစစ်ပြီးမှ ကြေငြာမယ်ထင်ပါတယ်။ ပိုးတွေကပြောင်းသွားလည်း သူတို့ကတော့ မရဘူးထိုးမယ်ဆိုတာချည့်ပဲ။​ ရောဂါအခံမရှိတဲ့ ကလေးတွေကြား ဒီပိုးကူးလို့ သေတာက ဇီးရိုးပါ။ သိပ္ပံပညာအရလို့ တွင်တွင်အော်နေပေမယ့် သူတို့လောက် သိပ္ပံပညာကို လိုတမျိုးမလိုတမျိုးလုပ်တာလဲ မရှိပါဘူး။

ဖိုင်-ာက ကာ/ဆေး စမ်းသပ်မှုတွေအပေါ်ကြီးကြပ်ခဲ့ရသူဘရွက်ခ်ဂျက်ဆင်က ဖိုင်-ာနဲ့ ကန်ထရိုက်တာ ဗန်တေးဗီးယားသုတေသနတို့ကို တရားစွဲထားတာပါ။ အဲဒီအမှုမှာ အစိုးရက သူ့ဖက်ကလိုက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် သူမကတော့ ဆက်စွဲသွားမယ်လို့ ဆိုပါတယ်။ အစိုးရက သူမဘက်မှာမရှိတဲ့အပြင် ငွေရှင်ကြီးတွေနဲ့ ပြိုင်ဖိုက်ရမှာဖြစ်တော့ နိုင်နိုင်ခြေနည်းပေမယ့် တယောက်ယောက်ကတော့ ထုတ်ဖော်မှဖြစ်မယ်လို့ ခံယူထားတာပါ။ သူမစွဲဆိုထားတာ တနှစ်ကျော်ရှိခဲ့ပြီး တရားရေးဌာနက ဝင်ပါဖို့ ငြင်းဆိုခဲ့အပြီးမှာ ပါ့ဘလစ်ဖွင့်လိုက်တာဖြစ်ပါတယ်။

သူမကို လူသိလာတာက ဗြိတိသျှဆေးဂျာနယ်တခုက နိုဝင်ဘာ ၂၀၂၁တုန်းက သူမဖောက်ချခဲ့တဲ့ စာရွက်စာတမ်းတွေ၊ အသံဖိုင်တွေနဲ့ တခြားသက်သေခံတွေကို ထုတ်ဝေခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲဒီထဲမှာ ဖော်ပြထားတာက ဗန်တေးဗီးယားက ဆေးစမ်းသပ်တဲ့နေရာတွေကို သေချာ စံနစ်တကျ လုပ်ကိုင်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တဲ့ကြားက အာဏာပိုင်အဖွဲ့အစည်းတွေက အရေးပေါ်အခြေအနေ အတွက် သုံးလို့ရကြောင်း ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ သူမအမှုက အဆိုပါကုမ္ပဏီတွေဟာ ဆေးခန်းစမ်းသပ်မှုလုပ်ငန်းစဥ်နဲ့ စမ်းသပ်မှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို အမှားတင်ပြတာ အပါအဝင် ပြည်ထောင်စုဥပဒေတွေကို ချိုးဖောက်ခဲ့တာကို ဖုံးကွယ်ထားခဲ့တယ်လို့ စွဲခဲ့တာပါ။ အဲဒီလိုလုပ်ရပ်ကြောင့် သန်းပေါင်းများစွာသောသူတွေက သူတို့ညွှန်းသလောက် မထိရောက်တဲ့ဆေးကို သုံးနေကြရတယ်လို့ ဆိုထားပါတယ်။

ဘိုင်ဒန်ခေတ်မှာ ငွေဖောင်းပွမှုနဲ့ ပစ္စည်းရှားပါးပြီး အထွေထွေစရိတ်တွေမြင့်တာတွေကြောင့် နယူးဂျာစီက ကားဒီလာဆီမှာ ကားက ထုတ်လုပ်သူသတ်မှတ်ဈေးထက် အများကြီး မြင့်နေတာပါ။ ၂၀၂၁မော်ဒယ် Ford Bronco ကို MRSP က $34,855 ပဲရှိပေမယ့် ဒီလာရဲ့ ငွေဖောင်းပွမှုတာနဲ့ ရောင်းစရာကား နည်းနေတာကြောင့် ကုန်ကျစရိတ်တွေကို ကာမိစေဖို့ $49,855 နဲ့ ရောင်းနေတာပါ။ လာဝယ်တဲ့လူတဦးကတော့ ငါတို့ဆီတော့ ကျူးဘားလို မကြာခင်ဖြစ်တော့မယ်လို့ ငြီးတွားနေပါတယ်။ အဲဒီကားကိုပဲ ရှားပါးအရောင်ကို MSRP က $37,790 ပဲရှိပေမယ့် $62,970 နဲ့ ရောင်းနေတာပါ။

ရှရှား-ထရမ့်လုပ်ကြံဇတ်လမ်းမှာ ထရမ့်တာဝါနဲ့ အိမ်ဖြူဆာဗာတွေကို ဟက်ခ်လုပ်ဖို့ ကလင်တန်ကမ်ပိန်းက ငှားထားခဲ့တဲ့ထဲက တဦးက Neustar Inc. က Rodney Joffe ဖြစ်ပြီး သူက တွေ့ရှိချက်တွေကို စီအိုင်အေကို ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူက သူ့ကုမ္ပဏီတွေအပြင် အမေရိကန်တက္ကသိုလ်တခုက သုတေသီတွေအကူအညီနဲ့ ထရမ့်ရဲ့ အင်တာနက်ပေါ်မှာလုပ်သမျှတွေကို ဇကာတိုက်ပြီး ရုရှားနဲ့ပတ်သက်တာကို ရှာဖွေခဲ့ကြတာပါ။ ကလင်တန်နိုင်ခဲ့ရင် အဲဒီလူကို အစိုးရရဲ့ ဆိုင်ဘာလုံခြုံရေးအကြီးအကဲအနေနဲ့ ခန့်ထားဖို့ ဒီမိုကရက်တွေက လျာထားခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတရုံးကို အဲဒီလိုဟက်ခ်တဲ့ အမှုက အပြစ်ကြီးလေးပြီး အရင်ကစံနဲ့ဆို သေဒဏ်ထိ ကျနိုင်တာပါ။

CNN မှာ ခရစ်စ်နဲ့ အန်ဒရူးကိုမိုတို့ညီအကိုကို ကူညီခဲ့လို့ ဂျက်ဖ်ဇပ်ကာက မကြာသေးမီက ဝန်ထမ်းနဲ့တွဲတာအကြောင်းပြ ထွက်သွားပြီး အလားတူကူညီခဲ့တဲ့ သူ့အတွဲအမျိုးသမီး ဂိုလပ်စ်ကတော့ ကျန်ခဲ့ပါတယ်။ အခုတော့ အဲဒီအမျိုးသမီးလည်း ဟိုညီအကိုကို ကူညီခဲ့တာကို စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ နှုတ်ထွက်သွားပါပြီ။ အဲဒီစုံစမ်းစစ်ဆေးမှုတွေကို ဖက်ဒရယ်တရားသူကြီးဟောင်းတဦး ဦးဆောင်တဲ့ အပြင်က ဥပဒေအဖွဲ့တခုက ပြုလုပ်ခဲ့တာပါ။ တော်တော်လေး စေ့စေ့စပ်စပ် တိတိကျကျ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ပါတယ်၊ အဲဒါကြောင့်လဲ အယုံကြည်ရဆုံးသတင်းဌာနကြီးလို့ ကိုယ့်မရှိတဲ့ဂုဏ်တွေဖော်နေတဲ့ အဖွဲ့ကြီးက တဖြုတ်ဖြုတ် ထွက်သွားရတာတွေ ဖြစ်နေတာပါ။ လူ၄၀ကို အင်တာဗျူးပြီး text & email တသိန်းကျော်ကို စစ်ဆေးအပြီးမှာတော့ ဇက်ကာ၊ ဂိုလပ်စ်နဲ့ ခရစ်ကိုမိုတို့က ကုမ္ပဏီစည်းမျဥ်းတွေကို ဖောက်ဖျက်ခဲ့တယ်လို့ တွေ့ရှိခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: