ထရန်စ်၊ အဘောရှင်း၊ နယ်ခြားမဲ့၊ အေအိုင်နဲ့ ဒီမိုကရက်

မနေ့က ရီပါဘလစ်ကန် အောက်လွှတ်တော်က အမျိုးသမီးအားကစားအသင်းတချို့မှာ မွေးတုန်းက အမျိုးသားဖြစ်ပေမယ့် အမျိုးသမီးလို့ခံယူထားတယ်ဆိုတဲ့သူတွေကို ပါဝင်ခွင့်မပြုဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အများစုက ပါတီလိုင်းအတိုင်းပဲ မဲပေးကြတာဖြစ်ပြီး ဟိုဖက်ဒီဖက်က အနည်းငယ်ပဲ မဲမပေးခဲ့ကြတာပါ။ ဒီမိုကရက်တွေလက်ထက်မှာ ကျားအင်္ဂါအစုံအလင်နဲ့သူတွေက မိန်းမနာမည်ခံယူလိုက်တာနဲ့ မိန်းမအိမ်သာ၊ ရေချိုးခန်း၊ နားနေခန်း စတာတွေကို တရားဝင်ဝင်ထွက်ခွင့် ရှိနေတာ အမျိုးသမီးတွေအတွက် တရားလား မတရားဘူးလားဆိုတာ လူလိုတွေးနိုင်သူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘိုင်ကြီးက သူ့စားပွဲပေါ်ရောက်လာရင် ဗီတိုလုပ်ပယ်ချမယ်လို့ ကြုံးဝါးထားပါတယယ်။ ဒါပေါ့လေ၊ သူလည်း အရွယ်ရောက်ပြီး သူ့သမီးနဲ့ ရေတူတူချိုးသူဆိုတော့ သူ့အတွက်တော့ မဆန်းဘူးနေမှာပေါ့။ ကျန်တဲ့ထောက်ခံတဲ့ ဒီမိုကရက်တွေလည်း အဲဒီလိုပဲ လုပ်နေကြလို့များလားဆိုတာ မေးစရာ ရှိလာရော။

တကယ်လို့များ ပါတီလိုင်းကို မပြောပဲနဲ့ ဒီကိစ္စကိုမေးကြည့်ရင် အမေးခံရသူတိုင်းက ဟားကြမယ်ထင်ပါတယ်။ စဥ်းစားနေစရာမှ မလိုတာကိုး။ အဘောရှင်းလဲ တူတူပါပဲ၊ ခုခေတ်ကြီးမှာ တားနည်းပေါင်းများစွာ ပေါများနေတာ ကိုယ့်သားသမီးကိုတောင် ရက်ရက်စက်စက် တစစီဆွဲဖြုတ် အဆိပ်ထိုးသတ်ဖို့ဆိုတာ ဝမ်းထဲကကလေးက မအော်ဟစ်နိုင်ပေမယ့် နာကျင်ခံစားရမယ်ဆိုတာ သိသာနေတာပါပဲ။ နယ်ခြားကိစ္စဆိုလည်း ကိုယ့်အိမ်မှာကျတော့ ခြံစည်းရိုးအမြင့်ကြီးတွေ လုံခြုံရေးစနစ်တွေ အကျအနတပ်ပြီး နိုင်ငံကိုကျမှ ခြံစည်းရိုးကာတာ ရေ့စစ်ဖြစ်သွားတဲ့ ဘရိန်းတွေကို ရွှေပဲချထားရမလို ဖြစ်နေတာပါ။

အဲဒါတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေ ဘာကြောင့်ထောက်ခံနေရသလဲ၊ သူတို့မှာ ဘာမူတွေ ဘာအကြောင်းပြချက်တွေ ရှိနေလို့လဲဆိုတာ အဖြေထွက်လာပါတယ်။​ ယနေ့ဒီမိုကရက်ပါတီရဲ့  မူဝါဒတွေဟာ ဘေလ်ကလင်တန်တို့ လက်ထက်ကနဲ့ ယှဥ်ရင်တောင် အများကြီး အစွန်းရောက်လာပြီ​ဖြစ်ပေမယ့် ပါတီဝင်အများစုကတော့ ပါတီကိုသာ သစ္စာခံပြီး အထက်ကတိုင်ပေးတဲ့နာရေးတစ်တွေ သူတို့ရဲ့ ယုံကြည်မှုကြီးတွေအဖြစ် အလွယ်တကူ လိုက်အော်ကြတာပါပဲ။ တကယ်တမ်း မင်းရဲ့ ကိုယ်ပိုင်အမြင် ကိုယ်ပိုင်ယုံကြည်ချက်တွေက ဘာတွေလဲလို့ တေ့တေ့ဆိုင်ဆိုင် သွားမေးရင်တော့ ခွေးအကြီး လည်လိမ်ထားသလို အင်းအဲဟိုဒီနဲ့ ရှောင်ပြေးကြတာပါ။ တချို့လဲ ဆဲကန်ကန်သွားတာပေါ့။ နိုင်အောင်မှ မပြောနိုင်တာလေ။

ကလင်တန်တို့ခေတ်က ဒီမိုကရက်တွေက အဘောရှင်းကို လနုတုန်းလောက်ပဲ အကန့်အသတ်နဲ့ ခွင့်ပြုခဲ့ပြီး အခုလို အင်တိုက်အားတိုက် နေ့စေ့လစေ့ဆိုတာမျိုးတွေကို အားမပေးကြပါ၊ နယ်ခြားဆိုလည်း ထရမ့်ပြောခဲ့တာထက်မနိမ့်တဲ့ လုံခြုံမှုမျိုး အခိုင်အမာ ပြောခဲ့ကြတာပါပဲ။ အကောင်အထည်ဖော်တာမှာတော့ ထိရောက်မှုချင်းကွာမှာပေါ့လေ။ အဲဒီတော့ သူတို့ဟာ ပါတီအလိုကျ အရောင်ပြောင်း အသုံးတော်ခံမယ့် ပုတ်သင်ညိုလေးတွေလို ဖြစ်နေတော့တာပါ။ တကယ်လို့များ ပါတီက တပြည်လုံး တရုပ်ကွန်ကွန်တွေ အရင်က လုပ်သလို တတိုင်းပြည်လုံး ယူနီဖောင်းဝတ်ရမယ်၊ ကလိုင်းမိတ်ကြီးမချိန်းအောင်လို့ဆိုလည်း အဲဒီဖက်က ဝိုင်းလော်ဘီလုပ်ကြဦးမှာပါ။ ကွန်ဖောင်းမတီကို ဦးစားပေးသူတွေပေါ့။

အမေရိကန်လို ထိပ်တန်းနိုင်ငံကြီးမှာ ဘာလို့ အဲဒီလို ဖြစ်နေရသလဲဆိုရင် ဒီမိုကရက်အများစုက အင်မီးဂရန့်တွေကို မားကက်တင်းလုပ်တဲ့အတွက် အင်မီးဂရန့်ဆိုရင် အော်တိုမက်တစ် ဒီမိုကရက် ဖြစ်ပြီးသားလို့ ပြောရင်တောင် ရနေတော့တာ။ အင်မီးဂရန့်တွေအများစုက အလွတ်ကျက် အသေမှတ်တဲ့ ဦးဘယဥ်ကျေးမှုနဲ့ အသားကျနေသူ၊ အထက်ကလာတဲ့အမိန့်ဆိုရင် သင့်/မသင့် တွေးဝံ့၊ မေးခွန်းထုတ်ဝံ့တဲ့ သတ္တိ၊ ဉာဏ်ပညာ၊ ဘာသာစကားကြွယ်ဝမှု၊ ဗဟုသုတကြွယ်ဝမှုတွေ အားနည်းကြတော့ ပါတီကို အသေစွဲပြီးရင် ပါတီမကောင်းလို့ လင်ဆိုးမယားလို ဖြစ်နေလည်း မစွန့်နိုင် မခွာရက် ဖြစ်နေတာလို့ မြင်မိပါတယ်။ ပြည်တွင်းဒီမိုကရက်တွေဟာလည်း ခရစ်တစ်ကယ်သင်းကင်း အားနည်းသူတွေ၊ နား မျက်စေ့ထက် ပါးစပ်အရင်ဖွင့်ပြီး ငါ့စကားနွားရပြောဖို့ အားသန်တဲ့ လူစွာတွေ ဖြစ်နေကြတာက အများစု ဖြစ်နိုင်ပါတယ်။

ထရန်စ်ကိစ္စ အစပြန်ကောက်ရရင် ပြည်တွင်းပညာရေးမှာ ကလေးတွေရဲ့ ဆွေးနွေးငြင်းခုံမှုတွေက အဲဒီထရန်စ်ကိစ္စတွေ၊ အဘောရှင်းကိစ္စတွေမှာပဲ ပတ်ချာရိုက်နေအောင် အဝတ်စုတ်နဲ့ မျှားထားချိန်မှာ အမေရိကန်ရဲ့ ပြိုင်ဖက်နိုင်ငံတွေက သူတို့ကလေးတွေကို ကမ္ဘာကြီးကို ထိန်းချုပ်နိုင်ဖို့ တွန်းသင်နေတယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ အမှန်တရားကို သိချင်ရင် သိနိုင်ဖို့ သိပ်မခက်သေးတဲ့ အခုလိုအချိန်မှာတောင် မြင်အောင်မကြည့်ကြပဲ အတင်းကြီး မျက်စေ့လွှဲ နားပိတ်နေကြရင် မဝေးတော့တဲ့အနာဂတ်မှာ အေအိုင်တွေ အဆင့်မြင့်လာလို့ ဘယ်ဟာက အမှန်ဆိုတာ ပြောဖို့ ခဲယဥ်းလာတဲ့တနေ့မှာ ကမ္ဘာကြီးဟာ လက်တဆုပ်စာလူတစုရဲ့ ကျွန်ပြုမှုအောက်မှာ ပြားပြားဝပ်နေရတော့မှာပါ။

အမေရိကန်တောင် တရုပ်စာသင်ရရင် မြန်မာပြည်ဘယ်ဘဝရောက်မလဲဆိုတာ သိပ်တွေးနေစရာ မလိုလောက်ပါဘူးနော်။ တရုပ်အလံကြီးထောင် တင့်ကားကြီးတွေဝင်လာမှ သိမ်းတယ်လို့ ထင်နေကြသေးတာလား။ ယူကရိန်းမှာလည်း ပြာပုံဖြစ်အောင်လုပ်မယ်လို့ အစထဲက ပြောခဲ့တယ်။ အခုအဲဒီလိုဖြစ်လာနေပြီ။ စစ်ပြီးပါပြီတဲ့၊ လမ်းတွေ၊ တံတားတွေ၊ ဆေးရုံတွေ ကျောင်းတွေ၊ လေဆိပ်တွေ ဘယ်သူဆောက်ပေးမလဲ၊ ကမ္ဘာမှာ အဲဒီလိုလိုက်ဆောက်ပေးပြီး တိုင်းပြည်တွေကို ကြွေးနဲ့ လိုက်သိမ်းနေတာ ဘယ်နှစ်ဦးရှိနေလို့လဲ။ ပျက်လေကြိုက်လေပဲ၊ ရှီကစောင့်နေသူလေ။  

အီလွန်က အေအိုင်ဟာ civilization တခုလုံးကို ဖျက်မယ်ဆိုရင်တောင် ဖျက်နိုင်တဲ့ အနေအထားမျိုးအထိ ဖြစ်လာနိုင်လို့ စိုးရိမ်စရာကောင်းကြောင်း တစိုက်မတ်မတ် ပြောနေခဲ့တာ ကြာပါပြီ။ တပ်ကာနဲ့ အင်တာဗြူးမှာလည်း အေအိုင်ကိုထိန်းဖို့ regulation ရှိသင့်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောပါတယ်။ ခက်တာက regulation ဆိုတာကလည်း ခြစားတွေကလုပ်တာဆိုရင် ဟိုဖက်အလေးသာပေးထားတော့မှာဖြစ်သလို regulation တွေ ကောင်းပြန်ဦးတော့ တရားရေးမဏ္ဍိုင်မှာ အမွှေစိန့်အောက်ဆွဲတွေ ကြီးစိုးနေသ၍ တရားတဲ့ဖက်က တကယ်ရပ်ပါ့မလား ဆိုတာလည်း စဥ်းစားသင့်တဲ့အချက်ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: