လွတ်လပ်မှု တရားမျှတမှုကို မြတ်နိုးသူတွေဖက်မှာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အံ့ဩလောက်အောင် ထူးခြားဆန်းသစ်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကြီး ပါဝင်လာလိုက်တာက နွံအိုင်ကြီး ဘယ်လောက်နက်တယ်ဆိုတာကို ပြည်သူတွေ မျက်ဝါးထင်ထင် မြင်လာဖို့ အကြောင်းဖန်လာတာပဲ ဖြစ်ပါတယ်။
အက်ဖ်နဲ့စတဲ့ ထလရေးအဖွဲ့ကြီးက မနှစ် ၁လပိုင်း ၆ရက်နေ့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့တဲ့ သူတို့ဌာန ဝန်ထမ်းတွေကို လုံခြုံရေးကင်းလွတ်ခွင့်အဆင့်တွေ ချပစ်ခြင်းအားဖြင့် စိတ်ပျက်ပြီး အလုပ်ထွက်ကုန်အောင် ပညာပြနေတယ်လို့ အတွင်းလူတွေက သတင်းပို့ထားပါတယ်။ အဲဒီလူတွေကို စီစစ်ပြီးသားဖြစ်ပြီး ပြစ်မှုကင်းရှင်းလို့ အလုပ်ပြန်ဆင်းခွင့်ပေးထားတာ တနှစ်ကျော်ကြာမှ အခုလို ထရမ့်ထောက်ခံတဲ့ ဝန်ထမ်းတွေကို ခွဲခြားပြီးအဆင့်ချတာဟာ ဒီနှစ်နဲ့ ၂၀၂၄ရွေးကောက်ပွဲတွေအတွက် ညစ်ပတ်မှုဂီယာ ဂိတ်ဆုံးတင်တော့မယ့်ပုံပါပဲ။
နောက်ညစ်ချက်တခုကတော့ အဲဒီနေ့နဲ့ပတ်သက်တဲ့အမှုမှာ မတရားတာ ဘက်လိုက်တာတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ကြတဲ့ ရီပါဘလစ်ကန်အမတ် ၅ဦးကို နောက်တခါ ပြန်အရွေးခံလို့မရအောင် ဘာနေဆန်းဒါးစ်တည်ထောင်ထားတဲ့ အာဝါရီဗော်လူးရှင်းအဖွဲ့နဲ့ လက်ဝဲဥပဒေအဖွဲ့ဖြစ်တဲ့ ဖရီးစပိချ်ဖော်ပီးပဲလ် တို့ ပူးပေါင်းပြီး ဆယ့်လေးဒဿမသုံးကမ်ပိန်းနဲ့ ဆူပူသူများလို့ အမည်တပ်အမှုဆင်တာတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။
အဲဒီထဲက မာဂျိုရီတေလာဂရင်းကို တရားသူကြီးက နောက်တခါပြန်အရွေးခံဖို့ အရည်အချင်းပြည့်မှီတယ်လို့ သတ်မှတ်ပေးလိုက်ပါပြီ။ အဲဒီလိုလိုက်ပြဿနာရှာနေခြင်းဖြင့် ရီပါဘလစ်ကန်တွေထဲက သူတို့နဲ့ ပေါင်းမစားတဲ့သူတွေ ပြန်အရွေးမခံရရင်လည်း သူတို့အမြတ်ထွက်သလို ပြန်အရွေးခံရသည့်တိုင် ပြဿနာအရှာခံရမှာစိုးလို့ နောက်တခါ သိပ်အသံမထွက်ရဲတော့ရင်လည်း သူတို့အမြတ်ထွက်ဦးမှာဖြစ်ပါတယ်။
ဘိုင်ဒန်ကိုယ်တိုင်ကလည်း ပေါ်လစီအကြောင်းပြောရင်သာ အတိတ်မေ့သလို သူငယ်ပြန်သလို လုပ်နေပေမယ့် ထရမ့်နဲ့ ရီပါဘလစ်ကန်တွေကို တိုက်ခိုက်ရမယ်ဆိုရင် ငယ်မူပြန်ပြီး အားရပါးရ ချောချောမွေ့မွေ့ တိုက်ခိုက်တော့တာပါပဲ။ မာဂါတွေကို အစွန်းရောက်တွေ၊ ရီပါဘလစ်ကန်တွေ သွားနေတဲ့လမ်းက ကလေးတွေထဲက လိင်တူကြိုက်၊ လိင်ပြောင်းစတာတွေကို လူ့အသိုင်းအဝိုင်းထဲ ကျောင်းစာသင်ခန်းတွေထဲကနေတောင် ပ ထုတ်ထားလိမ့်မယ်လို့ အောက်တန်းကျကျ တိုက်ခိုက်ပါတယ်။
တကယ်တော့ ကလေးတွေ လိင်ကိစ္စ စိတ်မဝင်စား ဝင်စားအောင် သင်ခန်းစာတွေထဲ အတင်းသွင်းနေတာက ဒီမိုကရက်တွေဖြစ်ပြီး သူတို့နဲ့ အမြင်မတူသူတွေကို ကျဥ်ထားကြတာ၊ စာသင်ခန်း၊ ဘုရားကျောင်း၊ ရုပ်ရှင်ရုံ စတာတွေကအစ အသားအရောင်နဲ့ ပြန်ခွဲခြားဖို့ လုပ်နေကြတာလည်း ဒီမိုကရက်တွေပဲ ဖြစ်နေတာပါ။ သူခိုးက လူဟစ်ပေမယ့် အယုံလွယ်တဲ့လူတွေက ရှိနေတော့လည်း အလုပ်ဖြစ်သင့်သလောက် ဖြစ်နေတာပါပဲ။
ဒါတင်မက ဆူပရင်းမ်ကုတ်က ကွန်ဆာဗေးတစ်တရားသူကြီးတွေရဲ့ အိမ်တွေ မိသားစုဝင်တွေကိုပါ တိုက်ခိုက်နိုင်ဖို့ လှို့ဝှက်ထားရမယ့်သတင်းတွေ ထုတ်ပေးထားတဲ့အပြင် ပေါ်ပေါ်ထင်ထင်ကို တိုက်ခိုက်ဖို့ မြှောက်ပေးနေတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖောက်နယူးစ်က ပီတာဒူစီက သမ္မတက အဲဒီလိုဖြစ်စေချင်တာလားလို့ တဲ့တဲ့မေးတော့ ပြန်ဝန်က လူတွေဆန္ဒပြတယ်ဆိုတာက တနိုင်ငံလုံးက မိန်းမတွေဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးဆုံးရှုံးမှာ စိုးရိမ်လို့လို့ ဖြေပါတယ်။
သူများအသက်ကို သတ်တာက အခြေခံအခွင့်အရေးမဟုတ်တဲ့အပြင် အဲဒီကလေးရဲ့ အသက်ရှင်ခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးကိုပါ ဖျက်ဆီးနေတာပါ။ နောက်တချက်ကလည်း ဖျက်ချတာအားလုံးရဲ့ ၉၆ရာနှုန်းက မိခင်ကျန်းမာရေးနဲ့ ဘာမှမဆိုင်တဲ့ အကြောင်းပြချက်တွေကြောင့်ဖြစ်ပြီး က/ဝဖျက်ချတာရော ကောလိပ်အကြွေးလျှော်ပစ်တာရောက လူတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ဆိုးဆိုးရွားရွား လျော့ကျစေမှာပါ။ အဆင့်မြင့် သာယာတဲ့ လူ့ဘောင်ကို အချောင်သမားတွေနဲ့ သွားလို့ မရနိုင်ပါဘူး။
အီလွန်ကတော့ သူ့မိတ်ဆွေတွေဆီက ၁၀ဘီလီယံကျော် ကတိကဝတ် ရနေပြီဖြစ်ပါတယ်။ သူတွဒ်တာကို လွှဲပြောင်းရယူပြီး ၃နှစ်ကြာရင် အများပိုင်ကုမ္ပဏီအဖြစ် ပြန်ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ တလုံးချိုင့်တွေကတော့ အီလွန်ကလေးဘဝတုန်းကပုံတွေကို ပြပြီး သူကြီးပြင်းခဲ့တဲ့ တောင်အာဖရိကမှာ လူဖြူအထက်တန်းစားအဖြစ် လူမည်းဆန့်ကျင်တဲ့ ဝါဒဖြန့်မှုတွေ၊ သတင်းအမှားတွေနဲ့ အသားကျနေခဲ့တာ၊ ဒီကိုလည်း အဲဒီအမြင်တွေ ယူလာတာလို့ ချောပစ်နေကြပါတယ်။
သူ့မိခင်က ဖခင်နဲ့ အိမ်ထောင်ကွဲပြီး ကလေး ၃ဦးကို ပျိုးထောင်နေဆဲမှာ ကျပ်တည်းတဲ့အခါတွေရှိခဲ့လို့ ဆံပင်တွေကိုယ့်ဖာသာကိုယ်ညှပ်၊ ရှိတာနဲ့ ဖြစ်အောင်စားပြီး တော်တော် ချိုးခြံခဲ့ရတာပါ။ အီလွန့်မိခင်က အသားအရောင်ခွဲခြားမှုရဲ့ ဆိုးကျိုးတွေကို သူတို့တွေ သိရှိခဲ့တာပေါ့၊ သူငယ်ချင်း လူမည်းကလေးတွေ ဘယ်လိုဆက်ဆံခံရသလဲ မြင်တွေ့နေရတာပဲ၊ ဒါပေမဲ့ အဲဒီအချိန်က အဲဒီစနစ်ကို ဆန့်ကျင်တာထုတ်ပြောရင် ရုရားမှာ စစ်ကိုဆန့်ကျင်ကြောင်း ထုတ်ပြောတဲ့လူတွေလိုပဲ ထောင်ချခံရမှာ၊ ပြီးတော့ သူက အဲဒီအချိန်က မူလတန်းကျောင်းသား၊ အစိုးရရဲ့ လုပ်ရပ်တွေအတွက် ကလေးကို ဘာလို့ အပြစ်တင်ချင်ရတာလဲလို့ တုန့်ပြန်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားမှာ အသက် ၁၂နှစ်အထက်တွေကို မိဘသဘောတူညီချက်မပါပဲ က/ကွယ်ဆေး ထိုးပေးလို့ရတဲ့ ဥပဒေကို ပြဌာန်းဖို့ လုပ်နေကြတာမှာ ကန့်ကွက်မှုတွေ အလွန်များပြားနေတဲ့ကြားက လွှတ်တော် ကော်မီတီက ၇-၀နဲ့ အတည်ပြုလိုက်တဲ့အတွက် ဥပဒေဖြစ်လာဖို့ နီးစပ်သွားပြီဖြစ်ပါတယ်။ ကန့်ကွက်တဲ့သူတွေထဲမှာ သူတို့ကလေးတွေကိုယ်တိုင် ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ရတာကို ရှင်းပြခဲ့ကြပေမယ့် အရာမထင်ခဲ့ကြပါဘူး။ တချို့ကျောင်းတွေမှာ ဆေးထိုးရင် ပီဇာကျွေးမယ်ဆိုလို့ အထိုးခံလိုက်တဲ့ ကလေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
မိဘမျက်ကွယ်မှာ အသိဉာဏ်လည်း နုနယ်၊ ဆရာတွေ ညိုငြင်မှာလည်း ကြောက်၊ ဆယ်ကျော်သက် အရွယ်မှာ ပတ်ဝန်းကျင်ကို သတိထားလာပြီဖြစ်လို့ သူများအထင်သေး/ အကျဥ်ခံဘဝရောက်မှာကို မလိုလားကြမှာဆိုတော့ ဖဇတို့ ခြစားတို့အတွက် မဟာဈေးကွက်ကြီးအဖြစ် သွားရည်ကျစရာ ဖြစ်နေမှာပါ။ တွန်းနေတဲ့လူတွေကတော့ အခုလို မိဘကို အသိပေးစရာမလိုတာ ကလေးတွေကို အမ်ပါဝါမန့်ပေးတာလို့ ဆိုပါတယ်။ အဲဒီလို စကားလုံးလှလှတွေမှာတွေ ကြွေပြီး အီးကျွေးသွားတာ မသိလိုက်ကြသူတွေကတော့ ထောက်ခံကြဦးမှာပါပဲ။
ပြီးခဲ့တဲ့ ရွေး/ကပွဲမှာ မဟုတ်မဟတ်တွေ လုပ်ခဲ့ကြတဲ့အကြောင်း ဒီဇူဇာရိုက်ကူးထားတဲ့ လားနှ-ထောင် ဆိုတဲ့ ရုပ်ရှင်အကြောင်း တင်သမျှတွေ အပိတ်ခံရပါတယ်။ အဲဒီထဲမှာ အဓိကဖော်ထုတ်တွေ့ရှိ ထားတာက အဲဒီလားတွေဟာ ဇကာပေါက်ပိုက်ဆံပေးထောင်ထားတဲ့ ဗလချိုက်ဘုတ် သွားထည့်ရတဲ့ ပုံးတွေဆီကို ပျှမ်းမျှအကြိမ် ၃၈ကြိမ်လောက်နဲ့ တကြိမ်ကို ၅ခုအနည်းလေး ထည့်ခဲ့ကြတာ တွေ့ရှိထားပါတယ်။ ဘယ်လိုတွေ့လဲဆိုတော့ လက်ကိုင်ဖုံးဒေတာတွေက တည်နေရာပြဒေတာတွေကို ဝယ်ပြီး ခွဲခြမ်းကြည့်လို့ တွေ့တာပါ။ ၅ပြည်နယ်မှာ တရားမဝင် အဲဒီလိုလုပ်တာတွေကို ပယ်ဖျက်လိုက်ရင် ကမ္ဘာမှာရော ပြည်တွင်းမှာပါ ယခုကြုံနေရတဲ့ ပြဿနာတွေ ရှိလာမှာ မဟုတ်ပါဘူး။