ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုင်ယာမီမှာ ဂါဗာနာ ဒီဆန်းတစ်စ်က သက်ငယ်မုဒိမ်းကောင်တွေကို သေဒဏ်အထိ ပေးနိုင်ဖို့နဲ့ အနည်းဆုံး ထောင်ဒဏ်တသက် ကျခံစေဖို့ အကြံပြုလိုက်ပါတယ်။ အမေရိကန်မှာ သက်ငယ်မုဒိမ်းသမားတဦးမှ သေဒဏ် ကျခံခဲ့ဖူးခြင်း မရှိသေးပါဘူး။ လူဝီစီယားနား ပြည်နယ်မှာတော့ သက်ငယ်မုဒိမ်းကောင်တဦးကို အသက် ၈နှစ်ရှိ မယားပါသမီးကို မုဒိမ်းကျင့်မှုနဲ့ သေဒဏ်ပေးခဲ့ဖူးပါတယ်။ ဆူပရင်းမ်ကုတ်ကို အယူခံရောက်လာတော့ ဆူပရင်းမ်ကုတ်က သက်ငယ်မုဒိမ်းကို သေဒဏ်ပေးတာဟာ ခြေ/ဥနဲ့ မညီပါဘူးလို့ ၂၀၀၈ တုန်းက ဆုံးဖြတ်ပေးခဲ့ပါတယ်။ သူတို့က သူများကို အသက် ဆုံးရှုံးအောင် လုပ်ထားသူတွေသာ သေဒဏ်ကျခံသင့်တယ်လို့ ယူဆကြတာပါ။
အမေရိကန်မှာ ဟူစိန်တက်ပြီး နောက်ပိုင်း အဖက်ဖက်က ဆုတ်ယုတ်လာတဲ့ထဲမှာ ရာဇဝတ် တရားစီရင်ရေးလည်း အဓိက အခန်းက ပါနေပါတယ်။ အဲဒီလို ဖြစ်လာဖို့လည်း အစိုးရရော အမွှေစိန်တို့လို အီလိတွေရော အကျင့်ပျက်ဗျူရိုကရက်တွေ တရားရေးဝန်ထမ်းအဆင့်ဆင့်တွေပါ အားကြိုးမာန်တက် ဝိုင်းတွန်းနေကြတာပါ။ အခုဆိုရင် လူတယောက်အထက် သတ်ထားသူတွေတောင် သေဒဏ်မကျတော့တာ များလာပါပြီ။ ဘာလို့လဲဆိုတော့ ပြစ်ဒဏ်ကျ ရာဇဝတ်သားရဲ့ အခွင့်အရေး ဆိုတာကိုပဲ တွင်တွင် ရှေ့တန်းတင်နေကြပြီး သူတို့ကျူးလွန်ခဲ့သူတွေအတွက် တရားမျှတမှု ဆိုတာကိုတော့ စကားထဲတောင် ထည့်မပြောကြတော့တာ ဖြစ်ပါတယ်။
ဒီဆန်းတစ်စ်ရဲ့ အကြံပြုချက်ဟာလည်း အကောင်အထည် ပေါ်လာရင်တောင် ဆူပရင်းမ်ကုတ်က ဘယ်လို ဆုံးဖြတ်မယ်ဆိုတာပေါ်ပဲ မူတည်နေမှာပါ။ ဂျက်ဖရေအက်ပ်စတိန်းရဲ့ ဖောက်သည်ကြီးများကတော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ချင်မယ်မထင်ပါဘူး။
ဆေးကုမ္ပဏီ ဖဇကို အမှန်တရားတွေကို လိုက်လံဖော်ထုတ်နေတဲ့ ပရောဂျက်ဗာရိတာ့စ်က ဖဇရဲ့ ကမ္ဘာ့သုတေသနနဲ့ ထုတ်လုပ်ရေး၊ ဗျူဟာအကောင်အထည်ဖော်ရေး၊ အမ်အာအန်အေ သိပ္ပံနည်းကျ စီမံကိန်းတို့ရဲ့ ဒါရိုက်တာ ဂျော်ဒန် ထရစ်ရှ်တန် ဝေါ်လ်ကာက ဖဇဟာ ကဗပိုးကို ပြုပြင်ကလဖန်ထိုးပြီး နောက်ထပ် အသစ်အသစ်သော ကကဆတွေ ရောင်းရအောင် လုပ်နေခဲ့ကြောင်း ဝန်ခံထားတယ်ဆိုတဲ့ ဗီဒီယိုကို ဒီလ ၂၅ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီ ၁၀မိနစ်ကြာဗီဒီယိုထဲမှာ ဝေါ်လ်ကာက ကဗဟာ အနာဂတ်အချိန်တခုအထိ သူတို့အတွက် ငွေတွင်းကြီး ဖြစ်နေဦးမှာပါလို့ ရယ်ရယ်မောမော ပြောသွားပါသေးတယ်။
ဖဇတာဝန်ရှိသူတွေက ၂၈ရက်နေ့ ည ၈နာရီကမှ ကြေငြာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ ဖဇက အမှန်အတိုင်း သိရအောင် ထုတ်ပြန်တယ်ဆိုပေမယ့် ဝေါ်လ်ကာရဲ့ ပြောဆိုချက်တွေကို ငြင်းဆိုမသွားသလို ဝေါ်လ်ကာက သူတို့ဝန်ထမ်းမဟုတ်ဘူးလို့လည်း ငြင်းမသွားပါဘူး။ ဒါ့အပြင် ဆူးပိုးတွေရဲ့ သဘာဝဆူးပိုးတွေကို ဝဟပိုးဖြစ်လာအောင် ဆူးတွေကို ရွှေ့ပြောင်းတာကို ဂိန်းအော့ဖ်ဖန်ရှင်သဘောမျိုး ပြောသွားတာကိုလည်း မငြင်းခဲ့ပါဘူး။
သူတို့ ခိုင်ခိုင်မာမာ ပြောသွားတာတခုက ဂိန်းအော့ဖ်ဖန်ရှင် (သို့) ဒါရိုက်တက်အီဗော်လူူရှင်းသုတေသနေတွေကို ဖဇက မလုပ်ပါဘူးဆိုတာ တခုပါပဲ။ မငြင်းပေမယ့်လည်း အတိအလင်း ဝန်ခံတာမျိုးလည်း မဟုတ်တဲ့အတွက် ဖောက်ချိစတိုင်ငြင်းဆိုမှုလို့ တင်စားကြပါတယ်။ ထုတ်ပြန်တဲ့အချိန်ကလည်း သောကြာည ရုံးပိတ်ချိန် ၈ နာရီကျမှ ထုတ်ပြန်တာပါ။ သုတေသနတွေကို သူတို့ကိုယ်တိုင် လုပ်တာမဟုတ်ပေမယ့် အစိုးရစားရိတ်နဲ့ ခြစားဗျူရိုကရက်တွေ အကျင့်ပျက်နိုင်ငံရေးသမားတွေက တရုပ်ပြည်တို့ ယူကရိန်းတို့မှာ လုပ်နေကြတာဆိုတော့ ဖဇအတွက်က ပိုတောင် တွက်ခြေကိုက်နေပါသေးတယ်။
ဆုတ်ယုတ်လာနေတဲ့ အမေရိကန်ပညာရေးစနစ်ကို အဖတ်ဆယ်နိုင်ဖို့ ထရမ့်က သူပြန်တက်လာရင် ပြုလုပ်မယ့် လုပ်ငန်းစဥ်များကို ကြေငြာသွားပါတယ်။ ရန်သူတွေက နိုင်ငံတနိုင်ငံကို စစ်မတိုက်ပဲ ကျွန်ပြုလိုရင် ပညာရေးစနစ်ထဲကို ထိုးဖောက်ပြီး အပြီးတိုင်အနိုင်မရမချင်း ဖောက်ပြန်ပျက်စီးအောင် လုပ်ထားဖို့ပဲလိုတာ အခုအခါ ပတ်ဝန်းကျင်မှာ ဆုတ်ယုတ်လာနေတာတွေကို ကြည့်ပြီး သိနိုင်မှာပါ။
ထရမ့်ရဲ့ စီမံကိန်းမှာ ပထမဆုံးလုပ်မှာက ဝုခ်အတွေးအခေါ်တွေ သွပ်သွင်းပေးနေတဲ့ ကျောင်းတွေကို ဖက်ဒရယ်အစိုးရရဲ့ ထောက်ပံ့ကြေး ဖြတ်တောက်မှာ ဖြစ်ပါတယ်။ နောက်တခုက လူမျိုးရေးခွဲခြားတဲ့ ကျောင်းတွေကို စစ်ဆေးရေးဝင်ဖို့ ဖြစ်ပါတယ်။ အဲဒီထဲမှာ အာရှသွေးကလေးတွေကို ကျောင်းဝင်ခွင့် ကြပ်ထားတဲ့ နာမည်ကြီးတက္ကသိုလ်တွေ ပါဝင်မှာဖြစ်ပါတယ်။ နောက်တဆင့်မှာ ခြေ/ဥ ပထမပြင်ဆင်ချက်ကို ချိုးဖောက်နိုင်မယ့်ကိစ္စတွေအပေါ် လိုက်လံ ဖော်ထုတ်သွားဖို့ဖြစ်ပြီး အဲဒီနောက်မှာတော့ ပညာရေးဝန်ကြီးဌာနထဲကို ထိုးထွင်းဝင်ရောက်နေတဲ့ မာ့စ်ဝါဒီတွေ အစွန်းရောက်တွေကို ဖော်ထုတ်ဖယ်ရှားသွားဖို့ ဖြစ်ပါတယ်။ ဘိုင်ဒန်က အဲဒီစူးရောက်တွေကို လုပ်ပိုင်ခွင့်တွေ မတရားပေးထားတယ်လို့ ထရမ့်က ပြောသွားပါတယ်။
ဒါ့အပြင် ထရမ့်က အစိုးရဌာနတွေမှာ ရာထူးယူပြီး သမ္မတ/ဝန်ကြီးရဲ့ မူဝါဒတွေကို အကောင်အထည်မဖော်ပဲ ကန့်လန့်တိုက်နေသူတွေကို သမ္မတက ရာထူးကဖယ်ရှားပိုင်ခွင့်ကို အတည်မပြုတဲ့ ဘယ်ဥပဒေကြမ်းကိုမဆို လက်မှတ်မထိုးဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး ထရမ့်က ပြည်သူ့နီတိလို သင်ခန်းစာတွေမှာ လက်ဝဲမှိုင်းတွေ ထည့်လာတာမျိုးကို လုံးဝ ဗီတိုလုပ်မယ်လို့ ပြောလိုက်ပြီး အမျိုးသမီးအားကစားတွေမှာ ကျားတွေ လုံးဝဝင်ပြိုင်လို့ မရစေရဘူးလို့လည်း ဆိုပါတယ်။
ဆရာ/မတွေအပေါ် နိုင်ငံချစ်စိတ်၊ အစဥ်အလာတွေကို ထိန်းသိမ်းမှုနဲ့ စာသင်တာဟာ ဦးနှောက်ဆေးပေးဖို့ မဟုတ်ပဲ စာတတ်အောင် စဥ်းစားတတ်အောင် သင်ပေးဖို့ ဖြစ်တယ်ဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ ဆရာ/မတွေကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးဖို့ စီစဥ်သွားမယ်လို့လည်း သိရပါတယ်။ လုပ်သက်နဲ့ လခသတ်မှတ်တဲ့စနစ်ကို ပယ်ဖျက်သွားမှာဖြစ်ပြီး စာသင်တကယ်ကောင်းတဲ့ ဆရာတွေကိုသာ လစာ/ခံစားခွင့် သီးသန့်ပေးဖို့အတွက် ဖက်ဒရယ်ဖန်းဒင်းကို သတ်မှတ်ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။
ဖောင်းပွနေတဲ့ သင်ကြားရေးမဟုတ်တဲ့ ကျောင်းဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လူလူချင်း သွေးကွဲစေတဲ့ ဒိုင်ဗာစတီ၊ အီကွတီ စတဲ့ အပိုဆာဒါးတွေ ဖြတ်တောက်လျော့ချနိုင်တဲ့ ကျောင်းတွေက အခွင့်အရေးပိုရမှာဖြစ်ပြီး မိဘတွေက ကျောင်းအုပ်ကို မဲပေးရွေးချယ်နိုင်ဖို့နဲ့ သင်ရိုးကို လျို့ဝှက်မထားပဲ မိဘတွေ ကြည့်နိုင်အောင် ပွင့်လင်းမြင်သာမှုရှိဖို့ လုပ်ဆောင်သွားဖို့ အစီအစဥ်ရှိကြောင်း၊ ကမ္ဘာမှာ အကောင်းဆုံး ပညာရေးစနစ်တခု ဖြစ်လာဖို့အထိ ရည်မှန်းထားတယ်လို့ ဝက်စ်တန်းဂျာနယ်မှာ ဖော်ပြထားပါတယ်။
စပျစ်သီး ချဥ်တဲ့လူတွေအဖို့ ဘာလာလာ ဆက်ချဥ်နေမှာ ဖြစ်ပေမယ့် ပင်စည်ကနေ ခပ်ကြမ်းကြမ်းကိုင်လှုပ်ဖို့ လိုနေတဲ့ အမေရိကန်ပညာရေးစနစ်အတွက်တော့ ဆေးခါးကြီး လိုအပ်နေတာ အမှန်ပါပဲ။ တိုင်းပြည်ရဲ့ အကြီးဆုံး ယူနီယံကြီး ၂ခုက ထိန်းချုပ်ထားတဲ့ ပညာရေးလောကကို ကိုင်လှုပ်မယ့်သူကို နိုင်ငံရေးသမားတွေကို သန်းချီလှူနိုင်ပြီး ကြိုးကိုင်နိုင်တဲ့ ယူနီယံကြီးတွေက လုံးဝ တက်စေချင်မှာ မဟုတ်ပါဘူး။ ထရမ့်ကို အမုန်းဆုံးက ဆရာ/မတွေလို့ ပြောလို့ ရပါတယ်။ အဲဒီအတွက်တော့ ပြည်သူကိုပဲ အားကိုးရမှာပါ။