ဘိုင်ဒန်က ရေနံ/ဓါတ်ငွေ့ကို နောက် ၁၀စုနှစ်၁ခုလောက်အထိ လိုနေဦးမယ်လို့ ပြောပါတယ်။ ရေနံ/ဓါတ်ငွေ့က တကယ်ဆိုးနေရင်တောင် ဖြစ်သင့်တာက တခြားစွမ်းအင်ပေါများတည်ငြိမ်လာမှ ရေနံ/ဓါတ်ငွေ့သုံးတာကို လျော့ချသွားဖို့ပါ။ ၂၀၁၆တုန်းက နေ/လေစွမ်းအင်က စွမ်းအင်လိုအပ်ချက်ရဲ့ ၁၀% ထုတ်ပေးခဲ့ရာက ၂၀၂၁မှာ ၁၃% ထုတ်လာခဲ့ပါတယ်။ လော့ဒေါင်းတွေပြန်ဖွင့်ပြီး လောင်စာဈေးတွေ အရမ်းတက်နေတဲ့ ၂၀၂၂ ဧပြီလမှာ လေ/နေစွမ်းအင်က စွမ်းအင်လိုအပ်ချက်ရဲ့ ၂၀% ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၆တုန်းက လျှပ်စစ်/ဂက်စ်ဘေလ်က ၂၀၂၂ မှာ ၄ဆလောက် တက်သွားတာကို ဘိုင်ဒန် ထည့်မပြာသွားပါဘူး။ အန္တရာယ်ဖြစ်စေနိုင်ကြောင်း ခိုင်ခိုင်မာမာ အထောက်အထား ဘာတခုမှ မပြနိုင်ပဲ အာဏာနဲ့ အတင်းပြောင်းခိုင်းတော့ ပြည်သူတွေမှာ ကြပ်တည်း အခက်အခဲတွေဖြစ်ရတာပါပဲ။
ဖန်တနောလ်က တနှစ် အမေရိကန် ၇သောင်းကို သတ်နေတယ်လို့ပြောပေမယ့် မူးယစ်ဆေးတွေရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ နယ်စပ်ဖွင့်ထားတာကို ထည့်မပြောသွားပါဘူး။
အမေရိကန်မှာ ကြွေးမြီအများကြီးတက်သွားတာက ထရမ့်လက်ထက်မှာလို့ စွပ်စွဲသွားပါတယ်။ ဒီနေရာမှာ နှစ်အလိုက်ပြန်ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။ ထရမ့်လက်ထက် ပထမ၃နှစ်မှာ ကြွေးမြီထူးခြားပြီး တက်ခဲ့တာမဟုတ်ပဲ ဒီမိုကရက်နဲ့ စီစီပီ ပူးပေါင်းထုတ်လုပ်တဲ့ ၂၀၂၀ ကဗပိုးဖြစ်တော့မှ တပြည်လုံး လများစွာကြာတဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေရယ် ဒီမိုကရက်ခေါင်းဆောင်တွေ အုပ်ချုပ်ရေးမှုးတွေ ဝိုင်းတွန်းခဲ့ကြတဲ့ လော့ဒေါင်းတွေရယ်ကြောင့် တက်ရတဲ့ ကြွေးမြီဖြစ်ပါတယ်။ ကဗကာလတွင်းမှာတောင် ရီပါဘလစ်ကန်ပြည်နယ်တွေ အခြေအနေကောင်းခဲ့တာကိုကြည့်ရင် ပေါ်လစီဆိုးကြောင့် ဒုက္ခရောက်တာကို သိနိုင်ပါလိမ့်မယ်။
ရီပါဘလစ်ကန်တွေက ကြွေးမြီလျော့ချဖို့ ဘတ်ဂျက်တင်းကြပ်ဖို့ကြိုးစားရာမှာ Social Security နဲ့ Medicare ကို ဖြတ်တောက်ဖို့ ကြိုးစားနေကြောင်း လိမ်ညာပြီး အမုန်းမှိုင်းတိုက်သွားပါတယ်။ ဘယ်ရီပါဘလစ်ကန်မှ ပြည်သူလိုအပ်နေတာကို ဖြတ်ချဖို့ မကြိုးစားပါဘူး။ ဗျူရိုကရက်ဌာနကြီးတွေမှာ မလိုအပ်တဲ့ကြိုးနီတွေ အကျိုးမရှိတဲ့ ပရောဂျက်တွေမှာ လေလွင့်နေတာတွေကိုတော့ လျော့ချရမှာ အမှန်ပါပဲ။
သူမတက်လာခင်က တရုပ်က ကမ္ဘာမှာ အင်အားကောင်းသထက် ကောင်းလာပြီး အမေရိကန်ကတော့ ၊ ဆုတ်ယုတ်လာနေတယ်ဆိုတဲ့ အယူရှိကြတယ်၊ သူတက်လာပြီး ခုဆိုရင် အဲဒီလိုမဟုတ်တော့ဘူးလို့ လိမ်ပြန်ပါတယ်။ တရုပ်စပိုင်ဘောပျံကို အမေရိကန်ပြည်တွင်း စစ်ရေးအရ အရေးပါတဲ့နေရာတွေပေါ် ဖြတ်သွားခွင့် ရက်အတော်ကြာ ပေးပြီးတော့မှ ပြန်ဆယ်ပြီး ဘာတွေပါလဲစစ်ဆေးလို့ရမယ့် နေရာမဟုတ်တဲ့ ပင်လယ်ရေနက်ထဲကို ပစ်ချလိုက်တာဟာ တရုပ်အလိုကျ လုပ်တာကလွဲလို့ ဘာမှ မဖြစ်နိုင်ပါဘူး။ ပစ်ချတာကို အမှတ်ယူချင်တာဆိုရင် မစ်ရှင်အောင်မြင်ပြီဆုံးပြီးသားပစ္စည်းကို ဖျောက်ဖျက်ပေးလိုက်တဲ့အတွက် တရုပ်က ကျောသပ်ဂုဏ်ပြုပေးနေမှာကို မြင်ယောင်စေချင်ပါတယ်။
အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး အလုပ်အကိုင်တွေ ပြန်တက်လာတယ်ဆိုတာ အရင်ထရမ့်လက်ထက်က အလုပ်အကိုင်စံချိန်တင်မြင့်ခဲ့တာကနေ လော့ဒေါင်းတွေကြောင့် လျော့ကျသွားတာမှာ ပြန်ဖွင့်လို့ အနည်းငယ်ပြန်တက်လာတာပဲ ဖြစ်ပါတယ်။ သူ့အစွမ်းအစနဲ့ တက်လာတာ လုံးဝမဟုတ်ပါဘူး။ ထရမ့်လုပ်ခဲ့တဲ့ အမေရိကပထမကို သူကပဲလုပ်နေသလိုလို ပြောတာကတော့ ဟူစိန်လိုပဲ သူ့မှာပြစရာမရှိလို့ ရှေ့လူ နောက်လူလုပ်တာကို အတင်းဆွဲပြနေတာပဲ ဖြစ်ပါတယ်။ ပြောသွားတာတွေထဲမှာ တဖက်ပါတီကို မဟုတ်မဟတ် အပုတ်ချစွပ်စွဲတာတွေ ပြည့်နေတော့ အမေရိကန်သမိုင်းမှာ သွေးအခွဲဆုံးမိန့်ခွန်းလို့တောင် ပြောရမှာပါ။ တရုပ်ကြောက်မီဒီယာကတော့ သူတို့သခင်ဘောမနေတဲ့သူကို အဲဒီလို ပြောမှာမဟုတ်ပါဘူး။
ပြောသွားတာတွေပြီးတော့ ပြောသင့်ပေမယ့် ပြောမသွားတာတွေကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေကြုံတိုင်း ရှေ့ဆုံးက ထွက်ရတဲ့ ရဲ၊ မီးသတ်၊ အရေးပေါ်လူနာတင်ယာဥ် မောင်းသူတွေ စတဲ့ first responder တွေကို ထည့်မပြောသွားသလို တိုင်းပြည်အတွက် အသက်နဲ့ရင်းထားတဲ့ တပ်ဖွဲ့ဝင်တွေအကြောင်း၊ ဘိုင်ဒန့်နယ်စပ်ဖွင့်ပေါ်လစီကြောင့် မနိုင်ဝန်ထမ်းနေရတဲ့ နယ်ခြားစောင့်တပ်တွေအကြောင်းတွေကို ထည့်ပြောမသွားခဲ့ပါဘူး။ ရာဇဝတ်မှုတွေ မြင့်သထက်မြင့်အောင် လုပ်နေတဲ့ ပတ်ဝန်းကျင်မှာ အမေရိကန်အများအပြား မလုံခြုံတဲ့ ခံစားချက်တွေ ဖြစ်နေတာကိုလည်း ထိန်ချန်သွားခဲ့ပါတယ်။
ဖန်တနိုင်းလ်ကြောင့် တနှစ် လူ ၇သောင်းသေတာကို ပြောသွားပေမယ့် ၂၀၂၁အတွင်း ကကဆကြောင့် လူ၂သိန်းကျော်ကနေ ၃သိန်းကျော်အထိ ဆုံးပါးခဲ့ကြတာကို ထည့်မပြောသွားသလို ဖြစ်သင့်တာထက် အများကြီးပိုတဲ့ ဆိုးကျိုးတွေ ဖြစ်နေပါလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး ဆက်တွန်းခွင့်ပြုနေတာက ဘစ်ဖာမာရဲ့ လက်ဝေခံဖြစ်နေတာကို ပေါ်လွင်စေပါတယ်။ မနေ့က အဲပေါ့ခ်တိုင်းမ်စ်မှာပါတဲ့ ဆေးသုတေသီစတိဗ်ကာ့ရှ်ရဲ့ ဒေတာတွေကို ကိုးကားထားတဲ့ ဂျိုးဆက်ဖ်မာကိုလာရေးတဲ့ ဆောင်းပါးမှာ ဖော်ပြထားတာပါ။ အဲဒီဆောင်းပါးမှာ ၂၀၂၂အတွင်း ကဗကကဆကြောင့် သေဆုံးမှုဟာ ၂၀၂၁ထက် ၂ဆနီးပါး ရှိမှာဖြစ်ပြီး တကမ္ဘာလုံးမှာဆိုရင်တော့ ၁၀-၁၂သန်းလောက် ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒါက သူတို့တရုပ်နဲ့ပေါင်းထုတ်တဲ့ပိုးကူးပြီး ကြွကုန်ကြတာတွေ မပါသေးပါဘူး။ အဲဒီဒေတာက ယုံရရဲ့လားလို့ မေးစရာ ရှိပါတယ်။ ကဗကကဆဟာ တကယ်ပဲပြဿနာမရှိဘူးဆိုရင် တရားဝင်ဒေတာတွေနဲ့ ငြင်းချက်ထုတ်ရမှာပါ။ စီဒီစီမှာ ဒေတာတွေ ရှိပြီးသားပါ။ အဲဒါတွေကို ဖော်ထုတ်ဖို့ဝေးလို့ မစ်စ်အင်ဖော်မေးရှင်းနဲ့ လိုက်ပြီး ဖုံးဖိနေကြတုန်းပါ။
နောက်ထပ် ထိန်ချန်သွားတာတခုကတော့ ထရမ့်လက်ထက်မှာ ဒီကလပ်စီဖိုင်းလုပ်သွားတဲ့ ရုရှားဂိတ်ဖိုင်တွေကို ဘိုင်ဒန့်တရားရေးဌာနက ကလပ်စီဖိုင်း ပြန်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ထရမ့်က ၂၀၁၈ထဲက ပြည်သူကို ချပြဖို့ ကြိုးစားခဲ့ပေမယ့် လူရင်းတဦးက တားလို့ မထုတ်ပြန်ဖြစ်ခဲ့ပဲ ၂၀၂၁ အိမ်ဖြူက မထွက်ခွာခင် နောက်ဆုံးရက်မှာမှ ဒီကလပ်စီဖိုင်း လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကလပ်စီဖိုင်းလုပ်ထားတဲ့ ဖိုင်တွေကို ထရမ့်က လူထုကြား ချပြဖို့ အိမ်ဖြူဝန်ထမ်းချုပ် မာခ့်မဲဒိုးစ်ကို ပေးခဲ့ပေမယ့် မဲဒိုးစ်က ချမပြခဲ့ပဲ ပရိုင်ဗေစီကွန်ဆန်းရှိတယ်ဆိုပြီး ဘိုင်ဒန့်တရားရေးဌာနကို ပြန်အပ်ခဲ့ပါတယ်။
ထရမ့်ကိုတားတဲ့ လူရင်းဆိုတာက စစ်လိုလားတဲ့ လင်ဒ်ဇီဂရမ်ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဖိုင်တွေထဲမှာ ဘာတွေပါတယ်ဆိုတာ ဆီးနိတ်တရားရေးကော်မီတီဥက္ကဋ္ဌ လုပ်ခဲ့တဲ့ လင်ဒ်ဇီသိနေတာ ဖြစ်လို့ပါပဲ။ ရုရှားဂိတ်ဟာ ထရမ့်အပေါ် မဟုတ်မမှန် လုပ်ကြံစွပ်စွဲကြတာမှန်း သိပါလျက်နဲ့ လင်ဒ်ဇီက မကာကွယ်ခဲ့တဲ့အပြင် ထရမ့်ဘက်က ပါသယောင်နဲ့ တကယ်တမ်းကျတော့ အက်စ်တာဘလစ်ရှ်မန့်ကိုပဲ ကာကွယ်ပေးခဲ့တာပါ။
အဲဒီရုရှားဂိတ်မှာ ဟေလာရီငှားထားတဲ့ ယူကေက ထောက်လှမ်းရေးဟောင်း ခရစ်စတိုဖာစတီးလ်ကို ထရမ့်နဲ့ ရုရှား ပတ်သက်တာတွေ ဖော်ထုတ်ပေးနိုင်ရင် ၁သန်းပေးမယ်လို့ ဆိုထားပေမယ့် စတီးလ်က ဘာတခုမှ မပြနိုင်ခဲ့ပါဘူး။ စတီးလ်ဒေါ်စီယေ မြစ်ဖျားခံရာဖြစ်တဲ့ ရုရှားလူမျိုး အီဂေါ်ဒန်ချန်ကို ကိုယ်တိုင်က အက်ဖ်ဘီအိုင်ကို စတီးလ်ဒေါ်စီယေက မမှန်ပါဘူးလို့ ငြင်းထားခဲ့ပြီးသားပါ။
တရားရေးဌာနကို ပြန်အပ်ခဲ့တဲ့ ထရမ့်ဒီကလပ်စီဖိုင်းလုပ်ထားတဲ့ ဖိုင်တွေကို တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က တရားစွဲဆိုပြီး ကြည့်ခွင့်တောင်းခဲ့ပါတယ်။ ဖိုင်တွေထဲမှာ ဘာတွေပါလဲ မသိရသေးပေမယ့် စတီးလ်ကို အင်တာဗျူးလုပ်ထားတာကို ဖော်ပြတဲ့ ၂၆မျက်နှာမှာ တချို့အပိုင်းတွေကိုသာ ထိန်ချန်ပြီး ကျန်တဲ့ ၉၀%လောက်ကို ချပြဖို့ လုပ်ထားခဲ့ပေမယ့် ဒီအိုဂျေရဲ့ ဗားရှင်းမှာတော့ ပထမတမျက်နှာမှာပါတဲ့ နေရာ နေ့စွဲ ထုတ်ပြန်တဲ့သူ စတာတွေကလွဲလို့ ကျန်တာအကုန်လုံးကို ထိန်ချန်ထားတာ တွေ့ရပါတယ်။ ပိုဆိုးတာက ကလပ်စီဖိုင်းပြန်လုပ်ထားတဲ့ ဖိုင်တွဲကို ဒီကလပ်စီဖိုင်းလုပ်ဖို့ ၂၀၉၂ခုနှစ်ကို သတ်မှတ်ပေးထားပါတယ်။ တခြားကလပ်စီဖိုင်း ပြန်လုပ်ထားတဲ့ ဖိုင်တွေကိုလည်း ဒီကလပ်စီဖိုင်းလုပ်ဖို့ ၂၀၄၁ကို သတ်မှတ်ထားပြန်ပါတယ်။
ဘိုင်ဒန်မပြောသွားတာက ဘိုင်ဒန်ကိုယ်တိုင် ရုရှားဂိတ်မှာ ပါဝင်နေတယ်ဆိုတာပါပဲ။ ပြစ်ချက်ကင်းပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့သူတွေကို ထရမ့်နားကနေ နည်းမျိုးစုံနဲ့ ဖယ်ထုတ်ခဲ့တဲ့ထဲမှာ ဗိုလ်ချုပ်ကြီးဖလင်းကို လိုဂန်အက်ခ်နဲ့ ထောင်ဖမ်းခဲ့ပါတယ်။ တကယ်ဆိုရင် ရုရှားဂိတ်ဟာ ဘိုင်ဒန်နဲ့ တိုက်ရိုက်သက်ဆိုင်တာ မဟုတ်ပဲ ဟေလာရီက စခဲ့တာဖြစ်ပေမယ့် ဘိုင်ဒန်တို့ ဟူစိန်တို့နဲ့ လွှတ်တော်ဒီမိုကရက်တွေကပါ ဝိုင်းဖုံးချင်နေပုံထောက်ရင် ဒီမိုကရက်တွေအတွက် ဆိုးဆိုးရွားရွား ရုပ်ပျက်လောက်တဲ့ အနေအထားဖြစ်မှာပါ။ ဒါမျိုးကိုတော့ ပြည်သူတွေ သိသင့်ပေမယ့် ဘိုင်ဒန်တို့ လုံးဝ မဟခဲ့ပါဘူး။