မတ်လ ၃၁ ရက် ၂၀၂၃

မနေ့ကပဲ ထရမ့်အမှုရှေ့ဆက်/မဆက် ဆုံးဖြတ်ပေးမယ့် မန်ဟက်တန်ဂရန်းဂျူရီက တလနားမယ်လို့ ကြေငြာချက်ထွက်လာပြီး ကနေ့မှာတော့ သမ္မတထရမ့်ကို အပြာမယ်ကို နှုတ်ပိတ်ခ ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ထောင် ၁နှစ်အထိ ချနိုင်တဲ့ ရာဇဝတ်မှုအပါအဝင် စီးပွားရေးနဲ့ ပတ်သက်တဲ့ လိမ်လည်မှုပေါင်း ၃၀ကျော်နဲ့ စွဲချက်တင်လိမ့်မယ်လို့ ကြေငြာလိုက်ပါတယ်။ အခုပြောတဲ့ စွဲချက်တွေက အမှုနဲ့ နီးစပ်သူတွေက သိရတာဖြစ်ပြီး တကယ်စွဲတဲ့ထဲမှာ ဘာတွေပါတယ်ဆိုတာ အတိအကျကိုတော့ ရုံးရောက်ပြီးမှပဲ ပြည်သူကို ချပြမှာပါ။ တဖက်က ဒေါသတွေကို ထိမ်းဖို့ ထရမ့်ကိုတော့ လက်ထိပ်ခတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။  

အခုလို စွဲချက်တင်လိုက်တာက သမ္မတလက်ရှိ(သို့) ဟောင်းတဦးအနေနဲ့ ပထမဆုံးကြုံတွေ့ရတဲ့ ရာဇဝတ်စွဲချက်ဖြစ်ပါတယ်။ အစရှိသွားပြီဖြစ်လို့ ဒါဟာ ပထမဆုံးဖြစ်ပေမယ့် နောက်ဆုံးတော့ ဟုတ်မှာမဟုတ်ဘူးလို့ ဆိုနေကြပါတယ်။ ထရမ့်ရဲ့ လက်ရုံးတွေကို အလွဲသုံးစားမှုတို့ အခွန်ရှောင်မှုတို့နဲ့ ထောင်ချတဲ့အထိ လုပ်ခဲ့ကြပေမယ့် သူတို့ အပြစ်ဆိုတာတွေက ပုံမှန်စီးပွားရေးသမားတိုင်း လုပ်ကြတဲ့ အသုံးစားရိတ်ကို အခွန်ဆောင်ချိန်မှာ နှုတ်တာတို့၊ ခံစားခွင့် အဆောင်အယောင်တွေ သုံးစွဲတာတို့ကို မရအရ ရမယ်ရှာကြတာပါ။ ခက်တာက ဒီမိုကရက်ခေါင်းဆောင်တွေက စီးပွားရေးမလုပ်ဖူးပဲ အန်ဒါတေဘယလ်တို့ အင်ဆိုဒ်တာထရိတ်ဒင်းတို့နဲ့ ချမ်းသာလာကြတာဆိုတော့ သူတို့ကိုကို မဝယ်ထားတဲ့ စီးပွားရေးသမားတွေဟာ သူတို့မျက်စိထဲ ကန့်လန့်ကြီးတွေ ဖြစ်နေမှာပါပဲ။

ဂရန်းဂျူရီဆိုတာက အမှုရှေ့ဆက်ဖို့ ခွင့်ပြုပိုင်ခွင့်၊ စွဲချက်အတင်ခံထားရသူကို ဆင့်ခေါ်နိုင်ခွင့်၊ အထောက်အထားရယူဖို့ စေခိုင်းပိုင်ခွင့်တွေ ရှိပေမယ့် ဥပဒေသမားတွေမဟုတ်တဲ့ သာမာန်ပြည်သူတွေပါ။ သူတို့အားလုံးသဘောတူမှ ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါပေမယ့် မန်ဟက်တန်မှာက မြို့ကြီးတွေထုံးစံအတိုင်း အပြာရင့်ရင့်ဒေသဖြစ်လို့ ထရမ့်ကိုမုန်းတဲ့ တီဒီအက်စ်ရောဂါရှင်တွေများမယ့်အပြင် အပြာရင့်တွေထုံးစံအတိုင်း စီစီပီလို မည်သည့်ကိစ္စ မည်သို့ပင်ဖြစ်စေကာမူ သိပ်စဥ်းစားမနေပဲ ပါတီအာဘော်တွေအတိုင်းပဲ မဲပေးကြဖို့ များပါတယ်။  

ထရမ့်အပေါ် အငြှိုးထားတဲ့ ဂျိမ်းကိုမေကို အားကိုးပြီးဆင်ရမယ့် အပြာမယ်ကို ကိုမေကတဆင့် နှုတ်ပိတ်ခ ၁၃၀,၀၀၀ပေးတယ်ဆိုတဲ့ အမှုမှာ အရင်တခါက ထရမ့်က အမှုနိုင်ပြီးလို့ အပြာမယ်ကို အသရေညစ်နွမ်းစေမှုနဲ့ ထရမ့်က တရားပြန်စွဲတာ အပြာမယ် ထရမ့်ကို ၃သိန်းလျော်လိုက်ရပြီးပါပြီ။ အဲဒါကိုကြည့်ရင် ထရမ့်ကို အပြစ်ရှာလွန်းမက ရှာနေတာ ဘာမှမတွေ့တဲ့အဆုံး မဲပြာပုဆိုးကိုပဲ အထက်ဆင့်တပ်ပြီး ပြန်ထုတ်လာသလိုပါပဲ။ ထရမ့်ရှေ့နေကတော့ အစိုးရရှေ့နေ/ဒီအေတွေနဲ့ ညှိနှိုင်းတာမျိုး လုံးဝ လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အရင်က ထရမ့်ကို အင်မ်ပိချ်လုပ်ရာမှာ ပါဝင်ခဲ့တဲ့ မီရှီဂန်က ရီပါဘလစ်ကန်အမတ်ဟောင်း ပီတာမေဂျာက ဖြစ်နိုင်ခြေမရှိတဲ့အရူးထခြင်းတမျိုးလို ပြင်းပြင်းထန်ထန် ဝေဘန်သွားပါတယ်။ အရင် မန်ဟက်တန်အစိုးရရှေ့နေ မာ့ခ်ဘဲဒရိုးကလည်း ထရမ့်အပေါ်စွဲထားတဲ့အမှုမှာ ဒီအေရှုံးခဲ့ရင် မန်ဟက်တန်ဒီအေရုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ မှတ်ချက်ချပြန်ပါတယ်။ ဒီအမှုကိုကိုင်မယ့် တရားသူကြီးက ထရမ့်အဖွဲ့အစည်းကို စီးပွားရေးဆက်လုပ်လို့မရအောင် ညစ်ခဲ့တဲ့သူ ဖြစ်နေပါတယ်။

စီအန်အန်ထို့လို မီဒီယာကြီးတွေကလည်း ထရမ့်ကို အပုတ်ချတာနဲ့ပဲ စီးပွားဖြစ်ခဲ့တော့ အခုလို ကြည့်ရှုသူတွေ ရုပ်ပျက်ဆင်းပျက် ကျဆင်းနေချိန်မှာ ထရမ့်သတင်းက ကြည့်သူများ ပြန်တိုးလာမလားလို့ ဝမ်းသာအားရ ဖြစ်နေကြပုံ ရပါတယ်။

အကောင်းဘက်က တွေးကြည့်ရင် ထရမ့်အနေနဲ့ ဖရီးကြော်ငြာရနေသလိုပါပဲ။ ဘာအပြစ်မှမရှိလို့ မဟုတ်ကဟုတ်ကတွေနဲ့ ရှာကြံစွဲနေရတာကို ပုံမှန်အသိဉာဏ်ရှိသူတိုင်း တွေးမိကြမှာ ဖြစ်လို့ ဘယ်ပါတီဝင်မှမဟုတ်တဲ့ အင်ဒီပန်းဒန့်ဗုတ်တာတွေရဲ့ မဲတွေ လှိမ့်ရလာနိုင်ပါတယ်။  

တခုပဲရှိတာက ထရမ့်အနေနဲ့ ဒေါသနဲ့ မတုန့်ပြန်ဖို့နဲ့ စကားလုံးဝ မမှားမိဖို့ပါပဲ။ စကားမမှားတာတောင် ဖြတ်ညှပ်ကပ်လုပ်ပြီး မဟုတ်မဟတ် စွပ်စွဲခဲ့ကြတဲ့ လူ့ကျင့်ဝတ်မရှိသူတွေက မှားများမှားရင် ဘယ်လောက် ဖြဲလိုက်ကြမလဲဆိုတာ မြေကြီးလက်နဲ့ပုတ်ရင် လွဲနေပါဦးမယ်။

ဒီမိုကရက်တွေ ဘယ်လောက်ပဲ ပတ်ကြမ်းတိုက်ပြနေနေ ထရမ့်နဲ့ ရီပါဘလစ်ကန်တွေ လိုတာထက် ပိုမတုန့်ပြန်၊ အာရုံမပြားပဲ ၂၀၂၄မှာ တဖက်က ညစ်တာတွေ တတ်နိုင်သလောက် ကာကွယ်နိုင်အောင် ပြင်ဆင်သင့်တာ ပြင်ဆင်ထားကြဖို့နဲ့ ပြည်သူအကျိုးဖြစ်မယ့် လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ပဲ မျှော်လင့်ပါတယ်။

ဒီတနင်္လာနေ့က တန်နက်စီပြည်နယ် နက်ရှ်ဗေးလ်မြို့က ပုဂ္ဂလိကခရစ်ယာန်မူလတန်းကျောင်းတခုမှာ ကျောင်းသူဟောင်း အော်ဒရေဟေးလ်က လက်နက်ကျည်တပုံတပင်နဲ့ ဝင်ရောက် ပစ်ခတ်ခဲ့လို့ ကလေးငယ် ၃ဦးအပါအဝင် လူ ၆ဦး အသက်ဆုံးရှုံးခဲ့ပြီး ပစ်ခတ်သူကိုလည်း ရဲက အသေပစ်ခဲ့ပါတယ်။ ခုနောက်ပိုင်း ကျောင်းပစ်ခတ်မှုတွေမှာ ပစ်ခတ်သူတွေကို အသေပဲရတဲ့အတွက် ဘ​ယ်လိုရည်ရွယ်ချက်နဲ့ လာပစ်တယ်ဆိုတာ မသိရပဲ မီဒီယာတွေ ဇောင်းပေးချင်တဲ့ဘက်ကိုပဲ အသားပေး အမြတ်ထုတ်ကြပါတယ်။

ခုတခါမှာတော့ ပစ်ခတ်သူဟာ မိန်းမကနေ ယောက်ျားအဖြစ် ပြောင်းလဲခံယူထားသူလို့ ဖော်ပြကြပြီး သူမမိဘတွေက အဲဒါကို သဘောမတူဘူးလို့ ရေးကြပါတယ်။ သူမမိဘတွေကို ဗျူးတာမျိုးတော့ မကြားမိသလို သူမအကြောင်းကလည်း ဘက်စ်ကက်ဘောအတူကစားခဲ့ဖူးပြီး ကားမတော်တဆမှုမှာ သေဆုံးသွားတဲ့ မိန်းကလေးကို နှစ်သက်စွဲလန်းနေခဲ့သူဖြစ်တယ်ဆိုတာလောက်ပဲ ပြနိုင်တာပါ။ နှစ်ယောက်လုံးလည်း မရှိတော့ဘူးဆိုတော့ သူတို့ ပြောသမျှ ယုံရမလိုပါပဲ။ အများစုက သူမဆိုတဲ့ နာမ်စားနဲ့ အမျိုးသမီးနာမည်ပဲ ခေါ်ကြတုန်းဖြစ်ပြီး အသက် ၂၈နှစ်ဆိုပေမယ့် ဘယ်မှာလုပ်တယ်၊ ဘာအသိုင်းအဝိုင်းဆိုတာလည်း တိတိပပ မပြနိုင်တာက တခုခု လွဲနေသလိုပါပဲ။ သူမကို ကျားနာမ်စားနဲ့ ညွှန်းတာဆိုလို့ ဆိုရှယ်မီဒီယာအကောင့်တခုပဲ ပြနိုင်တာပါ။

ခါတိုင်းဆို ပစ်ခတ်မှုအကြောင်းပြပြီး သေနတ်တွေကို တင်းကြပ်တဲ့ ဥပဒေတွေကို လွှတ်တော်က အလျင်စလို ပြဌာန်းမှာဖြစ်ပေမယ့် အခုတကြိမ်မှာ ရီပါဘလစ်ကန်လွှတ်တော် ဖြစ်နေတဲ့အတွက် ဒီမိုကရက်တွေက သေနတ်ဖက်လှည့်ရန်မရှာပဲ ရီပါဘလစ်ကန်တွေက ထရန်စ်တွေအပေါ် စာနာမှုမရှိလို့ ထရန်စ်တွေမှာ စိတ်ဓါတ်ကျပြီး လူလျောက်သတ်ရသလို ပြောကြပြန်ပါတယ်။

ပစ်ခတ်မှုတွေမှာ ဒီမိုကရက်တွေရဲ့ တုန့်ပြန်ပုံက သေရသူတွေထက် သတ်သူကို ပိုစာနာပြနေတာ တိုက်ဆိုင်မှုတော့ မဟုတ်တော့ပါဘူး။ ကျောင်းတွေကို စစ်ပြန်တွေကို လက်နက်နဲ့ လုံခြုံရေးစောင့်ခိုင်းမယ်ဆိုပြန်တော့ ထောင်နဲ့တူလို့တို့၊ လက်နက်ကြီးတွေနဲ့ ကြောက်ကြောက်တို့လို ကလေးကလား ဆင်ခြေတွေနဲ့ ကန့်ကွက်ကြပြန်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: