ဧပြီ ၆ ရက် ၂၀၂၃

ထရမ့်အပေါ် အမှုဆင်ပြီး စွဲချက်တင်တဲအဆင့်အထိ ရောက်အောင် တွန်းခဲ့တဲ့ မန်ဟက်တန်က အစိုးရ ဆွဲချရှေ့နေဟောင်း မာ့ခ်ပုမ်ရန့်ဇ်ကို အောက်လွှတ်တော် တရားရေးကော်မီတီဥက္ကဋ္ဌ ဂျင်မ်ဂျော်ဒန်က လွှတ်တော်မှာ လာရောက်အစစ်ခံဖို့ ဆင့်ခေါ်လိုက်ပါတယ်။ ပုမ်ရန့်ဇ်ဟာ အရင်ကလည်း ထရမ့်ရဲ့ ငွေကြေးစာရင်းဇယားတွေကို စစ်ဆေးဖို့ လုပ်ခဲ့သေးပေမယ့် လက်ရှိဒီအေ အယ်လ်ဇင်ဘရက်ဂ်က အဲဒီတုန်းက ရာဇဝတ်မှုအဖြစ် စွဲဖို့ ဆန္ဒမရှိခဲ့တဲ့အတွက် ၂၀၂၂ ၂လပိုင်းမှာ ပုမ်ရန့်ဇ် နှုတ်ထွက်ခဲ့တာပါ။

၎င်းကို ဂျင်မ်ဂျော်ဒန်က လွှတ်တော်မှာ အစစ်ခံဖို့ မဆင့်ခေါ်ခင် ကိုယ့်သဘောနဲ့ကိုယ် လာရောက် ထွက်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆိုခဲ့တာကြောင့် အမိန့်ထုတ်ပြီး ဆင့်ခေါ်လိုက်ရတာ ဖြစ်ပါတယ်။ ပုမ်ရန့်ဇ်ဟာ People Vs. Donald Trump ခေါင်းစဥ်နဲ့ စာအုပ်ရေးခဲ့သူဖြစ်ပါတယ်။ လွတ်လပ်တဲ့ ပြည်သူတဦးအနေနဲ့ လူတဦးကို ချစ်ပိုင် မုန်းပိုင်ခွင့် ရှိသော်ငြားလည်း တရားဥပဒေကို ကိုယ်စားပြုရမယ့်နေရာမှာ နေရင်တော့ ပုဂ္ဂိုလ်ထက် ဓမ္မကို ရှေ့တန်းတင်ရမှာ ဖြစ်ပါတယ်။

အယ်လ်ဗင်ဘရက်ဂ်လည်း အရင်က အမှုဆင်လို့မရဘူးလို့ အကြိမ်ကြိမ် ငြင်းခဲ့ပေမယ့် အမွှေစိန်ရဲ့ ငွေနဲ့ပေါက် စွက်ဖက်မှုအောက်မှာ ဒူးထောက်ရတာပါပဲ၊ အမွှေစိန်ထိသမျှ မစင်ဖြစ်ကုန်ကြတာပါ။ တကယ်တော့ ထရမ့်မှာ တကယ့်အမှုရှိတာ မရှိတာက ဒီမိုကရက်တွေအတွက် အရေးမပါပါဘူး၊ ဒီလောက် နှစ်ရှည်လများ ကြိုးစားခဲ့တာတောင် ဘာမှ မရခဲ့ပေမယ့် ရှေ့ကိုလည်း ဆက်လက်ပြီး အမှုတွေ ဆင်နေဦးမှာပါပဲ။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က အနည်းဆုံး သမ္မတရကပွဲဝင်မယ့် ထရမ့်ကို အမှုတန်းလန်းနဲ့ ရုံးချိန်းတွေနဲ့ အလုပ်ရှုပ် ခေါင်းရှုပ်နေစေပြီး အများဆုံး အမှုတခုခုနဲ့ ရကပွဲ မဝင်စေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ရုံးချိန်းတခုကို သန်း ၂၀၀ကျော် အကုန်ခံပြီး ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးနေတာ ဖြစ်ပါတယ်။ ထရမ့်မုန်းသူများလည်း ဒီလောက်ရယ်စရာကောင်းတဲ့ ကလေးကလားအမှုတွေအတွက် သင်တို့ပတ်ဝန်းကျင် ပိုကောင်းအောင် ပိုလုံခြုံအောင် လုပ်နိုင်မယ့် ပိုက်ဆံတွေကို သုံးလိုက်ရတာ တန်ရဲ့လားလို့ ပြန်စဥ်းစားကြစေချင်ပါတယ်။

အိုပက်နဲ့ အပေါင်းပါတွေက ရေနံထုတ်လုပ်မှု လျော့ချမယ်လို့ ကြေငြာပြီး ၄ရက်အတွင်း ရေနံစိမ်း တစည်ကို ၄ဒေါ်လာ တက်သွားခဲ့ပါတယ်။ လွှတ်တော်ထဲက ရီပါဘလစ်ကန်တွေ ပြည်တွင်းရေနံ ထုတ်လုပ်ခွင့် ပြန်ရအောင် ကြိုးစားနေပေမယ့် လုံလောက်တဲ့ ဒီမိုကရက်မဲမရရင် ဒီနှစ်ကုန်အထိ တောက်လျောက် တက်တော့မယ့်ပုံပါ။ နှစ်ကုန်ရင်ကောဆိုရင်တော့ စောင့်ကြည့်ရဦးမှာပါပဲ။ ယူကရိန်းစစ်နဲ့ အခြားသောအကြောင်းအရာတွေကလည်း မီးလောင်ရာလေဝင်ပင့်နိုင်ကြပါသေးတယ်။

အခြားသော အကြောင်းများထဲမှာ ရုရှားကို ဆန်ရှင်လုပ်တဲ့နေရာမှာ ရုရှားအထိနာမယ့်နေရာတွေကို တမင်ရှောင်ပြီးရိုက်တဲ့ထဲမှာ ဆန်ရှင်လုပ်တယ်လို့ လူပိန်းကြိုက် လုပ်ပြတာလည်း ပါပါတယ်။ ရုရှားက အမေရိကန်ဘဏ်တွေနဲ့ အလုပ်မလုပ်ရတော့တဲ့အခါ သူ့ငွေနဲ့ပဲ စွမ်းအင်ရောင်းဖို့ ဖြစ်လာတော့တာပါ။ တရုပ်ကလည်း ကမ္ဘာ့နိုင်ငံတော်တော်များများရဲ့ အရေးပါတဲ့ ကုန်သွယ်ဖက် ဖြစ်တဲ့အလျောက် သူ့ငွေကို ကမ္ဘာသုံးဖြစ်လာဖို့ ကြိုးပမ်းနေခဲ့တာပါ။ ကမ္ဘာက သူတို့ကို မယုံသေးလို့ ထင်သလောက် မမြန်နေတာ ဖြစ်ပါတယ်။

တခြား ရေနံထုတ်တဲ့ နိုင်ငံတချို့ကလည်း သူတို့ငွေနဲ့မှ ရောင်းမယ်တွေ ဖြစ်ကုန်ပါပြီ။ အမေရိကန် ဒေါ်လာဟာ ဘိုင်ဒန်တို့လက်ထက် သူမတူအောင် ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ကမ္ဘာနဲ့အဝှမ်း အရေးပါမှု ကျဆင်းလာနေတာဖြစ်ပေမယ့် သူ့ကို အစားထိုးဖို့ တခြားလောက်လောက်လားလား မရှိသေးတာကြောင့် အဆိုးဆုံး မရောက်သေးတာပါ။ စွမ်းအင်လို မရှိမဖြစ်ထုတ်ကုန် ရောင်းသူတွေနဲ့ တရုပ်လို မြီရှင်နိုင်ငံတွေက အကြပ်ကိုင်လာရင်တော့ နိုင်ငံတွေမှာ ရွေးစရာ ရှိမှာ မဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ အရေးမပါတော့ဘူးဆိုတာနဲ့ နိုင်ငံရေးဩဇာပါ မြောင်းထဲ ရောက်သွားတော့မှာ ဖြစ်လို့ ဘိုင်ဒန်တို့ကို တရုပ်ကြီးက ဘောက်ဆူးတွေ အာဘွားတွေ ပေးဦးမှာပါ။

JPMorgan Chase CEO Jamie Dimon ကတော့ ဘဏ်အကျပ်အတည်းက မပြီးသေးဘူး၊ အဆိုးသံသရာအဖြစ် လည်ပတ်နေဦးမှာလို့ ဆိုပါတယ်။ ဂျေမီဒိုင်းမွန်းက အဲဒီအပေါ်မှာ ဥပဒေတွေ အလွယ်တကူ ထပ်ထုတ်ဖြေရှင်းတာမျိုးတွေမလုပ်ပဲ သေချာ အကြေအလည် သုံးသပ် ဆွေးနွေးကြပြီးမှ အဖြေရှာတာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ ငွေဖောင်းပွမှုကိုချဖို့ အတိုးနှုန်းတင်သင့်ရင် တင်ရမယ်၊ ဘဏ်စနစ်ကြီးထဲက မကျန်းမာ မကြံ့ခိုင်တဲ့ အပိုင်းတွေ သွားလိမ့်မယ်၊ ဒါပေမယ့် ဒီလိုလုပ်မှ ကျန်းမာအောင် ဂရုစိုက်ကြပြီး ကျန်းမာတဲ့ စနစ် ကျန်ခဲ့မှာဖြစ်တယ်၊

ဒိုင်းမွန်းက အစိုးရအနေနဲ့လည်း မဆင်မခြင်သုံးနေတာတွေက ငွေဖောင်းပွမှုကို ပိုဆိုးစေမှာဖြစ်လို့ ဆင်ခြင်သင့်တယ်၊ တကယ်တော့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဘဏ်လုပ်ငန်းအတွက် အကောင်းဆုံး အခြေခံအဆောက်အဦတွေ ရှိတဲ့နိုင်ငံဖြစ်လို့ မကျန်းမာတဲ့အပိုင်းတွေ ရှင်းလင်းသွားရင် ကျန်တဲ့ ကျန်းမာတဲ့အပိုင်းတွေက ပိုပြီး သန်သန်မာမာ လည်ပတ်ရုန်းထနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

Social Security trust fund တွေကို ထိထိရောက်ရောက် ကိုင်တွယ်မှု မပြုခဲ့ရင် နောက် ၁၀နှစ်မှာ ပေးစရာမရှိတော့ပဲ ဖြစ်လိမ့်မယ်လို့ SS Board of Trustee ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရင်က မှန်းတာက ၂၀၃၄ဖြစ်လို့ တနှစ်စောပြီး ကုန်မယ့်သဘောပါ။ ဥပဒေပြုသူတွေက အဆိုပါ welfare program ကို ဘယ်လို fund လုပ်မယ်ဆိုတဲ့အပေါ်မှာ အမြင် ၂မျိုးဖြစ်နေကြလို့ ရှေ့နှစ်ဘတ်ဂျက်အတွက် ညှိမရသေးပဲ ဖြစ်နေပါတယ်။ Medicare trust fund က ၂၀၃၁မှာ ကုန်သွားတော့မှာဖြစ်လို့ ခုထဲက ပြင်ဆင်မထားရင် ပြည်သူတွေ အခက်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Social Security မှာ trust fund ၄ခု ပါဝင်ပြီး အဲဒါတွေက အသက်ကြီးသူတွေနဲ့ ကျန်ရစ်သူအာမခံ၊ မသန်မစွမ်းအာမခံ၊ ဆေးရုံအာမခံနဲ့ အပိုဆောင်းကျန်းမာရေးအာမခံတို့ ဖြစ်တဲ့အတွက် အဲဒီအာမခံတွေရဲ့ အကျိုးခံစားခွင့်ရှိသူတွေ အကုန်ထိနိုင်တာ ဖြစ်ပါတယ်။ ပေးနိုင်မယ့်နှစ်တွေ တိုတိုလာသလို ပေးနိုင်မယ့် ပမာဏလည်း နည်းနည်းလာနေတာပါ။ တချို့ပြည်နယ်တွေမှာ ဥရောပနိုင်ငံတချို့လိုပဲ အသက်ကြီးသူတွေ (သို့) ရောဂါရှိသူတွေ မနေချင်တော့ရင် ဆေးထိုးသေနိုင်ဖို့ ဒီမိုကရက်တွေက တွန်းလာကြတာ SS မပေးနိုင်တာလည်း အကြောင်းတခု ဖြစ်ပါလိမ့်မယ်။​

ကိုယ်တိုင်က မနေချင်တော့ရင် အကြောင်းမဟုတ်ပေမယ့် စနစ်ကို မိသားစုကပဲဖြစ်ဖြစ် ကျန်းမာရေးဝန်ထမ်းတွေကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် abuse လုပ်တာတွေ၊ ကူလီကူမာ လုပ်တာတွေ ရှိလာနိုင်ပြီး သက်သေပြဖို့ ခက်ခဲတာကြောင့် အဲဒီလမ်းကို ရွေးမယ့်အစား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု စသည် ကျွမ်းကျင်ပိုင်နိုင်သူတွေသာ ဦးဆောင်ခွင့် ရခဲ့ရင် နတ်လူသာဓုခေါ်မယ့် အခြေအနေတရပ် ဖြစ်လာနိုင်ပါသေးတယ်။ ဒီမိုကရက်တွေကတော့ ရီပါဘလစ်ကန်တွေဟာ မက်ဒီကဲကို လျော့ချဖြတ်တောက်ဖို့ ကြိုးပမ်းနေတယ်လို့ မဟုတ်မမှန် စွပ်စွဲပါတယ်။ စီမံခန့်ခွဲမှု မကောင်းတာကို ကိုင်တွယ်ရမှာဖြစ်ပေမယ့် ဖြတ်တောက်/လျော့ချမှု လုံးဝမပြုဘူးလို့ ထရမ့်ကရော ရီပါဘလစ်ကန်တွေကပါ အကြိမ်ကြိမ် ပြောထားပြီးသား ဖြစ်ပါတယ်။

House Oversight Committee ဥက္ကဋ္ဌ ဂျိမ်းစ်ကိုမာက အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘိုင်ဒန်ရဲ့ executive assistant ဟောင်း ကေသီချွန်းရဲ့ အစစ်ခံချက်ကို ကိုးကားပြီး ဘိုင်ဒန့်အိမ်ဖြူဟာ သူဒုသမ္မတရာထူးပြီးဆုံးစဥ်က တရားမဝင်ယူဆောင်လာခဲ့တဲ့ အိမ်ဖြူက ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းတွေကို အများပြည်သူမသိခင် ၆လလောက်ဖြစ်တဲ့ ၂၀၂၂ မေလထဲက လိုက်လံရှာဖွေ သိမ်းယူဖို့ ကြိုးစားနေခဲ့ကြောင်း၊ အဲဒီဖိုင်တွေဟာ အနည်းဆုံး ၃နေရာကို ရောက်နေခဲ့ကြောင်း၊ အဲဒီဖိုင်တွေကို ဘိုင်ဒန်တို့က သူ့ရဲ့ ဒလဝဲက ကားဂိုဒေါင်မှာလိုလို U Penn က ပန်ဘိုင်ဒန်စန်တာ မှာလိုလို တွေ့ကြောင်းသာ သိရပေမယ့် သူပိုင်ကားထဲမှာ ထည့်ထားပြီး နေရာစုံ သွားနေတာ ဖြစ်ကြောင်း၊ ဘယ်နေရာမှာမှ သော့ခတ်လုံခြုံအောင် ထားရှိတာမဟုတ်တဲ့အပြင် တရုပ်တန်းမှာပါ တွေ့ရှိခဲ့ရကြောင်းတို့ ပါဝင်နေပါတယ်။

သံတမန်ရေးနဲ့ ဂလိုဘယ်အန်ဂေ့ချ်မန့်အတွက် ပန်ဘိုင်ဒန် စန်တာ ဆိုတဲ့ သင့်ခ်တန့်ကို ဝါရှင်တန်မှာ ၂၀၁၈ ဖေဖော်ဝါရီက ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဖွဲ့စည်းပြီးပြီးချင်းလိုပဲ တရုပ်က အလှူငွေ​ ဒေါ်လာ သန်းဆယ်ချီပြီး ဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူကြား သတင်းထွက်လာတာကလည်း leak လုပ်လိုက်သူတဦးကြောင့်သာ သိရတာ ဖြစ်ပါတယ်။ အဲဒီ ကေသီချွန်းကို စစ်တဲ့ရက်နဲ့ ထရမ့်ကို ရုံးချိန်းပေးတဲ့ ရက် တိုက်နေတာကလည်း မသင်္ကာစရာတွေထဲက တခုဖြစ်နေပါတယ်။ တနိုင်ငံလုံး ခွေးဖြစ်မယ့် နိုင်ငံတော်လုံခြုံရေးကိစ္စ ခြစားကိစ္စကို ကြောင့်ကြပူပန်မှုမရှိပဲ ထရမ့်ကိုပဲ မရှိတဲ့အပြစ် ရှာမုန်းနေကြတာက ကိုယ့်ရဲ့ နှလုံးရည်ကို ဖော်ပြနေတယ်ဆိုတာ သဘောပေါက်ကြပါလို့ပဲ ဆိုပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: