အမေရိကန်ဟာ ကမ္ဘာပေါ်မှာ တဦးချင်းစီ ကျန်းမာရေးအတွက် အသုံးဆုံးနိုင်ငံဖြစ်သလို ကျန်းမာရေးအတွက် GDP ရဲ့ အချိုးကျ အသုံးအများဆုံးနိုင်ငံနေဖြစ်ပါတယ်။ ဒါပေမယ့် ပျှမ်းမျှ လူ့သက်တမ်းက ၂၀၂၀မှာ ၇၇နှစ် ဖြစ်ခဲ့တာကနေ ၂၀၂၂မှာ ၇၆.၄နှစ်ပဲ ရှိတော့တဲ့အတွက် ၂၅နှစ်အတွင်း အနိမ့်ဆုံးကို ဆင်းသွားခဲ့တာပါ။ ယှဥ်ကြည့်မယ်ဆိုရင် ယူကေမှာ ပျှမ်းမျှလူ့သက်တမ်းက အနှစ် ၈၀ ကျော် ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အသုံးစားရိတ်ကြီးတိုင်း ပြည်သူတွေ ကျန်းမာတာမဟုတ်ပေမယ့် ဘစ်ဖာမာတွေ အက်ဖ်ဒီအေတို့ စီဒီစီတို့လို ခြစားဗျူရိုကရက်တွေကတော့ အိတ်ဖောင်းကြတာပါပဲ။
အဝလွန်ဦးရေဟာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ၂၅% ပဲရှိပေမယ့် အမေရိကန်မှာ ၄၃% ဖြစ်နေတာက အကြောင်းရင်းတခုဖြစ်သလို ၂၀၂၀အတွင်း ရှောင်လွှဲနိုင်တဲ့ အကြောင်းတွေကြောင့် သေတဲ့လူဦးရေ အများကြီးတက်လာတာက အဓိကအကြောင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရှောင်လွှဲရနိုင်တာတွေမှာ မွေးကင်းစသေတာက တထောင်မှာ ၅.၄ဦးဆိုတော့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံးထက် များနေပါတယ်။ မီးတွင်းမိခင်သေဆုံးမှုက အမေရိကန်မှာ တသိန်းကို ၂၄ဦးနဲ့ ဗိုလ်စွဲပြီး ဒုတိယလိုက်တဲ့ နယူးဇီလန်က တသိန်းကို ၁၄ဦးပဲ ရှိတာနဲ့ ယှဥ်ကြည့်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုမှာလည်း တတိယလိုက်တဲ့အပြင် ယူကေထက် ၂ဆလောက် များနေပါတယ်။ တိုက်ခိုက်ခံရလို့ သေဆုံးတာ မှာတော့ အမေရိကန်က တသိန်းကို ၇.၄ဦးနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ၅ဆကနေ ၃၇ဆ များနေတယ်လို့ ဆိုပါတယ်။ ပြည်သူအပေါ် အမြတ်ထုတ်မယ့်အစိုးရတွေပဲ ဆက်တက်နေသ၍ ပိုဆိုးဦးမှာပါပဲ။
ဖလော်ရီဒါဂါဗာနာ ရွန်ဒီဆန်းတစ်စ်က အာဖရိကန်အမေရိကန်အကြောင်းနဲ့ ပတ်သက်တဲ့ AP ဘာသာကို လက်ဝဲစွန်းအာဂျင်ဒါတွေ အများကြီးပါနေတဲ့အတွက် သူ့ပြည်နယ်မှာမသင်ဖို့ ကန့်ကွက်ခဲ့ပါတယ်။ အဲဒီဘာသာပြဌာန်းချက်မှာ ဘလက်ကွီးယားတွေ၊ ဘလက်ဖဲမနစ်စာပေတွေ၊ လူမည်းတွေကို လျော်ကြေးပေးဖို့ လှုပ်ရှားမှု စတာတွေ ပါဝင်ပါတယ်။ ဒီဆန်းတစ်စ်ကို လက်ဝဲတွေက ဖက်ဆစ်တို့ လူဖြူကြီးစိုးရေးဝါဒီတို့လို စွပ်စွဲသမုတ်ကြပါတယ်။
ကနေ့မှာတော့ AP ပြဌာန်းချက်တွေထုတ်တဲ့ ကောလိပ်ဘုတ်က အမေရိကန်လူမည်းဘာသာ ပြဌာန်းချက်ကို လက်ဝဲစွန်းအပိုင်းတော်တော်များများကို ဖြတ်တောက်ပြီး ဘလက်ကွန်ဆာဗေးတစ်ဇမ်ဆိုတာကို သုတေသနပရောဂျက်တခုအနေနဲ့ လုပ်ချင်လုပ်နိုင်အောင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆရာ/မ အများစုက ကွန်မီလောင်းတွေဖြစ်ကြတော့ ပညာပြခံရမှာစိုးလို့ ဦးဘကိုပဲ အဖေတော်လိုက်ကြမယ့်သူ များမှာပါ။
ဂလိုဘယ်ဝမ်းမင်းကို ကာကွယ်ဖို့အတွက် ဓါတ်ငွေ့နဲ့ပေးတဲ့ မေ့ဆေးကို လျော့သုံးဖို့ Henry Ford Healthက သုတေသီတွေက ဆရာဝန်တွေကို အကြံပြု/ဖိအားပေးလိုက်ပါတယ်။ အကြံပြုတာကတော့ လူနာကို မထိခိုက်စေပဲ ဓါတ်ငွေ့ပေးတဲ့ပမာဏကို လျော့ချဖို့လို့ ဆိုပါတယ်၊ တိတိကျကျ ပြောရရင် အစနဲ့ အဆုံးမှာ များများပေးပြီး အလယ်မှာ လျော့ပေးဖို့ပါ။ သူတို့အဆိုအရ မေ့ဆေးဓါတ်ငွေ့ဟာ ကမ္ဘာ့ကာဗွန်ထုတ်လွှင့်မှုရဲ့ ၀.၁% ရှိတယ်လို့ သိရပါတယ်။ လူနာမထိခိုက်စေပဲဆိုပေမယ့် ထိခိုက်မှု ရှိ/မရှိဆိုတာ ဖြစ်လာမှ သိရမှာလေ။ များလို့မကောင်း နည်းလို့မကောင်းပဲ သေချာတွက်ချက်ပေးရတဲ့ အရာဖြစ်လို့ လူနာအကျိုးအတွက်ကလွဲလို့ ဘယ်ပယောဂကြောင့်မှ အပြောင်းအလဲ မလုပ်သင့်ပါ။ နိုင်ငံရေးအာဂျင်ဒါက ဆရာဝန်တွေအပေါ်မှာလည်း မလိုအပ်တဲ့စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။
ကြယ်လေးပွင့်လေတပ်ဗိုလ်ချုပ်ကြီးမိုက်ခ်မီနီဟန်က သူ့လက်အောက်က အရာရှိအားလုံးကို ၂၀၂၅မှာ တရုပ်ပြည်ကို စစ်ရေးရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်အောင် တပ်လှန့်ထားလိုက်ပါတယ်။ မီနီဟန်က လေတပ်ရဲ့ ပစ္စည်းပစ္စယတွေကို ပြောင်းရွှေ့ပေး ဆီဖြည့်ပေးရတဲ့ လေကြောင်းရွှေ့ပြောင်းရေးတပ်က အကြီးအကဲဖြစ်ပြီး အဲဒီမီမိုက ပေါက်ကြားလာတာ ဖြစ်ပါတယ်။ သူ့ခန့်မှန်းချက် မှားပါစေလို့ မျှော်လင့်ပေမယ့် မှန်မယ်ဆိုတာလည်း သိနေတယ်လို့ ဆိုပါတယ်။ ရှီက သူ့ရဲ့ တတိယသက်တမ်း ခိုင်သွားပြီးတာနဲ့ စစ်ကောင်စီကို ၂၀၂၂ အောက်တိုဘာမှာ ဖွဲ့စည်းခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်မှာ ဖော်ပြထားတဲ့ မီနီဟန်ရဲ့ အဆိုအရ တိုင်ဝမ်ရဲ့ သမ္မတရကပွဲဟာ ၂၀၂၄မှာ ကျင်းပမှာက ရှီရဲ့ အကြောင်းပြချက်တခု ဖြစ်လာနိုင်နေသလို အမေရိကန်ကလည်း ၂၀၂၄ ရကပွဲနဲ့ ဗျာများနေမှာ ဖြစ်တဲ့အတွက် ရှီအတွက် ၂၀၂၅ဟာ သူ့အတွက်ရော ဆင်ခြေပေးစရာ အကြောင်းရော၊ အခွင့်အလမ်းတွေ ပြည့်စုံနေတဲ့ အကောင်းဆုံးအနေအထားတခု ဖြစ်နေပါတယ်။ မီနီဟန်က ဘယ်လိုပြင်ဆင်သွားမယ်ဆိုတာတွေကိုလည်း အဆင့်ဆင့် ရေးသားထားပါတယ်။ ကာကွယ်ရေးဝကဌာနကတော့ မီနီဟန်ရဲ့ မီမိုက ဌာနတခုလုံးရဲ့ အာဘော်မဟုတ်ဘူးလို့ ဆိုပါတယ်။
တက္ကဆက်စ်က ရီပါဘလစ်ကန်အမတ် မိုက်ကယ်မက်ကောလ်ကလည်း တရုပ်ဟာ ၂၀၂၄တိုင်ဝမ်ရကပွဲကို ဝင်စွက်ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်ကြောင်း၊ သူတို့စိတ်ကြိုက်ရလာဒ် မထွက်ခဲ့ရင် စစ်ရေးဖက် လှည့်လာနိုင်ကြောင်း၊ အဲဒါအတွက် အမေရိကန်က အဆင်သင့် ဖြစ်နေဖို့ လိုမှာဖြစ်ကြောင်း၊ ဘိုင်ဒန်သမ္မတလုပ်ပြီး ပျော့ညံ့မှုတွေပြနေသ၍ တရုပ်နဲ့ စစ်ဖြစ်နိုင်ခြေက အလွန်မြင့်ကြောင်း ပြောကြားသွားပါတယ်။ တခြားစစ်ဖက်ခေါင်းဆောင်တွေ ကလည်း တရုပ်ပြည်နဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့နိုင်တဲ့အချိန်ကို ခန့်မှန်းကြရာမှာ တချို့ကလည်း ၂၀၂၇၊ ဒါပေမယ့် ဒီထက်လည်း စောနိုင်တယ်လို့ ဆိုကြပါတယ်။