SVB ပြဿနာနဲ့ အစိုးရရဲ့ ဒီဖက်တိုဘေးလ်အောက်

SVB နဲ့ Signature ဘဏ်တွေ ပြိုလဲရတဲ့ အစကတော့ ပန်ဒဲမစ်ကာလက စတာပါ။ စီးပွားရေးတော်တော် ကျုံ့သွားတဲ့နောက် ပြန်ကျယ်ပြန့်လာအောင် တွန်းအားပေးဖို့ FR က အတိုးနှုန်းတွေကို သုညနီးနီး ရောက်အောင် နှိမ့်ပစ်ခဲ့ပါတယ်။ အကျိုးအမြတ်အဖြစ်ဆုံးကတော့ tech sector ပဲ ဖြစ်မှာပါ၊ တက်ခ်ကုမ္ပဏီတွေဟာ အတိုးနဲနဲနဲ့ ချေးငွေတွေ အမြောက်အများရလာတဲ့အတွက် ငွေတွေ မတရားပေါပြီး ကုမ္ပဏီရဲ့ တန်ဖိုးကိုလည်း အမြင့်ကြီးတန်ဖိုးဖြတ်လာကြပါတယ်။ SVB က အဲဒီဖြစ်ရပ်တွေမှာ အရင်ဆုံး အမြတ်ထွက်ခဲ့သူပါ။ ၂၀၂၁မှာ venture capital က ကျောထောက် နောက်ခံပေးထားတဲ့ startup တွေဟာ ၃၃၀ ဘီလီယံအထိ raise လုပ်နိုင်ခဲ့ပါတယ်။ အဲဒီ ပမာဏဟာ ၂၀၂၀ရဲ့  ၂ဆဖြစ်ပါတယ်လို့ Ariel Ziber က နယူးယောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

အပ်ငွေအားဖြင့်ဆိုရင်လည်း ၂၀၁၈မှာ ၄၉ဘီလီယံကနေ ၂၀၂၀ အကုန်မှာ ၂ဆတိုးပြီး ၁၀၂ ဘီလီယံ၊ ၂၀၂၁မှာ ၁၈၉.၂ ဘီလီယံအထိ ကိုင်ထားနိုင်ပြီ​ဖြစ်ပါတယ်။ ၂၀၂၂ အကုန်ကျတော့ အပ်ငွေက ၁၇၅.၄ ဘီလီယံကို စဆင်းလာပြီး IPO သွားတဲ့ startup တွေဟာ စတော့ဈေးကွက်မှာ ဝယ်လိုအား မကောင်းနေတာကို အထိတ်တလန့် ကြုံတွေ့လာရပါပြီ။ Startup တွေ သုံးကြတဲ့ဘဏ်ဖြစ်လို့ ၉၀% ကျော်သော အပ်ငွေတွေဟာ FDIC ရဲ့ ၂၅၀,၀၀၀ အာမခံထက် ကျော်တာချည့်ပါပဲ။

IPO တွေ အားရစရာမရှိလို့ အပ်ငွေတွေ လျော့လာတဲ့ SVB ဟာ ဘဏ်လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့ သူ့လက်ထဲက ငွေသားတွေကို higher yield, long term mortgage-backed securities and bonds တွေမှာ ရင်းနှီးမြှုပ်နှံပါတော့တယ်။ ၂၀၂၂ထဲမှာ ဘိုင်ဒန့်ကျေးဇူးကြောင့် အရှိန်ပြင်းပြင်းတက်လာတဲ့ ငွေဖောင်းပွမှုကို ဇက်သတ်ဖို့ အတိုးနှုန်းတွေကို ပြန်မြှင့်ခဲ့ပါတယ်။ ငွေဖောင်းပွမှုက အချိန်တိုအတွင်း အတက်မြန်တာကို ကုစားဖို့ အတိုးနှုန်းတွေကို ခပ်စိတ်စိတ် တက်ပေးနေတာ တွေ့ရပါတယ်။

အတိုးနှုန်းတက်လာတော့ အရင်အတိုးနဲတုန်းက ဝယ်ထားတဲ့ ဘွန်းတွေက အလိုလိုတန်ဖိုး ကျကုန်ပါတယ်။ Tech sector မှာလည်း ဝင်ငွေတွေက ပြီးခဲ့တဲ့လတွေမှာ ကျလိုက်လာတော့ balance sheet မှာ ပေါ်လာတဲ့ အပေါက်တွေကို ဘယ်လိုမှ လိုက်ပိတ်လို့မနိုင် ဖြစ်ကုန်တာပါပဲ။ ၂၀၂၂ နိုဝင်ဘာတုန်းက SVB ရဲ့ ၁၆ ဘီလီယံ unrealized losses က ပြဿနာအကြီးကြီးဖြစ်လာနိုင်တယ်လို့ JPMorgan က သတိပေးထားတာပါ။

မတ်လ ၁၀ရက်နေ့မှာ SVB ရဲ့ asset တွေကို FDIC က ဝင်စီးလိုက်ပြီး မတ်လ ၁၂ရက်နေ့မှာ ဘိုင်ဒန့် ဘဏ္ဍာရေးဝန် Janet Yellen, FR Chair Powell, FDIC Chair Gruenberg တို့က SVB ကို အစိုးရက ၂၀၀၈တုန်းက ဘဏ်တွေကို bail-out လုပ်ခဲ့သလို မလုပ်ပါဘူး၊ ဒါပေမယ့် ဘဏ်မှာ FDIC က အာမခံတာထက်ကျော်ပြီး ငွေအပ်ထားသူတွေကို ငွေပြန်ရအောင်တော့ ရွေးစရာတွေ အများကြီး ပေးထားဖို့ လိုပါတယ်၊ အပ်ငွေတွေအကုန် ပြန်ရရမယ်လို့ ကြေငြာချက်ထုတ်ပါတယ်။ ယဲလန်က ဒီဘဏ်ပြဿနာကို ရှင်းဖို့ သုံးရတဲ့အရှုံးမှန်သမျှက အခွန်ထမ်းပြည်သူတွေဆီက မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။ သူမဆိုလိုတာက ဒီဘဏ်ပြိုလဲမှုမှာ သုံးရမယ့်ပိုက်ဆံတွေကို ရိုက်ထုတ်မှာလည်းမဟုတ် ဘဏ်ဏ္ဍာတိုက်ကလည်း ကဲ့ထုတ်မှာ မဟုတ်လို့ bail out မဟုတ်ဖူးလို့ မျက်လှည့်ပြလိုက်တာပါ။

အဲဒါဆိုရင် ဘယ်ကပိုက်ဆံနဲ့ အမ်းပေးမှာလည်းဆိုတော့ FDIC က အာမခံပိုက်ဆံတွေ၊ ဈေးကွက်တည်ငြိမ်အောင် အရေးပေါ်ထိန်းဖို့ဖယ်ထားတဲ့ exchange stabilization fund ၁၀၀ဘီလီယံ ကနေ သုံးရမှာပါ။ ပြဿနာက SVB မှာ အပ်ထားတာတွေရဲ့ ၈၅-၉၀% က FDIC limit ထက် အများကြီး ကျော်နေတယ်လေ။ နောက်ပြီးတော့ အဲဒီ ၁၀၀ ဘီလီယံ fund ကလည်း မိုးပေါ်က ကျလာတာမှ မဟုတ်တာ၊ ဘဏ္ဍာတိုက်နဲ့ အခွန်တွေကပဲ​ ရခဲ့တာဖြစ်လို့ အစိုးရ bail out မဟုတ်ဘူးလို့ ပြောတာက လက်တလုံးခြား ဝိနည်းလွတ်ပြောတာပါပဲ။

ဘဏ်အပ်ငွေတွေနဲ့ FDIC အာမခံငွေအကြား ကွာဟမှုကို ဖြည့်စည်းဖို့  Bank Term Financing Program တောင် တီထွင်ထားပါသေးတယ်။ အကျိုးဆက်က ဘဏ်သမားတွေ ဘယ်သူမှ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး၊ ထင်တိုင်းကြဲပြီး အခြေအနေမဟန်ရင် ကိုယ့်စတော့လေး ထုတ်ရောင်းလိုက်ရုံပဲ၊ client တွေတရားစွဲမှာ ပူစရာမလိုဘူး၊ အစိုးရ ကြည့်ရှင်းလိမ့်မယ်ပေါ့။ တကယ်လည်း ဘဏ်တွေ ခဏခဏ fail ဖြစ်နေကြတာပါပဲ၊ SVB လောက်ကြီးတာမဟုတ်လို့ အုတ်အော်သောင်းနင်း မဖြစ်တာပါ။

ယဲလန်က ရှင်းပေးမယ်ဆိုတာက ဘဏ်အပ်ငွေပဲလေ။ ဘွန်းဝယ်ထားသူတွေ၊ ရှယ်ယာရှင်တွေအတွက် ဘာတခွန်းမှ ထည့်မပြော သွားပါဘူးလို့ Tom Ellsworth က ဝေဖန်သွားပါတယ်။ ယဲလန်ကပဲ အင်ဖလေးရှင်းက ယာယီပါလို့ ၂၀၂၁ ဇွန်လက ပြောခဲ့ပြီး ဒီနှစ်မတ်လ ၇ရက်နေ့ကမှ အမေရိကန်ရဲ့ လာမယ့်နှစ်တွေမှာ ကလိုင်းမိတ်ချိန့်က asset value တွေကို အများကြီးတန်ဖိုးကျစေမှာဖြစ်လို့  အမေရိကန်ရဲ့ စီးပွားရေးနဲ့ ငွေကြေးအပေါ် သက်ရောက်မှုကြီးလိမ့်မယ်လို့ ပြောထားတာပါ။

အဲဒီနေ့မှာပဲ commercial bank တခုဖြစ်တဲ့ နယူးယောက်အခြေစိုက် Signature ဘဏ် ကို ပိတ်လိုက်ရပါပြီ။ ၂၀၀၀အစောပိုင်းနှစ်တွေက Signature Bank က executive တွေဟာ သူတို့အကြောင်း သူတို့ပါဝင်သီဆို သရုပ်ဆောင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ သီချင်းခွေတွေ ထုတ်ဖို့ ကသန်းနဲ့ချီသုံးခဲ့ပါသေးတယ်။

ဆန်ဖရန်အခြေစိုက် First Republic ဘဏ်လည်း ရှယ်ယာတွေ ၇၃% ထိုးကျခဲ့ပြီး ဘဏ်ဖောက်သည်တွေဟာ ငွေတွေ ပြေးထုတ်နေကြကြောင်း မနေ့က သတင်းတွေ ထွက်လာပြီးနောက်မှာ အခြေအနေ ပြန်တည်ငြိမ်နေတယ်လို့ သိရပါတယ်။။ Credit rating တွေထုတ်တဲ့ Moody က First Republic Bank, Western Alliance Bancorp, Intrust Financial IFNC, UMB Financial, Zions Bancorp, Comerica တို့ကို credit rating ချပစ်ခဲ့ပါတယ်။

အခုလိုတွေဖြစ်လာဖို့ အကြောင်းတခုက အိုဘားမားစခဲ့တဲ့ bank reform တွေ ဖြစ်ပါတယ်။ Asset ၂၅၀ဘီလီယံအောက်မှာ ရှိတဲ့ ဘဏ်တွေကို စနစ်ကြီးတခုလုံးအတွက် သိပ်ဒုက္ခမပေးနိုင်ဘူးလို့ သတ်မှတ်ပြီး stress test တွေ လျော့ချခဲ့သလို အရေးပေါ်လာရင် ငွေဖော်နိုင်မယ့် liquidity requirement တွေကိုလည်း လျော့ချပစ်ခဲ့ပါတယ်။  

ဘဏ်အပ်ငွေတွေကို အစိုးရက တာဝန်ယူမယ်လို့ လွယ်လွယ်ပြောခဲ့ပေမယ့် အတိုးနှုန်းနိမ့်တုန်းက ထုတ်ခဲ့တဲ့ ဘွန်းတွေက အခုလို အတိုးနှုန်း ခပ်မြန်မြန်တက်လာတဲ့အခါမှာ တန်ဖိုးတွေ ပြုတ်ကျကုန်တာကနေ နောက်ပြဿနာကြီး ဖြစ်လာနိုင်နေပါသေးတယ်။ US Treasury ရဲ့ yield တွေလည်း ပြုတ်ကျတာ ၁၉၈၇နောက်ပိုင်း အဆိုးဆုံးလို့ ဆိုပါတယ်။ အတိုးနှုန်းတက်တော့ mortgage တွေပါ လိုက်တက်ပြီး အခုဆို housing recession ဖြစ်နေပြီလို့ စီးပွားရေးပညာရှင်အများက မြင်နေကြပါပြီ။ Housing recession ဖြစ်လာတော့ ဆောက်လုပ်ရေးတွေနဲ့ ဆက်စပ်ကဏ္ဍတွေပါ ထိလာမှာဖြစ်လို့ တိုင်းပြည် စီးပွားရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဂယက်ရိုက်လာနိုင်ပါတယ်လို့ Goldman Sachs က သုတေသီတွေက ဟောကိန်းထုတ်သွားပါတယ်။

American Enterprise Institute က Desmond Lachman က ငွေကြေးစနစ်ကြီးမှာလည်း ပြဿနာရှိနေပြီ၊ လူတွေကလည်း ဘာတွေ ဖြစ်လာမလဲလို့ စိတ်ပူနေရပြီဆိုရင် ရီဆက်ရှင်ဖြစ်ဖို့ နီးလာပြီ၊ ဘဏ်တိုးနှုန်းတွေ ထပ်တက်နေသ၍ နောက်ထပ်လည်း ဘဏ်တွေ fail ဖြစ်ကြဦးမှာပဲလို့ ဆိုပါတယ်။ ဒီတခုမှာ insured မလုပ်ထားတာတွေပါ တာဝန်ယူထားလို့ နောက်လာမယ့်ဟာတွေမှာရော အကုန်လိုက်တာဝန်ယူရရင် ငွေဖောင်းပွမှုက အဲဒီထက်ဆိုးပြီး အဲဒါကိုထိန်းဖို့ အတိုးနှုန်းထပ်တက်၊ အတိုးနှုန်းတက်တော့ ဘဏ်ပြိုဆိုရင် ဒီသံသရာ ဘယ်တော့ဆုံးပါ့မလဲလို့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: