ဖေဖော်ဝါရီ ၁၅ ရက် ၂၀၂၃

စီဒီစီရဲ့ ဆာဗေးမှာ ပါဝင်ကြတဲ့ သူတွေထဲက ကဗကကဆထိုးချိန်မှာ ကိုယ်ဝန်ရှိကြတဲ့သူတွေကို စုစည်းထားတဲ့ စာရင်းဖြစ်တဲ့ V-safe pregnancy registry မှာ ပါဝင်သူပေါင်း ၃၉၅၈အနက်မှ ၈၂၇ဟာ ကိုယ်ဝန်ကို နေ့စေ့လစေ့ လွယ်နိုင်ခဲ့ပြီး အဲဒီထဲကမှ ၁၁၅ဦးဟာ ကိုယ်ဝန်အဖတ်မတင်ပဲ ၇၁၂ဦးကသာ အရှင်မွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာနှုန်းအားဖြင့်ဆိုရင် အဖတ်မတင်တာ ၁၃.၉% ဖြစ်နေတာပါ။ ဖလော်ရီဒါက ဆာဂျင်ဂျန်နရယ်(ပြည်သူ့ကျန်းမာရေးအကြီးအကဲ)က ထုတ်ပြန်တဲ့ ဒေတာတွေထဲမှာ ၁၈-၃၉နှစ်ကြားအမျိုးသားတွေဟာ ဆေးထိုးပြီး ၂၈ရက်အတွင်း နှလုံးဖောက်ပြီး သေဆုံးနှုန်း ၈၄% တက်လာကြောင်း တွေ့ရှိထားပါတယ်။ အဲဒီလို ပြဿနာတွေ ရှိနေလို့ ဥရောပမှာ ၄၀အောက်တွေကို ကဗကကဆထိုးဖို့ မတိုက်တွန်းသလို ၁၈နှစ်အောက်တွေကို ဆေးမထိုးဖို့လည်း တားမြစ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်မှာတော့ ၂၀၂၂နှောင်းပိုင်းက ရာထူးက နှုတ်ထွက်သွားတဲ့ အသက် ၈၀ကျော် အန်တိုနီဖောက်ချီက ပညာရှင်တွေရေးကြတဲ့ ဆေးပညာဂျာနယ်တခုမှာ ကဗကကဆတွေက သိပ်အလုပ်မလုပ်/မစွမ်းပါဘူးလို့ ရေးသွားတာနဲ့ တချိန်တည်းမှာ ဖက်ဒရယ် ကျန်းမာရေးအာဏာပိုင်တွေက ကဗကကဆကို ကလေးငယ်တွေ ပုံမှန်ထိုးရမယ့်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ ဖြစ်နိုင်ခြေအလွန်နည်းပြီး ဖြစ်ရင်လည်း အသက်အန္တရာယ်နဲ့ ဝေးလှတဲ့ အရွယ်လေးတွေကို အသက်ပါရန်ရှာနိုင်(သို့) ဒုက္ခိတဖြစ်နိုင်တဲ့အထိ ဆိုးကျိုးများနိုင်တဲ့ ကိစ္စကို အတင်းတွန်းနေတာက ကလေးတွေအကျိုးစီးပွား တိုင်းပြည်အကျိုးစီးပွားအတွက် မဟုတ်တာ ထင်ရှားနေပါတယ်။

ဒါ့အပြင် လက်ရှိပြန့်နေတဲ့ ကဗပိုးက မူလပိုးကနေ တော်တော်ကွဲလာပြီဖြစ်တော့ မူလပိုးကို ပစ်မှတ်ထားတဲ့ လက်ရှိကကဆတွေကို ဆက်တွန်းနေတာက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် တီဗီတွေ အင်တာနက်တွေမှာ ကဗကကဆ ထိုးကြဖို့ ကြော်ငြာအားပြင်းပြင်းနဲ့ မောင်းနေကြပါတယ်။ သမိုင်းမှာ ဘယ်ကကဆမှ ကြော်ငြာစရာမလိုခဲ့ပေမယ့် ယခုအခါ အသည်းအသန် ကြော်ငြာနေရတာတွေက လူတွေ စိတ်ဝင်စားမှုလျော့ကျလာတာကို ပြနေပါတယ်။ ကြော်ငြာတာထက် ပိုဆိုးတာက ကဗကကဆထိုးထားမှ ကျောင်း/အလုပ် ဝင်လို့ရတာတွေအထိ ဖြစ်အောင် တွန်းနေတာပါ။

ဒီတပတ်တနင်္လာနေ့က ဟူးအဖွဲ့ကြီးက အီဘိုလာနဲ့ နွှယ်တဲ့ ကုရန်ဆေးမရှိတဲ့ မားဘတ်ဂ်ပိုးတမျိုးဟာ အာဖရိက ၂နိုင်ငံမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အီကွေတိုးရီးရယ်ဂီနီမှာ ၉ဦးသေဆုံးပြီး ၁၆ဦးက အဲဒီပိုးရဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားနာ၊ မောပန်း၊ ဝမ်းပျက်၊ အော့အန် စတာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။ အီကွေတိုးရီးရဲလ်ဂီနီနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ကင်မရွန်းနိုင်ငံမှာလည်း မားဘတ်ဂ်ပိုး ကူးထားတယ်လို့ ယူဆရသူ ၂ဦးတွေ့ထားတယ်လို့ ဆိုပါတယ်။ ၂၀၀၄-၅တုန်းက အန်ဂိုလာမှာ မားဘတ်ဂ်ပိုးပြန့်ခဲ့ရာက ၂၅၂ဦး အကူးခံရကာ အဲဒီထဲက ၉၀% က အသက်ဆုံးခဲ့ပါတယ်။

မားဘတ်ဂ်ဟာ အီဘိုလာလိုပဲ လင်းနို့က လာတာဖြစ်ပြီး ပိုးကူးခံထားရသူရဲ့ ကိုယ်တွင်းကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့ခြင်းဖြင့် ကူးစက်ကြတာလို့ ယူအက်စ်အေတူဒေးက တင်ပြထားပါတယ်။ ကိုယ်ခံအားကောင်းအောင်နေပြီး စိတ်အလို မလိုက်ကြရင် ကူးစက်ဖို့အခွင့် နည်းပါလိမ့်မယ်။ ကဗကကဆဟာ လူတွေရဲ့ ကိုယ်ခံအားကို ကမောက်ကမဖြစ်အောင် လုပ်ပေးနိုင်တာကြောင့် များများထိုးထားလေ တခြားရောဂါဝင်ဖို့ လွယ်ကူလေပါပဲ။ ထိုးထားသူများ သတိထားပြီး ကိုယ်ခံအားတက်အောင် ပြန်ကုစားဖို့ လိုပါမယ်။

ဂျိုးဘိုင်ဒန်ရဲ့ ညီဂျိမ်းစ်ကို ဂျိုးဒုသမ္မတဖြစ်စဥ်က ဖီလာဒဲလ်ဖီးယားက ဆောက်လုပ်ရေးကုမ္ပဏီတခုနဲ့ ဆော်ဒီအစိုးရအကြား ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်နေတဲ့ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ ငှားရမ်းခဲ့တဲ့ သတင်းထွက်လာပါတယ်။ ၂၀၁၇တုန်းက ဂျင်မ်ကိုယ်တိုင် ဝန်ခံထားတဲ့ မှတ်တမ်းတွေအရ ၁၉၈၀ခုနှစ်တွေမှာ ဆောက်လုပ်ရေးကုမ္ပဏီ Hill International ရဲ့ လက်အောက်ခံကုမ္ပဏီတခုက ဆောက်လုပ်ပေးခဲ့တဲ့ ပင်လယ်ရေကနေ ဆားဓါတ်ဖယ်ရှားပေးတဲ့စက်ရုံအတွက် ဆော်ဒီဘက်က ရစရာရှိတဲ့ သန်း၁၄၀ခန့်ကို ပြန်ရအောင် ဘိုင်ဒန်နာမည်သုံးပြီး ဖိအားပေးဖို့ ဆွဲထည့်ထားတာဖြစ်ကြောင်း သိရပါတယ်။

ဂျင်မ်ကိုယ်တိုင်က ဘာမှဝင်ဆွေးနွေးစရာ မလိုပေမယ့် နှစ်ဖက်ဆွေးနွေးပွဲတွေမှာ ဝင်ထိုင်ပေးရုံလောက်ပဲ လုပ်ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ထိုင်ပေးခြင်းအားဖြင့် Hill က ငွေသားသော်လည်းကောင်း အနာဂတ်စီးပွားရေးလုပ်ငန်းကြီးတွေ သော်လည်းကောင်း ဖြစ်နိုင်တယ်လို့ ဂျင်မ်က ပြောကြောင်း ဘဏ္ဍာရေးဌာနဝန်ထမ်းတဖြစ်လဲ စုံထောက် သောမတ်စ်ဆူလီဗန်က ဆိုပါတယ်။ ခြစားမိသားစုတွေ လုပ်လေ့ရှိတာက ရာထူးကြီးကိုင်ထားသူနဲ့ သူ့မိသားစုဝင်ဟာ ဘယ်လိုနီးကပ်ကြကြောင်း၊ တယောက်သိတာ ကျန်တယောက်ကပါ သိနေလောက်အောင်ကို ရင်းကြ ချစ်ကြတာဖြစ်ကြောင်း ဇတ်လမ်းတွေ လွှင့်ကြတာပါ။ အခုလဲ ဂျင်မ့်ဇနီးဆာရာက သောမတ်စ်ကို သူတို့ညီအကိုတွေ ဘယ်လောက်တောင် ချစ်ကြ ရင်းကြကြောင်း တခုတ်တရ ပြောနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်နေတာတွေရဲ့ နမိတ်လို ဖြစ်နေတဲ့ ရုပ်ရှင် ၂ခုအကြောင်း မနေ့က ပြောသွားအပြီး ဒီကနေ့မှာ နောက်ရုပ်ရှင်တခု ထပ်တွေ့လာပြန်ပါတယ်။ ၁၉၆၆တုန်းက စာအုပ်ဖြစ်တဲ့ ဟယ်ရီဟာရစ်ဆန်ရဲ့ “Make Room! Make Room!” ဆိုတာအပေါ် လျော့လျဲလျဲကိုးကားထားတဲ့ Soylent Green ဆိုတဲ့ ရုပ်ရှင်ဟာ အနာဂတ်ကို မျှော်မှန်းရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပေမယ့် ကားပျံတွေ လေဆာသေနတ်တွေ အာကာသသွား ယာဥ်ကြီးတွေမပါပဲ ကလိုင်းမိတ်ချိန့်ကြောင့် စီးကပ်ပူလောင်နေကြတဲ့ လူတွေဟာ ဟောင်းနွမ်းညစ်ပတ်နေတဲ့ မြို့ကြီးဆီ အလုပ်သွားဆင်းနေကြပြီး သူတို့အတွက် ဆပ်ပြာတို့ ပန်းသီးတို့ လေအေးစက်တို့ဆိုတာ တကယ့်ဇိမ်ခံပစ္စည်းကြီးတွေ ဖြစ်နေတာပါ။ အဲဒီလို ဖြစ်အောင် လုပ်ထားတဲ့ အကျင့်ပျက်ခြစားနေတဲ့ စနစ်ကြီးကို အာခံဖို့ မကြိုးစားကြပဲ ကိုယ့်နေ့စဥ်ဘဝလေးတွေမှာ ရှိမဲ့စုမဲ့လေးတွေ ယုတ်လျော့သွားမှာစိုးတဲ့အတွက် နေတတ်သလို နေနေကြတာကို ပြထားတာပါ။

ဇတ်လိုက်ဖြစ်သူ ချာလ်တန်ဟက်စ်တန်ကတော့ လူသတ်မှုကို စုံစမ်းနေတဲ့ ရဲစုံထောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အခုလည်း ဒီလိုပါပဲ၊ အလကားပေးမှာတွေ တွင်တွင်ပြောပြီး ပိုပြီး ကြပ်သထက် ကြပ်တည်းလာတဲ့ ဘဝမျိုး၊ လွှတ်လပ်ခွင့်တွေ မျက်စိရှေ့တင် တတိတိ ဆုံးရှုံးသွားတာမျိုးတွေ မြင်နေတာတောင် သဘောပေါက်အောင် မကြိုးစားပဲ ပါတီစွဲ အတ္တစွဲကို မလွှတ်နိုင်နေကြရင် အဲဒီရုပ်ရှင်ထဲကလို ဘဝမျိုး ရောက်ကြဦးမှာပါ။

အိုဟိုင်းအိုးမှာ ရထားမှောက်တဲ့ အရှေ့ပါလက်စတိုင်းမြို့လေးဟာ ထရမ့်ကို ထောက်ခံတဲ့ အမာခံမြို့ကလေးဖြစ်တယ်လို့ တပ်ကာက ပြောသွားပါတယ်။ ဘူတဂျပ်ရဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက ရထားတို့ ကုန်ကားတို့နဲ့ပတ်သက်ပြီး တာဝန်ရှိပါတယ်။ ဖိတ်စင်သွားတဲ့ ဓါတုပစ္စည်းတွေကို မီးရှို့ခိုင်းလိုက်တော့ မီးခိုးမဲမဲထုကြီးက ကြောက်စရာကောင်းလှပါတယ်။ ဖျက်ဆီးဖို့ နည်းတွေအများကြီး ရှိနိုင်တဲ့ထဲက မီးရှို့ဖို့ဆုံံးဖြတ်တာက စဥ်းစားစရာဖြစ်ပါတယ်။ ဖြစ်တာကလည်း မြစ်နားမှာဆိုတော့ ရေထု လေထုကို စစ်ဆေးဖို့ဆိုတာ လုပ်ချင်ရင် မခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။

အခုကိစ္စမှာလည်း မီးရှို့ပြီး ၂ရက်အကြာမှာ စစ်ဆေးပြီး စိတ်ချရပြီဆိုတော့မှ ပြန်လာစေတာ မဟုတ်ပဲ မတားတော့လို့ ပြန်လာကြတာလို့ တပ်ကာက ဆိုပါတယ်။ လေထဲမှာ ပါတဲ့ အမှုန်တွေက သေးလွန်းလို့ N95နှာခေါင်းစည်းတပ်ထားရင်တောင် ဘာမှ မကာကွယ်ပါဘူးလို့ ဆိုပါတယ်။ အရှေ့ပါလက်စတိုင်းကို ကိုယ်စားပြုတဲ့ ပြည်နယ်အမတ်ကတော့ ဘူတဂျပ်ကို တောင်းဟောလ်မီတင်ကို လာဖို့ ဒေသခံတွေရဲ့ ပူပန်မှုတွေကို လာနားထောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: