ဧပြီ ၁၆ ရက် ၂၀၂၃

ပေါက်ကြားလာတဲ့ သတင်းတွေအရ အမေရိကန်အထူးတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံမှာ ရောက်ရှိကူညီနေတယ်လို့ ဖော်ပြထားပါတယ်။ ဘလင်ကန်က ဟုတ်တော့ ဟုတ်ပါတယ်၊ သံရုံးဝင်းထဲက စစ်သံရုံးထဲမှာပါ၊ စစ်ဝင်တိုက်ပေးနေတာ မဟုတ်ပါဘူး၊ အမေရိကန်တွေ ပို့ထားတဲ့ စစ်လက်နက် ကိရိယာတွေ မှန်မှန်ကန်ကန် သုံးတတ်အောင် ကူညီရုံပါလို့ ဖုံး/ဖာပါတယ်။ တကယ်လို့ သူတို့တွေထဲက တယောက်ယောက်ဟာ ရုရှားတပ်က လက်နက်ကျည်ထိပြီး ကျဆုံးသွားခဲ့ရင် နှစ်နိုင်ငံ စစ်ဖြစ်မှာလားဆိုတာကို ပူပင်ကြတဲ့ မေးခွန်းတွေကို တုန့်ပြန်တာဖြစ်ပါတယ်။ အဲဒီလို ကျဆုံးခဲ့ရင်တောင် အမြှီးလေးကုပ်ပြီး တိတ်တိတ်ပြန်ခေါ်လာမလား၊ အဲဒီအခက်ကို အချက်လုပ်ပြီး စစ်စရိတ်ဘန်းပြ ဂွင်ရှာမလားဆိုတာ ၂ခုလုံးက သူတို့လုပ်ဖို့ မခက်သလို ရှက်မှာလည်း မဟုတ်ပါဘူး။ ၂၀၂၄မှာ အခြေမလှနိုင်ရင် ဘာကိုပဲဖြစ်ဖြစ် ချကျွေး ချနင်းပြီး အာဏာဆက်ကိုင်နိုင်ဖို့ လုပ်ကြဦးမှာပါ။

ဘလင်ကန်ဆိုတာကလည်း သူ့မိဘလက်ထက်ကတဲက ဒိစတိတ်နဲ့ မိသားစုလိုက်ကြီး ပတ်သက်နေသူ ဖြစ်ပါတယ်။ FTX ဖောင်ဒါ ဆမ်ဘန့်ခ်မန်ဖရိဒ်နဲ့ သူ့ဂဲလ်ဖရန့် ကာရိုလိုင်း အယ်လီဆန်တို့လည်းပဲ မိဘတွေက ဒီမိုကရက်တွေရဲ့ မဟုတ်မဟတ်လုပ်ရပ်တွေမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေသူတွေ ဖြစ်နေတာပါ။ တကယ်တမ်းကြည့်ရင် ဒီမိုကရက်ထိပ်သီးအသိုင်းအဝိုင်းမှာ အပြင်လူမရှိပါဘူး။ အကုန်လုံးက တနွယ်ငင်တစင်ပါ အမှုတွဲတွေချည့် ဖြစ်နေတာပါ။ ဒါကြောင့်လဲ စည်းလုံးနေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ ဝီကီလိခ်က ဂျူလီယန်အဆန့်ချ်တို့ နိုင်ငံတော်လုံခြုံရေးအေဂျင်စီက အက်ဒွပ်စနိုးဒန်တို့ကို အမှုန့်ကြိတ်ချင်နေတာ ဖြစ်ပါတယ်။

မန်ဟက်တန်မှာ မရှိတဲ့အပြစ်ကို တဆိတ်ကို အအိပ်လုပ်ပြီး အပြစ်ကြီးကြီးရှိသယောင် အမှုဆင်စွဲချက်တင်ခံရတဲ့ ထရမ့်ဟာ သူ့ကို အမှုဆင်ရာမှာ ကူညီခဲ့တဲ့ သူ့ရဲ့ရှေ့နေဟောင်း မိုက်ကယ်ကိုဟန်ကို ရှေ့နေနဲ့ အမှုသည်နှစ်ဦးသာ သိရမယ့်အကြောင်းတွေကို ဖောက်သည်ချမှုနဲ့ သန်း၅၀၀ လျော်ကြေးရဖို့ တရားစွဲဆိုလိုက်ပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေကို အာဏာရှိ​ ငွေရှိ မင်းမျိုးနဲ့ ဆယ်လီများအတွက် လက်သန့်မွေး လေ့ကျင့်ပေးခဲ့တဲ့ ဂျက်ဖရေအက်ပ်စတိန်းနဲ့ တခန်းထဲ အကျဥ်းကျနေသူ နိကိုးလပ်စ် တာတာလီရုန်းဟာ ၂၀၁၉ကမှ လူသတ်မှု ၄မှုနဲ့ ထောင်ကျလာတာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ဆူဆိုက်လုပ်သွားတယ်လို့ အလွယ်တကူ ဆုံးဖြတ်ပေးလိုက်တဲ့ ဂျက်ဖရေအက်ပ်စတိန်း အသတ်ခံရတုန်းက အခန်းထဲမှာ သူတဦးပဲရှိပြီး တဘလောက်လုံးမှာ လူမရှိ၊ ကင်မရာပျက်နေတယ် လို့ပဲ သတင်းလွှင့်ပြီး နောက်တော့ ထောင်အဝတ်အစားလဲထားသလို သေမှုသေခင်းမှာ နေရာမရွေ့ရတာကို ဆေးရုံပို့ထားတဲ့သတင်းတွေ ပေါက်ကြားလာပါတယ်။

ခုနောက်ဆုံး ထွက်လာတာတော့ အခန်းဖော်က ရာဇဝတ်လူသတ်ကောင် ဖြစ်နေတဲ့ သတင်းပါ။ ပိုစိတ်ဝင်စားစရာကောင်းတာက အဲဒီလူဟာ အရင်က နယူးယောက်ရဲ ဖြစ်ခဲ့ဖူးပြီး နောက်တော့ ကိုကင်းဖြန့်သူဘဝကနေ လူသတ်ကောင် ဖြစ်လာတာပါ။ ပုံမှန်ဆိုရင် ဆူဆိုက်လုပ်နိုင်ခြေရှိတယ်ဆိုတဲ့ အကျဥ်းသားမျိုးကို သီးသန့်ထား စောင့်ကြည့်လေ့ရှိတာကနေ အစောင့်မရှိ၊ ကြမ်းတမ်းရာဇဝတ်သားနဲ့ ရောထားပြီး ကင်မရာကလည်း အလိုက်တသိ ပျက်ပေးထားတယ်ဆိုတော့ သဘောပေါက်ကြပေါ့လေ။ ဒါနဲ့ ခုထိ သူ့ဖောက်သည်စာရင်း ထွက်မလာသေးတာ ဘာကြောင့်များပါလိမ့်။ ဘာကိုဖုံးချင်ပြီး ဘာကို ကြောက်နေကြတာလဲ။ ဘယ်သူတွေ ပါနေလို့ အသေအလဲ ဖုံးချင်နေရတာလဲ။

ဖုံးတယ်ဆိုလို့ သမ္မတကနေဒီကို ဘယ်သူတကယ်သတ်ခဲ့တာလဲဆိုတဲ့ စီအိုင်အေဖိုင်တွေကို အနှစ် ၆၀ကျော် ကြာလာသည့်တိုင် ဘိုင်ဒန်အစိုးရနဲ့ စီအိုင်အေက ထုတ်ပြန်ပေးဖို့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ ဒိစတိတ်က အဲဒီတုန်းကတဲက ရှိနေတာလို့ ယူဆရမယ့်ပုံပါပဲ။ အဲဒီအမှုဟာလည်း အက်ပ်စတိန်းအမှုလိုပဲ ပြီးစလွယ် အဖြေထုတ်ခဲ့ပြီး သံသယရှိစရာတွေ အများကြီး ချန်ထားခဲ့တဲ့အမှုဖြစ်ပါတယ်။ ကနေဒီတို့လို နိုင်ငံရေးဩဇာကြီးမားလှတဲ့ မိသားစုနောက်ခံရှိသူ တွေတောင် ဘာမှ မတတ်နိုင်လောက်အောင် ဘာတွေက ခလောက်ဆန်နေသလဲဆိုတာ ပြည်သူမှာ သိပိုင်ခွင့် အပြည့်ရှိပါတယ်။ ရီပါဘလစ်ကန်အမတ်တွေက မှတ်တမ်းတွေထွက်လာဖို့ ကြိုးစားနေဆဲပါ။

ကန်တပ်ကီပြည်နယ် အန်သမ်ကျန်းမာရေးအာမခံကုမ္ပဏီကနေ ဆရာဝန်တွေဆီကို ဖြန့်ဝေတဲ့ ကဗကကဆ ဆေးထိုးပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရမယ့် ဆုကြေးတွေကို ဆပ်ဘ်စတက်စာရေးသူ တက်စာလီနာက ကိုးကားရေးသားခဲ့ပါတယ်။ အဲဒီစာအရ ကဗကကဆအတွက် ပထမဆုံး ဆုကြေး စပေးတာက ၂၀၂၁ စက်တင်ဘာ ၁ရက်မှာဖြစ်ပြီး အဲဒီနှစ် ဒီဇင်ဘာလကုန်မှာ နောက်ဆုံးပေးခဲ့တာ ဖြစ်ပါတယ်။ အာမခံထားသူတဦး ဆေးထိုးလို့       $20 ပေးတုန်းက ဆေးထိုးတဲ့သူ ၃၀% ပဲရှိပြီး $45 ဖြစ်လာချိန်မှ, ဆေးထိုးသူ ၄၀%၊ ဆုကြေး $70 မှာ ဆေးထိုးသူ ၁ဦး $100 ပေးတော့ ဆေးထိုးသူ ၅၆%ေဘူ ဖြစ်လာပြီး ဆေးထိုးသူတဦးဆုကြေးကို $125 အထိ တိုးပေးလိုက်ချိန်မှာ အန်သန်ကျန်းမာရေးအာမခံ ထားသူပေါင်းရဲ့ ၇၅% က ဆေးထိုးပြီး ဖြစ်နေပါပြီ။

မလိုအပ်ပဲ ဘေးထွက်ဆိုးကျိုးများပြီး အန္တရယ်ရှိနိုင်တဲ့ဟာကို ထိုးခိုင်းဖို့တွန်းတဲ့ ဆရာဝန်တွေ ဘယ်သူ့အကျိုးစီးပွားကြောင့် တွန်းနေတယ်ဆိုတာ မြင်အောင်ကြည့်ကြဖို့ပါ။ ကဗပ ဘယ်ကစတာနဲ့ ပတ်သက်တဲ့ ဖောက်ချိရဲ့ အီးမေးလ်ချိန်းက အသုတ်လိုက်ပျောက်နေတဲ့အပြင် ကဗကကဆအပါအဝင် ကကဆတွေ အန္တရာယ်ဖြစ်နေသည့်တိုင် ထုတ်လုပ်သူကို တရားစွဲလို့မရအောင် လုပ်ထားတဲ့ ဥပဒေတွေကြောင့် သင်းတို့တွေ ဒီလောက် ဆိုးနေတာဖြစ်ပြီး ပေါင်းစားနေတဲ့ ဖောက်ချိတို့ အက်ဖ်ဒီအေတို့လို ဗျူရိုကရက်တွေ ခြစားဥပဒေပြုသူတွေ စတဲ့ ဒိစတိတ်တွေက ဝိုင်းကာပေးထားတဲ့အတွက် ပြည်သူက အခံဖက်ကချည့် ဖြစ်နေတာပါ။ ပေါင်းစားတဲ့ထဲ မီဒီယာတွေ တက်ခ်ဂျိုင်းယန့်ကြီးတွေပါပါလို့ ပြည်သူက ဆရာဝန်တွေပြောတာမှန်သမျှ ယုံနေကြတာ ဖြစ်ပါတယ်။

ဒါနဲ့ ဖောက်ချိဆိုလို့ သင်းကြီးက နားပြီလို့ အယောင်ပြပြီး လုပ်ပိုင်ခွင့်တော်တော်ရှိတဲ့ နေရာတခုမှာ တဖက်လှည့်နဲ့ ခိုးလုပ်နေတုန်းလို့ ရန်ပေါလ်က ပြောထားတယ်။ နားတယ်လို့ လှိမ့်ထားတာက ရီပါဘလစ်ကန်လွှတ်တော်က ခေါ်ဖြဲမှာစိုးလို့။ မဟုတ်တာလုပ်ထားသူတွေရဲ့ ပြဿနာက သူတို့ဖုံးဖိထားတာတွေ အရှုပ်ထုပ်တွေ ပေါ်မှာစိုးတော့ အပြင်လူလုံးဝ အဝင်မခံပဲ သေမှသာသေရော ရာထူးအာဏာကို မစွန့်နိုင်ကြတာဖြစ်ပါတယ်။ ဟူစိန်အိုတို့ ကလိန်တန်တို့လည်း ဝါရှင်တန်မှာပဲ ဝေ့လည်နေတာ အဲဒီသဘောပါပဲ။ သေတ္တာထဲဝင်ဖို့နီးနေတဲ့ ပလိုးစီတို့ ဖိုင်းစတိုင်းတို့ ဘိုင်ဒန်တို့လည်း အဲဒါကြောင့်ပဲ မှောင်ကြီးမခွာနိုင်ဖြစ်နေကြတာပါ။ တိုင်းပြည်ကို ချစ်လွန်းလို့လို့ ထင်နေကြဦးမယ်။

ဟူစိန်အိုဘားမားဆိုလို့ အာရှအမွှေစိန်လို့ ခေါ်နိုင်တဲ့ မလေးရှားသူဌေး ဂျိုလိုဟာ ၂၀၁၂ ဟူစိန့်ကမ်ပိန်းကို ဒေါ်လာသန်း ၃၀ လှူတန်းချင်တယ်လို့ ကမ်းလှမ်းခဲ့ဖူးကြောင်း သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုက သယ်ဖြူဂျီးစ်အဖွဲ့က ရက်ပါ ပရာ့စ်မိုက်ကယ်ကို ရကပွဲငွေတွေကို နိုင်ငံခြားသားတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ အမှုမှာ ထွက်ဆိုခဲ့ပါတယ်။ ပရာ့စ်မိုက်ကယ်ဟာ တရုပ်အစိုးရနဲ့ ဂျိုလိုတို့အတွက် ဝါရှင်တန်မှာ လော်ဘီလုပ်ပေးနိုင်ဖို့ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။

ရကပွဲတွေမှာ နိုင်ငံခြားသားက တိုက်ရိုက်လှူခွင့်မရှိလို့ နိုင်ငံရေးသမားတွေကို ဝယ်ချင်တဲ့သူတွေဟာ ဆယ်လီတွေ သူဌေးတွေကနေတဆင့် ချဥ်းကပ်ဝယ်ယူကြတာ ဖြစ်ပါတယ်။ ဂျိူလိုဟာ မြန်မာပြည်မှာလည်း အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံဖူးတယ်လို့ သိရတဲ့အပြင် အခုအခါ မလေးအစိုးရက အလိုရှိနေလို့ မကာအိုမှာ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။ ထရမ့်ကမ်ပိန်းအလှူငွေ အများစုက သန်းပေါင်းများစွာသော အခြေခံလူတန်းစားတွေထံက လာတာဖြစ်ပြီး ဒီမိုကရက်တွေကို လှူဒါန်းငွေအများစုက အခုလို ကြိုးတန်းလန်းနဲ့ အလှူငွေတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဏာမရခင်က ဆင်ဖမ်းမယ်ကျားဖမ်းမယ်တွေ အသံကောင်းဟစ်နေပေမယ့် အာဏာရပြီးရင် လေသံပြောင်းသွားကြတာ ထုံးစံလို ဖြစ်နေတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: