မတ်လ ၁၁ ရက် ၂၀၂၃

ဆီလီကွန်ဗယ်လီဘဏ် SVB ရဲ့ ပြိုလဲမှုဟာ ၁၉၃၀ အထွေထွေစီးပွားပျက်ကပ်ကြီးနောက်ပိုင်း အကြီးဆုံးနဲ့ သမိုင်းမှာ အကြီးမားဆုံး ဘဏ်ပြိုလဲမှုအဖြစ် သမိုင်းဝင်ခဲ့ပါပြီ။ အမေရိကန်မှာ ၁၆ ခုမြောက် အကြီးဆုံးဖြစ်တဲ့ SVB ဟာ FDIC က အာမခံထားတဲ့ ဘဏ်တခုဖြစ်ပြီး ၂၀၂၂ နှစ်ကုန်မှာ asset စုစုပေါင်း ၂၀၉ ဘီလီယံရှိပြီး ဘဏ်အပ်ငွေပေါင်း ၁၇၅.၄ဘီလီယံ ရှိခဲ့ပါတယ်။ ဒီတပတ်အစောပိုင်းမှာ ဘွန်းတွေကို အဆမတန်လျော့ဈေးနဲ့ ၂၁ဘီလီယံဖိုး ရောင်းချခဲ့အပြီး ၁.၈ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။  

ပြီးခဲ့တဲ့ ၆လက တရှယ်ယာကို ၄၀၀ကျော်ဈေးရှိနေတဲ့ဘဏ်ဟာ ကြာသပတေးနေ့က ၁၀၀အောက် ရောက်သွားအပြီး သောက်ြာနေ့မှာ trading ရပ်ထားလိုက်ရပါတယ်။ Goldman Sachs က တရှယ်ယာကို ၉၅နဲ့ ဝယ်ဖို့ လုပ်ပေမယ့် ရောင်းချသူများလွန်းတာကြောင့် အဲဒီဈေးအောက် ရောက်သွားတဲ့အတွက် အဆင်မပြေပြန်ပါဘူး။ ဗုဒ္ဓဟူးနေ့အထိ ၂၆၀ကျော် ရှိနေသေးတဲ့ အကြောင်းရင်းကလည်း စတော့အကြောင်း သိပ်နားမလည်သူတွေ အကြည့်များတဲ့ ခရိမ်မာနဲ့ တခြားအင်ဗစ်မန့်ဂုရုလို့ အမည်ခံထားသူတွေက အရင်လကအထိ ဒီဘဏ်က ခိုင်တယ်၊ ခဏကျတာမပူနဲ့လို့ ပြောနေတာလည်း ပါပါတယ်။ ခရိမ်မာပြောရင် ပြောင်းပြန်လုပ်ရမှာပါ။

အပ်ငွေပြန်ထုတ်ချင်တဲ့သူတချို့လည်း ရဲခေါ်နှင်တာ ခံကြရပါတယ်။ တချို့လုပ်ငန်းရှင်တွေက အပ်ငွေ ၁၀သန်းကျော် အထိ ထားကြပြီး FDIC က ဘဏ်တခုမှာ အပ်သူတဦးကို ၂သိန်းခွဲအထိပဲ အာမခံ ပေးထားတာဖြစ်လို့ ကျန်ငွေတွေ ပလုံမယ့်အရေး ရင်ပူနေကြရပါတယ်။ US venture-backed startup တွေရဲ့ တဝက်နီးပါးနဲ့ 2022ထဲမှာ public သွားတဲ့ venture-backed tech & Healthcare ကုမ္ပဏီတွေရဲ့ ၄၄% က SVB ရဲ့ client တွေ ဖြစ်ကြပါတယ်။

SVB ရဲ့ CEO Greg Becker က ပြီးခဲ့တဲ့ ၂ပတ်ကမှ ရှယ်ယာ ၂သန်းကျော်ဖိုး ထုတ်ရောင်းထားပြီး ဘဏ်ရဲ့ အကြီးတန်းအရာရှိတွေဟာလည်း သူတို့ရှယ်ယာတွေ အသီးသီး ထုတ်ရောင်းထားကြတဲ့အတွက် ဘဏ်ပြိုကွဲမှာ သူတို့က သိနေပုံ ရပါတယ်။ ဘဏ်အခြေအနေ မဟန်တော့တဲ့အခါ အဆိုပါတာဝန်ရှိသူများက တာဝန်ခံရတာမျိုး ဖြစ်သင့်ပါလျက်နဲ့  California Department of Financial Protection and Innovation က ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။ ၂၀၀၈တုန်းကလည်း ဘဏ်တွေ ပြိုကွဲမလိုဖြစ်လိုက် အစိုးရက ဝင်ထိန်းလိုက်နဲ့ တာဝန်ရှိတဲ့ စီအီးအိုတွေက ငွေထုတ်လေးပိုက်ပြီး အေးဆေး၊ အစိုးရ ကုန်ကျသမျှက ပြည်သူ့အိတ်ထဲကလာတာဆိုတော့ ဒါလဲ ခိုးခြင်းတမျိုးပဲလို့ ပြောရမှာပါ။

ဘိုင်ဒန်အစိုးရက ဒီဘဏ်ကျဆုံးတာကို ယူကရိန်းလောက် အလေးမထားပုံပါပဲ။ အခုလို ဘဏ်တွေပြိုလဲတာ အကြောင်းတခုက ဘဏ်ရာထူးတွေမှာရော ငွေချေးရာမှာပါ အရည်အချင်းရှိသူ ပြန်ဆပ်နိုင်သူကို ဦးစားမပေးပဲ အီးအက်စ်ဂျီခေါ်တဲ့ အသားရောင်စတာကို ဦးစားပေးနေတာလည်း ပါပါတယ်။

အမေရိကန်မှာ ဒုတိယအကြီးဆုံး ဆေးဆိုင်ချိန်းဖြစ်တဲ့ Walgreens ဟာ ပြည်နယ် ၂၀မှာ ကိုယ်ဝန်ပျက်စေတဲ့ သောက်ဆေး (Mifepristone & Misoprostol) တို့ကို ဆိုင်မှာရော စာတိုက်ကနေပါ ရောင်းချမှု မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြည်နယ် ၂၁ခုက ရီပါဘလစ်ကန် ရှေ့နေချုပ်တွေက ကိုယ်ဝန်ပျက်ဆေး ရောင်းချမှုဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်သွားနိုင်တယ်လို့ သတိပေးအပြီးမှာ ဝေါဂရင်းက အခုလို ဆုံးဖြတ်လိုက်တာပါ။ ကယ်လီဖိုးနီးယားမှာ ရောင်းချပေးမှာဖြစ်ပေမယ့် နျူဆမ်က ဝေါဂရင်းနဲ့ အလုပ်ဆက်မလုပ်တော့ဘူး၊ ၅၄သန်းတန် ကန်ထရိုက်ကိုလည်း ရပ်လိုက်တော့မယ်လို့ ကြေငြာပါတယ်။

ပလန်းပဲရင့်ဟွတ်မှာ လုပ်ခဲ့တဲ့ အက်ဘီဂျွန်ဆင်က သူမကိုယ်တိုင် အဲဒီဆေးတွေ သုံးခဲ့ဖူးကြောင်း၊ ဒုတိယနေ့ဆေးသောက်ပြီး ၁နာရီအကြာမှာ စပြီးသွေးဆင်းကြောင်း၊ အဲဒီကနေ မရပ်မနား ဒလဟော သွေးတွေ အခဲတွေ ဆင်းတဲ့အပြင် ဗိုက်ကလည်း မခံမရပ်နိုင်အောင် နာခဲ့ကြောင်း၊ တညလုံး bathroom ထဲမှာပဲ အိပ်ခဲ့ရကြောင်း၊ နောက်တနေ့ ပလန်းပဲရင့်ဟွတ်ကို ဖုံးဆက်တော့ ဒါက ပုံမှန်ပါပဲလို့ ပြောကြောင်း၊ အဲဒီလို ၈ပတ်ကြာ ခံစားခဲ့ရတာ သေပြီလို့ကို ထင်ခဲ့ကြောင်း၊ ပလန်းပဲရင့်ဟွတ်က ပုံမှန်ရာသီထက် ပိုများတဲ့ သွေးဆင်းမှုနဲ့ ကိုက်ခဲတာမျိုးတော့ ရှိမယ်လို့ပဲ ပြောခဲ့လို့ အဲဒီဆေးသောက်ဖို့ ရွေးခဲ့တာဖြစ်ကြောင်း၊ သူလုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀တုန်းကတောင် အဲဒီ ၂ရက်စာ ဆေးအတွက် $၄၀၀ ပေးခဲ့ရကြောင်း၊ ဆေးသောက်ပြီး ကိုယ်ဝန်ဖျက်တာဟာ ခွဲခန်းထဲမှာ ကိုယ်ဝန်ဖျက်တာထက် အများကြီးပို အန္တရာယ်ရှိကြောင်း ပြောကြားထားပါတယ်။

တရုတ်ပြည် ရှန်ဟိုင်းကျောင်တောင်တက္ကသိုလ်ရဲ့ ရန်ဂျီဆေးရုံက တရုတ်ဆရာဝန်တွေဟာ မွေးကင်းစကလေးတွေရဲ့ ကျောက်ကပ်ကို နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်နေတဲ့ လူကြီးတွေထံ အစားထိုးပေးခဲ့ကြမှု ၂ခု တွေ့ရှိကြောင်း နိုင်ငံတကာပညာရှင်တွေဂျာနယ်မှာ မကြာသေးမီက ဖော်ပြထားပါတယ်။ လမပြည့်တဲ့ ကလေးတွေကို မွေးပြီး ၁ရက်နဲ့ ၃ရက်မှာ ကျောက်ကပ် ထုတ်ယူခဲ့တာဖြစ်ပါတယ်။ ကျောက်ကပ်အစားထိုးဖို့ တစ်ရှုးစစ်ပြီး ကိုက်မကိုက် စမ်းတာကတင် လနဲ့ချီကြာနိုင်တဲ့အတွက် ကလေးတွေကို ဝမ်းထဲမှာထဲက တစ်ရှူးကြိုစစ်ထားပုံရတယ်လို့ ဆိုပါတယ်။

ကလေးတွေရဲ့ မိဘတွေကတော့ သွေးလည်ပတ်မှုပြဿနာနဲ့ မွေးပြီး ၂-၃ရက်အကြာမှာ စက်အကူနဲ့ အသက်ရှင်တာတွေ​ ရပ်ပစ်ဖို့နဲ့ ကျောက်ကပ်လှူဖို့ သဘောတူထားတယ်လို့ အဲပုခ်တိုင်းမ်စ်မှာ ဖော်ပြထားပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကလေးကရတဲ့ ကျောက်ကပ်ကို ကလေးမှာပဲ ထည့်ပေးကြပါတယ်။ အခု ကျောက်ကပ်လက်ခံသူက ၃၅နှစ်နဲ့ ၂၅နှစ်တွေပါ။ ဒီလောက်ငယ်ငယ်နဲ့ ကျောက်ကပ်ပျက်တာလည်း အံ့ဩစရာဖြစ်သလို မွေးထွက်လာရင် ဘယ်လိုဖြစ်မယ် မသိသေးပဲ မမွေးခင်ထဲက တစ်ရှုးစစ်နေတာကလည်း မေးခွန်းထုတ်စရာပါပဲ။ ကျင့်ဝတ်သိက္ခာမရှိ၊ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အစိုးရနဲ့ ငြင်းပိုင်ခွင့်မရှိ လက်နက်မရှိတဲ့ ပြည်သူတွေအတွက်ကတော့ ရင်မောစရာချည့်ပါပဲ။  

အမေရိကန်ကမ်းခြေတွေမှာ ဝေလငါးတွေ သောင်တင်မှုတိုးတိုးလာနေပြီး အဲဒီလို ဖြစ်တာကလည်း ကမ်းခြေတလျောက် လေရဟတ်ကြီးတွေရှိတဲ့ နေရာတွေမှာပဲ ဖြစ်နေတာပါ။ အဲဒီလိုအန္တရာယ်ရှိလာနိုင်တာကို the National Ocean Atmospheric Association က သတိပေးထားခဲ့ပေမယ့် Marine Mammal Commission က ပတ်သက်မှုမရှိကြောင်း ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ လေရဟတ်ကြောင့် ငှက်တွေ အပိုင်းပိုင်းပြတ်ခဲ့တာလည်း မနည်းတော့ပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အသံကောင်းဟစ်နေတဲ့ အစိုးရကတော့ ညစ်ပတ်တဲ့အာဂျင်ဒါတွေကို နာမည်လှလှတွေအောက်မှာ ကာဗာယူပြီး အကောင်အထည်ဖော်ဖို့ လုပ်နေဆဲပါ။

အက်ဖ်ဘီအိုင်ဟာ သူ့လူတွေကို ဆေးရုံတွေနဲ့ တိတ်တဆိတ်ဆက်သွယ်ပြီး ပြည်သူတွေရဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို တရားမဝင် ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ သူတို့က ဆေးရုံတွေကို ဖိအားပေးပြီး behavioral health နဲ့ ပတ်သက်လို့ ကုသမှု ခံယူနေတဲ့သူတွေ ပိုင်ဆိုင်တဲ့ လက်နက်တွေကို သိမ်းယူခဲ့တာပါ။ Behavioral health ဆိုတာက စိတ်ရောဂါဖြစ်နေတာမျိုး မဟုတ်ပဲ စိတ်ဖိစီးတာ၊ အစားနဲ့ ပတ်သက်တဲ့ အကျင့်၊ အရက်၊ မူးယစ်ဆေး၊ ကိုယ့်ကိုယ်ကို နာကျင်စေမှု စသည် အထိ ဖြစ်လာတဲ့ လူတွေရဲ့ အမူအကျင့်တွေကို ပြုပြင်ပေးတာ ဖြစ်ပါတယ်။ ဒီလို ကုသမှုခံယူတာကိုက ကောင်းချင်တဲ့ စိတ်ရှိလို့ဖြစ်ပြီး ကုသမှုရေဒါထဲမှာ ရှိနေသ၍ အများပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်ဖို့ နည်းပါတယ်။ တကယ်တမ်း အများပြည်သူအတွက် အန္တရာယ်ရှိမယ်ဆိုရင်တောင် လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး ဥပဒေ ပြုရင်ပြု၊ ကြားကာလမှာ တရားရုံးခွင့်ပြုချက် ရယူသင့်ပါတယ်။ အဲဒီလိုမဟုတ်ပဲ အာဏာရှင်တွေလို ထင်တိုင်းကြဲပြီး ပြည်သူ့ရပိုင်ခွင့်ကို လိုက်ပိတ်ပင်နေတာဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းနဲ့ ဝေးရာကို ဦးတည်နေတာပါပဲ။

မက္ကဆီကိုသမ္မတက အမေရိကန်မှာရှိတဲ့ မက္ကဆီကန်နဲ့ တောင်အမေရိကနွယ်ဖွားတွေကို ၂၀၂၄ ရကပွဲမှာ ရီပါဘလစ်ကန်တွေကို မဲမပေးကြဖို့ ကမ်ပိန်းစလုပ်တော့မယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် ၄ဦး ပြန်ပေးဆွဲခံရပြီး ၂ဦးသေတဲ့နောက်မှာ ရီပါဘလစ်ကန်တွေက နယ်စပ်ကနေ ဖန်တနိုင်းခိုးသွင်းမှုတွေ ဟန့်တားဖို့ စစ်တပ်သုံးသင့် သုံးရမယ် ဆိုလို့ပါတဲ့။ မက္ကဆီကိုပြည်သူတွေ အပေါ် စော်ကားပြိး ငါတို့လွတ်လပ်မှုကို မထီမဲ့မြင်ပြုတဲ့အတွက် ရီပါဘလစ်ကန်တွေ ဟစ်ပါးနစ်မဲ တမဲမှ မရစေရလို့ ကြုံးဝါးထားတာပါ။ အိမ်နီးချင်းကောင်းဆိုရင် မူးယစ်ဆေးခိုးသွင်းမှုကို အတူပူးပေါင်း အဖြေရှာဖို့ သင့်ပါတယ်။ ဒါပေမယ့်လည်း မက္ကဆီကိုကို ဖန်တနိုင်းကုန်ကြမ်း ကုန်ချောတွေ အဓိက ပံ့ပိုးပေးနေတာက တရုပ်ကြီးဆိုတော့ မလွန်ဆန်နိုင်ဘူး ထင်ပါရဲ့။ တိုင်းပြည်ကို အကျိုးမဲ့ဖြစ်စေချင်သူတွေကတော့ တိုင်းပြည်ကို အရေးမစိုက်ပဲ အိတ်ဖောင်းဖို့ပဲ ကြံတဲ့ ခြစားတွေနဲ့ပဲ အလွမ်းသင့်မှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: