ဇန်နဝါရီ ၂၆ ရက် ၂၀၂၃

အသင့်စားဘေဘီဖုဒ်တွေမှာ အများဆုံးပါဝင်ခွင့်ပြုတဲ့ ခဲဓါတ်ကို အက်ဖ်ဒီအေက သစ်သီး၊ ဟင်းသီးဟင်းရွက်တချို့၊ အရော၊ ယောဂတ်၊ ကပ်စ်တပ်နဲ့ ပူတင်းတွေမှာ ဘီလီယံရဲ့ ၁၀ပုံ၊ တမျိုးတည်းပါဝင်တဲ့ ကန်ဇွန်းဥ၊ မုန်လာဥနီနဲ့ စီရီယယ်အခြောက်စတာတွေမှာ ဘီလီယံရဲ့ ၂၀ပုံလို့ သတ်မှတ်လိုက်ပါတယ်။  အဲဒီလို သတ်မှတ်လိုက်ခြင်းအားဖြင့် အဆိုပါအစားအစာတွေကနေ ခဲဆိပ်သင့်မှုကို ၂၄-၂၇% လျော့ချနိုင်မယ်လို့ အက်ဖ်ဒီအေကော်မစ်ရှင်နာ ဒေါက်တာရောဘတ်ကလစ်ဖ် က ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ Healthy Babies Bright Futures ဆိုတဲ့ ကလေးငယ်လေးတွေရဲ့ အာရုံကြောတွေကို အဆိပ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို လျော့ချနိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ဂျိန်းဟိုလီဟန်က အက်ဖ်ဒီအေအနေနဲ့ ဒီထက်ပိုပြီး ကြပ်မတ်သင့်တယ်လို့ ဆိုပါတယ်။

ဂျိန်းတို့အုပ်စုက ထုတ်ပြန်တဲ့ ၂၀၁၉အစီရင်ခံစာမှာ ဈေးကွက်ထဲက ဘေဘီဖုဒ်တွေရဲ့ ၉၅% မှာ အဆိပ်ဖြစ်နိုင်တဲ့ heavy metal တွေတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ကလေးတွေ အထူးသဖြင့် အသက် ၆နှစ်အောက်တွေမှာ ခဲဆိပ်သင့်တာက နဲနဲလေး ဆိုရင်တောင် စိတ်ပိုင်း ရုပ်ပိုင်းဖွံ့ဖြိုးမှု အားလုံးကို ထိခိုက်စေနိုင်တာဖြစ်လို့ အလွန်အန္တရာယ်ကြီးပါကြောင်း မေယိုကလင်းနစ်က ရေးသားထားတာ ရှိပါတယ်။ စားသုံးသူအစီရင်ခံစာတွေကတော့ အက်ဖ်ဒီအေရဲ့ လုပ်ရပ်ဟာ အားတက်စရာ ပထမခြေလှမ်းဖြစ်ပေမယ့် တကယ်ထိရောက်ဖို့ဆိုရင် ဒီထက်အများကြီး လုပ်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။

၂၀၁၈တုန်းက ဘေဘီနဲ့ တော်ဒလာဖုဒ်ပေါင်း ၅၀ကို စစ်ဆေးခဲ့တဲ့ အဖွဲ့တခုက ၃၄ခုမှာ စိတ်မချရတဲ့ lead၊ cadmium နဲ့ inorganic arsenic တွေ ပါဝင်နေပြီး ၁၅ခုက ကလေးတ​ယောက် တနေ့ကို တကြိမ်ပဲစားရင်တောင် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝကဌာန စစ်ဆေးရေးမှုးချုပ်ရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ အန်အိုင်အိတ်ချ်က အီကိုဟက်သ်အလိုင်းယန့်စ် EHA ကတဆင့် ဖက်ဒရယ်ဂရန့်အဖြစ် ငွေထောက်ပံ့ပြီး တရုပ်ပြည်မှာ ပြုလုပ်ခဲ့တဲ့ ဂိန်းအော့ဖ်ဖန်ရှင် သုတေသနနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို သိထားပေမယ့် အန်အိုင်အိတ်ချ် ဟာ EHA က လိုက်နာရမယ့် လိုအပ်ချက်တွေကို သေချာ စောင့်ကြည့် ကြတ်မတ်ပေးတာမျိုး မပြုခဲ့ပါဘူး။ ဒေးလီးမေးလ်းအဆိုအရ အန်အိုင်အိတ်ချ် ရဲ့ လက်တံတခုဖြစ်တဲ့ ဖောက်ချီရဲ့ အန်အိုင်အေအိုင်ဒီက အဲဒီလိုကြီးကြပ်ဖို့ တာဝန်ရှိတာဖြစ်ပါတယ်။

EHA မှာက အစီရင်ခံစာမတင်တာ၊ တင်ရင်လဲ အမှားတွေတင်တဲ့ ရာဇဝင်ရှိပြီး ဝူဟန်ပိုးမွှားတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေခဲ့တဲ့အပြင် ကဗပိုးက ဓါတ်ခွဲခန်းကလာတာဆိုတဲ့ စွပ်စွဲချက်ကို သရော်ခဲ့ပါသေးတယ်။ အဲဒီလုပ်ရပ်တွေက ဖက်ဒရယ်ဂရန့်ငွေ လက်ခံတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်တာ ဖြစ်နေပါပြီ။​ ပြီးခဲ့တဲ့လကလည်း EHA က ကာကွယ်ရေးဝကဌာနကနေ ဒေါ်လာသန်းချီပြီး ဖန်ဒင်းရလိုက်ပြန်ပါသေးတယ်။ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ အဲဒီလိုအဖွဲ့က လောလောဆယ်မှာ အမေရိကန်အစိုးရဂရန့်ပေါင်း ၁၂ခု နဲ့ ကန်ထရိုက်တွေအပါအဝင် ဒေါ်လာ ၃၄သန်းဖိုး ရယူလျက်ရှိနေတာကို Rutgers University က ဇီဝပညာရှင် ဒေါက်တာရစ်ချတ် အီဘရိုက်က ဒေးလီးမေးလ်ကို ဝေဖန်ထောက်ပြခဲ့ပါတယ်။ ပြည်သူ့ပိုက်ဆံနဲ့ ပြည်သူဒုက္ခရောက်အောင် လုပ်နေကြတာကို ထင်ရှားစေချင်တာပါ။

 ဝါရှင်တန်အရှေ့ပိုင်းခရိုင်တရားရုံးအတွက် ဘိုင်ဒန်အဆိုပြုထားတဲ့ တရားသူကြီး Charnelle Bjelkengren ကို ဆီးနိတ်တရားရေးကော်မီတီရဲ့ ကြားနာမှူတခုမှာ ရီပါဘလစ်ကန် ဆီနိတ်တာ ဂျွန်ကနေဒီက ခြေ/ဥ Article ၅ က ဘာကို ပြောတာလဲလို့ မေးလိုက်ပါတယ်။ တရားသူကြီးမလောင်းက ခေါင်းထဲမှာ လောလောဆယ် မရှိနေဘူးလို့ ဖြေပါတယ်။ အဲဒါဆို Article ၂ ကရော ဆိုတော့ အဲဒါလည်း စဥ်းစားလို့မရဘူးလို့ ဖြေပြန်ပါတယ်။ Article ၅ က ခြေ/ဥ ပြင်ဆင်ချက်လုပ်ရင် လိုက်နာရမယ့် လုပ်ငန်းစဥ် လုပ်ထုံးလုပ်နည်းတွေအကြောင်း ပြောထားတာ ဖြစ်ပါတယ်။ ဥပဒေနယ်မှာ နှစ်ပေါင်းများစွာ တရားသူကြီးလုပ်လာသူက ဒါလေးတောင် မသိတာလား၊ သိလျက်နဲ့ မလိုက်နာချင်လို့ တမင် မပြောတာလားဆိုတာ ဆူပရင်းမ်ကုတ်တရားသူကြီးခန့်လိုက်တဲ့ ကီတန်ဂျီဘရောင်းဂျက်ဆင်က မိန်းမဆိုတာ ဘာလဲဆိုတာကို မဖြေသလိုနဲ့ အလားတူနေပါတယ်။ မသိတာမဟုတ်၊ define မလုပ်ချင်တာပါ။ Define လုပ်လိုက်ရင် သူတို့လုပ်ရပ်တွေကို အဲဒီ ဖွင့်ဆိုချက်နဲ့ ကန့်သတ်လိုက်မိမှာကို ကြောက်လို့ ဖြစ်ပါလိမ့်မယ်။ မူမရှိတဲ့သူမှလည်း ပြည်ဖျက်ပါတီ ကြိုးဆွဲရာ က ကြမှာကိုး။  

ယူကရိန်းကို စစ်ကူဖို့ ဘိုင်ဒန်နဲ့ စစ်လိုလားတဲ့ အမတ်တွေ ဝိုင်းတွန်းနေကြတာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဆင့်မြင့်တင့်ကားတွေ ပို့ပေးဖို့ သဘောတူလိုက်ကြပါတယ်။ ကနေ့တော့ ပန်တဂွန်က သူတို့မှာ M1 Abrams တင့်ကား ၃၁ စီး ပို့ပေးဖို့ မရှိလို့ ထုတ်လုပ်ရဦးမှာပါလို့ ဆိုပါတယ်။ ဒီအတိုင်းဆိုရင် ယူကရိန်းက ဒီတင့်ကားတွေရဖို့ လနဲ့ချီပြီး စောင့်ရဦးမှာပါ။ နှစ်နဲ့တောင် ချီနိုင်ပါတယ်တဲ့။ ပြောတာက ပြောပြီးပြီဆိုတော့ ရုရှားက အဲဒီတင့်ကားတွေ ရောက်မှာကို စောင့်နေမယ်လို့တော့ မထင်ပါဘူး။ ပြောတော့ ယူကရိန်းကို နိုင်စေချင်လွန်းလို့၊ လုပ်နေတာတွေအားလုံးက ရုရှားကို အမြဲတကွက်အသာပေးပြီး  ယူကရိန်းပြာကျမယ့်အလုပ်တွေချည့်ပဲ။

ဗာဂျီးနီးယားက ရစ်ချ်နက်ခ်မူလတန်းကျောင်းမှာ ၆နှစ်သား ပထမတန်းကျောင်းသားလေးက သူ့မိခင်ရဲ့ သေနတ်ကို ကျောင်းကို ယူလာပြီး အသက် ၂၅နှစ်ရှိ ဆရာမကို ပစ်ထဲ့လိုက်ရာ လက်ကတဆင့် ရင်ဘတ်ကို ကျည်ဝင်သွားခဲ့ပါတယ်။ အဲဒီနေ့ နံနက် ၁၁း၁၅မှာ ကလေးက အတန်းဖော်တဦးကို ချမယ်လို့ ချိန်းခြောက်နေတဲ့အတွက် အဆိုပါဆရာမက ကျောင်းအုပ်ချုပ်ရေးကို တိုင်တန်းခဲ့ပါတယ်။ ပစ်ခတ်ချိန် နေ့လည် ၂နာရီမတိုင်ခင် အစောကြီးထဲက ကျောင်းဝန်ထမ်း ၃ဦးကလည်း အဆိုပါကလေး သေနတ်ကိုင်ဆောင်လာကြောင်း တွေ့ရလို့ ကျောင်းအုပ်ချုပ်ရေးကို တိုင်တန်းခဲ့ကြပေမယ့် ကျောင်းအုပ်ချုပ်ရေးက ကျောင်းဆင်းဖို့ နီးလာပါပြီ၊ ကျောင်းဆင်းရင် ပြီးသွားမှာပါ၊ ကလေးကို ရှာမနေပါနဲ့လို့ ပြောခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုအပြီး ဒုကျောင်းအုပ်က အလုပ်က နှုတ်ထွက် သွားခဲ့ပါတယ်။ ယခုပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ ၁၈လအတွင်း အဲဒီကျောင်းခရိုင်ရဲ့ တတိယမြောက် ပစ်ခတ်မှုဖြစ်ပါတယ်။ အဲဒီအမှုမှာလည်း တာဝန်ရှိသူတွေက ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးနဲ့ မိခင်ကို အရေးမယူပဲ ထုံးစံအတိုင်း မယောင်ရာ ဆီလူးပြီး ဂန်းကွန်ထရိုးလ်ကြဦးမှာပါ။

ရုရှားအိုလီဂါ့ခ်တဦးကို ကူညီခဲ့တယ်ဆိုပြီး ဒီတပတ်ထဲမှာ အဖမ်းခံလိုက်ရတဲ့ အက်ဖ်ဘီအိုင်အေးဂျန့် ဟောင်း ချားလ်စ်မက်ဂေါနီဂယ်ရဲ့ ဇနီးက ဟန်းတားနဲ့ တူနေတဲ့ အချက်တွေ ရှိနေကြောင်း နယူးယောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ သူတို့မှာ လခရော့စ်ကစားနေတဲ့ သမီးတွေ ရှိကြတာ တူနေတာပါ။ ကလေးတွေက နာမည်ကြီး ပုဂ္ဂလိကကျောင်းရဲ့ လခရော့စ်အသင်းမှာ အလယ်တန်း ကစားသမားတွေ အဖြစ် ကစားနေကြတာဖြစ်ပါတယ်။ ချားလ်စ်က ရုရှားအိုလီဂါ့ခ်တဦးနဲ့ အယ်လ်ဘေးနီးယားစပိုင်ဟောင်းတဦးတို့ဆီက တရားမဝင်ငွေကြေးပေးတာတွေကို လက်ခံရယူထားတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဟန်းတားနဲ့ ပတ်သက်မှုက ကလေးတွေ အားကစားမှာတင် မကပါဘူး၊ အက်ဖ်ဘီအိုင်က ၂၀၁၇မှာ ဂျေအက်ဖ်ကေလေဆိပ်မှာ ဖမ်းဆီးလိုက်တဲ့ ချီပင်းပက်ထရစ်ဟိုနဲ့လည်း ပတ်သက်မှုတွေ ရှိနေပါတယ်။ ပက်ထရစ်ဟိုကို ဖမ်းလိုက်တာက ဟိုက ဟန်းတားကို အမေရိကန်မှာ ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးဖို့ ဒေါ်လာ ၁သန်း ပေးခဲ့တဲ့ နောက်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဖြစ်ပြီး မက်ဂေါ်နီဂယ်က ဟိုကို ဖမ်းတဲ့ တန်ပြန်ထောက်လှမ်းရေးအဖွဲ့မှာ ခေါင်းဆောင်အဖြစ် ပါနေသူ ဖြစ်ပါတယ်။ ဟိုကို ဖမ်းလိုက်ပြီးနောက် ဟိုက ဂျိုးရဲ့ညီ ဟန်းတားရဲ့ ဦးလေး ဂျိမ်းစ်ဘိုင်ဒန်ဆီကို ဖုံးခေါ်ခဲ့ပါတယ်။ ဟိုက တရုပ်ပိုင် စီအက်ဖ်အီးစီ စွမ်းအင်ကုမ္ပဏီကိုယ်စား ချဒ်နဲ့ ယူဂန်ဒါနိုင်ငံတွေက ထိပ်တန်းအရာရှိကြီးတွေကို လာဘ်ထိုးခဲ့မှုနဲ့ ပြစ်ဒဏ်အချခံရတာပါ။ ပြစ်ဒဏ်ကျပြီး ၃နှစ်အကြာမှာ ဟောင်ကောင်ကို အနှင်ခံရပါတယ်။ လိပ်ရေထဲ လွှတ်လိုက်သလိုပဲ နေမှာပါ။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: