ဖေဖော်ဝါရီ ၃ ရက် ၂၀၂၃

ဒီကနေ့မှာ မိုးလေဝသအခြေအနေ စုံစမ်းရာမှာသုံးကြတဲ့ မိုးပျံဘောလုံးမျိုးတခု ကနေဒါဖက်ကနေ အမေရိကန်ထဲကို ဝင်ရောက်လာပါတယ်။ နောက်ဆုံးတွေ့တဲ့အချိန်က မွန်တားနားကိုဖြတ်ပြီး အမေရိကန်အလယ်ပိုင်း ကန်းဆပ်စ်ပြည်နယ် အရှေ့မြောက်ဖက်မှာဖြစ်ကာ အခုအချိန်မှာ အမေရိကန် အရှေ့ဖျားကို ဦးတည်သွားနေတာဖြစ်ပါတယ်။​ တရုပ်ကတော့ မိုးလေဝသအတွက် သုံးတာပါ၊ ရာသီဥတုဆိုးလို့ အဲဒီဖက်ရောက်သွားတာပါလို့ လှိမ့်ပါတယ်။ ပင်တဂွန်က အဲဒီမိုးပျံဘောလုံးက တရုပ်ပိုင်ဖြစ်ပြီး သူတို့ဖက်က လိုသလို ထိန်းချုပ်နေတာမှာ မူလလမ်းကြောင်းကနေ ပြောင်းပစ်ခဲ့တယ်၊ ဒါကြောင့် စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ထလရဘောလုံးဖြစ်နိုင်နေပါလျက်နဲ့ အမေရိကန်ဝေဟင်ပိုင်နက်မှာ ခွင့်ပြုချက်မရှိ ကျူးကျော် ဝင်ရောက်နေပြီး နောက် ရက်အနည်းငယ် ထပ်ရှိနိုင်တာကို ဘိုင်ဒန်တို့က စိတ်နဲ့တောင် မပြစ်မှားရဲသလို နေနေကြတာ တော်တော်လည်း ရှက်စရာကောင်းပါတယ်။ ထရမ့်ကတော့ ပစ်ချဖို့ ပြောနေပါပြီ။ ဘိုင်ကြီးတို့ ကြောက်ကြတာကတော့ မဆန်းပါဘူး၊ အကျင့်ပျက် လာဘ်စားတဲ့သူတိုင်းမှာ လူသိမခံနိုင်တဲ့ အကြောင်းတွေ ရှိကြတော့ အဲဒီအားနည်းချက်ကို ကိုင်ထားရင် တိုင်းပြည်ရော မိသားစုရောက နောက်ကို​ ရောက်သွားတော့တာပါပဲ။ ဘောလုံးတလုံးတောင် အဲဒီလောက် ကြောက်နေကြရင် စစ်ဖြစ်လို့ ပစ်ခတ်နေပြီဆိုရင်တောင် ဟုတ်ရဲ့လား၊ စောင့်ကြည့်ဦးမယ်တွေ လုပ်နေရင် ခက်ရချေရဲ့။

တရုပ်အရေးကျွမ်းကျင်သူ ဂေါ်ဒန်ချန်းက ပင်တဂွန်က အဲဒီဘောလုံးကြီးကို ပစ်ချရင် မြေပြင်မှာ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ ဆင်ခြေပေးတာကို သဘောမတူပါဘူး။ အဲဒီဘောလုံး စလွှတ်ခဲ့တာက ကနေဒါဖက်က လူသူမနီးတဲ့ ဒေသတွေမှာဖြစ်လို့ တက်လာကတဲက ပစ်ချခဲ့ရင် ရသလို လူနေကျဲတဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ပစ်ချမယ်ဆိုရင် ဖြစ်နိုင်နေသေးတာပါ။ အရှေ့ဖက်က လူနေသိပ်သည်းတော့ ပိုခက်လာမှာပါပဲ။ ဟိုဖက်က နားရွက်တံတွေးဆွတ်နေတာကို ဒီဖက်က ဆီပုလင်းကိုင်စောင့်နေတာကိုက မဟုတ်နေတာပါ။ ဒီလိုသတ္တိ​၊ ဒီလိုအရည်အချင်းနဲ့ တိုင်းပြည်အာဏာ ကိုင်ထားတာက အားလုံးအတွက် အန္တရာယ် ကြီးလှပါတယ်။

တရုပ်က ထိုးဖောက်ဝင်လာနေချင်တာတွေထဲမှာ ဝါရှင်တန်ဒီစီမှာ ပန်းခြံဆောက်ပေးမှာပါသလို ဗျူဟာကျတဲ့ စစ်လက်နက်ထုတ်လုပ်တဲ့ နေရာတွေနားက မြေတွေ လိုက်ဝယ်နေတာလည်း ပါပါတယ်။ မြောက်ဒါကိုတာပြည်နယ်က ဂရန်းဖော့စ်လေတပ်အခြေချစခန်းနဲ့ ၁၂မိုင်အကွာမှာ ပြောင်းဖူးစက်ရုံ တည်ဖို့ တရုပ်ပိုင် ဖူဖန်းကုမ္ပဏီက ကြိုးပမ်းနေတာကို စက်ရုံတည်မည့်မြို့က ရီပါဘလစ်ကန်မြို့ဝန်နဲ့ ပြည်နယ်က ရီပါဘလစ်ကန်ဂါဗာနာတို့က ခွင့်ပြုပေးခဲ့ကြပါတယ်။

လေတပ်လက်ထောက်အတွင်းဝန် အန်ဒရူးဟန်းတာက ပြည်နယ်ဆီးနိတ်က ရီပါဘလစ်ကန်များကို နိုင်ငံတော်လုံခြုံရေးပြဿနာ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့တဲ့အတွက် ရီပါဘလစ်ကန်အမတ်တွေက စာထုတ်ကန့်ကွက်ကြသလို မြို့ဝန်ကလည်း အဆောက်အဦဆောက်လုပ်ခွင့်ပါမစ်မပေးပဲ မြို့က ရေ၊ မီး၊ စတဲ့ အခြေခံအဆောက်အဦတွေနဲ့လည်း ချိတ်ဆက်မပေးတော့ဘူးလို့ ဆိုပါတယ်။ ဂါဗာနာကလည်း မြို့ဝန်ရဲ့ အစီအစဥ်ကို ထောက်ခံပေးသွားမယ်လို့ ပြောသွားပါတယ်။ ဖူဖန်းဘက်ကတော့ ဘာမှ တုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဖူဖန်းကို မြေနေရာရောင်းခဲ့သူတွေကိုလည်း ပတ်ဝန်းကျင်က လုံးဝ မကျေနပ်ကြဘူးလို့ သိရပါတယ်။

ကဗကာလ ပိတ်ထားတဲ့ လုပ်ငန်းတွေအများ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အစိုးရက ၅ ထရီလီယံလောက် သုံးထားပါတယ်။ အဲဒီထဲမှာ အကြပ်အတည်းကို ဗန်းပြပြီး ကွန်မီအာဂျင်ဒါ၊ ဥတုအာဂျင်ဒါ၊ စီအာတီလူမျိုးရေးမှိုင်း၊ ကဝဖျက်ချတာနဲ့ ကလေးငယ်တွေကို ဒရက်ကွင်းပြတာတွေ စတဲ့ ကဗနဲ့ ဘာမှမပတ်သက်တာတွေ၊ တရားဝင်အစိုးရခေါင်းစဥ်အောက်မှာ တောင်းလို့ မရနိုင်မှာတွေကို ခေါင်းမြီးခြုံ လက်သိပ်ထိုး ပေးခဲ့ကြတာတွေ အများကြီးပါနေပါတယ်။ တကယ်လိုတဲ့ လုပ်ငန်းရှင်တိုင်းလည်း ရတာမဟုတ်ပဲ နီးစပ်ရာတွေကျတော့ လုံလောက်တာထက် ပိုရကြတာလည်း ရှိပါတယ်။

ပလန်းပဲရင့်ဟုဆိုတဲ့ ကဝဖျက်ချတဲ့အဖွဲ့က ၈၀ဘီလီယံငွေသားချေးငွေ၊  ပင်ဆယ်လ်ဗေးနီးယားက Humanity Council မှာ အီကွတီနဲ့ ပထဝီဒိုင်ဗာစတီအတွက် ၁.၄သန်း၊ အီလီနွိုင်းက မူလတန်းကျောင်းတွေမှာ အီကွတီနဲ့ ဒိုင်ဗာစတီသင်ဖို့ ၅.၁ ဘီလီယံ၊ ပင်ဆယ်လ်ဗေးနီးယားက ကွန်မြူနတီစန်တာတခုမှာ ဒရက်ကွင်းပုံပြောသူတွေအတွက် တသောင်းခြောက်ထောင် စသဖြင့် ပေးထားတာ တွေ့ရကြောင်း ရီပါဘလစ်ကန်အမတ် မာဂျိုရီ တေလာဂရင်းက ထောက်ပြသွားပါတယ်။ ဂရင်းက ဖက်ဒရယ်စာရင်းအင်းကွန်ထရိုးလာကို မေးမြန်းတော့ ကွန်ထရိုးလာက သူမပြောသွားတဲ့ အကြောင်းအရာတွေကို ကြားတောင် မကြားဖူးသလို ပြောပြီး ဘာမေးမေး မသိဘူးပဲ တုန့်ပြန်ခဲ့ပါတယ်။ အဲဒီလိုစရိုက်နဲ့ဆိုရင် အလေအလွင့်တွေလည်း ဒင်းကြမ်းဖြစ်နေမှာပါပဲ။

မနေ့က လွှတ်တော်ထဲမှာ ဆိုရှယ်လစ်စံနစ်ရဲ့ ဆိုးရွားမှုတွေကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်အကြမ်းကို ဖလော်ရီဒါက ရီပါဘလစ်ကန်အမတ် မာရီယာဆလေဇာက တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို ရီပါဘလစ်ကန်တွေအပြင် ဒီမိုကရက် ၁၀၀လောက်ကပါ ထောက်ခံခဲ့တဲ့အတွက် ၃၂၇-၈၆နဲ့ အဆို အောင်သွားပါတယ်။ မာရီယာဟာ ကျူးဘား၊ ဗင်နီဇွဲလားစတဲ့ ကွန်မြူနစ်စနစ်တွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်အများအပြားကို လက်ခံထားတဲ့ မိုင်ယာမီက အမတ်ဖြစ်ပါတယ်။ ကန့်ကွက်တဲ့ ၈၆ဦးကတော့ ဝဲစွန်းတွေပဲ ဖြစ်ကြမှာပါ။

ကွန်မီတွေလက်အောက်မှာ စီမံခန့်ခွဲမှုအလွဲတွေကြောင့် အငတ်ဘေးတွေ ဆိုက်ကြတာရယ်၊ အာဏာသိမ်း/ထိန်းဖို့ လူတွေ အစုလိုက်အပြုံလိုက် သတ်ကြတာတွေရယ်ကြောင့် လူပေါင်း သန်း၁၀၀ကျော် အသက်ဆုံးရှုံးခဲ့ကြပါတယ်။ ကနေ့အထိ ဆိုရှယ်လစ်စနစ် ပေးတဲ့ ကောင်းကျိုးဆိုတာ လုံးဝမရှိပဲ အငတ်ဘေးတွေရှောင်နိုင်အောင် ပုဂ္ဂလိကကဏ္ဍကို အတိုင်းအတာတခုအထိ ဖွင့်ပေးကြရတာပဲ ဖြစ်ပါတယ်။

ဒီမိုကရက်ကွန်မီတွေထဲမှာ မက်ဆင်းဝေါတားစ်က ဝဲစွန်းအာဂျင်ဒါတွေ တွန်းနေပေမယ့် ရီပါဘလစ်ကန်အမတ်က ကော်မီတီမှာ ဒဲ့မေးတဲ့အခါကျတော့ ကျမဆိုရှယ်လစ်မဟုတ်ပါလို့ပဲ -င်ပိတ်ငြင်းပါတယ်။ သူပြောခဲ့တဲ့ ကွန်မီအာဘော်တွေကို ပြန်ဖတ်ပြပြီး အဲဒါကို အခုငြင်းတာလား ဆိုတော့လည်း ကျမဆိုရှယ်လစ်မဟုတ်ပါဆိုတာကိုပဲ ပြန်ကျော့ပါတယ်။ ဆိုရှယ်လစ်အပုန်းနဲ့ တူပါရဲ့။

ဘာနီဆန်းဒါးစ်လို ဆိုရှယ်လစ်အပွင့်က တလောက ဆေးကုမ္ပဏီကြီးတွေကို အမြတ်ကြီးစားလို့ အပြစ်တင်ပါတယ်။ ဒါပေမယ့် သူလုပ်မှာက လူပိန်းကြိုက်ဥပဒေတွေ ထပ်ထပ်ထုတ်ခြင်းအားဖြင့် ဆေးကုမ္ပဏီကြီးတွေကို ဆော်သလိုထင်ရပေမယ့် တကယ်တမ်းမှာ ပြိုင်ဖက်ဆေးကုမ္ပဏီအသေး တွေကို ကန့်သတ်လိုက်သလို ဖြစ်တဲ့အပြင် ပိုအလုပ်ရှုပ်သွားတဲ့ ဘစ်ဖာမာက ၁ကျပ်ဖိုးပိုရှုပ်ရင် ၅ကျပ်ဖိုးလောက် ဈေးတက်ပစ်တော့တာပါ။ အဲဒါကြောင့် တခြားနိုင်ငံတွေနဲ့စာရင် အမေရိကန်မှာ ဆေးဈေးတွေ မတရားမြင့်နေတာ ဖြစ်ပါတယ်။ ထရမ့်ကတော့ ဘာဥပဒေမှ ထုတ်မနေပဲ ဘစ်ဖာမာကို ဂုတ်ကဆွဲပြီး ဈေးအတင်းချခိုင်းတာပါ။ မချရင် အစိုးရထောက်ပံ့ကြေး မပေးရုံပေါ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: