ဖေဖော်ဝါရီ ၁၄ ရက် ၂၀၂၃

အမေရိကန်ဒေသတော်တော်များများမှာ ကြက်ဥရှားပါးတဲ့ ပြဿနာ ဖြစ်နေတာ လအနည်းငယ် ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ အကြီးအကျယ်မွေးတဲ့ ကြက်မွေးမြူရေးခြံတချို့ ဘာအကြောင်းမှ မပြနိုင်ပဲ မီးထထလောင်တာတွေ၊ ကြက်တုပ်ကွေးကူးတယ်ဆိုပြီး ကောင်ရေသိန်းသန်းချီတဲ့ ခြံတွေ အကုန်ရှင်းပစ်ရတာတွေ ရှိနေခဲ့ပါတယ်။ မသင်္ကာစရာလို့ အဲဒီထဲက ပြောနေကြတာပါ။

၂၀၂၂နှောင်းပိုင်းကျတော့ ကြက်တွေ ဥမဥကြတော့တဲ့ ပြဿနာ စ လာပါပြီ။ ဒါတွေက လုပ်ငန်းရှင်လေးတွေ တနိုင်တပိုင် ကြက်ခြံလုပ်သူလေးတွေက ပြောကြတာပါ။ လုပ်ငန်းရှင်ကြီးတွေတော့ ဘယ်လိုဖြစ်ကြလဲ မသိပါ။ စဖြစ်ဖြစ်ချင်း ဘာကြောင့်မှန်း မသိကြတော့ အအေးပိုတဲ့နှစ်မှာ အေးတာနဲ့ အလင်းရောင်လုံလုံလောက်လောက် မရတာကြောင့်များလားလို့ တွေးကြပြီး တချို့က အပူပေး မီးထွန်းတွေ လုပ်ပေမယ့် ထူးမလာပါဘူး။ တချို့ကတော့ ကြွေးနေကျအစာကို ရပ်ထားလိုက်ပြီး ဒေသထဲက တိရိစ္ဆာန်စာ ထုတ်လုပ်သူတွေဆီကအစာ၊ တချို့က ဆိတ်စာလိုမျိုး တခြားတိရိစ္ဆာန်စာ၊ တနိုင်တပိုင်သမားတွေက မီးဖိုချောင်က အကျွင်းအကျန်လေးတွေ စတာတွေ ပြောင်းကျွေးလိုက်ပြီးမှ ပြန်ဥကြတာကို တွေ့ကြရပါတယ်။

လုပ်ငန်းသုံးကြက်စာကြောင့် ကြက်တွေ ဥမဥကြတာလို့ ထင်ကြသူတွေ များများလာပါတယ်။ ကြက်စာကလည်း အကြီးအကျယ်ထုတ်လုပ်သူက နှစ်ဦးပဲ ရှိတာပါ။ ပြဿနာရှိတဲ့တံဆိပ်က ပူရီနာလို့ ခေါ်ပါတယ်။ အဲဒီတံဆိပ်နဲ့ ပတ်သက်နေတဲ့ လတ်တလောသတင်းတပုဒ်မှာ ပူရီနာတံဆိပ် ခွေးစာတချို့စားတဲ့ ခွေးတွေမှာ ဗိုက်တာမင်ဒီအဆိပ်သင့်တဲ့ လက္ခဏာတွေ တွေ့ရလို့ ရီကော လုပ်ထားပါတယ်။ အဲဒီမတိုင်ခင်မှာလည်း လေဘယ်နဲ့ အထဲကပစ္စည်းနဲ့က မကိုက်နေလို့ ရီကော ပြန်လုပ်ရပါသေးတယ်။ ပူရီနာကို ပိုင်တာက တခြားလူနဲ့ တိရိစ္ဆာန်အစားအစာတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ဆွစ်ဇာလန်က နက်စ်လေကုမ္ပဏီပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အစားအစာထုတ်လုပ်သူဖြစ်သလို သူပိုင်တဲ့အစားအသောက်တံဆိပ်တွေက လက်ညှိုးထိုးမလွဲလို့ ပြောရလောက်အောင် များပါတယ်။ ကုမ္ပဏီတွေ သိပ်ကြီးလာရင် ဘစ်ဖာမာလိုပဲ လော်ဘီလုပ်နိုင် အက်ဖ်ဒီအေတို့ နိုင်ငံရေးသမားတို့နဲ့ အပေးအယူရှိနိုင်တာ သတိပြုသင့်ပါတယ်။

ဗိုက်တာမင်ဒီအဆိပ်သင့်တယ်ဆိုတာ ကမ္ဘာပေါ်မှာ လူဘယ်နှစ်ယောက် ဖြစ်ဖူးသလဲ၊ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲဆိုတာတွေတောင် တိတိကျကျ သိဖို့ မလွယ်ပါဘူး။ အဲဒီလက္ခဏာတွေဆိုတာက ဗိုက်တာမင်ဒီကြောင့်သာမက တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်တာတွေချည့်ပါပဲ။ တကယ်အဆိပ်သင့်တယ်ဆိုတာကို သွေးစစ်ကြည့်မှ သိမှာပါ။ တိရိစ္ဆာန်တွေ ဆေးခန်းပြရင်း သွေးစစ်ဖို့ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်တော့ သွေးစစ်ထားတာလိုမျိုး ခိုင်မာတဲ့ အကြောင်းမပြနိုင်ပဲ ဗိုက်တာမင်ဒီကို ရမယ်ရှာတာမျိုး မဖြစ်စေချင်တာပါ။ ဗိုက်တာမင်ဒီက ကျန်းမာရေးမှာ ဘယ်လောက်အရေးပါတာနဲ့ လူတွေသွေးစစ်တာမှာတောင် လွယ်လွယ်နဲ့ မရတော့အောင် လုပ်ထားတာ၊ ဗိုက်တာမင်ဒီကို မကြောက်ကြောက်အောင် သမားရိုးကျ ဆေးပညာမှာ အတင်းကြီး ခြောက်လှန့်နေကြတာတွေကို ဆက်စပ်ကြည့်နိုင်ပါတယ်။

မသင်္ကာဖြစ်ရတဲ့ အကြောင်းရင်းကလည်း အစိုးရက မျက်စိမှိတ်လွှတ်ထားသလို ဘောမမီဒီယာများကလည်း ကြက်တုပ်ကွေးကြောင့်အပြင် လူတွေဥအစားများလို့ ကြက်ဥတွေ ရှားသွားသလိုလို ပြောနေတာပါ။ ကကဆလိုပါပဲ ပြဿနာတခုဖြစ်လာပြီဆိုရင် အဖြေရှာ ကုစားဖို့ မကြိုးစားပဲ မဆိုင်တာတွေနဲ့ ဖုံးကွယ်ချင်ကြတာကိုက မဟုတ်နေဘူးဆိုတာ ကြည့်ရင် မြင်ပါမယ်။

အက်ဖ်ဒီအေက ဖဇရဲ့ ကဗကကဆကို အတည်ပြုမပေးခင် ၂ရက်အလိုမှာ ယူအက်စ်နဲ့ ယူကေ ကျန်းမာရေးအာဏာပိုင်တွေဟာ အဲဒီကကဆနဲ့ သူ့ရဲ့ ပြင်းထန်တဲ့ ဓါတ်မတည့်မှု အနာဖလက်ဆစ်တို့ အကြောင်း ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်သဘောတူလျို့ဝှက်သဘောတူညီချက် ပြုလုပ်ထားခဲ့ကြတယ်လို့ ကန်ကျန်းမာရေးဌာနရဲ့ မှတ်တမ်းတွေမှာ တွေ့ရကြောင်း တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က ကြေငြာလိုက်ပါတယ်။ အဲဒီမှတ်တမ်းတွေ ဖတ်ရဖို့ ဖရီးဒမ်းအော့ဖ်အင်ဖော်မေးရှင်းဥပဒေနဲ့ တရားစွဲဆိုခဲ့ရပြီး အနိုင်ရခဲ့တဲ့အတွက် မှတ်တမ်းတွေရဲ့ မဖုံးကွယ်ထားတဲ့ အပိုင်းတွေကိုသာ ကြည့်ရှုခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀၂၀တုန်းက ယူအက်စ်နဲ့ ယူကေက ကျန်းမာရေးအာဏာပိုင်တွေဟာ ကဗကကဆရဲ့ ဓါတ်မတည့်တုန့်ပြန်မှုတွေအကြောင်းကို အီးမေးလ်တွေ အပြန်အလှန်ပို့ကြပြီး နှစ်ဦးသဘောတူ လျို့ဝှက်ထားရမယ့်အချက်အဖြစ် အထူးဂရုပြုဖော်ပြထားကြပါတယ်။ စပြီးအီးမေးလ်ပို့သူကတော့ ယူကေက ဆေးနဲ့ ကျန်းမာရေးပစ္စည်းတွေကို စည်းမျဥ်းချတဲ့ အေဂျင်စီက ပေါ်လစီဒါရိုက်တာဖြစ်တဲ့ ဂျိုနသန်မော့ဂ်ဖို့ဒ်ဖြစ်ပြီး သူကနေ အမေရိကန်က အက်ဖ်ဒီအေယာယီကော်မစ်ရှင်နာ ဂျနက်ဝုဒ်ကော့ခ်နဲ့ အက်ဖ်ဒီအေအောက်က ဌာနကြီး၆ခုထဲက တခုဖြစ်တဲ့ စီဘာရဲ့ ဒါရိုက်တာ ပီတာမာ့ခ်စ် တို့ဆီ ပို့ခဲ့တာဖြစ်ပါတယ်။ အီးမေးလ်ခေါင်းစဥ်ရော ကိုယ်ထည်ရောကိုပါ ဖုံးထားတဲ့အတွက် ဘာတွေရေးခဲ့သလဲဆိုတာတော့ မသိရပါဘူး။

စာမျက်နှာပေါင်း ၁၀၈၁ကို ကြည့်ရှုဖို့ တရားရုံးက ဆုံးဖြတ်ပေးခဲ့ပေမယ့် ဖုံးထားတာတွေကြားမှာ သိရသလောက်က နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ကဗကကဆရဲ့ ဆိုးကျိုးတွေကို သိရှိထားကြပြီး ဘယ်လိုစကားလုံးသုံးမယ်ဆိုတာကအစ ညှိနှိုင်းထားကြတယ်လို့ ဆိုပါတယ်။ အက်ဖ်အိုအိုင်အေနဲ့ ကျန်းမာရေးဌာနကို တရားစွဲပြီး သိလာရတာတွေထဲမှာ မဒနကဗကကဆထိုးပေးထားတဲ့ ကြွက်တွေက မွေးလာတဲ့ ကြွက်ပေါက်လေးတွေမှာ အရိုးပုံမမှန်တာတွေ တွေ့ရပြီး ဖဇဆေးက ထိုးတဲ့နေရာမှာတင်မနေပဲ ၈-၄၈နာရီအကြာမှာ အသဲ၊ အဒရီနယ်ဂလန်း၊ သရက်ရွက်နဲ့ မမျိုးဥအိမ် စတဲ့နေရာတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

မနေ့ကသတင်းတပုဒ်မှာတော့ အက်ဖ်ဒီအေက ဆီးချိုပုံစံ ၁ ကို နှောင့်နှေးစေဖို့ဆိုပြီး ၂သိန်းလောက်ကုန်ကျမယ့် Tzield ထိုးဆေးတမျိုးကို ခွင့်ပြုပေးလိုက်ပါတယ်။ ပြဿနာက အဲဒီဆေးဟာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တာပါ။ ဆေးက ၈နှစ်အထက် ဆီးချိုပုံစံ ၁ အဆင့် ၂ရှိတဲ့ သူတွေ အဆင့် ၃ကို မြန်မြန်မရောက်အောင် ပေးတာဖြစ်ပြီး ၁၄ရက်စာကို လက်ကားဈေးတင် $၁၉၃,၉၀၀ ကျပါတယ်။ အဲဒီဆေးက အဖျားနဲ့ ကိုယ်တွင်းအင်္ဂါတွေ ဖောက်ပြန်တာကို ဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်း ဆိုင်တိုကင်းရီလိစ်ဆင်ဒရုမ်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Tzield နဲ့ ကုသထားတဲ့သူတွေရဲ့ ၇၈% မှာ သွေးဖြူဥကျဆင်းတဲ့ လင်မ်ဖိုပီးနီးယား ဖြစ်ကြတယ်လို့လည်း သိရပါတယ်။ သွေးဖြူဥကျတော့ တခုခု ကူးစက်မယ်ဆိုလည်း လွယ်သွားတာပေါ့။ ဒီဆေးက ဆီးချိုပျောက်တာမဟုတ်ပဲ အဆင့် ၂ ကနေ အဆင့် ၃ကို ရောက်ဖို့ ၂နှစ်လောက် ဆွဲထားနိုင်ဖို့ပဲ ထုတ်တာပါ။ ဆီးချိုကာကွယ်ချင်ရင် ဘာမှမကုန်ပဲ စားသောက်နေထိုင်မှုပြင်လိုက်တာနဲ့ ဖြစ်နိုင်ခြေ အများကြီးလျော့သွားမှာကိုတော့ ဘယ်တာဝန်ရှိသူကမှ မပြောကြပါဘူး။

ဒီလဆန်းပိုင်းက ဖြစ်ခဲ့တဲ့ အိုဟိုင်းအိုးက ရထားမှောက်မှုမှာ ဖိတ်စင်သွားတဲ့ ဓါတုပစ္စည်းတွေကို မီးရှို့လိုက်တာမျိုးကို Netflix က မနှစ်က ထုတ်လွှင့်တဲ့ White Noise ဆိုတဲ့ရုပ်ရှင်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီရုပ်ရှင်မှာ ဇတ်လိုက်က ရထားတွဲမီးလောင်ပြီး အဆိပ်ငွေ့တွေ ထွက်နေတဲ့နေရာအနီးမှာ နေသူဖြစ်ပါတယ်။ တခုပဲကွာတာက ရုပ်ရှင်ထဲမှာ ရထားမှောက်ပြီး မီးလောင်သွားတာဖြစ်ပါတယ်။ ဒီနှစ်ထဲက အဖြစ်အပျက်မှာတော့ ရထားမှောက်တာက မီးလောင်တာ မဟုတ်ပဲ တာဝန်ရှိသူတွေက မီးရှို့ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိပ်ငွေ့တွေ လေထဲရောက်တော့ အနီးတဝိုက်ကလူတွေ လတ်တလောပြဿနာမရှိရင်တောင် နှစ်အနည်းငယ်အကြာမှာ ကင်ဆာဖြစ်နှုန်း စတာတွေ တက်လာနိုင်မယ်ထင်ပါတယ်။ တိရိစ္ဆာန်တွေကတော့ ပြဿနာစတက်နေပါပြီ။ ပလန်ဒဲမစ်လည်း Contagion ရုပ်ရှင်ထဲကလို ဖြစ်လာသလို ခုလည်း ထပ်ဖြစ်ပြန်ပြီဆိုတော့ တိုက်ဆိုင်တာဟုတ်ပါ့မလားလို့ စဥ်းစားလာရပါပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: