ဆိုရော့စ်ပံ့ပိုးပေးထားတဲ့ လူဆိုးချစ် အမှောင်ကြိုက်ဒီအေတွေထဲက တဦးဖြစ်တဲ့ မန်ဟက်တန်ဒီအေ အယ်လ်ဗင်ရစ်ဂ်က ဥပဒေကို ဘောင်မဝင့်ဝင်အောင် လိုသလိုကွေးပြီး ထရမ့်ကို ဖမ်းနိုင်ဖို့ အကွက်ဆင်ပါတယ်။ အမှုက အရင်က တရားရုံးက ပိတ်ထားပြီးသား အပြာမယ်နဲ့ အမှုဖြစ်ပါတယ်။ ပိတ်ပြီးသားအမှုကို အတည့်အတိုင်း ပြန်ဖွင့်တာမဟုတ်ပေမယ့် အခုတခါ ကွန့်လာတာက အပြစ်မကြီးကြီးအောင် ကမ်ပိန်းမန်းနီးနဲ့ အပြာမယ် စတော်မီဒန်နီယယ်ကို နှုတ်ပိတ်ဖို့ ၁၃၀,၀၀၀ ပေးခဲ့တယ်ဆိုတဲ့ စွဲချက်ဖြစ်ပါတယ်။ သက်သေအဖြစ် အရင်က ထရမ့်ရှေ့နေခဏဖြစ်ခဲ့တဲ့ ဂျိမ်းစ်ကိုမေက ထွက်ဆိုမယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီ၁၃၀,၀၀၀ ဆိုတာက ဂျိမ်းစ်ကိုမေကို legal fees အနေနဲ့ ထရမ့်ကိုယ်ပိုင်ပိုက်ဆံထဲက ပေးခဲ့တာပါ။ တကယ်တမ်းဆို အမှုလုပ်လောက်အောင် ဥပဒေနဲ့ ငြိနေတဲ့ ခိုင်မာတဲ့ အကြောင်းချင်းရာ မရှိပါဘူး။
ဂျိမ်းစ်ကိုမေဆိုတာကလည်း အရင်က ထရမ့်ကိုဝေဖန်သူတွေကို ရန်လိုတကြီးနဲ့ ဆက်ဆံခဲ့တဲ့ရှေ့နေဖြစ်ခဲ့ဖူးပေမယ့် သူ့ကိုသဘောမကျလို့ ဆက်လည်းမသုံး၊ အိမ်ဖြူကိုလည်း မခေါ်ခဲ့တာရယ် သူ့တခြားအမှုတွေမှာ အခွန်ရှောင်ထားတာတွေလည်းရှိ၊ ထရမ့်ရှေ့နေလည်း ဖြစ်ခဲ့ဖူးသူဆိုတော့ ထောင်ကျခဲ့ပါတယ်။ အခုလွတ်လာပြီဆိုပေမယ့် ကြည့်ရတာ ထရမ့်ကို ဆွဲချဖို့မှာ ကူညီနိုင်မှ ပြစ်ဒဏ်ဖော့ပေးမယ်ဆိုတဲ့ အပေးအယူနဲ့ ဖြစ်ပုံရပါတယ်။
ဒီအမှုဟာ တရားစွဲလို့ရနိုင်လောက်တဲ့ ဥပဒေဘောင်မဝင်ဘူးလို့ ရီပါဘလစ်ကန် ဥပဒေပညာရှင်တွေ သာမက ပညာရှင်ပီသတဲ့ ဒီမိုကရက်ဥပဒေပညာရှင်တွေကပါ ဝေဖန်ပြောဆိုကြပြီး ဒီလိုသာ လူတယောက်ကို မကြိုက်တိုင်း အမှုရှာထောင်ချောက်ဆင်နေရင် တရားရေးမဏ္ဍိုင်အတွက် စိတ်မအေးစရာ ဖြစ်ရကြောင်း ပြောသွားကြပါတယ်။ ဒုသမ္မတရာထူးက ထွက်ပြီး ၂လအကြာမှာ ဘိုင်ဒန်မိသားစု စီစီပီလက်အောက်ခံ စတိတ်အင်နာဂျီအိတ်ချ်ကေလီမိတက်ကနေ ရော်ဘင်ဆန်ဝေါ်လ်ကာကုမ္ပဏီကြားခံပြီး ဒေါ်လာ ၃သန်း (ဟန်းတားဘဇ်နက်ပါတနာ ယူကေထလရဟောင်း ဂျိမ်းစ်ဂီလီယာ ၁.၀၆၅သန်း၊ ချွေးမဟေလီဘိုင်ဒန် ၃၅,၀၀၀၊ ဟန်းတား ၆၁၀,၀၀၀၊ ဂျိုးညီဂျိမ်းစ် ၃၆၀,၀၀၀၊ နောက်ဘိုင်ဒန်တဦး ၇၀,၀၀၀ ယူထားကြပါတယ်။
အဲဒါတွေနဲ့ ယူကရိန်း ဘူရဇ်မာက စားထားတာတွေ၊ မော်စကိုမြို့ဝန်ဟောင်းဆီက ရထားတာတွေ စတဲ့ ဟန်းတားလက်ပ်တော့ပ်က သက်သေခံနေတဲ့ ခြစားမှုတွေဟာ နိုင်ငံတော်လုံခြုဲရေးနဲ့ တိုက်ရိုက်ပတ်သက်နေပေမယ့် ဒါတွေကို စီစစ်ဖို့ ဘယ်ဒီမိုကရက် ဘယ်ဒီအေမှ အားစိုက်နေတာ မတွေ့ရပါဘူး။ အလားတူပဲ ကလင်တန်ဖောင်ဒေးရှင်းကို ဆော်ဒီတွေ ငွေလှူထားတာ၊ ရုရှားဂိတ်ကို ပဲ့ကိုင်တာ ဘန်ဂါဇီ အစိုးရကိစ္စကို ကိုယ်ပိုင်အီးမေးလ်သုံး၊ အဲဒီ အီးမေးလ်၃သောင်းဖျောက်ပစ်တာ စတာတွေကျတော့ ဘယ်သူမှ မစစ်ကြတော့ဘူးလား။
၂၀၀၆တုန်းက ထရမ့်က အပြာမယ်နဲ့ အိပ်ခဲ့တယ်ပဲထား၊ လူတယောက်ဖျာချတာ ကြည်ညိုစရာ မဖြစ်ပေမယ့် တိုင်းပြည်ကို ထိခိုက်နေတာမဟုတ်ဘူးလေ။ ကလင်တန် အိမ်ဖြူမှာ သမ္မတ လုပ်တုန်း လုပ်အားပေးနဲ့ ရှက်ဖွယ်လိလိတွေ ဖြစ်ခဲ့တာတောင် ဘယ်ဒီမိုကရက်က အရေးတယူ လုပ်ခဲ့လို့လဲ။ ကလင်တန်ဆိုလို့ ဘေလ်ရှုပ်တာ အာကန်ဆောဂါဗာနာ မဖြစ်ခင် အာကန်ဆောရှေ့နေချုပ်ဘဝကတဲက၊ ဟေလာရီနဲ့ ရှေ့နေလင်မယားပေါင်းပြီး ခြိမ်းချောက်နှုတ်ပိတ်ခဲ့ကြတာ။ ဟေလာရီအတွက် အဲဒါတွေက အရေးမကြီးဘူး၊ သမ္မတဖြစ်ဖို့ အခွင့်အလမ်းမဆုံးဖို့က ပိုအရေးကြီးနေတာ။ နှုတ်ပိတ်ခဆိုတာကလည်း ကဏ္ဍအသီးသီး အဆင့်အဖုံဖုံက လူတွေ ပေးနေ လုပ်နေကျ၊ ဘာမှ ထူးပြီးဆန်းမနေသလို တရားတဘောင် စွဲကြတာမျိုးလည်း မရှိကြပါဘူး။
အဲဒါဆို ဘာကြောင့်လုပ်တာလဲလို့မေးရင် ၁က ပုဂ္ဂိုလ်ရေးမုန်းတီးလို့၊ ထရမ့်ပြန်မတက်ဖို့ ဖြစ်နိုင်ရင် အလဲထိုးဖို့ ဘာပဲလုပ်ရလုပ်ရ၊ အနည်းဆုံး စိတ်ညစ် စိတ်ရှုပ်နေရရင်တောင် အမြတ်ပဲလို့ တွက်တာလည်း ဖြစ်နိုင်သလို ရီပါဘလစ်ကန်လွှတ်တော်က ဘိုင်ဒန်ခြစားတဲ့ကိစ္စကို စစ်ရင်းနဲ့ သတင်းတွေ ထွက်လာတာကို ပိုကျယ် လူပိုစိတ်ဝင်စားတဲ့ အတင်းအဖျင်းသတင်းမျိုးနဲ့ ဖုံးထားချင်တာလည်း ဖြစ်နိုင်တာပဲ။ တကယ်လို့ ထရမ့်ကို ဆင့်ခေါ်ခံရရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပုံမှန် defendant တွေလို mug shot ရိုက်ရမယ်၊ လက်ဗွေနှိပ်ရမယ်၊ ဖြစ်နိုင်ရင် လက်ထိပ်ခတ်တဲ့ အထိပါ လုပ်ချင်ကြတာမှတ်လား။ အနည်းဆုံး သူတို့ထိုင်ခုံ၊ စားပေါက်အတွက် အန္တရာယ်ရှိသူကို အရှက်ခွဲလိုက်နိုင်မယ်ဆိုတဲ့ မအလတို့ အတွေးမျိုးပေါ့။
တကယ်တမ်းမှာ အမှုက ခုမှ ဂျိမ်းစ်ကိုမေကို ဂရန်းဂျူရီက မေးမြန်းတုန်းပါ။ အဲဒီလို အမှုဆင်ဖို့ ကြိုးစားနေတာလည်း ၂၀၁၇ကတည်းကပါပဲ။ တကယ်လို့ ဂရန်းဂျူရီက သူတို့အထင် အမှုလုပ်လို့ရတယ်လို့ ယူဆပြီး ရှေ့ဆက်ခွင့်ပြုနိုင်ပေမယ့် တဖက်ရှေ့နေက တန်ပြန်မေးခွန်းတွေ ထုတ်လုပ်ရင် သောက်ပေါကြီး ဖြစ်သွားနိုင်တာကိုလည်း ချိန်နေပုံ ရပါတယ်။ ရှက်တတ်လို့ ဟုတ်ဟန်မတူပေမယ့် ခုထိ ဘာမှ မရေရာနေသေးပါဘူး။
အမှုဆင်တဲ့ မန်ဟက်တန်ဒီအေကလည်း အမွှေစိန့်တပည့်ပီပီ လက်သံပြောင်ပါတယ်၊ ရာဇဝတ်မှုတွေ ကြောက်ခမန်းလိလိ တက်လာတာ သူတို့တွေကြောင့်ပါ။ ပြည်သူအတွက် အန္တရာယ်ရှိသူတွေကိုကျ လွှတ်ထား၊ အရေးယူလို့မရအောင် နည်းမျိုးစုံနဲ့ ဟပေး ကာပေး၊ ပြည်သူ့အတွက် အလုပ်လုပ်မယ့်သူဆို သန်းတုပ်သလိုတုပ်လို့ရရင် တုပ်ပစ်မယ့်ဟာတွေပါ။ အဲဒီလိုလူတွေရဲ့ အပြစ်ကိုမမြင်ပဲ ထရမ့်ကိုကျမှ အက်ဖ်ဘီအိုင်၊ အိုင်အာအက်စ်၊ စတဲ့ အာဏာပြင်းတဲ့ ဗျူရိုကရက်အဖွဲ့တွေအားလုံးနဲ့ ဆိုရော့စ်တပည့် ဒီအေတွေ အားလုံး ဝိုင်းပြူးပြဲအပြစ်ရှာနေကြတာတောင် ဘာတခုမှ လက်ဆုပ်လက်ကိုင် မပြနိုင်ကြတာ ၂၀၁၆ထဲကပါ။
ထရမ့်ကို အမှုဆင်တဲ့အပေါ်မှာ တရားမျှတမှုလိုလားသူတွေက စိတ်ပူကြသလို လစ်ဗြဲတွေကလည်း ဒီတချီတော့ သင်းကွိလောက်ပဟနဲ့ ဝမ်းသာအားရ ဖြစ်နေကြတာ တွေ့ရမှာပါ။ ဝမ်းသာသူများကတော့ နယူးဝေါလ်ဒ်အော်ဒါသမားတွေ ဖြစ်စေချင်သလို ခရစ်တစ်ကယ်သင်းကင်းထက် အီမိုးရှင်းနယ် သင်းကင်းကို အသားပေးကြတာတွေ ဖြစ်နေပါတယ်။ မြန်မာပြည်ကို ဥပမာပေးရရင် ဘာမှ အထောက်အထားမရှိပဲ မီဒီဘာမှိုင်းကြောင့် ဒေါ်စုသည် ကလမယလို့ ယုံကြတာမျိုး၊ သက်သေခံမရှိပဲ ဖမသလိုလူက ပြောပါတယ်ဆိုရုံနဲ့ ဒေါ်စု လာဘ်စားတယ်လို့ အတည်ယူကြတာမျိုးတွေလိုပေါ့။
မြန်မာပြည်က အဖြစ်တွေရဲ့ ကြေးမုံပြင်လို ဒီမှာဖြစ်နေပါလျက်နဲ့ ဇောက်ထိုးမြင်နေကြတာဟာ အနည်းဆုံး အကြောင်း ၂မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ၁ က တော့ မီဒီယာမှိုင်း အမုန်းမှိုင်းပေါ့။ ဒါလည်း မအလဘက်ကလူတွေ ဝင်အောင်လုပ်ထားတဲ့ ဆိုက်ကိုမျိုးပဲလေ။ ၂ က မြန်မာပြည်က ကွန်ဆာဗေးတစ်ဆိုတာတွေနဲ့ နှိုင်းပြီး ကွန်ဆာဗေးတစ်ဆိုတိုင်း အမြင်စောင်းနေတာမျိုးပါ။ ကွန်ဆာဗေးတစ်ကို မြန်မာတွေက အပြောင်းအလဲမလုပ်ချင်တဲ့ ရှေးရိုးစွဲဝါဒီတွေလို့ မြင်ကြပါတယ်။
အမေရိကန်က ကွန်ဆာဗေးတစ်တွေဆိုတာက constitutionalist တွေပါ။ တိုင်းပြုပြည်ပြု ဖခင်ကြီးများ ချမှတ်သွားတဲ့ လမ်းစဥ်တွေအတိုင်းပဲ စီစီစစ်စစ်သုံးတဲ့ အစို;ရသေးသေး၊ အခွန်နဲနဲ၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စစ်စစ်ကို အကြွေးကင်းကင်းနဲ့ သွားချင်တာမျိုးပါ။ ဒါပေမယ့် မြန်မာပြည်တို့ တရုပ်ပြည်တို့က ကွန်ဆာဗေးတစ်တွေကတော့ အာဏာရှင်စနစ်ကို ဖက်တွယ်ထားချင်သူတွေပါ။ ကွန်ဆာဗေးတစ်တိုင်းဆိုးသလားဆိုရင် ပါချုပ်ဆရာတော်ကြီးတရားအရ ဗုဒ္ဓသာသနာမှာဆိုရင် ထေရဝါဒတွေက ဘုရားဟောအတိုင်း တတ်နိုင်သလောက် မပြုပြင် မစွက် မပြောင်းကြလို့ ကွန်ဆာဗေးတစ်တွေ ဖြစ်ပါတယ်တဲ့။ လှေနံဓါးထစ် မယူဖို့ ဆိုလိုတာပါ။
တရားမျှတမှု မြတ်နိုးတယ်ဆိုတာ ပုဂ္ဂိုလ်ပေါ်မူမတည်ပါဘူး၊ ဓမ္မပေါ်ပဲ မူတည်တာပါဆိုတာအထိတော့ တွေးမိကြဖို့ လိုပါတယ်။ ထရမ့်ပဲဖြစ်ဖြစ် ဘိုင်ဒန်ပဲဖြစ်ဖြစ် ဒေါ်စုပဲဖြစ်ဖြစ် မအလပဲဖြစ်ဖြစ် ကျွန်ုပ်ပဲဖြစ်ဖြစ် သင်ပဲဖြစ်ဖြစ် အမှန်တကယ် အပြစ်ရှိရင် ရှိတဲ့အတိုင်း စီရင်ခံသင့်သလို တရားရုံးမှာလည်း လွတ်လပ်စွာ ခုခံကာကွယ်ခွင့် အပြည့်အဝ ရရမှာ ဖြစ်ပါတယ်။ အလားတူပဲ တိုင်းပြည်အတွက် အလောတကြီးဖြေရှင်းရမယ့် ပြဿနာကြီးတွေ ရှိနေချိန်မှာ အပြစ်မရှိပဲနဲ့လည်း လုပ်ကြံအမှုတွေဆင်ပြီး အချိန်တွေ ဦးနှောက်စွမ်းအားတွေ ဖြုန်းတီးပစ်နေတာဟာ ပြည်သူအားလုံး အတွက်တော့ အနှုတ်လက္ခဏာ အကြီးကြီးဆောင်တာပါပဲ။ တရားမျှတမှုကို အမှန်တကယ် မလိုလားရင် တရားမျှတမှုကလည်း ကိုယ့်ဖက်မှာရပ်ဖို့ ခက်ပါလိမ့်မယ်။