ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၃

ဖေဖေော်ဝါရီ ၃ရက်နေ့က ရထားမှောက်ပြီး ပါလာတဲ့ ဓါတုပစ္စည်းတွေ မီးရှို့ပြစ်ခဲ့လို့ တိရိစ္ဆာန်တွေ အစုလိုက်အပြုံလိုက် အဆိပ်သင့်သေဆုံးကြသလို လူတွေလည်း ဓါတုအဆိပ်သင့်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မကြာခင် ခံစားလာရနိုင်တဲ့ အန္တရာယ်ရှိနေပေမယ့် ဘိုင်ဒန်တို့လက်အောက်က အရေးပေါ်စီမံခန့်ခွဲရေး ဖီးမားက ၂ပတ်ကြာပြီးတဲ့အထိ လာမယ့်အရိပ်အယောင် မပြခဲ့ပါဘူး။ ဒီတပတ်ထဲ ထရမ့်က သူအရှေ့ပါလက်စတိုင်းကို သွားပြီး သောကပွေနေတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမယ့်လို့ ကြေငြာလိုက်ပြီးတော့မှ ဖီးမားက သူတို့ အကူအညီပို့ပေးပါမယ်လို့ ကောက်ခါငင်ခါ ကြေငြာပါတယ်။ ထရမ့်က အာဏာလက်ရှိမဟုတ်ပေမယ့် သူသွားရင် မီဒီယာတွေပါမှာရယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တခြားပြည်သူတွေဆီကနေ အကူအညီတွေ ရလာနိုင်တာပါ။

စီအန်အန်က ဖီးမားနဲ့ အခြားအစိုးရအဖွဲ့တွေက ဒေသခံတွေ လုံခြုံဘေးကင်းဖို့ အကူအညီမပေးတာနဲ့ ပတ်သက်ပြီး ရထားမှောက်တဲ့ အိုဟိုင်းအိုးပြည်နယ်က အရှေ့ပါလက်စတိုင်းမြို့လေးဟာ ထရမ့်ရဲ့ အမာခံနယ်မြေဖြစ်လို့လို့ အကြောင်းပြပါတယ်။ တကယ်တမ်းမှာ (ဒီစီကလွဲလို့) ဘယ်နယ်မြေမှ ၁၀၀% အပြာ/အနီရယ်လို့ မရှိပါဘူး။ အရှေ့ပါလက်စတိုင်းမှာ ထရမ့်ကိုထောက်ခံတာ အလွန်ဆုံးရှိမှ ၇၀%ပါ။ ၁၀၀% ရှိတယ်ဆိုရင်တောင်မှ အဲဒါကို အကြောင်းပြပြီး သေစေလိုလို့ လုပ်ကြံတာဆိုတာက အလွန် သေးသိမ်ယုတ်ညံ့တဲ့ လုပ်ရပ်ပါ။

ဒီကိစ္စမှာ တာဝန်အရှိဆုံး ပို့ဆောင်ရေးဝန်ကြီး ပိဘူတဂျပ်က ဒီဒေသကို ဘယ်တော့သွားမလဲလို့ မေးတာမှာ လိုအပ်ရင် သွားမှာပါလို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက အဆိုပါဓါတုပစ္စည်းမီးရှို့တာဟာ ရှာနိုဘိုင်းလ်အငယ်စားလေးလောက်ကို ဒုက္ခပေးနိုင်ပါတယ်လို့ သတိပေးကြပါတယ်။ မီးရှို့ဖို့ အမိန့်ပေးတာက ဘယ်သူလည်းဆိုတော့ အိုဟိုင်းအိုးက ရီပါဘလစ်ကန်ဂါဗာနာ ဒီဝိုင်းက ကပ်လျက်က ပင်ဆယ်လ်ဗေးနီးယားဂါဗာနာ ရှာပီရိုရဲ့ ခွင့်ပြုချက်နဲ့ ရှို့ခိုင်းတာပါလို့ ဆိုပါတယ်။ ရှာပီရိုက (EPA က ဒီကိစ္စကို ရှင်းလင်းဖို့ တာဝန်ပေးထားတဲ့ Norfolk Southern က) သူ့ကို (မီးရှို့တာကလွဲလို့) တခြားရွေးစရာ မပေးဘူးလို့ ဆိုပါတယ်။ EPA က မီးရှို့ဖို့ သူတို့အမိန့်ပေးတာမဟုတ်ပဲ အရှေ့ပါလက်စတိုင်းက မီးသတ်အကြီးအကဲက Norfolk Southern ကလူတွေနဲ့ တိုင်ပင်ပြီး လုပ်တာလို့ ခေါင်းရှောင်ပါတယ်။ တကယ်ဆိုရင် အောက်ကဘာပဲဆုံးဖြတ်ဆုံးဖြတ် ပတ်ဝန်းကျင်ကို အဆိပ်သင့်စေတာဆိုရင် EPA က  သိလျက်နဲ့ တာဝန်မဲ့ လွှတ်မထားသင့်တာပါ။

ဘိုင်ဒန့်လက်ထက်မှာ တခုခုပြဿနာဖြစ်လာရင် ထိပ်ပိုင်းက ဘယ်သူ့လက်ချက်လဲဆိုတာက အမြဲပဟေဠိဖြစ်နေတာပါ။ နောက်မသင်္ကာစရာ ရှိတာက စီဒီစီပေ့ချ်မှာ ဗင်နိုင်းလ်ကလိုရိုက်နဲ့ ပတ်သက်တဲ့ အကြောင်းကို ရထားမှောက်တာ မဖြစ်ခင်လေးတင် ပြင်ထားလိုက်တာပါ။ ဘာတွေပြင်သလဲဆိုတော့ ဒီဓါတုပစ္စည်းကဖြစ်တဲ့ အဆိပ်ငွေ့တွေ ရှုမိ၊ သောက်/သုံးမိ ထိမိရင် ဘာလုပ်ရမယ်ဆိုတဲ့ ပြည်သူ့ကျန်းမာရေး သတိပေးချက်ကို ဖြုတ်ထားလိုက်တာပါ။ တိုက်ဆိုင်တာလား၊ တဖက်ကမ်းခတ်တဲ့ ယုတ်မာမှုလားဆိုတာတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။ ဆိုးကျိုးတွေထဲက တခုက ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်သွားတာရယ်၊ ပျက်မကျရင်လည်း အရိုးတည်ဆောက်မှု ပုံမမှန်တာတွေ ဖြစ်နိုင်တာပါ။

ဒီစီမှာရှိတဲ့ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ အရေးပေါ်သန္ဓေတားဆေးကို အချိုရည်တို့ မုန့်တို့လိုပဲ vending machine ကနေ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ အဲဒီလို ရောင်းချပေးဖို့ ကျောင်းသားတွေကပဲ ဦးဆောင်ကြိုးပမ်းခဲ့ကြတာလို့ ဆိုပါတယ်။ အရေးပေါ်သန္ဓေတားဆေးဆိုတာက ဖြစ်သွားပြီးမှ သောက်တဲ့ဆေးဆိုတော့ ကဝဖျက်ချတာမျိုးနဲ့ အလားတူပါတယ်။ ဖျက်ချတဲ့အပိုင်းကို ပြောချင်တာ မဟုတ်ပေမယ့် သားအိမ်အပေါ် ဆိုးကျိုးက ကြီးပါတယ်။ ဆေးဆိုင်မှာဆိုရင် ဘယ်နှစ်ကြိမ်မြောက်သောက်တာလဲဆိုတာ သိနိုင်တော့ ဆေးဝါးပညာရှင်က သတိပေးနိုင်တာ တပန်းသာပါတယ်။ ဘာဖြစ်ဖြစ် လူလျော့ပြီးရောဆိုရင်တော့လည်း တမျိုးပေါ့။

နယူးယောက်က အစိုးရဆေးရုံတွေဟာ တရားမဝင်ဝင်ရောက်လာသူတွေကို မစ်တောင်းမန်ဟက်တန်က ဟိုတယ် ၄ခုမှာ ထားဖို့ ၉၃.၈သန်း သုံးစွဲမယ်လို့ စီစဥ်ထားကြောင်း နယူးယောက်ပို့စ်က တင်ပြထားပါတယ်။ NYC Health + Hospitals ရဲ့ စီအီးအို မစ်ချယ်ကက်ဇ်က တိုင်းစ်စကွဲနားက ကြယ်၄ပွင့်အဆင့်ရှိ Row NYC ကို သန်း၄၀၊ မေဒီဆင်စကွဲဂါဒင်ရှေ့က ကြယ်၄ပွင့်အဆင့်ရှိ စတီးဝပ်ဟိုတယ်ကို ၂၈သန်း၊ Hell’s Kitchen က ဝပ်ဆန်ဟိုတယ်ကို သန်း၂၀၊ ၃၁လမ်းက ဝေါလ်ကော့ဟိုတယ်ကို ၅.၈သန်းပေးဖို့ အတည်ပြုချက်ပေးလိုက်ပါပြီ။

အရင်လက Row NYC က ဝန်ထမ်းတွေဟာ ဟိုတယ်မှာ လာထားတဲ့ နယ်စပ်ဖြတ်ဝင်တွေ မစားတဲ့အတွက် စားစရာ အလေးချိန် ၁တန်လောက်ကို နေ့တိုင်းလွင့်ပစ်နေရတယ်လို့ သိရပါတယ်။ အဲဒါကို ဟိုတယ်ဝန်ထမ်းတဦးကပဲ သတင်းပေးတာပါ။ အဆိုပါဝန်ထမ်းက သူ့ဟိုတယ်ဟာ အရင်က နာမည်ရှိ အဆင့်ရှိပြီး Lullaby of Broadway လို့ ကြော်ငြာခဲ့တာကနေ ခုတော့ လိင်၊ မူးယစ်ဆေးနဲ့ ဆူပူသောင်းကျန်းမှုတွေနဲ့ ပြည့်နေတဲ့ သာလာယံဇရပ်လို ဖြစ်နေပြီလို့ ဆိုပါတယ်။ ဝပ်ဆန်ဟိုတယ်ကတော့ တလောကမှ ဟိုတယ်မှာထားထားတဲ့ ခိုးဝင်တွေကို ဘရွတ်ကလင်က shelter ကိုပြောင်းထားလို့ မိုင်းဂရန့်တွေ ဆန္ဒပြကြပါသေးတယ်။ ပြည်သူ့ကျန်းမာရေးဘတ်ဂျက်ထဲက ခွဲပေးနေရတာဆိုရင်တော့ အခွန်ထမ်းပြည်သူတွေအတွက် မလွယ်ပါဘူး။ ဟိုလူတွေက ကျန်းမာရေး နေရေး စားရေး အခမဲ့ရပေမယ့် သူတို့တွေကြောင့် လက်ရှိကျန်းမာရေးစနစ်မှာ ဝန်ပိုပိမှာဆိုတော့ ကျန်းမာရေးကောင်းအောင်သာ ဆုတောင်းနေကြပါ။

ဂျန်၆အဖြစ်အပျက်မှာ ဒီစီကရဲတွေက အရပ်ဝတ်နဲ့ ဆန္ဒပြလူတွေကြားသွားပြီး ကာပီတိုထဲ မဝင်ဝင်အောင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခဲ့ကြတယ်လို့ တရားစွဲခံထားရတဲ့သူတဦးက ရုံးတော်ကို တင်ပြခဲ့ပါတယ်။ အရပ်ဝတ်ရဲတွေထဲကတဦးက ပစ်သတ်ခံရတဲ့ ရေတပ်သားဟောင်း အက်ရှ်လေဘက်ဘစ်နောက်ကနေ လိုက်ဝင်သွားပြီး တဦးဦးတော့ အပစ်ခံရလိမ့်မယ်လို့ ပြောနေကြပြီး အထောက်အထားဗီဒီယိုထဲမှာ အရပ်ဝတ်ရဲတွေက ငါတို့က ဒီလိုဖြစ်လာဖို့ ပြင်ဆင်ထားတာလို့ ပြောနေကြတာပါ ပါဝင်ပါတယ်။ ဗီဒီယိုတွေကို တရားသူကြီးတွေနဲ့ တရားရေးဌာနက အပြင်ကို လုံးဝမထွက်အောင် ကျပ်တည်းထားတဲ့အတွက် မီဒီယာက မှိုင်းတိုက်သမျှပဲ အပြင်မှာ သိရတာ ဖြစ်နေပါတယ်။

Pew သုတေသနက ဒေတာတွေအရ အသက် ၃၀အောက် အမျိုးသားတွေရဲ့ ၆၃% ဟာ အိမ်ထောင်/ချစ်သူ မရှိတဲ့ တကိုယ်တည်းသမားတွေဖြစ်ကြပြီး အဲဒီလိုဖြစ်ဖို့ကို ရွေးချယ်လိုက်ကြတာလို့ ဆိုပါတယ်။ သူတို့ဟာ အပြင်ထွက်ပြီး ချစ်သူ/အဖော်ရှာမယ့်အစား ဆိုရှယ်မီဒီယာနဲ့ အဖော်အချွတ်ပွန်းတွေနဲ့သာ အဖော်လုပ်ဖို့ စိတ်အားထက်သန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၉တုန်းက တကိုယ်ရည်သမားအမျိုးသားက ၅၁% ပဲရှိတာကြောင့် ပလန်ဒဲမစ်ကာလက လူတွေရဲ့ လူမှုဆက်ဆံရေးဘဝတွေကို သိသိသာသာ ပြောင်းလဲပေးလိုက်သလို ဖြစ်နေတာပါ။ အသက် ၃၀အောက် တကိုယ်ရည်အမျိုးသမီးက ၂၀၁၉မှာ ၃၂% ကနေ ၂၀၂၂မှာ ၃၄% ဆိုတော့ သိပ်တက်မလာတာက ကျားနဲ့ မကြား ကွာဟမှုကို ပြနေပါတယ်။ ဘာပဲဖြစ်ဖြစ် လူဦးရေတိုးနှုန်း ကျသွားမှာဖြစ်လို့ ဒီမိုကရက်တွေကတော့ ပျော်မှာပါပဲ။

စိတ်ဝင်စားစရာကောင်းတာက အသက် ၁၈နှစ်က ၅၀အတွင်း အုပ်စုမှာ အမျိုးသား တကိုယ်ရည်သမားက အမျိုးသမီးတကိုယ်ရည်သမားထက် များနေပြီး အသက် ၅၀ကျော်သွားရင်တော့ အမျိုးသားတကိုယ်ရည်သမားက အမျိုးသမီးတကိုယ်ရည်သမားထက် နည်းလာပြီး ၆၅နှစ်အထက်ရောက်သွားရင် အမျိုးသားတကိုယ်ရည်သမားက အမျိုးသမီးတွေထက် အများကြီးကို နည်းသွားတာ ဖြစ်ပါတယ်။ အသက်ငယ်လေ အမျိုးသားတွေ တကိုယ်တည်းနေလေ၊ အသက်ကြီးလေ အမျိုးသမီးတွေ တကိုယ်တည်း ဖြစ်သွားလေပါပဲ။ ဘယ်လိုမြင်ကြလဲဟင်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: