မတ်လ ၂၆ ရက် ၂၀၂၃

မန်ဟက်တန်ဒီအေဟာ ထရမ့်အမှုကို ရှေ့ဆက်ဖို့ အသည်းအသန်ကြိုးစားနေပေမယ့် အထောက်အထား ဘာမှ မရသေးတာကြောင့် စီစဥ်ထားပြီးသားကြားနာမှု နောက်ဆက်တွဲတခုကိုတောင် ဖျက်သိမ်း လိုက်ရပါတယ်။ ရိုးရိုးလေးဖျက်သိမ်းတာတောင်မဟုတ်ပဲ ထရမ့်ဟာ အဖမ်းခံရတော့မယ် ဆိုတဲ့ ကောလဟလတွေ လျောက်ဖြန့်နေတယ်လို့ ပုတ်ခတ်လိုက်ပါသေးတယ်။ နယူးယောက်ရှေ့နေချုပ် လတီးရှာဂျိမ်းစ်ကလည်း ကမ်ပိန်းကတိအနေနဲ့ ထရမ့်ကို အပြုတ်ဖြုတ်မယ်လို့ ကြွေးကြော်ပြီး ရာထူးရလာတာပါ။ တရားဥပဒေအတိုင်း ဖြစ်ရမယ်လို့ မပါပဲ လူတဦးတယောက်ကို ပစ်မှတ်ထား အမှုဆင်တဲ့ ခြစားတရားရေးမဏ္ဍိုင်ရဲ့ လုပ်ရပ်နဲ့ လားရာဟာ အခြေခံ လူ့အဲသစ်တောင် မရှိနေတာ ဖြစ်ပါတယ်။

ဘာပဲပြောပြော စတော်မီဒန်နီယယ်လ်တို့ကတော့ ထရမ့်အမှုကြောင့် ဒီတပတ်ထဲမှာတင် သူ့ပွန်းကားတွေကို ရှာဖွေကြတဲ့သူပေါင်း အဆ ၂၀၀ကျော် တက်လာလို့ စီးပွားဖြစ်နေပါပြီ။ နာမည်ကြီးချင်လို့ အိပ်ခန်းထဲက ဗီဒီယို လိခ်လုပ်သူတွေလိုပါပဲ။

ကယ်ဗင်မက်ကာသီဦးဆောင်တဲ့ ရီပါဘလစ်ကန်လွှတ်တော်ဟာ The Parents Bill of Rights ကို ဒီမိုကရက်မဲ တမဲမှ မပါပဲနဲ့ သောက်ြာနေ့က အောင်မြင်စွာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီဥပဒေအရ ကျောင်းခရိုင် တာဝန်ရှိသူတွေဟာ ကျောင်းသင်ရိုးတို့ ဖတ်စရာစာရင်းတို့မှာ ဘာတွေပါတယ်၊ မက်စ်ပေါ်လစီက ဘယ်လို၊ စာသင်ခန်းထဲမှာ ဂျန်ဒါအယူဝါဒနဲ့ ခရစ်တစ်ကယ်ရေစ်သီအိုရီ တွေ သင်မသင် စတာတွေကို မိဘတွေ သိရှိနိုင်အောင် တင်ထားပေးဖို့  လိုအပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ မွေးရာပါလိင်မှတ်တမ်းတို့ နာမ်စားတို့ ခေါ်စေချင်တဲ့ နာမည်ကို ပြောင်းခေါ်ပေးတာတို့၊ ကျားက မ အိမ်သာသွား၊ မ က ကျားအိမ်သာသွားဖို့ စီစဥ်ပေးတာ စတာတွေကို မိဘကို အသိပေးဖို့ လိုအပ်တာလည်း ပါဝင်ပါတယ်။  ဒီအချက်တွေဟာ ဘယ်လိုတွေးတွေး ဖြစ်သင့်တဲ့ဘောင်ထက် ကျော်နေတာ မဟုတ်ပေမယ့် ဒီမိုကရက်တွေက ဒီဥပဒေဟာ အစွန်းရောက်လွန်းတယ်၊ အယ်လ်ဂျီဘီတီတွေကို တိုက်ခိုက်တာလို့ စွပ်စွဲကြပါတယ်။  

ဘိုင်ဒန်ဟာ သူ့ရဲ့ အိမ်ဖြူသက်တမ်းအတွင်းမှာ ပထမဆုံးဗီတိုကို အသုံးပြုပြီး ရီပါဘလစ်ကန်တွေ တင်လာတဲ့ retirement funds တွေက money manager တွေကို သူတို့ရဲ့ investment strategies တွေချမှတ်ရာမှာ ကလိုင်းမိတ်ချိန့်၊ ရေ့စ်၊ ဂျန်ဒါ့ စတဲ့ ဝုခ် အာဂျင်ဒါတွေကို လမ်းညွှန်အဖြစ်နဲ့ မသုံးဖို့ ဥပဒေကြမ်းကို ပယ်ချလိုက်ပါတယ်။ ပယ်ချရုံတင်မက ရီပါဘလစ်ကန်တွေဟာ အမေရိကန်တွေရဲ့ retirement fund တွေကိုပါ ထိခိုက်အောင် လုပ်နေတယ်လို့ မဟုတ်မဟတ် စွပ်စွဲလိုက်ပါသေးတယ်။

ဘိုင်ဒန်အစိုးရရဲ့ လေဘာဌာနကရော ပို့ဆောင်ရေး၊ ဘဏ္ဍာရေး စတဲ့ ဌာနအားလုံးက ကလိုင်းမိတ်ချိန့်၊ ဆိုရှယ်နဲ့ ဂါးဗားနန့်စ် ဆိုတဲ့ အီးအက်စ်ဂျီပေါ်လစီကို fund manager တွေကို တွန်းလာနေတာပါ။ ငွေချေးမယ့်ကုမ္ပဏီရဲ့ business model ကမကောင်း၊ profitability ကမရှိ၊ အုပ်ချုပ်မှုက ပေမမှီ နေရင်တောင် အီးအက်စ်ဂျီမူတွေနဲ့ကိုက်ရင် ထုတ်ချေးရတာပါ။ မဟုတ်ရင် အစိုးရက အကူအညီတို့ ဘာတို့ လုံးဝမရမယ့်အပြင် အညှိုးထား အညစ်ခံရဦးမှာပါ။ အီးအက်စ်ဂျီကို ဖော်လိုလုပ်တဲ့ ကုမ္ပဏီတွေ နာလံမထူတဲ့အပြင် တခုပြီးတခု ဒေဝါလီခံနေရတာပါ။ စီးပွားရေးကို စီးပွားရေးနဲ့ တူအောင်မလုပ်ပဲ ရေရှည်လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဘိုင်ဒန်တို့ ပြည်တွင်းရေနံပိတ်ပြီး ရန်သူနိုင်ငံတွေက ဝယ်နေတာလည်း အဲဒီ အီးအက်စ်ဂျီဆိုတဲ့ ပြည်ဖျက်ပေါ်လစီကြောင့်ပါပဲ။

ဆွစ်ဇာလန်မှာ Credit Suisse ကို အစိုးရက ကူနေကယ်နေတဲ့ကြားက နာလံမထူနိုင်တော့တဲ့အတွက် သူ့ထက်ကြီးတဲ့ UBS ဘဏ်က ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းမှာ ကမ္ဘာအဆင့်ဖြစ်တဲ့ ဆွဇ်ဇာလန်ရဲ့ နံပါတ် ၁ နဲ့ နံပါတ် ၂ဘဏ် ၂ခုပေါင်းလိုက်တော့ ဘဏ်လုပ်ငန်းပိုင်းမှာ တည်ငြိမ်မှု ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်းရှိသွားပေမယ့် ၂ခုပေါင်း asset တွေက ၁.၇ထရီလီယံလောက် ရှိတော့ ဆွဇ်ဇာလန်နိုင်ငံစီးပွားရေးထက် ၂ဆကြီးတဲ့ ဘဏ်အကြီးကြီးတခု ဖြစ်လာပါတယ်။ အဲဒါကလည်း စိန်ခေါ်မှုအကြီးကြီးတခုပါပဲ။

ထပ်နေတဲ့ လုပ်ငန်းတွေက ဝန်ထမ်းတွေ တပြုံတမကြီး အလုပ်ပြုတ်ကြမှာဖြစ်သလို ပြိုင်ဖက်မရှိတော့တဲ့အတွက် စားသုံးသူအပေါ်မှာရော အစိုးရအပေါ်မှာပါ ဘယ်လိုရိုက်ခတ်လာမယ် ဆိုတာကလည်း စဥ်းစားစရာပါပဲ။ နိုင်ငံတွင်း အလုပ်လုပ်သူပေါင်းရဲ့ 5% ဖြစ်တဲ့ ၂၁၂,၀၀၀လောက်အထိ ပြုတ်နိုင်တာပါ။ ဒီလောက်များတဲ့ လုပ်သားတွေကို တခြားကဏ္ဍတွေမှာ အလုပ်ဖန်တီးပေးဖို့က လွယ်မယ့်ကိစ္စ မဟုတ်တဲ့အပြင် ဘဏ်လုပ်ငန်းနဲ့ နာမည်ရနေတာကိုပါ ထိခိုက်လာနိုင်ပါတယ်။ အစိုးရက ဝင်ကယ်တယ်ဆိုတဲ့ နောက်ဆက်တွဲံက UBS က CS ကနေ ဆက်ခံလာရတာကနေ ဖြစ်လာမယ့် အရှုံးတွေကို ကာမိဖို့ သုံးစွဲမယ့် ၉.၈ဘီလီယံလောက်အထိ ကလည်း အခွန်ထမ်းတွေဆီကပဲ ခေါင်းစဥ်ပေါင်းစုံသော အခွန်ငွေတွေကနေ လာရဦးမှာပါ။

အဆိုပါ ဆွစ်ဘဏ်ကြီး ၂ခုစလုံးဟာ ဆန်ရှင်လုပ်ထားခံရတဲ့ ရုရှားအာဏာရှင်ခရိုနီ အိုလီဂါ့ခ်တွေကို  ဆန်ရှင်ရှောင်လွှဲဖို့ ကူညီနေသလားဆိုပြီး အမေရိကန်တရားရေးဌာနက ခေါ်စစ်တဲ့ထဲမှာ ပါဝင်နေတာပါ။

ဘဏ်တွေပြိုလဲတဲ့နောက် မတ်လ ၁၅ရက်ကုန်ဆုံးတဲ့ ရက်သတ္တတပတ်အတွင်းမှာ အမေရိကန် နိုင်ငံတွင်း ဘဏ်အပ်ငွေပေါင်း ၉၈ဘီလီယံကျဆင်းသွားပြီး အဲဒါဟာ တနှစ်နီးပါးအတွင်း အနိမ့်ဆုံးဖြစ်တယ်လို့ ဘလူမ်းဘတ်မှာ ဖော်ပြထားပါတယ်။ ပြိုလဲသွားတဲ့ SVB ထက် ဆိုးရွားတဲ့ balance sheet တွေရှိနေတဲ့ ဘဏ် ၃၄ခုလည်း ရှိနေတယ်ဆိုတော့ အကုန်လုံးသာ SVB လို အစိုးရက လိုက်လျော်ရရင် အမေရိကန်တွေ မြေးမြစ်တွေလက်ထက်အထိ ဆပ်ကုန်ပါ့မလား။

စံချိန်ချိုးပြီးရင်း ချိုးနေတဲ့ နိုင်ငံရဲ့ အမြင့်ဆုံးကြွေးမြီပမာဏဟာ ဘယ်သူတွေကို အထိဆုံးဖြစ်မလဲ ဆိုတော့ လခစား လူလတ်တန်းစားတွေနဲ့ လုပ်ငန်းရှင်အငယ်လေးတွေက အထိအနာဆုံးဖြစ်မှာပါ။ ဒီနှစ် ဇန်နဝါရီ ၁၉ တုန်းက ကြွေးမြီမျက်နှာကျက်ကို ရောက်သွားပြီးနောက် ပေးစရာရှိတဲ့ ကြွေးမြီတွေကို ပြန်ဆပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားပါမယ်လို့ ဘိုင်ဒန်ရဲ့ ကလိုင်းမိတ်အက်ဗိုကိတ်/ ဘဏ္ဍာဝန် ဂျက်နက်ယဲလန်က ပြောပါတယ်။ ယုံရမှာလားဆိုတော့ အင်ဖလေးရှင်းက ယာယီပါလို့ ပြောသွားတာလဲ သူပါပဲ။ မှားသွားတော့လည်း ဘွာခတ်ပြီး ပြန်ပြင်ပြောကြတာပေါ့။ ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံမယ့် အမာခံတွေ ရှိနေတာပဲလေ။

နိုင်ငံ့ကြွေးမြီပြန်မဆပ်နိုင်ရင် လူ ၇သန်းလောက်အထိ အလုပ် ပြုတ်ကြဦးမှာ။ ရီပါဘလစ်ကန်တွေက ဘိုင်ဒန်တို့နဲ့ သွားတွေ့ပေမယ့် အသုံးစားရိတ်ဖြတ်တာကို လုံးဝ လက်မခံတဲ့ဘိုင်ဒန်တို့နဲ့ ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ အဖြစ်လာနိုင်ဆုံးက ကြွေးဆပ်ဖို့ ငွေရိုက်ထုတ်၊ ငွေရိုက်ထုတ်တော့ ငွေဖောင်းပွ၊ ငွေဖောင်းပွတာထိန်းဖို့ အတိုးနှုန်းတွေတင်၊ အတိုးနှုန်းတွေ မြန်မြန်တင်တော့ အတိုးနည်းတုန်းက ဘွန်းတွေ ချေးငွေတွေကိုင်ထားတဲ့ ဘဏ်တွေ အခက်တွေ့၊ ဘဏ်ပြိုတော့ အစိုးရက ဘီလျံနာဘဏ်ကာတွေဖိအားနဲ့ ဝင်ကယ်၊ အကြွေးထပ်တင်နဲ့ သံသရာလည်ရော။

ဒီလောက်ဘဏ်တွေ အခက်တွေ့နေတဲ့ကြားက မတ်လ ၂၂ရက်နေ့ကမှ FR က အတိုးနှုန်း ၀.၂၅% ထပ်မြှင့်၊ ၉ကြိမ်ဆက်တိုက် မြှင့်နေတာတောင် ငွေဖောင်းပွမှုက မကျ၊ ကျ မလား၊ ယူကရိန်းဆိုလည်း ဆွေးနွေးပွဲလုပ်ရမယ်၊ အဖြေရှာရမယ် စစ်ပွဲအဆုံးသတ်ရမယ် ဘာ condition မှမရှိပဲ ရော့ အင့်၊ သူတို့လက်ကိုင်ဒုတ် ဗျူရိုကရက်ဌာနကြီးတွေ ကြီးသထက်ကြီးအောင် ချဲ့၊ ဆန်မရှိ အစားကြီး၊ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်နေတာကိုး။ တကယ်တော့ အတိုးနှုန်းမြှင့်ရင် ငွေချေးရတာ ဈေးကြီးသွားတော့ အရောင်းအဝယ်တွေနှေး၊ လုပ်ငန်းတွေ မချဲ့နိုင်ပဲ ကျစ်လစ်အောင် ခြုံ့ကြရတာပါ။

တိုင်းပြည်တပြည်ကို အိမ်တအိမ် မိသားစုကြီးတခုလို့ပဲ တွေ့ကြည့်လိုက်ရင် လိမ္မာတဲ့ သားသမီးတွေ ပင်ပင်ပန်းပန်းရှာနေကြပေမယ့် မိဘလုပ်တဲ့သူက ငပျင်း ဆေးသမားတွေကို သလာယံဇရပ်လို တင်ကျွေးထား၊ သူများပြောသမျှယုံ လုပ်သမျှရှုံးတဲ့ လက်ကြောမတင်းတဲ့ သားသမီးကို ကြိုးစားတဲ့ သားသမီးပိုက်ဆံတွေ ခိုးပေး၊ ကလေးတွေကို တာဝန်ယူစိတ် တာဝန်ခံစိတ် မိသားစုစိတ်မရှိအောင် အလိုလိုက် သွေးခွဲ ဖျက်ဆီး၊ အိမ်အကျိုးစီးပွား မလိုလားသူတွေက လက်ဖက်ရည်တိုက် မုန့်ကျွေး လက်ဆောင်ပေးတာနဲ့ အိမ်က အတွင်းသတင်းတွေပေး/ အတွင်းပစ္စည်းတွေ ခိုးရောင်းပေး၊ သူတို့လုပ်နေတာတွေက အိမ်အနာဂတ်အတွက် မကောင်းဘူးလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာ၊ အရပ်ထဲ သွားပုတ်လေလွင့်ပြော၊ အသုံးမကျတဲ့သားသမီးက သူတို့ဖျင်မတော့ သူတို့က တော်တဲ့သားသမီးကို နှိပ်ကွပ်ပြီး ငဖျင်းတွေကို ဦးဆောင်စေချင်ရော၊ ဒီပုံနဲ့ တိုးတက်ဖို့ အဝေးကြီး၊ကျမတော့ အဲဒီလိုပဲ မြင်တယ်။

နိုင်ငံတခု ကြွေးတင်လို့ အခွန်တက်ရင် လခပုံသေရတဲ့ လူလတ်တန်းစားတွေပဲ အရင်ဆုံးထိမှာ၊ ဝင်ငွေနည်းတွေက အခွန်သက်သာခွင့်ရမယ်၊ ဒီမိုကရက်တွေ လက်ထက်မှာ အချောင်သမားတွေက အလုပ်မလုပ်လဲ ပိုက်ဆံရမယ်၊ ပိုက်ဆံရှိသူတွေက ရင်းနှီးမြှုပ်နှံတာတွေကနေ ပိုရှာလို့ရတယ်လေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: