ထရမ့်၊ ဒေါ်စုနဲ့ ကမ္ဘာ့ယောင်းမကြီးများ

ကမ္ဘာ့ယောင်းမကြီး နဲ့ ဂလိုဘယ်လစ်များ၊ အပေါင်းအပါများ အောက်ဆွဲများဟာ အမေရိကန်မှာ သူတို့ကြိုးဆွဲလို့မရတဲ့ ထရမ့်ကြီး နိဂုံးချုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို မြန်မာပြည်မှာလည်း သူတို့ကြိုးဆွဲရာမခံပဲ ပြည်သု့အကျိုးစီးပွါးကိုပဲ ရှေ့ရှုတဲ့ ဒေါ်စုကို ပြန်မတက်စေချင် နိဂုံးချုပ်စေချင်မှာ မလွဲပါဘူး။ ဘယ်အချက်တွေက သိသာထင်ရှားစေသလဲဆိုရင် ဒေါ်စုဟာ ထရမ့်လိုပဲ ဂလိုဘယ်လစ်လမ်းစဉ်ကို သွားဖို့ အနောက်အုပ်စုက အစဉ်အလာနိုင်ငံရေးသမား (လုပ်စား) တွေရဲ့ ဖိအားကို ကြံ့ကြံ့ခံပြီး နိုင်ငံ့အရေးကို ဦးစားပေးခဲ့လို့ပါ။

မရှင်းသေးသူအတွက် ထပ်ရှင်းရရင် ဂလိုဘယ်လစ်တွေက အနောက်တံခါးကိစ္စကို သိသိသာသာတွန်းလာတာဟာ အနည်းဆုံး လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၄၀ လောက်ကတည်းက ဖြစ်ပါတယ်။ အပေါ်ယံကိစ္စတွေမှာ ဒီမိုကရေစီရေး လူ့အခွင့်အရေး အားပေးသယောင် အရောင်ပြပြီး မြန်မာပြည်ကို အရှေ့တရုပ်ကဖိ အနောက်အုပ်စုနဲ့ အရှေ့အလယ်ပိုင်းက သူတွေ ဂလိုဘယ်လစ်တွေက ဘကုန်းတွေကို ဖိစေနေတာ၊ ကမ္ဘာ့မြေပုံတချို့မှာတောင် မြန်မာပြည်မြေပုံနေရာက မြန်မာဝူးမန်းဆိုတဲ့ပုံမှာ အနောက်ဖက်ကမ်းက ဆာရီခြုံအမျိုးသမီးပုံ တွေ့ခဲ့ရတာ ဖြစ့်ပါတယ်။

ဒေါ်စုအတွက် အနောက်ဖက်ကမ်းကိစ္စဟာ အကဲဆတ်လွန်းတဲ့ ကိစ္စဖြစ်လို့ ကြိုးတန်းလမ်းလျောက်သလို သတိကြီးစွာထားပြီး ကိုင်တွယ်ခဲ့ရတာပါ။ ဒီနေရာမှာ မအလတပ်က တိုင်းပြည်သိပ်ချစ်လို့ အနောက်ဖက်ကမ်းကိစ္စပေါ် တင်းမာခဲ့တာ မဟုတ်မှန်းတော့ သဘောပေါက်ရပါမယ်။ သူတို့အတွက်က ဂလိုဘယ်လစ် အနောက်အုပ်စုနဲ့ ဒေါ်စုကြားကစားဖို့ အနောက်ဖက်တံခါးကိစ္စက အဓိကဆိုတာ ကောင်းကောင်းနားလည်သလို ငွေဖြစ်လွယ်တဲ့ ဂွင်အကြီးကြီးလည်း ဖြစ်နေလို့ပါပဲ။

မြန်မာတွေ သိပ်သတိမထားမိကြတာက သူတို့တွေက လူကုန်ကူးတွေလို ပိပိရီရိ အချတ်အဆက်မိမိ လှုပ်ရှားကြတဲ့အပြင် တတ်နိုင်သူတွေက အနောက်နိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရဖို့ ဆက်လက်လှုပ်ရှားကြတာကြောင့်ပါ။ ဒေါ်စုက ကိုယ်တိုင်ပါဝင် အမိန့်ပေးခဲ့သူမဟုတ်ပဲ နယ်စပ်ကိစ္စကလည်း တပ်အောက်မှာဆိုတော့ ပြောသမျှ တင်ပြသမျှတွေအပေါ် အခြေခံပြီးပဲ ပြောရမှာဖြစ်လို့ သူ့ကိုမဲနေတာ အဓိပ္ပါယ်မရှိမှန်း အနောက်အုပ်စုက ကောင်းကောင်းသိပြီးသားပါ။

နောက်တချက်က ထရမ့်ဟာ တရုပ်ကို သွားလည်တုန်းက အကြီးအကျယ် သူမတူအောင် ခမ်းခမ်းနားနား ကြိုဆိုတာ ခံခဲ့ရတဲ့အပြင် တရုပ်ကြောတာ လုံးဝမခံပဲ ဟိန်းဟောက်နေတဲ့ နဂါးကြီးကို နိုင်အောင်ကိုင်နိုင်ခဲ့သလို တရားဝင်နိုင်ငံ့ခေါင်းဆောင်မဟုတ်တဲ့ ဒေါ်စုဟာလည်း တရုပ်အစိုးရက ကော်ဇောနီမခင်းပဲ ဦးချိုးဖို့ကြိုးစားတာကို ခေါင်းမာမာနဲ့ အလျော့မပေးခဲ့လို့ တရုပ်က အလျော့ပေးပြီး နိုင်ငံ့ဦးသျှောင်အဆင့်နဲ့ ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ရပါတယ်။ တခါမှာ လေဆိပ်မှာ ဆိုက်လာတဲ့ အိုဘားမားကိုတောင် ကော်ဇောနီမခင်းပေးခဲ့လို့ နောက်ပေါက်က ရှက်ရှက်နဲ့ အမြှီးကုပ်ဆင်းလာခဲ့ရတာကို သတိရရင် ဒေါ်စုကို လိုက်လျောခဲ့တာဟာ တရုပ်ဘက်က အကြီးကြီး အလျော့ပေးခဲ့ရတာမှန်း သိနိုင်ပါတယ်။ ဒီကိစ္စဟာ သံတမန်ရေးမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ နိုင်ငံရေးနားလည်ရင် သိပါလိမ့်မယ်။

ဒါ့အပြင် အရင်စစ်အစိုးရအဆက်ဆက် ကိုယ်ဝေစုရဖို့တခုပဲကြည့်ပြီး တရုပ်နဲ့ သူအသာ ကိုယ့်တိုင်းပြည်အနာ တဖက်စောင်းနင်းချုပ်ခဲ့တဲ့ စာချုပ်တွေကို မအလတို့ဆီက မရအရတောင်း၊ ရသလောက်ကို ပြန်လည်စီစစ်ပြီး အကျေအလည်ညှိနှိုင်းကာ ပိုမိုမျှတတဲ့ စာချုပ်အသစ်များ ပြန်လည်ချုပ်စေခဲ့ပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူတွေအတွက် တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ် အမြတ်ထုတ်တာ၊ ပြည်သူတွေ ခံစားရတာတွေဖြစ်ရင် ရင်ထဲမချိတာ ကြေးနီတောင် စပယ်တောင်တွေကို ဒေါ်စုသွားလည်တုန်းက ပုံရိပ်တွေကို ပြန်မြင်ယောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

အလားတူပဲ အမေရိကန်မှာလည်း ကုန်သွယ်မှုစာချုပ်တွေမှာ တရုပ်နဲ့ အခြားနိုင်ငံများကိုသာ အလေးသာပေးထားတာဟာလည်း တိုက်ဆိုင်မှုမဟုတ်သလို သွေးရိုးသားရိုးလို့ ယုံကြည်နိုင်စရာ မရှိပါဘူး။ ဒါတွေကိုလည်း ထရမ့်တက်လာတော့မှ တွန်းတွန်းတိုက်တိုက်နဲ့ လူမုန်းခံပြီး ပြန်ပြင်ခဲ့ရတာပါ။ အကျိုးဆက်ကတော့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများလာပြီး အခြေခံလူတန်းစားတွေ ချောင်လည်လာကြတာပါပဲ။ အခြေခံလူတန်းစားတွေ လက်ထဲ ငွေစလေးတွေ ရွှင်လာတော့ ပြည်သူအားလုံး အကျိုးဖြစ်ထွန်းကြပြီပေါ့။ GDP ​၄% တက်ဖို့ အိုဘားမားက မဖြစ်နိုင်ဘူး၊ magic wand နဲ့မှရမယ် လို့ ပြောခဲ့တာကို ထရမ့်က အချိန်တိုအတွင်း လုပ်ပြနိုင်ခဲ့တော့လည်း အမှတ်ဝင်ယူပြန်ပါတယ်။

ထရမ့်နဲ့ ဒေါ်စုကို ဂလိုဘယ်လစ်တွေ ပ ထုတ်ချင်ရတဲ့ အဓိကအကြောင်းတခုက သူတို့ကို ငွေနဲ့ပေါက်လို့ မရနိုင်တာပါပဲ။ ဒီခေါင်းဆောင် ၂ဦးဟာ ဒီအသက်အရွယ်မှာ ကိုယ့်ဘဝကိုယ် သာသာယာယာ နေနိုင်ပါလျက်နဲ့ အဝယ်မခံ အညံ့မခံပဲ အဖက်ဖက်က အပြင်းအထန်တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံပြီး တိုင်းပြည်ကို ဦးဆောင်မှုကောင်းကောင်း လပေးခဲ့ကြပါတယ်၊ သူတို့လက်ထက် နှစ်နိုင်ငံစလုံးမှာ သိသာတဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိခဲ့တဲ့အတွက် လူထုထောက်ခံမှုက တိုးသာလာခဲ့ပါတယ်။

အမေရိကန်သမိုင်းမှာ ၂ကြိမ်ရွေးကောက်ပွဲဝင်တဲ့ သမ္မတများဟာ ဒုတိယအကြိမ်မှာ နိုင်ရင်တောင် ပထမအကြိမ်ထက် မဲအများကြီးနည်းသွားတာ ဖြစ်ရိုးဖြစ်စဥ်ဖြစ်ပါတယ်။ ထရမ့်လက်ထက်ကျမှ ဒုတိယအကြိမ်ရွေးကောက်ပွဲမှာ မဲ ၁၁သန်းကျော် ပိုရတာနဲ့ အိုဘားမား ဒုတိယအကြိမ် ရကပွဲမှာ ၄သန်းလျော့သွားတာကို ယှဥ်ကြည့်ရင် သိနိုင်မှာပါ။

မြန်မာပြည်မှာလည်း ဒေါ်စုနဲ့ NLD တွေဟာ နိုင်ငံတော်အဆင့် အလုပ်မလုပ်ဖူးသူ ထောင်ထွက်အုပ်စုလို့ အထင်သေး ပုတ်ခတ်ခံခဲ့ကြရပေမယ့် နိုင်ငံတော်ဘတ်ဂျက်ကို စေတနာအရင်းခံပြီး ကိုယ်ကျိုးမရှာခဲ့ပဲ တိုင်းပြည်အတွက် အထိရောက်ဆုံး သုံးပြခဲ့လို့ ၅နှစ်အတွင်း ဒေါ်စိန်အေးဆင်းတွေထက် အဆပေါင်းများစွာ လုပ်ပေးနိုင်ခဲ့တာ အများအမြင်ပါ။ ဒါကြောင့် ၂၀၂၀မှာ လမ်းကြောင်းနဲ့ လုပ်မှ ပိုအဆင်ပြေတဲ့ စီးပွါးရေးသမားတွေရဲ့မဲ အနည်းငယ်လျော့သွားနိုင်ပေမယ့် သာမာန်ပြည်သူကြား အဖွဲ့ချုပ်ရတဲ့မဲက ၂၀၁၅ကထက် အများကြီးပိုလာမှာပါ။

သူတို့နှစ်ဦးကြားမှာ မတူတာတွေလည်း အများကြီး ရှိနိုင်ပေမယ့် နှစ်နိုင်ငံသမိုင်းမှာ အပုတ်ချ အပုတ်ခတ် နာမည်ဖျက် အခံရဆုံးတွေ ဖြစ်တဲ့ နေရာမှာလည်း တူနေကြပြန်ပါတယ်။ တခြားတူနေတဲ့အသေးစိတ်လေးတွေထဲမှာဆိုရင် ထိုင်တဲ့အခါ ဘယ်တော့မှ ကျောမှီ ခြေချိတ် ထိုင်လေ့ မရှိကြသလို သူတို့ကို မေးလာတဲ့ မေးခွန်းတွေကိုလည်း သေချာ နားစိုက်ထောင်ပြီး လိပ်ပတ်လည်အောင် ပြန်ဖြေကြတာ တူကြပြန်ပါတယ်။

အဲဒါဟာ သတိမြဲမှ၊ အရင်းခံစိတ်ဖြောင့်မှ၊ အကြောင်းအရာ သေချာသိမှ ဖြစ်နိုင်တဲ့ကိစ္စဆိုတာ ကိုယ်တိုင် သတိထားနေကြည့်ဖူး ဖြေကြည့်ဖူးရင် သိပါလိမ့်မယ်။ ခိုးကြ လိမ်ကြသူတွေမှာတော့ ပေါ်မှာစိုးလို့ အထောက်မခံ အမေးမခံပဲ ရှောင်ပြေးရင်ပြေး၊ မပြေးရင် ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ စကားလုံးတွေနဲ့ စကားလုံးအစုံသုပ်ကျွေးတာတွေ မေးခွန်းနဲ့မဆိုင်တာ လျောက်ပြောတာတွေ မာန်မဲဟိန်းဟောက်လွှတ်တာတွေ ဖြစ်ကုန်ကြတာပါပဲ။

ထပ်တခါ ထင်ရှားစေမှာက ဂလိုဘယ်လစ်တွေရဲ့ တရုပ်စီ၂ပီနဲ့ ပတ်သက်တဲ့ သဘောထားပဲ ဖြစ်ပါတယ်။ အနောက်ဘက်တံခါးကိစ္စနဲ့ ပတ်သက်ပြီးမြန်မာပြည်ကို အကြီးအကျယ် တရေးတယူလုပ် တိုက်ခိုက်နေတဲ့ ဂလိုဘယ်လစ်ဘီလျှံနာကြီးများနဲ့ သူတို့ရုပ်သေး ဒီမိုကရက်ခေါင်းဆောင်များ မီဒီယာကြီးများဟာ တရုပ်ပြည်က ဝီဂါ၇၈၆တွေကို စနစ်တကျ နှိပ်ကွပ်သုတ်သင်နေတာကျတော့ မမြင်ချင်ဟန် ဆောင်နေကြသလို ဒီမိုကရက်နဲ့ ရိုင်နိုများ၊ တရုပ်အောက်ဆွဲ အန်တို့ ဟူးတို့ကလည်း ဝတ်ကျေတန်းကျေတောင် စိုးရိမ်ပူပန်ပေးကြတာ မတွေ့ရပါဘူး။

အနောက်တံခါးကိစ္စမှာ မအလတပ်တွေ ဘယ်လောက်သောင်းကျန်းခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် တရုပ်စီ၂ပီကို လွှတ်ပေးထားပြီး မြန်မာပြည်ကိုပဲ မဲနေတာကတော့ သဘာဝမကျပါဘူး။ အဲဒီဂလိုဘယ်လစ်တွေရဲ့ အမုန်းမှိုင်းကြောင့် ပြည်ပမှာ မြန်မာလို့ မိတ်ဆက်ရင် အော် မင်းတို့က ဘကုန်းတွေကို လူမျိုးတုန်းအောင် လုပ်နေတာ၊ ဘာလို့လဲ၊ သူတို့လည်းလူပဲ၊ ဘာအပြစ်ရှိလို့လဲလို့ ရန်တွေ့တာ ခံရဖူးပါတယ်။

အလားတူပဲ ဂလိုဘယ်လစ်များနဲ့ သူတို့နဲ့အတူ ပေါင်းစား/ ကြိုးဆွဲရာက နေကြတဲ့ ဒီမိုကရက်များဟာ ထရမ့်ကို နာဇီကြီးလို့ သမုတ်နေကြပေမယ့် တကယ်တမ်းနာဇီတွေလို ပြည်သူတွေ လက်နက်ကိုင်ခွင့်မရှိအောင်လုပ်တာရော၊ အတွေးအခေါ်အသိအမြင် ဖွင့်ပေးတဲ့စာအုပ်တွေ ဖျောက်ဖျက် ကန်ဆယ်လ်လုပ်တာရော၊ စစ်ကြိုက်တာရော၊ ကလေးတွေကိုအပေါ် အာဏာရှင်ကြီးများအလိုကျ သုတေသနလုပ်ကြရာမှာရော အကုန်တူနေတာက ဒီမိုကရက်တွေနဲ့ ဖြစ်ပါတယ်။

ထရန်စ်ဆိုတာတွေက ကလေးတွေအပေါ်  လိမ်လည်လှည့်ဖြားပြီး သုတေသနစမ်းသပ်တာ ဖြစ်ကြောင်း ဘရန်ဒန်ရှိုဝေါ်လ်တာနဲ့ ဂျက်ဖ်မိုင်းယားစ်တို့က အိတ်စ်ပို့စ်စင်းသည် ဂျန်ဒါလိုင်းစ် ဆိုတဲ့ စာအုပ်မှာ ရေးထားပါပြီ။ နယ်စပ်က မိဘမပါတဲ့ကလေးတွေ ဝင်လာနိုင်အောင် (ဂွင်)ဖန်တီးပေးတာလည်း ကလေးလိင်မုဆိုးတွေနဲ့ ပေါင်းစားလေ့ အကာအကွယ်ပေးလေ့ရှိတဲ့ ဒီမိုကရက်ခေါင်းဆောင်များရဲ့ ဝိသေသလက္ခဏာ တခုပါပဲ။

အဲဒီသုတေသနတွေကို ဖန်းဒင်းပေးနေတာက ငဗစ်လိုပိုးမျိုး ဖော်ထုတ်ဖို့ သုတေသနလုပ်ရာမှာ ပြည်သူ့အခွန်ငွေတွေနဲ့ ဖန်းဒင်းပေးခဲ့တဲ့ ဖောက်ချိတို့ရဲ့ အန်အိုင်အိတ်ချ်ပဲ ဖြစ်နေတာပါ။ ယူကရိန်းလို ဆင်းရဲပြီး သိပ္ပံပညာခေတ်နောက်ကျနေတဲ့ နိုင်ငံမှာတောင် ဒီလိုပိုးမွှားလက်ဘ်တွေ သွားထားတာကြည့်ရင် ယူကရိန်းဘယ်လောက် ခြစားနေတယ်ဆိုတာလည်း သိနိုင်မှာပါ။

ငဗစ်ကိစ္စနဲ့ ကမ္ဘာတလွှား ဖြစ်ခဲ့ဖူးသမျှကပ်တွေ ဖြစ်နေဆဲစစ်ပွဲတွေအားလုံးထက် သန်းပေါင်းများစွာ ဒုက္ခများကြ နာကြသေကြ ပိုက်ဆံတွေ သောက်သောက်လဲကုန်ကြ ဖြစ်ခဲ့ကြပေမယ့် လက်သည်တရုပ်ကြီးနဲ့ အပေါင်းပါများကို ဘယ်ဒီမိုကရက် ဘယ်မီဒီယာကြီး ဘယ်အာဏာရှင်ငစွာတွေကမှ ဝေဖန်တာ မတွေ့ခဲ့ရပဲ ပြည်သူ ပြည်နယ်တွေ လ်ိုအပ်သမျှ အချိန်မဆိုင်းပဲ အစွမ်းကုန်ဖြည့်စည်းပေးခဲ့တဲ့ သမ္ဗတထရမ့်ကိုကျမှ ဖောင်းပွအောင် ဖန်တီးထားတဲ့ သေသူအရည်အတွက်ကို နေ့တိုင်းကြေငြာပြီး အသည်းအသန် တိုက်ခိုက်နေခဲ့တာကိုကြည့်ရင် ဘယ်သူက ပြည်သူဘက်မှာ ရပ်သလဲဆိုတာ မြင်မှာပါပဲ။

မြန်မာပြည်မှာလည်း ကပ်ပိုးအစောပိုင်းကာလကတည်းက ရသလောက်ဗဟုသုတ၊ ရှိတဲ့ဘတ်ဂျက်နဲ့ အလွှာအသီးသီးက ပြည်သူတွေကို ကျောသားရင်သား မခွဲခြားပဲ အကောင်းဆုံး ထားပေးခဲ့တာ ဒေါ်စုအစိုးရအပြင် ဘယ်သူရှိနိုင်သေးလို့လဲ။

ဘိုင်ဒန်အိမ်ဖြူရောက်လာပြီး ပထမနှစ်အတွင်း ထရမ့်လက်ထက်မှာထက် ငဗစ်ကြောင့် သေဆုံးသူ အများကြီးပိုခဲ့ပေမယ့် သေသူစာရင်းက မျက်လှည့်ပြလိုက်သလို ပျောက်သွားပြီး ဘယ်လောက်သေနေတယ်ဆိုတာလည်း ဘယ်မီဒီယာ ဘယ်ဆိုရှယ်မီဒီယာ ဘယ်ဂလိုဘယ်လစ် ဘယ်ဒီမိုကရက်ကမှ သိချင်ပုံမရကြတော့တာ ထူးဆန်းတယ်လို့ မမြင်မိကြဘူးလား။ ထရမ့်လက်ထက်မှာပဲ​ အသက်တွေက တန်ဖိုးရှိပြီး ဘိုင်ဒန့်လက်ထက်မှာ လူ့အသက်တွေ တန်ဖိုးမဲ့သွားလို့များလား။

၂၀၂၀ ရကပမှာလည်း တဖက်ကညစ်တွန်းတဲ့ဒဏ်တွေကို ၂ဦးသား လှိမ့်ပိန့်ခံခဲ့ရသလို အဲဒီညစ်တွန်းတွေနောက်မှာ တရုပ်နဲ့ ဘီလျှံနာဂလိုဘယ်လစ်တွေ ရှိနေတာ ထင်ရှားလှပါတယ်။ အမေရိကန်မှာ ငဗစ်အကြောင်းပြလို့ လူအများကြီးရဲ့အသက်တွေ ဘဝတွေကို ရင်းချသွားပြီး မနိုင်မချင်းရေတဲ့ စာတိုက်မဲနဲ့ ကုလားထိုင်လုသွားတာ တိုက်ဆိုင်မှုတခုလို့ ခုထိ ထင်နေကြတုန်းပဲလား။ မြန်မာပြည်မှာတော့ အမျှော်အမြင် ကြီးတဲ့ ဒေါ်စုက မဲပေးစက်တွေသုံးမယ့်ကိစ္စကို ပယ်ချခဲ့တာ တဖက်အုပ်စုက လွယ်လွယ်နဲ့ လက်ခံခဲ့တာတော့ ဟုတ်မယ်မထင်ပါဘူး။ အိပ်ပျော်နေတဲ့ တရားဥပဒေအောက်မှာ အမှန်တရားဟာ အဓမ္မသမားများရဲ့ အနိုင်ကျင့်မှုကို ခုထိ ခံနေကြရဆဲ ဖြစ်ပါတယ်။

အမေရိကန်မှာက အခြေခံဥပဒေနဲ့ ထိန်းထားတဲ့ ရီပါ့ဘလစ်ဖြစ်တော့ တပြည်လုံး တအာဏာတည်းအောက်မှာ မနေရတာကြောင့် ခံသာနေသေးတာပါ။ ဒါကြောင့်လည်း ဒီမိုကရက်တွေက သူတို့စိတ်တိုင်းကျ ချယ်လှယ်လို့ရမယ့် လူဦးရေပေါ်သာ အခြေခံမယ့် ပေါ်ပြူလာဗုတ်စနစ်ကို ပြောင်းဖို့ အခြေခံဥပဒေကို ပြင်ချင်နေတာပါ။ ပြင်နိုင်ဖို့လည်း ဆူပရင်းမ်ကုတ်ကို လူတိုးဖို့တို့လို ဖြစ်နိုင်မယ့် နည်းပါင်းစုံနဲ့ တွန်းနေကြတာပါ။ အဲဒီလို ပြောင်းသွားခဲ့ပြီးရင် ရကပွဲဆိုတာက မဆလခေတ်ကလို တရုပ်ပြည်မှာလို ဘယ်သူ့ကို ဘယ်လိုပေးပေး သူတို့လိုချင်တဲ့ရလာဒ် ပဲ ထုတ်ပြန်ပေးတော့မှာကို ကြိုတွေးထားဖို့ လိုပါတယ်။

၂၀၁၅/၁၆မှာ အုပ်ချုပ်ခွင့်တွေ ရလာပြီးနောက် ဌာနဆိုင်ရာတွေက ပညာပြတာကို ခံရတာမှာလည်း ဒီပုဂ္ဂိုလ်နှစ်ဦး တူနေပြန်ပါတယ်။  ဝူတိန့်စိန်မဆင်းခင် ဌာနဆိုင်ရာတွေမှာ အတွင်းဝန်ရာထူးဖန်တီးပြီးတော့ရော မိုးကျတွေခန့်ပြီးတော့ရော သစ္စာခံ ပဥ္စမံတပ်သားတွေ ထည့်ခဲ့သလိုပဲ အမေရိကန်မှာလည်း အိုဘားမားလက်ထက်မှာ လုပ်ရည်ကိုင်ရည်ရှိတဲ့ သန္ဓေဝန်ထမ်းတွေထက် အက်စ်အီးဂျီတို့ အီကွတီတို့လို ခေါင်းစဥ်လှလှတွေအောက်မှာ အရည်အသွေးမပြည့်တဲ့ ခြသစ္စာခံတွေ နေရာကောင်းတွေ ကနေပြီး ပြည်သူရွေးတဲ့အစိုးရလုပ်သမျှကို ကန့်လန့်တိုက်နေတာ ဝမ်းနည်းဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ တို့က လစ်ဘရယ်ကွ၊ ကွန်ဆာဗေးတစ်မဟုတ်ဘူးဆိုပြီး အသားလွတ် ဂုဏ်တင်နေသူတွေကို တခု ပြောချင်ပါတယ်။ ထရမ့်က သူ့ကိုယ်သူ ကွန်ဆာဗေးတစ်လို့ ဘယ်တုန်းကမှ မခံယူခဲ့သလို ဒေါ်စုကလည်း ကျမလစ်ဘရယ်ပါလို့ ဂုဏ်ဆာနေသူ မဟုတ်ပါဘူး။ နှစ်ဦးလုံးက တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မှာတွေလုပ်ပေးခဲ့ဖို့ပဲ အာရုံရှိသူတွေပါ။ လွတ်လပ်တဲ့ အတွေးအမြင်ရှိကြောင်းပြဖို့ ခါတော်မှီယိမ်းတိုင်း ဝင်ကနေစရာ မလိုသလို မပြောင်းချင်တဲ့ အတ္တမာနတခုထဲနဲ့ မကောင်းတာကြီးကို တရားသေ ဆုပ်ကိုင်ထားတာလည်း ဉာဏ်နဲ့ယှဉ်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ သေချာတာကတော့ သူတို့ ၂ဦးဟာ အများအကျိုးရှိမယ်ဆိုရင် မှန်တာကို လုပ်ဖို့အတွက် လူမုန်းခံ၊ ဝေဖန်ထိုးနှက်ခံဖို့ ဝန်မလေးသူများ ဖြစ်ကြတယ်ဆိုတာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: