မနေ့ကရေးတဲ့ တပ်ကာအကြောင်း ဆက်ရရင် တပ်ကာဟာ သူ့ဖခင်လက်ထက်ကတည်းက မီဒီယာလောကမှာ ကျင်လည်ခဲ့တဲ့ မိသားစု ဖြစ်ပါတယ်။ စာဖတ်ရာမှာ စာလုံးတွေကို ပုံမှန်မြင်ဖို့ခက်တဲ့ ကျန်းမာရေးချွတ်ယွင်းချက်ကြောင့် စာတော်သူစာရင်းထဲ မပါပဲ ဆရာ/မတွေ အပေါင်းအသင်းတွေရဲ့ အထင်သေး ပြောင်လှောင်မှုတွေ ခံခဲ့ရပါတယ်။ တပ်ကာဟာ မီဒီယာကြီးတွေမှာပဲ ကျင်လည်ခဲ့သူ ဖြစ်ပြီး ၂၀၀၉ခုနှစ်ကမှ ဖောက်စ်ကို ရောက်ခဲ့တာပါ။ အများထင်နေသလို တပ်ကာဟာ ရဲရဲတောက် ကွန်ဆာဗေးတစ်ကြီးမဟုတ်ပဲ ၂၀၂၀အထိ ဒီမိုကရက်အဖြစ် ခံယူခဲ့ကာ ၂၀၂၀နှောင်းပိုင်းကျမှ ရီပါဘလစ်ကန်အဖြစ် ပြောင်းလဲခံယူခဲ့တာ ဖြစ်ပါတယ်။ အဲဒါကိုကြည့်ရင် ၂၀၁၆တုန်းက ဟေလာရီကို မဲပေးခဲ့သူ ဖြစ်ပုံရပါတယ်။
ကနေ့ထုတ်ပြန်တဲ့ တပ်ကာရဲ့ ကြေငြာချက်မှာ ရုပ်သံချန်နယ်တွေက လုပ်ကြတဲ့ ဒီဘိတ်တွေဟာ ဘာအဓိပ္ပါယ်မှ ရှိမနေပဲ တကယ့်ကို သုံးစားမရတဲ့ အကြောင်းအရာတွေပဲ ဖြစ်နေကာ ရေရှည်မှာ ဘယ်သူမှလဲ မှတ်မိမှာမဟုတ်သလို အကျိုးလည်း ရှိတာမဟုတ်ကြောင်း၊ ငါတို့အနာဂတ်တွေအတွက် တကယ်အရေးကြီးတဲ့ စစ်၊ ပြည်သူ့လွတ်လပ်ခွင့်၊ တိုးတက်လာနေတဲ့ သိပ္ပံပညာ၊ လူအဖွဲ့အစည်း ပြောင်းလဲလာမှု၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ ပါဝါ၊ သဘာဝသံယံဇာတတွေအကြောင်း စတာတွေကိုကျတော့ ဘယ်တုန်းကများ နောက်ဆုံး အဓိပ္ပါယ်ရှိရှိ ဆွေးနွေးသုံးသပ်ကြတာ ကြားခဲ့ဖူးသလဲ၊ ငါမှတ်မိသလောက်တော့ ကြာလှပြီ၊ အမေရိကန်မီဒီယာမှာ အဲဒါတွေကို ဒီဘိတ်လုပ်ခွင့်မပြုတော့ဘူးလေလို့ တွဒ်တာကနေ ပြောကြားသွားပါတယ်။
ဒီမိုကရက်တွေပဲ ဒီဘိတ်ကို ရှောင်တယ်မထင်နဲ့၊ နှစ်ပါတီစလုံးက အကြီးစားအလှူရှင် သူဌေးကြီးတွေက သူတို့အကျိုးစီးပွားက အရင်လာတဲ့အတွက် သူတို့အတွက် အကျိုးဖြစ်စေမယ့် ကိစ္စမျိုးမဟုတ်ရင် အသံမထွက်အောင် သူတို့ဝယ်ထား/ ထောက်ပံ့ပေးထားတဲ့သူတွေကို နှုတ်ပိတ်ထားခိုင်းမှာပဲ။ အဲဒါကြောင့် အမေရိကန်က တပါတီနိုင်ငံနဲ့ ပိုပို တူလာနေပြီ။ ပိုဆိုးတာက ဒီအဆင့်မှာ ရပ်နေမှာမဟုတ်ဘူး၊ ခုလက်ရှိကွန်ဆာဗေးတစ်ဆိုတာကြီးတွေကလည်း ဦးနှောက်တွေ သေနေပြီ၊ ဘယ်သူမှ သူတို့ကို မယုံကြတော့ဘူး။
(တပ်ကာ ဆိုလိုတာက ရိုင်နိုလို့ သိကြတဲ့ ရွမ်နေတို့၊ ပေါရိုင်ယန်တို့၊ မက်ကိန်းတို့၊ မက်ကောနယ်တို့လို အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေပါ၊ သူတို့က အာအန်စီမှာ ကြီးစိုးနေဆဲ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ရကပွဲတွေမှာ ပြည်သူအတွက် တကယ်အလုပ်လုပ်မယ့်သူတွေ မနိုင်အောင် နည်းမျိုးစုံနဲ့ ကလဖန်တွေထိုးကြပြီး ထရမ့်လူတွေ အညစ်ခံရပြီး မနိုင်တော့မှ တွေ့လား ထရမ့်ခေတ်ကုန်ပြီ၊ ထရမ့်ကို လူမကြိုက်တော့ဘူးလို့ ဝင်ဇတ်လမ်းခင်းကြတာ ဖြစ်ပါတယ်။
လက်ရှိ အာအန်စီဥက္ကဋ္ဌက ရွမ်နေမိသားစုဝင်တဦးပါ၊ ၂၀၁၇ထဲက စကိုင်ထားတာဖြစ်ပြီး သူမတက်ကတည်းက ရီပါဘလစ်ကန်တွေ အရှုံးတွေနဲ့ ရင်ဆိုင်လာရတာပါ။ အရင်အကြိမ်ကြိမ် ပြောခဲ့ဖူးသလိုပါပဲ၊ လက်မည်းကြီးတွေက တပါတီထဲကို အိတ်ထဲထည့်ထားတယ်လို့ထင်ရင် မှားမှာပါ၊ နှစ်ပါတီ အရောင်ပြပြီး လူကောင်း လူဆိုး ဇတ်လမ်းလုပ် သရုပ်ဆောင် လုပ်စားနေတာ ကြာခဲ့ပါပြီ၊ တိုင်းပြည်တိုးတက်ဖို့မှာ သဘောမတူနိုင်ကြသလောက် ပြည်ဖျက်မယ့်အရေးဆို သွေးစည်းကြတာ ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။)
ကြေငြာချက်နိဂုံးမှာတော့ တပ်ကာက ရိုးသားတဲ့သူတွေက အမှန်တရားကို အေးအေးဆေးဆေး မရှက်မရွံ့ ပြောပြီဆိုရင် သူတို့ဟာ အစွမ်းထက်သွားတော့တာပဲ၊ တဖက်မှာတော့ အမှန်ပြောတဲ့သူတွေကို လိုက်ဟန့်နေတဲ့ လူလိမ်တွေကတော့ သေးသိမ် မှေးမှိန်ပြီး အားပျော့သွားမှာပါပဲ။ နောက်ဆုံးမှာတော့ ဒီစက်ြာဝဠာရဲ့ သံမဏိဥပဒေအရ အမှန်တရားသာ ကျန်ရစ်ရမှာပါ၊ အသံတွေ ကြားနေရသေးသ၍ မျှော်လင့်ချက် ရှိပါသေးတယ်၊ အမြန်ဆုံး ပြန်တွေ့ကြမယ်လို့ ပြောကြားသွားပါတယ်။
တပ်ကာဟာ ဖောက်စ်နယူးစ်က ဖြုတ်လိုက်တဲ့နေ့က နောက်ဆုံးရှိုးတခုလုပ်ပြီး နှုတ်ဆက်ခွင့်တောင် မရခဲ့ပါဘူး။ ပြီးခဲ့တဲ့သောက်ြာကရှိုးက နောက်ဆုံးပါပဲလို့ သိရတာပါ။ ဖောက်နယူးစ်က ဒိုမီနီယံမဲရေစက်ကို သန်း၈၀၀ကျော် လျော်လိုက်ရပြီး ချက်ခြင်း တပ်ကာ အလုပ်ဖြုတ်ခံလိုက်ရတာ ဖြစ်ပြီး ထရမ့်ရဲ့ ရကပွဲအမှုတွေမှာ ရှေ့နေလုပ်ခဲ့တဲ့ ဆစ်ဒ်နေပေါင်းဝဲလ်နဲ့ တပ်ကာကြား ပြောထားတဲ့ စကားတွေ ထွက်လာပါတယ်။ တပ်ကာက အဲဒီအချိန်တုန်းကထိ ဒီမိုကရက်ဖြစ်တုန်းလို့ ယူဆရပြီး မဲမသမာမှုတွေရှိခဲ့တာကို သက်သေပြဖို့ ထရမ့်ရှေ့နေကို ဖိအားပေးနေခဲ့သူ ဖြစ်ပါတယ်။
ပြဿနာက မဲရေစက်တွေနဲ့ ကလဖန်ထိုးတာတွေအားလုံးက မြို့ကြီးတွေက အပြာရင့်ရင့်ဒေသတွေမှာ ဖြစ်နေပြီး မဲပေး မဲသိမ်း မဲရေ မဲရုံတွေကို ဇကာဘတ်က ဘီလီယံဝက်နီးပါး ထောက်ပံ့ထားတဲ့အပြင် မ/တရားရုံးတွေမှာလည်း အမွှေစိန်မွေးထားတဲ့သူတွေ ကြီးစိုးနေတာဆိုတော့ ရီပါဘလစ်ကန်တွေ ဘက်က စစ်ခွင့်ကို မရခဲ့ပါဘူး။ စစ်ခွင့်မရတော့ ဘာအထောက်အထား သွားပြရမလဲလေ။
အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တပ်ကာက အဲဒီတုန်းက ငါသံသယဘာကြောင့် မဖြစ်ခဲ့တာလည်း၊ ဒီထက်ပိုပြီး ဘာလို့ ကျယ်ကျယ်ပြန့်ပြန့် မစဥ်းစားပေးခဲ့နိုင်ပဲ မီဒီယာကြီးတွေအားလုံး ထွက်နေတဲ့အသံပဲ လိုက်ထွက်ခဲ့ရတာလည်းဆိုတာ စဥ်းစားမိတိုင်း နောင်တရပါတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စတွေနောက်ပိုင်းမှာတော့ တပ်ကာက တဆစ်ချိုး ပြောင်းလိုက်သလို ဖြစ်သွားပြီး တိတ်နေတဲ့ အသံတွေကို ဖော်ထုတ်ဖို့ ပိုအားထုတ်လာသလို လက်ဝဲတွေ အသည်းအသန် အပုတ်ချ ဆင်ဆာလုပ်နေတဲ့ ထရမ့်တို့ အီလွန်တို့ ရောဘတ်ကနေဒီဂျူနီယာတို့အကြောင်းကို ပြည်သူတွေ အမှန်အတိုင်း သိရအောင် တွေ့ဆုံအင်တာဗျူးပြီး တင်ဆက်ပေးနေသူ ဖြစ်ပါတယ်။ အဲဒီကျမှ သူ့ရှိုးဟာ အရင်ကထက် အများကြီးပိုပြီး အောင်မြင်လာတာ ဖြစ်ပါတယ်။
လက်မဲကြီးတွေအကြောင်း ဆက်ရရင် အမေရိကန်မှာ တရုပ်ကလာဖွင့်ထားတဲ့ လျို့ဝှက်ရဲစခန်းပေါင်း ၆ခုထက်မနည်း ရှိနေပြီး နယူးယောက်မှာ ဖမ်းမိတဲ့သူက နယူးယောက်မြို့ဝန် အဒမ်စ်တို့ ဆီးနိတ်ဒီမိုကရက်ခေါင်းဆောင် ရှူးမားတို့ရဲ့ အတွင်းစည်းထဲကို ရောက်နေသလို နီးစပ်ပုံရတဲ့ပုံတွေ တက်လာတာ တွေ့ရပါတယ်။ လျို့ဝှက်ဆိုပေမယ့် သိပ်လည်း လျို့ဝှက်ပုံတော့ မရပါဘူး၊ ဒါပေမယ့်လည်း အပြာရင့်မြို့ကြီးတွေမှာ ဖွင့်ထားတာဆိုတော့ ခြတွေက ဒေါ်လှရနေသ၍ ပြဿနာရှာမှာ မဟုတ်ဘူးလေ။ ကိုယ်ကိုးကွယ်နေတာတွေက တောင်ပို့လား ဘုရားလား ကွဲပြားစေချင်တာပါ။
ပျက်အစဥ် ပြင်ခဏဆိုတော့ တပ်ကာလိုမျိုး ပင်ကိုယ်ပကတိက ရိုးသားသူတွေမှာ အမြင်မှား အထင်မှားတွေ ရှိခဲ့နိုင်ပေမယ့် အမှားကို တရားသေဆုတ်ကိုင်မထားပဲ အိုးပင်းမိုင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရဲရဲဝံ့ဝံ့ သုံးသပ်မယ်၊ တွေ့ရှိလာတဲ့အတိုင်းလည်း မှန်တဲ့ဘက်ကို ကူးပြောင်းမယ်ဆိုရင် ရဲရင့်တဲ့ သူများအဖြစ် ယုံကြည်ချက်အပြည့်နဲ့ ခေါင်းမော့ရင်ကော့ပြီး နေနိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလိုလူမျိုးကမှ အမှန်တကယ် လွတ်လပ်တဲ့ လစ်ဘရယ်အစစ်ပါ။