ဇန်နဝါရီ ၁၃ ရက် ၂၀၂၃

ရီပါဘလစ်ကန်အများစုလွှတ်တော်က ၂၀၂၁ ဂျန်၆တုန်းက စီစီတီဗီဖိုင်တွေကို ပလိုးစီက ထုတ်ပြန် မပေးခဲ့ပေမယ့် လက်ရှိစပီကာ မက်ကာသီကတော့ ပြည်သူတွေ သိသင့်ပါတယ်လို့ ဆိုပါတယ်။ တကယ်ထုတ်ပြန်လိုက်မယ်ဆိုရင်တော့ ဘယ်သူဘာဆိုတာ ရှင်းသွားမှာပါ။ ဒီမိုကရက်တွေကတော့ အဲဒီဖိုင်တွေ ထုတ်ပြန်လိုက်ရင် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ အကြောင်းပြ ငြင်းနေပါပြီ။ မက်ကာသီက ထရမ့်အပေါ် အင်မ်ပိချ်မန့်လုပ်ထားခဲ့တာတွေကိုလည်း ပြန်လှန်သွားမယ်လို့ ဆိုပါတယ်။ အပိုအလုပ်တွေလို့ ပြောမယ့်သူတွေ ရှိပေမယ့် အပြစ်မရှိသူကို အတင်းဆွဲချဖို့ လပေါင်းများစွာ ကြိုးစားခဲ့ကြတုန်းက မကန့်ကွက်ပဲ အပြစ်မရှိပဲ စွပ်စွဲပြစ်တင်ခံရသူကို နာမည်သန့်စင်ပေးဖို့ကိုမှ ကန့်ကွက်မယ်ဆိုတဲ့သူတွေကို အလေးထားစရာတော့ လိုမယ်မထင်ပါ။

ရီပါဘလစ်ကန်အများစုဖြစ်တဲ့ ၁၁၈ လွှတ်တော်က နေ့စေ့လစေ့ကိုယ်ဝန် ဖျက်ချတာ မအောင်မြင်ပဲ အရှင်မွေးထွက်လာတဲ့ကလေးတွေအပေါ် အဘောရှင်း မလုပ်ဖို့နဲ့ အဲဒီကလေးတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဥပဒေကြမ်း တင်သွင်းလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းကို ဒီမိုကရက်တွေက လွှတ်တော်ကို မတင်သွင်းဖို့ ကန့်ကွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တင်သွင်း မဲခွဲခဲ့ရာမှာ ရီပါဘလစ်ကန်အားလုံးအပြင် ဒီမိုကရက်အမတ်တဦးကပါ ထောက်ခံမဲပေးခဲ့တဲ့အတွက် အောက်လွှတ်တော်မှာ အတည်ဖြစ်သွားခဲ့ပါပြီ။ ဒီမိုကရက်များနေတဲ့ အထက်လွှတ်တော်ကို ဖြတ်ဖို့နဲ့ ဘိုင်ဒန်လက်မှတ်ထိုးဖို့ကတော့ မလွယ်ရေးချ မလွယ်ပါ။

လွှတ်တော်က တချို့ ရီပါဘလစ်ကန်တွေက အဘောရှင်းအပေါ် ပါတီရဲ့ ရပ်တည်ချက်ကြောင့် မစ်တမ်းမှာ ရီပါဘလစ်ကန်တွေ နိုင်သင့်သလောက် မနိုင်တာလို့ ပြောပြီး ဒီလိုဘေလ်တွေကို မတင်စေချင်ကြပါဘူး။ ကျမကတော့ အဲဒီလို မထင်ပါဘူး။ အများစုက အထင်နဲ့ တလွဲအစွဲနဲ့ မဲပေးနေကြတာပါ။ အဲဒါက မီဒီယာတွေကြောင့် တက်ခ်ဂျိုင်းယန့်တွေကြောင့် အများကြီး ပါပါတယ်။ နောက်တချက်ကတော့ ကြိုတင်မဲ စာတိုက်မဲတွေ အကုန်ဖျက်သိမ်းပြီး စာရွက်နဲ့ မဲပေးကြည့်လိုက်ပေါ့။

အိုဘားမားလက်ထက်က အိမ်ဖြူရဲ့ ထိပ်တန်းလှို့ဝှက်ဖိုင်တွေကို University of Pennsylvania က ပန်ဘိုင်ဒန်စင်တာမှာ တွေ့ခဲ့ရုံတင်မက ဒလဝဲက ဘိုင်ဒန့်ကားဂိုထောင်ထဲမှာလည်း ထပ်တွေ့ပြန်ပါတယ်။ ပထမတခါတုန်းကလည်း ရကပွဲပြီး ကျမ်းကျိမ်ပြီးတဲ့အထိ သတင်းမထုတ်ပဲ စောင့်နေကြပြီး ခုတကြိမ်မှာလည်း ဘယ်မှာတွေ့တယ်ဆိုတာကို ဖုံးဖိထားကြပါတယ်။ နောက်မှ ဒလဝဲက ဘိုင်ဒန်ရဲ့ အန်းတစ်ကော်ဗက်ကားနားမှာလို့ ဆိုပါတယ်။ ဘိုင်ကြီးကတော့ အဲဒီကားက သော့ခတ်ထားတဲ့ ဂိုထောင်ထဲမှာပါလို့ ဆိုပါတယ်။ ဒါပေမယ့် ကားဂိုထောင်တွေက ကလန့်မထိုးထားရင် ဖွင့်တတ်တဲ့သူအတွက်က လွယ်ပါတယ်။

နယူးယောက်ပို့စ်က ပန်ဘိုင်ဒန်စင်တာဆိုတဲ့ thinktank ကို တရုပ်ပြည်က ဒေါ်လာ ၅၅သန်း လှူထားတယ်လို့ ဆိုပါတယ်။ လျို့ဝှက်ချက်တွေ ရောင်းစားတဲ့သဘောဆိုရင်တော့ အန္တရာယ်ပမာဏက အားလုံးမှန်းနိုင်မယ်ထင်ပါတယ်။ တကယ်ကလည်း တဦးတယောက်တဖွဲ့ရဲ့နောက်မှာ ဘာတွေ ရှိနေတယ်ဆိုတာ သိချင်ရင် ငွေဝင်ငွေထွက်အကုန်လုံး စစ်လိုက်ရင် တန်းပေါ်မှာပါလို့ ထရမ့်လက်ထက် ကာကွယ်ရေးဌာန ဝန်ထမ်းချုပ် ကက်ရှ်ပတဲလ်က ဆိုပါတယ်။ ထရမ့်ကိုလည်း သူတို့ ဘီးစိတ်တိုက်စစ်ခဲ့ကြတာပါ။ ဘာမှမတွေ့တဲ့အဆုံး အခွန်ဆောင်ထားတာကို ဖွင့်ချပြစ်ပါတယ်။ ဘိုင်ကြီးကိုလည်း ငွေဝင်ငွေထွက်လိုက်စစ်ရင် အကုန်ပေါ်မှာပါ။ မပေါ်စေချင်လို့ ဖိထားတာကတော့ တမျိုးပေါ့လေ။

သတိပြုသင့်တာက သွားစစ်တယ်ဆိုတဲ့ ထောက်လှမ်းရေးတွေက နိုင်ငံတော်အဆင့် လုံခြုံရေး ကင်းလွတ်ခွင့် ရထားရဲ့လားဆိုတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ထိပ်တန်းလျို့ဝှက်ဆိုတာတွေက လမ်းဘေးစာအုပ်အဟောင်းဆိုင်လို လူတကာ အမြည်းဝင်ဖတ်ဖို့တော့ မသင့်ဘူးလေ။ ကနေ့တော့ ဘိုင်ဒန်က အဲဒီအိမ်ကို ပြန်တယ်လို့ ဆိုပါတယ်။ သူ့အိမ်တွေလည်း အကောင်းစားတွေပေမယ့် ဗကေးရှင်းသွားရင်တော့ သူ့စပွန်ဆာတွေရဲ့ ဇိမ်ခံအိမ်တွေမှာ အလှည့်ကျ နေတာပါ။ အဲဒါကလည်း နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာပါပဲ။

ဘိုင်ဒန့်ရဲ့ လျို့ဝှက်ဖိုင်တွေအကြောင်းကို ဒီမိုကရက်လက်ကိုင်ဒုတ် လက်ဝဲမီဒီယာတွေကပါ ရေးသားကြလို့ တချို့က အံ့ဩနေကြပါတယ်။ စိတ်မလောပါနဲ့၊ သူတို့ဘက်မပြောင်းပါဘူး။ သူတို့အနေနဲ့ မီမိုမရပဲ ဘာမှမလုပ်သလို မီမိုရရင်လည်း အားလုံးတိုင်ပင်ထားသလို တလေသံထဲ အသုံးအနှုန်းကအစ တထပ်တည်း ထွက်တာ သတိထားရင် မြင်ပါလိမ့်မယ်။ အခုကိစ္စက ဘိုင်ဒန်ကို ထိုးကျွေးချင်တဲ့ အစီအစဥ်တခုလည်း ဖြစ်ရင် ဖြစ်နေမှာပါ။ ဒီအမှုကို စစ်ဖို့ ဂါလန်ခန့်လိုက်တဲ့ စပယ်ရှယ်ကောင်ဆယ်လ်က ထရမ့်ခန့်ထားတဲ့သူ။ ဘိုင်ဒန့်ကို ကြိုးဆွဲနေသူတွေက အာဏာငမ်းဖမ်းတွေ ထုံးစံအတိုင်းပဲ လုပ်မှာပါ။ နယူးယောက်ဂါဗာနာ အန်ဒရူးကိုမိုလည်း အရင်က ဒီမိုကရက်တွေရဲ့ ဟီးရိုး ရှိုးကေ့စ်ပါပဲ။ ပြုတ်သွားပြီးတော့လည်း သူ့ကို ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ်ကြတော့တာ တွေ့ရမှာပါ။

ရုတ်တရက်သမားတွေ အများစုက နှလုံးကြွက်သားယောင်တာကြောင့် မညှစ်နိုင်တော့ပဲ ရုတ်တရက် နှလုံးရပ်ကုန်ကြတာဖြစ်ကြပါတယ်။ ယောင်ယမ်းတဲ့ အင်ဖလမ်မေးရှင်းက မကျန်းမာတဲ့သူတွေမှာတင် ဖြစ်တာမဟုတ်ပဲ ကျန်းမာနေတဲ့ သူတွေမှာတောင် ခန္ဓာကိုယ်ထဲကို ဖောရင်းပစ္စည်းတွေဝင်လာရင် ဖြစ်လေ့ရှိတဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံပါ။ ဖောရင်းပစ္စည်းတွေ ခြောက်လတခါ သွားထိုးထည့်နေရင် ယောင်ယမ်းမှုသံသရာထဲက ထွက်ဖို့ ခက်လာနိုင်ပြီး တချက်ထဲနဲ့ အသက်ပါ ပါသွားနိုင်တာကို ပြောလိုရင်းပါ။ ဘယ်သူမှ ကိုယ့်ကိုယ်ကို ဘဝနိဂုံးချုပ်ဖို့ သိပ်လွယ် သိပ်နီးနေနိုင်ပါလားလို့ တွေးကြမှာ မဟုတ်ပါဘူး။ အသက်ကို ဉာဏ်စောင့်ပါတယ်၊ ကျန်းမာအောင် နေကြပါ။ အကြောင်းကြောင်းကြောင့် အလှည့်ကျလာရင်လည်း နောင်တကင်းကင်း စိတ်ရှင်းရှင်းနဲ့ စွဲလမ်းကပ်ငြိမှုတွေ ရှိမနေအောင် ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်။

ကနေ့ပဲ စီဒီစီက ဖဇကဗကကဆဟာ အသက် ၆၅အထက်တွေမှာ ဦးနှောက်သွေးကြောပြတ်/ပိတ် တာမျိုး ဖြစ်နိုင်ခြေတိုးလာတယ်လို့ဆိုပြီး မဒနမှာတော့ အဲဒီလိုမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။ စီဒီစီက ဝန်ခံလိုက်ပေမယ့် သူတို့ပေးချင်တဲ့ အဓိကမက်ဆေ့ချ်က အခုအသစ်ထုတ်ထားတဲ့ bivalent ကကဆအမျိုးအစားကြောင့် ဦးနှောက်လေဖြတ်တာမျိုး တက်လာတာ မတွေ့ရဘူးလို့ မားကက်တင်း ဆင်းချင်တာပါ။ ချင့်တော့ယုံကြပေါ့။ ကကဆကြောင့် ဆိုးကျိုးအရင်ဖတ်ထားတဲ့ထဲမှာ ဆားစ်ကိုဗီဝမ်းက သဘာဝက လာတာဖြစ်တဲ့အတွက် လူကို ကူးနိုင်ဖို့၊ လူကြားထဲ ပြန့်ပွားနိုင်မှု နှေးကွေးပြီး လက်ရှိကဗပိုးဖြစ်တဲ့ ဆားစ်ကိုဗီတူးကတော့ ဟူစိန်၊ ဘိုင်တို့ ဖောက်ချီတို့တတွေ ထောက်ပံ့ပေးထားတဲ့ ဂိန်းအော့ဖန်ရှင်က အဆင့်မြှင့်ပေးထားတဲ့အတွက် မြန်မြန်ကူး များများရှောတာဖြစ်ပါတယ်။

၂၀၂၃ခုနှစ် အမေရိကန်မှာ ကင်ဆာဖြစ်ပွားမှုအသစ် ၁.၉၆သန်း ဖြစ်လာမှာဖြစ်ပြီး အဲဒီထဲက ၆၀၉,၈၂၀က ဒီတောင်ကို ကျော်နိုင်မှာ မဟုတ်ဘူးလို့ The Cancer Society က ခန့်မှန်းထားပါတယ်။ အမေရိကန်အမျိုးသားတွေကို အသတ်ဆုံးက အဆုတ်၊ ဆီးကြိတ်နဲ့ အူမကြီးကင်ဆာတွေဖြစ်ပြီး အမျိုးသမီးတွေကတော့ အဆုတ်၊ ရင်သားနဲ့ အူမကြီးကင်ဆာတွေ ဖြစ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ကင်ဆာဖြစ်နှုန်းတက်လာပေမယ့် သေနှုန်းကျသွားတာပါ။

မီရှီဂန်ပြည်နယ် ဒီးထရွိုက်မြို့နားရှိ Hamtramck ဆိုတဲ့မြို့လေးက မြို့ကောင်စီက အိမ်တွေမှာ တိရိစ္ဆာန်တွေကို ဘာသာရေးအရ ယဇ်ပူဇော်ဖို့ မဲပေးခွင့်ပြုလိုက်ပါတယ်။ အဲဒီကောင်စီမှာ အဖွဲ့ဝင် ၆ဦးပါဝင်ပြီး အားလုံးက မူဆလင်များဖြစ်ကာ ၃ဦးက ယီမင်နွယ်ဖွား၊ ၂ဦးက ဘင်္ဂလားနွယ်ဖွားနဲ့ ကျန် ၁ဦးက အရှေ့ဥရောပက ဘာသာပြောင်းလာတာ ဖြစ်ပါတယ်။ မဲက ခွင့်ပြု ၃၊ ကန့်ကွက် ၂ ဖြစ်နေရာက မြို့ဝန်ကပါ ခွင့်ပြုတဲ့ဖက်က မဲဝင်ပေးခဲ့တာ ဖြစ်ပါတယ်။ မြို့မှာလည်း မူဆလင်က အများစု ဖြစ်ပါတယ်။ ထောက်ခံသူတွေကတော့ ဒါဟာ အဆန်းမှမဟုတ်တာလို့ဆိုပြီး ခွင့်မပြုရင် မြို့ကို တရားစွဲမယ်လို့ ဆိုပါတယ်။ သားသတ်သမားတဦးကတော့ လုပ်နေကျမဟုတ်သူတွေ သတ်ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ငါကတော့ ကောင်းကောင်းသိတယ်လို့ ဆိုပါတယ်။

အမေရိကန် သားသတ်ရုံတွေမှာ တိရိစ္ဆာန်တွေကို နာကျင်မှု အနည်းဆုံးဖြစ်ဖို့ မသတ်ခင် မေ့သွားအောင် ရှော့ရိုက်ပြီးမှ သတ်ကြတာ ဖြစ်ပါတယ်။ အိမ်တွေမှာဆိုရင်တော့ အဲဒီစည်းမျဥ်းတွေ ကျင့်သုံးဖို့ မဖြစ်နိုင်သလို ကလေးငယ်တွေရှိနိုင်တဲ့ လူနေအိမ်တွေမှာဆိုတော့ သဘောမတူသူတွေလည်း ရှိပါတယ်။ အများစုသဘောမို့လို့ အစလုပ် ခွင့်ပြုတာဆိုရင် ရှာရီးယားတွေ ကြိမ်ဒဏ်တွေရော လာဦးမယ့်သဘောပါပဲ၊ ကလအုပ်ပုံပြင်လိုပေါ့။ ခရစ်ယာန်တွေကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်နေကြသူတွေ၊ တိရိစ္ဆာန်အခွင့်အရေးသမားတွေ ခုတော့ နှာစေးနေကြမှာ မြင်ယောင်ပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: