မက်ကာသီက မနေ့ကညက မစ်တမ်းမတိုင်ခင် ကတိပေးထားတဲ့အတိုင်း အရမ်းလိမ်တဲ့ အဒမ်ရှစ်ဖ်၊ တရုပ်စပိုင်မလေးနဲ့အိပ်တဲ့ အဲရစ်ဆွဲလ်၊ လဝကအတွက် ဘရားသားနဲ့ လက်ထပ်တဲ့ အီလ်ဟန်အိုမာတို့ကို လွှတ်တော်ကော်မီတီတွေကနေ ဖယ်ထုတ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ ၁၁၇လွှတ်တော်မှာ ရှစ်ဖ်နဲ့ ဆွဲလ်က ထောက်လှမ်းရေးကော်မီတီ၊ အိုမာက နိုင်ငံခြားရေး ကော်မီတီတို့မှာ ပါနေပါတယ်။
ရီပါဘလစ်ကန်အများစုလွှတ်တော်မှာ ပထမဆုံး စလုပ်တာကတော့ မစ်တမ်းတုန်းက ကတိပေးခဲ့တဲ့အတိုင်း ၁၁၇တုန်းက စခဲ့တဲ့ ပြည်တွင်းအခွန်ကို ၈၀ဘီလီယံပေးပြီး ဝန်ထမ်းသစ် ၈၇,၀၀၀ ထပ်ခန့်ဖို့ လုပ်တာကို ပြန်လည် စီစစ်ဖို့ ဥပဒေကြမ်း တင်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်ဟာ ဗျူရိုကရက်ခြအုံကြီးရဲ့ ထိရောက်တဲ့ လက်ကိုင်ဒုတ်တခုဖြစ်ပြီး ရီပါဘလစ်ကန်တွေ၊ ဘာသာရေးအုပ်စုတွေနဲ့ သူတို့ကို ဆန့်ကျင်အာခံသူတွေကို ပညာပြနေခဲ့တာပါ။
ပေါ်နေတာ ကြာပြီဖြစ်တဲ့ ဘိုင်ဒန်မိသားစု ခြစားတဲ့သတင်းတွေကိုတောင် တာဝန်ရှိသူတွေက မထိပဲ ရှောင်ဖယ်နေချိန်မှာ အိုဘားမားလက်ကထက်က ယူကရိန်း၊ အီရန်စတဲ့ ထိပ်တန်းလျို့ဝှက် အကြောင်းအရာတွေပါဝင်တဲ့ ဖိုင်တွေကို ယူပန်းက ပန်ဘိုင်ဒန်စင်တာမှာ တွေ့ရှိကြောင်း သတင်းထွက်လာပါတယ်။ တကယ်တော့ တွေ့ထားတာ ၂လလောက်ရှိပါပြီ။ မစ်တမ်းမပြီးသေးလို့ မစ်တမ်းမှာ ဒီမိုကရက်တွေ မဲနာမှာစိုးလို့ ရွေးချယ်ခံအမတ်တွေ ကျမ်းကျိန်ပြီးဘာပြီး အားလုံးပြီးမှ ဖွင့်ချလိုက်တာပါ။ ဘိုင်ဒန်ကတော့ ထုံးစံအတိုင်း မသိလိုက်ပါဘူးလို့ ဘူးခံပါတယ်။
စီအန်အန်က အတင်းတင်ဆက်သူတွေက ထရမ့်ကိစ္စနဲ့ မတူတာက ထရမ့်က ယူသွားတဲ့ စာရွက်စာတမ်းတွေ ပိုများပြီး ပူးပေါင်းဆောင်ရွက်မှုမရှိလို့ ဝင်ရှာရတာပါဆိုတာမျိုး လိမ်ထားပါတယ်။ ထရမ့်က သမ္မတဖြစ်ခဲ့တာအပြင် ယူသွားတာတွေက သူ့အိမ်မြေအောက်ခန်းမှာ သေချာသီးသန့် ထားတာလေ၊ အက်ဖ်ဘီအိုင်က လာစစ်ပြီး သော့တပ်ပါဆိုတော့လည်း တပ်ပေးလိုက်တာပဲ၊ တောင်းဆိုတိုင်း လုပ်ပေးနေတဲ့ကြားထဲက သက်သက် နိုင်ငံရေးစတန့်ထွင်ပြီး ဝင်ရမ်းတာ၊ မီလာနီယာအတွင်းခံတွေတောင် မနေရဘူး။ ဒါနဲ့ အက်ဖ်ဘီအိုင်က ဂျေလ်ဘိုင်ဒန့်အတွင်းခံတွေရော ဝင်မွှေသွားသေးလားမသိ။
သမ္မတချင်းယှဥ်ရင် ဟူစိန်အိုဘားမား ယူသွားတဲ့ စာရွက်စာတမ်းက အများကြီး ပိုများတာကျတော့ နှာစေးနေကြပြန်တာပဲမဟုတ်လား။ နောက်တချက်က ဘိုင်ဒန် ယူကရိန်းအတွက် အတောမသတ်သုံးနေတာတွေနဲ့ ဟန်းတားကို လာဘ်ပေးထားတဲ့ ဘူရစ်စ်မာနဲ့ ဒီဖိုင်တွေနဲ့ ပတ်သက်နေနိုင်တာပါ။ ခြရာဇဝင်လည်းရှိ၊ လက်ရှိအာဏာယူထားတာလည်း ဖြစ်တဲ့အတွက် ပိုဂရုစိုက်သင့်တဲ့ အမှုကိုကျတော့ လွယ်လွယ်လေး ဖော့ပစ်လိုက်တာ ဘာကြောင့်များပါလိမ့်။
ပြည်သူအဆင်ပြေနေရင် မရှုစိမ့်တဲ့ ဉာဏ်ကြီးရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ဘိုင်ဒန်အစိုးရက ဂက်စ်မီးဖိုတွေဟာ ကလေးငယ်တွေမှာ ပန်းနာရင်ကြပ် ရောဂါမျိုး ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့တွေ ထုတ်လွတ်နေတယ်ဆိုတဲ့ “သုတေသန” တွေ့ရှိချက်ကို ကိုးကားပြီး တနိုင်ငံလုံးမှာ ဂက်စ်မီးဖိုတွေ သုံးစွဲမှုကို တားမြစ်ပိတ်ပင်သွားဖို့ စဥ်းစားနေပါတယ်။
ဂက်စ်ကို အိမ်/ရေအနွေးပေးဖို့နဲ့ ချက်ပြုတ်ရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာပဲ နှစ်ပေါင်း ရာကျော်နေပါပြီ။ အဲဒီကာလမှာ ရင်ကြပ်ရှိတဲ့ကလေးကလည်း ဂက်စ်သုံးသုံး မသုံးသုံး ရှိကြတာဖြစ်သလို ဂက်စ်သုံးတဲ့ တအိမ်ထဲမှာတောင် ရင်ကြပ်မရှိတဲ့အိမ်တွေ အများကြီးရှိပြီး ရှိတဲ့အိမ်မှာလည်း ကလေးတိုင်းရှိနေတာ မဟုတ်တာကို စဥ်းစားရပါမယ်။
အခုတောင် လျှပ်စစ်အသုံးများတဲ့ကာလတွေမှာ လျှပ်စစ်ကားတွေ အားမသွင်းဖို့၊ မီးအလှည့်ကျဖြတ်ဖို့တွေ ပြောနေရတာ၊ ဂက်စ်မီးဖိုတွေကိုပါ မသုံးဖို့ ပိတ်ပင်လိုက်ရင် လျှပ်စစ်မရတဲ့အခါ (သို့) မတတ်နိုင်တဲ့အခါတွေမှာ ထင်းနဲ့ မီးသွေးနဲ့ ချက်ကြရတော့မှာလား။ မဟုတ်ရင် ကော်ပိုရေးရှင်းကြီးတွေကို လုပ်ကျွေးတဲ့အနေနဲ့ ကျန်းမာရေးနဲ့ လုံးဝ မလျော်ညီတဲ့ အသင့်စားတွေပဲ ဝယ်စားရတော့မလားပါပဲ။ သုတေသနတွေကလည်း အမေရိကန်တွေ အသက်ကို အကြီးဆုံးရန်ရှာနေတဲ့ ဆီးချိုပြဿနာတို့၊ အရွယ်ကောင်းလေးတွေ ရုတ်တရက် ကြွေလွင့်ကြတာ များသထက် များလာတာမျိုးတို့လို ဘစ်ဖာမာတွေ ဝင်ငွေလျော့မှာမျိုးကျ မလုပ်ပဲ တိုင်းပြည် အင်အားချိအောင် ဆင်းရဲအောင် လောင်စာကိုပဲ ကလိုင်းမိတ်နဲ့ ရန်တိုက် ပြဿနာ ရှာနေကြတယ်။
ဖဇက သူ့ဈေးတွေ တက်လိုက်သလို မဒနကလည်း ကကဆတွေကို စီးပွားဖြစ် ဖြန့်ဖြူးတော့မယ်ဆိုရင် ကကဆ တလုံးကို ၁၁၀ကနေ ၁၃၀ကို တက်တော့မှာ ဖြစ်ပါတယ်။ အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ဈေးက တလုံးကို ၂၆.၃၆ပါ။ များများထုတ်ရင် ပိုတောင် သက်သာလာရဦးမှာ မဟုတ်လား။ ကုန်ဈေးနှုန်းတွေ တက်လာတယ်ဆိုပေမယ့် အဦးဆုံးလုပ်တဲ့ သုတေသနက တွေကပဲ စားရိတ်အများဆုံး ဖြစ်တော့ ခုဆိုအဲဒီစားရိတ်တွေ ပေါင်းနေဖို့ မလိုတော့ဘူးလေ။ ဘာနေဆန်းဒါးစ်က ဈေးတက်လိုက်တာကို အမြတ်ကြီးယူတယ်လို့ အသံကောင်းဟစ်ပြလိုက်ပေမယ့် မန်ဒိတ်တွေလုပ်ဖို့ အစိုးရတွေနဲ့ ဘစ်ဖာမာတွေပေါင်း ကြိုးဆွဲနေတာကိုကျတော့ နှာစေးနေပြန်ပါတယ်။
ကလေးတွေအပေါ် လိင်ရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးသူ အပြစ်ကျ ရာဇဝတ်သားဟာ သူ့ကိုယ်သူ အင်တာဆက်စ်မိန်းမလို့ သတ်မှတ်လိုက်ပြီး ကွန်နက်တီကပ်က မိန်းမထောင်ကို ပြောင်းရွှေ့ကျခံဖို့ အယူခံ ဝင်လိုက်ပါတယ်။ အဲဒီလိုရာဇဝတ်ကောင်တွေကို မိန်းမထောင်တွေဖက် ပြောင်းထားပေးဖို့ လျောက်ထားတာက သူတဦးတည်းမဟုတ်သလို ရခဲ့ဖူးတဲ့ သာဓကတွေလည်း အများကြီးပါပဲ။
ထောင်ထဲက မိန်းမတွေအတွက် အာဏာပိုင်တွေက ဘယ်လိုအကာအကွယ်လုပ်ပေးလဲဆိုတော့ အစွပ်တွေ တောင်းရင်ပေးတယ်၊ ဗိုက်ကြီးသွားလို့ ကိုယ်ဝန်ဖျက်ချချင်ရင် စီစဥ်ပေးတယ်၊ ဒါပေမယ့် ဘယ်နားမှ အမ မဟုတ်တာကြီးနဲ့ အတူမထားပါနဲ့လို့ ငြင်းခွင့်မရှိပါဘူး။ မိန်းမထောင်က လုပ်သက်ရ ဝန်ထမ်းကောင်းတွေလည်း မကူနိုင် မကယ်နိုင်ဘဝကို မခံစားနိုင်လို့ ထွက်ကုန်ကြပြီ။ ကျန်မှာက အစိုးရ ဘာလုပ်လုပ် မှန်တယ်ထင်တဲ့ အထက်ဖားအောက်ဖိ ကွန်ကွန်လက်သစ်တွေ။
နောက်ထပ် ထိပ်တန်းဒီမိုကရက်အမတ်တဦး ပါတီကို စွန့်ခွာသွားပြန်ပါပြီ။ တောင်ကာရိုလိုင်းနားက ပြည်နယ်ဆီနိတ်တာ Mia McLeod ဆိုတဲ့ လူမည်းအမျိုးသမီးဖြစ်ပါတယ်။ သူမဟာ တောင်ကာရိုလိုင်းနားပြည်နယ် ဂါဗာနာရာထူးအတွက် ဒီမိုကရက်ပါတီကနေ ပထမဆုံး လူမည်းအမျိုးသမီးအနေနဲ့ ပဏာမ ဝင်ပြိုင်ခဲ့တာ ဒုတိယပဲ ရခဲ့လို့ တကယ့် ရကပွဲ မဝင်လိုက်ရပါဘူး။ ပဏာမမှာ ရှုံးအပြီး သူမဟာ ၇လကြာ ဝတ်ပြုဆုတောင်းပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ခဲ့အပြီးမှာ အခုလို ပါတီကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ ပါတီက သူရော သူ့မဲဆန္ဒနယ်သားတွေရောရဲ့ တန်ဖိုးတွေ စံတွေနဲ့ မကိုက်တော့တာကြောင့်လို့ ဆိုပါတယ်။
တကယ်တော့ သမ္မတရေဂင်တို့ သမ္မတ ထရမ့်တို့အပါအဝင် ထင်ရှားတဲ့ ပညာရှင်ကြီးတွေဖြစ်တဲ့ သောမတ်စ်ဆိုးလ်တို့ မီဒီယာဂုရုဖြစ်တဲ့ တပ်ကာတို့က အစက ဒီမိုကရက်တွေ ဖြစ်ပြီး သူတို့ယုံကြည်ထားတဲ့ မူဝါဒတွေကနေ ပါတီက တဖြည်းဖြည်း သွေခွာလာတာကြောင့် သူတို့က ပါတီကို စွန့်သွားတာထက် ပါတီက သူတို့ကို စွန့်သွားတာဆို ပိုမှန်မယ်လို့ ဆိုကြတာပါ။ ခုချိန်မှာတော့ ဒီမိုကရက်ပါတီက ဒီမိုကရေစီရဲ့ အငွေ့အသက်တောင် သိပ်မကျန်တော့တဲ့ လက်ဝဲလက်ကိုင်ဒုတ် ဖြစ်လာပါပြီ။