ဇန်နဝါရီ ၁၇ ရက် ၂၀၂၃

မိုင်ယိုကာဒိုက်တစ်စ် နှလုံးကြွက်သားယောင်ရမ်းပြီး ရုတ်တရက် နှလုံးရပ်ကုန်တာတွေ အဖြစ်များသထက် များလာတာနဲ့ ပတ်သက်လာတာက လူ့အသက်တွေ အများကြီးနဲ့ အလုပ်လုပ်နေရတဲ့ လေယာဥ်မှူး၊ ရထား/ကား မောင်းသူတွေအပြင် အမှားမခံတဲ့ ဆေးဖက် စစ်ဖက်ဝန်ထမ်းတွေ အများကြီးဟာ သူတို့အသက်တင်မက သူတို့အပေါ်မှာ မှီတည်နေတဲ့ အများပြည်သူရဲ့ အသက်တွေအတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေပါတယ်။​

ဆေးထိုးပြီး ရုတ်တရက်ကြွကုန်ကြတာက ခုမှမဟုတ်ပါဘူး​။ အရင်ထဲကပါ၊ သတင်းတွေ အတင်းဖုံးဖိထားလို့ လူသိသိပ်မများနေတာပါ။ ခုတော့ မီဒီယာကြီးတွေမှာ မတင်ပေမယ့် မီဒီယာလေးတွေနဲ့ တွဒ်တာမှာ တင်လို့ ရနေပြီဖြစ်တော့ ပိုတင်ကြလို့ လူသိ ပိုများလာတာပါ။ လေယာဥ်မှူးတွေလောကမှာတော့ ကြားနေ သိနေကြတာ မနှစ်ကထဲကပါ။ ဆိုးကျိုးတွေ  ဘယ်လိုရှိနိုင်တယ်ဆိုတာ သိရအောင် အရင် သေချာစီစစ်ပြီးမှ ထိုး/မထိုး ဆုံးဖြတ်ချင်ကြပေမယ့် တာဝန်ရှိသူတွေဖက်က စီစစ်ပေးဖို့/ထုတ်ပြန်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။  ဒါပေမယ့်လည်း ငြင်းခွင့်မရှိ ထမင်းအိုးကွဲမယ့်အရေးဆိုတော့ မျက်စေ့မှိတ်ပြီး ထိုးကြရတာပါပဲ။

ပိုဆိုးတာက မနေ့ကသတင်းမှာ ၁၆နှစ်သားလေး အာနက်စ်တို ရာမီရက်ဇ်ဟာ ဆေးထိုးပြီး ၅ရက်အကြာဖြစ်တဲ့ ၂၀၂၁ ဧပြီ ၂၄မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်၊ အလောင်းကို ရင်ခွဲကြည့်တော့ နှလုံးက ယောင်ပြီး မိုင်ယိုကာဒိုက်တစ် ဖြစ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အာနက်စ်တို သေဆုံးပြီး လအနည်းငယ်အကြာမှာ စီဒီစီက ကဗကကဆထိုးထားတဲ့ လူငယ်တွေကြားမှာ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာ ထင်မထားလောက်အောင် မြင့်တက်နေတယ်လို့ ဆိုပါတယ်။ သူတို့မှန်းတာက အသက် ၃၀အောက်တွေမှာ လူ၁၀၀အောက်လောက်ပဲ ပြဿနာတက်မယ်လို့ တွက်ထားရာက တကယ်ဖြစ်ပွားတယ်လို့ သတင်းပို့ထားတာတင် ၂၂၆ဦး ဖြစ်နေတာပါ။

အာနက်စ်တိုသေဆုံးပြီး ၇လအကြာမှာတော့ အရေးပေါ်စီမံအေဂျင်စီ ဖီးမားက အာနက်စ်တိုရဲ့ ဖခင်ကို ဆက်သွယ်ပြီး သူ့သားရဲ့ သေဆုံးခြင်းကို နှလုံးကြောင့်/ ကကဆကြောင့်လို့ မရေးပဲ ကပ်ပိုးကြောင့်လို့ ရေးတာ သဘောတူပေးဖို့နဲ့ အဲဒီလို သဘောတူပေးရင် ဈာပနစားရိတ် ဒေါ်လာ ၉၀၀၀ ထောက်ပံ့မယ်လို့ ကမ်းလှမ်းတယ်လို့ သိရပါတယ်။ ဗျူရိုကရက်တွေရဲ့ အာဏာအလွဲသုံးမှုပါပဲ။ အဲဒီလို စာရင်းပြောင်းလိုက်ခြင်းအားဖြင့် ကကဆကြောင့် သေတာ စာရွက်ပေါ်မှာ ကျသွားမှာဖြစ်သလို ကပ်ပိုးကြောင့် သေတဲ့ လူငယ်အရေအတွက်လည်း တိုးသွားမှာဖြစ်လို့ ဒီရောဂါကို သူတို့ကြောက်စေချင်တဲ့အတိုင်းဖြစ်အောင် တွန်းပြီးသားလည်း ဖြစ်သွားမှာပါ။ တကယ်တမ်းမှာ စီဒီစီက မှတ်တမ်းတွေအရ ၂၀၂၀ ကနေ ၂၀၂၃အတွင်း မွေးကင်းစကနေ ၁၇အောက်တွေကြားမှာ နျူမိုးနီးယားကြောင့် သေတာက ၂,၂၂၇ ရှိပြီး ကဗကြောင့် သေတာက ၁,၄၃၃ ပဲ ရှိတာပါ။

မဒနနဲ့ စည်းကမ်းထိန်းသိမ်းရေးအေဂျင်စီများဟာ အက်ဖ်ဒီအေကို ဘုစ်တာပါမစ်အတွက် တင်တုန်းက အခုနောက်ပိုင်းထုတ်တဲ့ ဘိုင်ဗေလန့်ဘုစ်တာဟာ အရင်ထုတ်တဲ့ မိုနိုဗေးလန့် ဘုစ်တာတွေထက် ဘာမှပိုပြီး ကာကွယ်ပေးနိုင်တာမဟုတ်ကြောင်းကို သိရှိနေပေမယ့် အဲဒီဒေတာတွေကို အက်ဖ်ဒီအေတို့ စီဒီစီတို့ကို တင်ပြတဲ့ထဲမှာ ထိန်ချန်ထားတယ်လို့ ဆိုပါတယ်။ အရင်က မကူးခဲ့ဖူးတဲ့ သူတွေကြားမှာ မိုနိုဗေးလန့်ဘုစ်တာ ထိုးထားသူက ၁.၉%ပဲ ကူးပြီး ဘိုင်ဗေးလန့်ဘုစ်တာ ထိုးထားတဲ့သူက ၃.၂% အကူးခံရတယ်လို့ တွေ့ရှိထားတာပါ။ အခုအချိန်ကျမှ ဒီသတင်းထွက်လာတာကလည်း သိပ်မရိုးဘူးလို့ ဆေးဝန်ထမ်းတွေက ဆိုပါတယ်။ အရင်ရက်တွေက သတင်းတွေမှာ အရင်ဘုစ်တာတွေက သိပ်မကာကွယ်တာ မှန်ပါတယ်၊ ဒါပေမယ့် ခုထုတ်မယ့်ဟာကတော့ တကယ်ကောင်းမှာပါလို့ ကြိုတင်ပြီး နှပ်ကြောင်းပေးနေတာ ဖြစ်နိုင်ပါတယ်။

ဂက်စ်မီးဖိုတွေ ဘန်းဖို့ ဘိုင်ကြီးတို့က ခုမှ စလုပ်ပေမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်လို့ နာမည်ပေးထားတဲ့ အဖျက်အဖွဲ့ကြီးကတော့ မနှစ်ကထဲက စပြောနေတာပါ။ အဲဒါကိုကြည့်ရင် ဘိုင်ကြီးတို့ကို ဘယ်သူတွေက ကြိုးဆွဲနေတာလဲဆိုတာ သိနိုင်ပါလိမ့်မယ်။ အခုလို ဒဗလျူအီးအက်ဖ်က နှပ်ကြောင်းပေးထားတာကို ဒီမိုကရက်အစိုးရတွေ လိုက်လုပ်တာ ဒီတကြိမ်ထဲမဟုတ်ပါဘူး။ စွမ်းအင်နဲ့ပတ်သက်တဲ့ အကြပ်အတည်း စီးပွားရေး ကျန်းမာရေးအကျပ်အတည်းအကုန် အဲဒီက မြစ်ဖျားခံတာပါ။ ဒဗလျူအီးအက်ဖ်က ကလော့စ်ရွှက်ဘ်နဲ့ ပေါင်းစားနေတဲ့အဖွဲ့ကတော့ ဘုရှ်၊ ဖဇ၊ ကလင်တန်၊ အိုဘမတို့တွေပဲ ဖြစ်ပါတယ်။ အဲဒီအုပ်စုကပဲ ဒီလောက်ပြဿနာရှိတဲ့ ကကဆကို ပြည်သူတွေ ထိုးကြဖို့ နာမည်/ဝိတ်သုံး နှိုးဆော်နေကြလို့ပါ။ ဘိုင်ကြီးကတော့ ခိုးထုတ်ခိုးထည် ပေါ်သွားတော့ သူတို့ နဖားကြိုးထိုးတဲ့အတိုင်းပါပဲ။ သူတို့နောက်ကွယ်မှာတော့ ရှီတို့ အမွှေစိန်တို့ ရှိမှာပေါ့။

ဂက်စ်မီးဖိုဘန်းတာကို နောက်တဆင့် ဆွဲတင်သွားတဲ့ ကျွန်ပါးဝကတော့ နယူးယောက်ဂါဗာနာ ကေသီဟိုကုလ်ပဲ ဖြစ်ပါတယ်။ နယူးယောက်မှာ နောက်ဆောက်မယ့် အဆောက်အဦသစ်တွေမှာ ဂက်စ်မီးဖို ထည့်မဆောက်ဖို့ တားမြစ်သွားမယ်လို့ ဆိုပါတယ်။ ပြည်သူတွေမှာ ရွေးချယ်ပိုင်ခွင့်မရှိရင် ဒါဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်တော့တာကို ပြတာပါပဲ။​ ကလော့စ်ရွှက်ဘ်က ဆိုင်ဘာအတက်အတွက် ကြိုပြင်ထားရမယ်လို့ ဆိုပါတယ်။ ဆိုင်ဘာအတက်ရရင် လျှပ်စစ်ဂရစ်တွေပဲ အရင်တိုက်မှာလေ။ လျှပ်စစ်မီးမရလဲ ဂက်စ်လိုင်းက သပ်သပ်ဆိုတော့ ဟင်းလဲချက်၊ အပူလည်း ရနေဦးမှာပေါ့။ ဂက်စ်မီးဖိုတွေ ဘန်းလိုက်ရင် မီးလဲမရ၊ ငတ်လဲငတ် ဖြစ်မှာပေါ့။

သူတို့ကရော အဲဒီမှာ ရပ်နေမယ်လို့ ထင်နေသေးတာလား။ နောက်တဆင့်က ဘာဖြစ်မလဲ၊ ရေတို့ အိမ်တို့ အပူပေးတာတွေပါ ဖြတ်ကြတော့မှာပေါ့။ မီးက စိတ်ချရတယ်လေ၊ ခုလို ရွေးစရာ ရှိနေတာတောင် လျှပ်စစ်က မနိုင်ချင်နေတာ ရွေးစရာမရှိတော့ရင် ဘယ်လိုလုပ်ကြမတုန်း။ ဆိုင်ဘာအတက်အတွက် ကြိုပြင်ဖို့ဆိုရင် စစ်တပ်ကို ဝုခ်အာဂျင်ဒါတွေ သွင်းနေတာ လျှော့ပြီး တိုက်ရည်ခိုက်ရည် ရှိအောင်လုပ်ပြီး  ထလရကို ရီပါဘလစ်ကန်တွေကို တိုက်ခိုက်ဖို့ လက်ကိုင်ဒုတ်အနေနဲ့ မသုံးနဲ့ပေါ့။

ပြီးခဲ့တဲ့အပတ်က Notice to Air Missions စနစ်ကြီး သမိုင်းမှာ ပထမဆုံးအကြိမ် ဒေါင်းသွားတုန်းက အမေရိကန်တလွှားက သောင်းနဲ့ချီတဲ့ လေယာဥ်ခရီးစဥ်တွေအကုန် နားလိုက်ရပါတယ်။  ပို့ဆောင်ရေးဝန်ကြီး ဘူတဂျပ်ဘာလုပ်လဲဆိုတော့ ရေ့စစ်ဖြစ်တဲ့ လမ်း/တံတားတွေကို ဖျက်ပြီး ပြန်ဆောက်မယ်တဲ့။ လမ်းတွေ တံတားတွေက အသားမည်းတဲ့သူပဲ ရွေးသတ်တာလားဟင်၊ အံ့ဩပ၊ အဲဒါကြီးကလည်း သမ္မတရာထူး မှန်းနေသေးတာ။ ဒီမန်းရှာတောင် သမ္မတ ဖြစ်သေးတာဆိုတော့ သူမှန်းတာလည်း လွန်တော့ မလွန်ပါဘူး။

ထိပ်တန်းလျို့ဝှက်တွေတွေ့တဲ့ ဒလဝဲက ဘိုင်ဒန့်အိမ်ကို ဟန်းတားက သူပိုင်တာပါလို့ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေ ထွက်လာပါတယ်။ ဟန်းတားပိုင်တာဆိုရင် အပြစ်က ပိုလေးမယ့်သဘောပါ။ ယူကရိန်းနဲ့ ပတ်သက်တာတွေပါတော့ တကယ်လည်း ဟန်းတားသုံးနေတာ ဖြစ်နိုင်ပါတယ်။ ဘိုင်ဒန်လည်း ဒုသမ္မတအနေနဲ့ ဒီဖိုင်တွေ ယူလာခွင့်မရှိသလို ဟန်းတားကတော့ ပိုဝေးပါတယ်။ အဲဒီအိမ်မှာလည်း လာလည်တဲ့သူစာရင်း မထားပါဘူးတဲ့။ လွယ်တယ်နော်၊ ဥပဒေက လိုတမျိုး မလိုတမျိုးပဲ။ ဟန်းတားဆိုလို့ ၂၀၁၈မှာမွေးတဲ့ ဟန်းတားနဲ့ အဖော်အချွတ်မယ်နဲ့ရတဲ့ သမီးကို ဟန်းတားက သူ့နာမည် ဆက်ခံခွင့် မပေးရအောင်လို့ တရားရုံးကို လျောက်ထားလိုက်ပါတယ်။ ထရမ့်မိသားစုသာ ဒါမျိုးလုပ်ရင် တဖက်ပိတ်တွေ ဝိုင်းဆဲကြဦးမှာပါ။​

ထရမ့်နဲ့ ဘိုင်ဒန်တို့ ဒုတိယအကြိမ် ဒီဘိတ်လုပ်တုန်းက ထရမ့်က အာဏာကိုင်တွေဆီ ချည်းကပ်ခွင့်ကို ဘိုင်ဒန်က ရောင်းစားနေတယ်လို့ ပြောခဲ့ပါတယ်။ ဒိုင်ကလည်း ဘက်လိုက်သူဆိုတော့ အဲဒီအချက်ကို ဖြေရှင်းဖို့ ဘိုင်ဒန်ကို ဖိအားမပေးခဲ့ပါဘူး။ ဘိုင်ဒန်ကလည်း ထုံးစံအတိုင်း မေးခွန်းကို မဖြေရှင်တော့ တန်ပြန်မေးခွန်းထုတ်ပါတယ်။ မင်းအခွန်ဆောင်ထားတာတွေ ပြလို့ ပြောခဲ့တာပါ။ အခုတော့ ထရမ့်အခွန်ဆောင်ထားတာတွေ လွှတ်တော်ထဲမှာ အားလုံးကြည့်လို့ ရနေပါပြီ။ ဘာတွေ့ရလဲဆိုတော့ သမ္မတ ဖြစ်လာပြီးနောက်မှာ မဖြစ်ခင်ကထက် အများကြီးပိုဆင်းရဲသွားတဲ့ တဦးတည်းသော သမ္မတဖြစ်နေတာပါ။ ဘာစီးပွားရေးမှမလုပ်ပဲ နိုင်ငံရေးလုပ်စားတဲ့ ကလင်တန်တို့ အိုဘမတို့ ဘိုင်ဒန်တို့က ခြေဖဝါးလက်ဖဝါးကနေ သန်းပေါင်းများစွာ ကြွယ်ဝသူတွေ ဖြစ်လာကြတာ ဘာကြောင့်လဲလို့ မစဥ်းစားပဲ မီဒီယာ ကျောင်းတဲ့အတိုင်း ဝေလေလေလိုက်လုပ်နေကြရင်တော့ လူဖြစ်ရကျိုး နပ်မယ် မထင်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: