တပ်ကာနဲ့ ဖောက်စ်နယူးစ်တို့ လမ်းခွဲကြပြီ။

ဖောက်စ်က အစီအစဥ်တင်ဆက်သူတဦးဖြစ်တဲ့ ဟဲရစ်စ်ဖော်လ်ကနာက နှစ်ဦးသဘောတူလို့ ပြောတာရှိပေမယ့် ဖောက်စ်တည်ထောင်ကတဲက အနှစ် ၃၀လောက် ဆက်တိုက်လုပ်လာတဲ့ ဟန်နတီက သူဘာဆိုဘာမှမသိရတာကြောင့် တုန်လှုပ်ရပါတယ်လို့ ဆိုပါတယ်။ တပ်ကာက ဖလော်ရီဒါမှာ အိမ်တလုံးဝယ်ထားကြောင်း ပြီးခဲ့တဲ့ အပတ်ကမှ သတင်းတက်ထားတာပါ။ ဖောက်နယူးစ်က တပ်ကာကို မထုတ်ခင်ရက်ပိုင်းအလိုမှာ နောက်ထပ် ကွန်ဆာဗေးတစ်တဦးဖြစ်တဲ့ ဒန်ဘွန်ဂျီးနိုကို ဖြုတ်လိုက်ပါသေးတယ်။

တပ်ကာက စနေနေ့ကမှ ဟဲရေတေ့ချ်ဖောင်ဒေးရှင်းကပွဲမှာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စပေါင်းများစွာထဲမှာ ကောက်ချက်ချနိုင်တာနှစ်ခုပဲ ရှိတယ်၊ တခုက တိုင်းပြည်ဟာ လမ်းမှားကြီးကို တဟုန်ထိုးမြန်တဲ့အရှိန်နဲ့ သွားနေတာဖြစ်ပြီး နောက်တခုက လူတွေဟာ ကိုယ့်ထမင်းအိုးမကွဲဖို့အတွက် ကန်ဆယ်လ် အလုပ်မခံရဖို့နဲ့ အများ(လူစွာများ ဘူလီများ)နဲ့ အသံတူအောင် လိုက်ကြိုးစားနေရတာကို ဝမ်းနည်းဖွယ် တွေ့လာရတာပါပဲ။

ဆက်လက်ပြီး တပ်ကာက တလောကလုံးက အလိမ်တွေနဲ့ ပတ်ချာဝိုင်းနေပြီး တဦးတလေက မိုးခါးရေသောက်ဖို့ ငြင်းဆိုပြီး ဘက်စုံဖိအားတွေကြားထဲက အမှန်တရား/ ယုံကြည်ရာကို စွဲကိုင်ထားသေးတယ်ဆိုရင် ဒါဟာ တကယ့်သူရဲကောင်းပဲလို့လည်း ပြောသွားပါသေးတယ်။ အဲဒီတုန်းက နောက် ၂ရက်ကြာရင် ဖောက်စ်နယူးစ်က သူ့ကို ဖြုတ်ထုတ်သတ်လုပ်မယ်ဆိုတာကို လုံးဝ စကားဦးသန်းသွားတာမျိုး မရှိခဲ့ပါဘူး။

အဆိုပါပွဲမှာ တပ်ကာက လောကမှာ ဘာတွေကကောင်းတယ် ဘာတွေကဆိုးတယ် ဆိုတာကို ငြင်းနေကြရင်လည်း အငြင်းမခံနေတာ ဆွေးနွေးတာတွေ ဒီဘိတ်တွေ လုံးဝရှောင်ပြီး ငါပြောတာမှအမှန်လုပ်နေတဲ့သူတွေနဲ့ ဆက်ငြင်းနေမလား တနေ့ကို ၁၀မိနစ်လောက် ဘုရားရှိခိုးဆုတောင်းမေတ္တာတွေနဲ့ နေကြမလားဆိုတာကို စဥ်းစားကြဖို့ သင့်ပါပြီလို့ နိဂုံးချုပ် အကြံပြုသွားပါတယ်။ တချို့ကတော့ အခုလို ဘုရားသခင်ကို ဆွဲထည့်လိုက်တာဟာ ဖောက်စ်နယူးစ်က ဖြုတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ အမေရိကန်မှာ ဒီမိုကရက်အာဏာရတွေ ဂလိုဘယ်လစ်တွေနဲ့ ဗျူရိုကရက်တွေကက ခရစ်တော်ကို ဆန့်ကျင်တာတွေ ဘာသာရေးအဖွဲ့တွေကို ဖိနှိပ်တာတွေ အများကြီး လုပ်နေကြတာ ဖြစ်ပါတယ်။

ယုံကြည်မှု ယဥ်ကျေးမှုမျိုးစုံ ရောပြွမ်းနေတဲ့ ကမ္ညာကြီးမှာ ကောင်းတာ ဆိုးတာ ကုသိုလ် အကုသိုလ်ဆိုတာက ကိုယ်ကြိုက်တာ မကြိုက်တာ သဘောတူတာ မတူတာဆိုတဲ့ ပေတံနဲ့ တိုင်းကောင်းတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓအဆုံးအမတွေကို လိုက်နာသူတွေမှာတော့ ကောင်းတဲ့အရာ တနည်းအားဖြင့် ကုသိုလ်ဆိုတာက အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်းသဘောရှိတဲ့ သတ္တ ဇီဝမဟုတ်တဲ့ သဘောတရားတွေကို ခေါ်တာပါ။ မကောင်းတဲ့ အကုသိုလ်ကတော့ အပြစ်နှင့်တကွ ဖြစ်တယ်၊ မကောင်းတဲ့အကျိုးကို ပေးခြင်းသဘောရှိတဲ့ သတ္တ ဇီဝ မဟုတ်တဲ့ သဘောတရားတွေကို ခေါ်တယ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။

ဘာသာရေးယုံကြည်မှုဆိုတာ လူ့ဘောင်ရဲ့ ကြီးမားတဲ့အထိန်းအကွပ် တခုဖြစ်လို့ အင်အားကောင်းတဲ့ တိုင်းပြည်ကို ဖြိုခွဲမယ်ဆိုရင် ယုံကြည်မှု မဏ္ဍိုင်ကို အရင်နှဲ့ကြပြီး လူတွေ စိတ်ထွေ/ မူပျောက်သွားတော့မှ လိုချင်တဲ့ပုံ သွင်းယူလို့ လွယ်ကြမှာ ဖြစ်ပါတယ်။ ကွန်ကွန်တွေအားလုံး အဲဒီလမ်းစဥ်ပဲ သွားခဲ့ကြတာပါ။

တပ်ကာကိစ္စပြန်ကောက်ရရင် တပ်ကာဟာ ရိုးသားမှုရှိသူဖြစ်ပြီး သူမေးမြန်းခဲ့တဲ့သူတွေအပေါ်မှာ မျှမျှတတ လေးစားမှုပေးပြီး ဆက်ဆံပေးခဲ့တာ သတိပြုမိပါတယ်။ ဂျန်၆လို၊ တခြားသူတွေ အင်တာမဗျူးရဲသူတွေ မထိရဲတဲ့ အကြောင်းအရာတွေကိုလည်း ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ဆက်ခဲ့ပြီး ကြည့်သူများ သိသင့်တာတော်တော်များများကို ရှုထောင့်ပေါင်းစုံကနေ သေသေချာချာ ပြင်ဆင် တင်ဆက်နိုင်ခဲ့ပါတယ်။ မထင်မရှား သတင်းထောက်များ၊ မတရားခံနေရတဲ့ ပြည်သူများကိုလည်း အင်တာဗျူတွေပေးပြီး တိတ်နေတဲ့အသံတွေကို အများကြားရအောင် ကြိုးစား ဖော်ထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီမိုကရက်အမတ်ဖြစ်ခဲ့တဲ့ ဟာဝိုင်အီက တူလ်စီဂက်ဘတ် ဒီမိုကရက်ပါတီကို စွန့်ခွာပြီးနောက် ဒီမိုကရက်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတာကို သိရတဲ့ တပ်ကာက သူ့ရှိုးမှာ အလုပ်ခေါ်ပေးထားလိုက်ပါတယ်။ တပ်ကာရဲ့ နွေးထွေးတဲ့ စာနာတတ်မှုတွေအကြောင်း တွဒ်တာမှာ ကြုံဖူးသူများ ရေးကြတာလည်း မနည်းမနောပါပဲ။

ဖောက်နယူးစ်မှာဆိုရင် တပ်ကာရဲ့ ရှိုးက အအောင်မြင်ဆုံးဖြစ်နေတော့ ဖြုတ်လိုက်တာဟာ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပဲ နိုင်ငံရေးအရ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဖောက်စ်စတော့က တပ်ကာကို ဖြုတ်တဲ့သတင်းအပြီးမှာ ၁ဘီလီယံ ဆုံးရှုံးသွားခဲ့တာကိုကြည့်ရင် သိသာလှပါတယ်။ သေချာတာကတော့ တပ်ကာကိစ္စဟာ ၂၀၂၄အတွက် ဒီမိုကရက်နဲ့ ဂလိုဘယ်လစ်တွေ တရုပ်အောက်ဆွဲတွေ အကြီးအကျယ် ပြင်ဆင်နေတာတွေထဲက တခုပါပဲ။ ထရမ့်ကို အဓိပ္ပါယ်မဲ့တဲ့ အမှုပေါင်းများစွာနဲ့ မလှုပ်နိုင်အောင် ချည်ထားပြီး ပြည်သူကို မျက်စေ့ဖွင့်ပေးနေတာတွေကို လိုက်ပိတ်ကြ ဆင်ဆာတွေ ပြန်ကြပ်ကြ လုပ်နေကြပါပြီ။ ဒါတောင် ရကပက ၁နှစ်ခွဲကျော်လောက် လိုပါသေးတယ်။

တပ်ကာလို လူမျိုးအတွက် ခေါ်ပေးမယ့် အလုပ်ရှင်မရှားပေမယ့် အခြေကျပြီးသား ကြည့်သူများပြီးသား ဖောက်နယူးစ်လောက် လူအများထံ ချက်ချင်းရောက်ဖို့က ပြည်သူတွေအနေနဲ့လည်း အမှတ်တမဲ့ ပေါ့ပေါ့ဆဆမနေပဲ အမှန်တရားနောက်ကို တစိုက်မတ်မတ် လိုက်ပါပြီး မျက်စေ့၊ နား၊ ဦးနှောက်တွေ ဖွင့်ထားဖို့ လိုပါတယ်။ တပ်ကာလို အမှန်တင်ဆက်သူတဦးကို နှုတ်ပိတ်တာဟာ ပြည်သူကို မျက်စေ့ပိတ် နားပိတ် လုပ်လိုက်တာပါပဲ။

ဖောက်စ်နယူးစ်ပိုင်ရှင်က တခြား ကော်ပိုရိတ်အီလိ ဘီလျံနာအများစုလိုပဲ ဒီမိုကရက်တွေကို အကြီးအကျယ် ထောက်ပံ့နေသူတွေပါ။ သူတို့က ကိုယ်ပိုင်ပိုက်ဆံနဲ့ လှူကြတာ ဖြစ်နိုင်သလို ဟောလိဝုဒ်ကလူတွေလို စိန့်တိုင်းတို့ ရှေ့/လယ်တို့က ပုံဖျက်ဝင်လာတဲ့ ထောက်ပံ့မှုတွေနဲ့ ဒီမိုကရက်တွေကို ပင်းနေကြတာလည်း ဖြစ်နိုင်တာပါပဲ။ အားနည်းချက်တခုခုကြောင့် မလွန်ဆန်နိုင်လို့  လုပ်ရသည်ဖြစ်စေ ကမ္ဘာကြီးကို ချယ်လှယ်လိုလို့ လုပ်တာပဲဖြစ်စေ တိုင်းပြည်က လမ်းမှန်ပေါ် ရောက်မနေဘူးဆိုတာကတော့ ဘယ်လိုပဲငြင်းငြင်း ငြင်းမရတဲ့ အချက်ပါပဲ။

ဘိုင်ဒန်ကလည်း ၂၀၂၄မှာ ဝင်ပြိုင်ဖို့ တရားဝင် အထစ်ထစ်အငေါ့ငေါ့နဲ့ ကြေငြာလိုက်ပါပြီ။ စကားတောင် ဖြောင့်အောင်ပြောဖို့ ခက်နေတဲ့ ဤခရီးနီးနေသူခြကြီးဟာ သူ့ကို ကြိုးဆွဲမယ့်သူတွေမရှိပဲ ဘာမှမလုပ်တတ်ဘူးဆိုတာလောက်မှ မစဥ်းစားချင်/ မစဥ်းစားနိုင်ရင် တိုင်းပြည်အတွက် သင်တို့ တာဝန်ကျေတယ် ကျေးဇူးသိတယ် ခေါ်နိုင်ပါဦးမလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: